Revelation Study
▼
1
▼
2
▼
3
▼
4
▼
5
▼
6
▼
Daniel Study
▼
The Bible Study Gods Law
▼
▼
Monday, October 3, 2016
ဗျာဒိတ်ကျမ်သင်ခန်းစာ(၂)
ယေရှုခရစ်တော်၏ဘွဲ့နာမတော်များ ၁။ယေရှုခရစ်တော်၏ နာမတော်များ ဘယ်မျိုးရှိသနည်း သမ္မာကျမ်း၌ ဖေါ်ပြခြင်း၌ ၂၅၀ ရှိသည် (က)ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊မိမိအစေခံကျွန်ယောဟန်အားဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ ဗျာဒိတ်ကျမ်း ၁း၁ (ခ)သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်သင်တို့၌ရှိပါစေသော။ငါတို့ကိုချစ်၍မိမိအသွေးနှင့်ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊မူသော ယေရှုခရစ် အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် ဗျာဒိတ်ကျမ်း ၁း၁၅ (ဂ)သွာတိရမြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။မီးလျှံကဲ့သို့သောမျက်စိနှင့်၎င်း၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊ ဗျာဒိတ်ကျမ်း၂း၁၈ (ဃ)ထိုစာစောင်ကိုခံယူသောအခါ၊သတ္တဝါလေးပါးနှင့်အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊သန့်ရှင်းသူတို့၏ပဌနာတည်းဟူသောမီးရှို့ရာနံ့ သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊အသီးသီးကိုင်၍၊သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ကိုယ်တော်သည်အသေသတ်ခြင်း ကိုခံတော်မူသောအားဖြင့်၊အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ဗျာဒိတ်ကျမ်း ၅း၈-၉ (င)သူတို့သည်သိုးသငယ်ကိုစစ်တိုက်၍သိုးသငယ်သည် နိုင်တော်မူမည်။အကြောင်းမူကား၊သိုးသငယ်သည်သခင်တို့၏သခင်၊ဘုရင်တို့၏ဘုရင်ဖြစ် တော်မူ၏။ကိုယ်တော်နှင့်အတူရှိသောသူတို့သည်လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊သစ္စာရှိသောသူဖြစ်ကြ၏။ ဗျာဒိတ်ကျမ်း ၁၇း၁၄ (စ)အသွေး၌ နှစ်ပြီးသောအဝတ်ကိုဝတ်၏။ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။လူမျိုးတို့ကိုဒဏ်ခပ်စရာဘို့၊ထက်သောသံလျက်သည်ခံတွင်းတော်ထဲကထွက်၏၊ သူတို့ကိုသံလှံတံနှင့်အုပ်စိုးတော်မူမည်။အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသခင်၏ ဒေါသအမျက်တော်၏စပျစ်သီးနယ်ရာတန်ဆာကိုဖိနင်း တော်မူမည်။ဘုရင်တို့၏ဘုရင်၊သခင်တို့၏သခင်ဟုဘွဲ့နာမတော်သည်အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက်ရှိ၏။ ဗျာဒိတ်ကျမ်း ၁၉း၁၃-၁၆ ၂။ဗျာဒိတ်ကျမ်းစာ၌ ယေရှုခရစ်တော်၏ အကြောင်းအဘယ်သို့ဘော်ပြသနည်း (က)ဝတ်ရုံးတော် ထိုမီးခွက်ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသောသူတဦးကို၎င်း၊ မြင်၏။ထိုသူသည်ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏ (ခ)ဆံပင်တော် ခေါင်းတော်နှင့်ဆံပင်တော်သည်ဖြူသောသိုးမွေးကဲ့သို့၎င်း၊မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။မျက်စိတော်သည်လည်းမီးလျှံကဲ့သို့ဖြစ်၏။ (ဂ)မျက်နာတော် ခေါင်းတော်နှင့်ဆံပင်တော်သည်ဖြူသောသိုးမွေးကဲ့သို့၎င်း၊မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။မျက်စိတော်သည်လည်းမီးလျှံကဲ့သို့ဖြစ်၏။ (ဃ)ခြေတော် ခြေတော်သည်လည်းမီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။အသံတော်သည်လည်းသမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ (င)အသံတော် လက်ျာလက်တော်သည်လည်းကြယ်ခုနစ်လုံးကိုကိုင်၏။ခံတွင်းတော်ထဲကလည်းထက်သောသန်လျင်ထွက်၏။မျက်နှာတော်သည်အရှိန်တန်ခိုးနှင့်ထွန်းတောက် သောနေ ကဲ့သို့ဖြစ်၏။ (စ)အသင်ရှင်တော်မူခြင်း ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ထိုသူသည်လက်ျာလက်တော်ကိုငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသောသူဖြစ်၏။အသက်ရှင် သောသူလည်းဖြစ်၏။ငါသည်အရင်သေသည်ဖြစ်၍၊ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။မရဏာနှင့်မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။ မှတ်ချက်။ရှင်ယောဟန်တွေ့မြင်သောအရာ ဗျာဒိတ်ကျမ်း ၁း၁၇ ထိုသူကို ငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်တော် ကိုငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ ဒံယေလ တွေ့မြင်သောအရာ ဒံယေလအနာဂတ္တိကျမ်း ၁၀း ၅-၉ မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတဦးကို မြင်၏။ သူ၏ကိုယ်သည် ကျောက်မျက်ရွဲ ကဲ့သို့ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေ တို့သည် ဦးသစ်သောကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသောလူစုအသံနှင့်တူ၏။ ထိုဗျာဒိတ် ရူပါရုံကို ငါဒံယေလတယောက်တည်းမြင်ရ၏။ ငါနှင့်အတူ ပါလာသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍နေခြင်းငှါ ပြေးကြ၏။ ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌အစွမ်းသတ္တိအလျှင်းမရှိဖြစ်လေ၏။ သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ၊ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ၃။ကယ်တင်ခြင်း တန်ခိုးအဏာ ကယ်တင်ပိုင်ရှင် မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတဦးကို မြင်၏။ ၄။ယေရှုခရစ်တော်သည်မည်သို့အားဖြင့်ပေးတော်မူသနည်း သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ဖြစ်၏။သူ့မျက်နှာသည်လည်းလျှပ်စစ်ကဲ့သို့ထင်၏။သူ့မျက်စိသည် လည်းမီးခွက်ကဲ့သို့ဖြစ်၏။သူ့လက်ခြေတို့သည် ဦးသစ်သောကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသောလူစုအသံနှင့်တူ၏။ မှတ်ချက်။ဓမ္မာဟောင်ကျမ်းတွင်လူတို့သည်ဘုရားသခင်ထံတော်သို့အပြစ်ရာသွားရသော်အခွင့်ယဇ်ပရော ဟိတ်မင်းကြီးများတဆင့်ဘုရားသခင်ထံသို့ဝင်ရသောအခွင့်ရှိကြသည် ယေရှုခရစ်တော်သည်ယဇ်ပရောဟိတ်အရာ၌ ပြောင်း၍လူအပေါင်းတို့၏ယဇ်ပရောဟိတ်မင်းကြီး ဖြစ်ကြောင်း သိရှိရပေသည် ၅။ယေရှုခရစ်တော် အသွေတော်နှင့် ဝယ်ယူတော်မူခြင်း မည်သို့ နှုတ်ဆောင်တော်မူသနည်း ထိုစာစောင်ကိုခံယူသောအခါ၊သတ္တဝါလေးပါးနှင့်အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊အသီးသီးကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊အသွေးတော်နှင့်ဘုရားသခင်အ ဘို့ ရွေးနှုတ်တော်မူ၏။ ဗျာဒိတ်ကျမ်း၅း၈-၉ ထိုသူတို့ကလည်း၊အသေသတ်ခြင်းကိုခံခဲ့ပြီးသောသိုးသငယ်သည်၊တန်ခိုး၊စည်းစိမ်၊ပညာ၊အစွမ်းသတ္တိ၊ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟု၊ကြီးသောအသံနှင့် ပြောဆိုကြ၏။ ဗျာဒိတ်ကျမ်း၅း၁၂ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရား သခင်၏သိုးသငယ်ကိုကြည့်လော့။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၂၉ မှတ်ချက်။ခရစ်တော်၏နာမတော်များဘုရားသခင်၏သိုးသငယ်ထိုသို့အားဖြင့်ဗျာဒိတ်ကျမ်း၌၂၆ကြိမ်တိုင်တိုင်ဖေါ်ပြချက် နှစ်ခြင်းဆရာယောဟန်သည် ယေရှုခရစ်တော်သည် ဘုရားသခင်၏သိုး အပြစ်များယူဆောင်သောသိုးဟူ၍ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၁း၂၉အတွင်း၌ ဖေါ်ပြချက်များတွေ့ရသည် ရှောကလ၌လူတို့အပြစ်ရှိသောကြောင့် ဘုရားသခင်ရှေ့၌ သိုးအားဖြင့် ယဇ်ပူဇော်ခြင်း စသဖြင့်ယဇ်ပူဇော်ရသည်ထိုနောက် ယေရှုခရစ်တော်သည် လက်ဝါးကာတိုင် အပေါ်၌ အသေခံတော်မူသောခြင်ပင်ဖြစ်ကြောင်း သိရှိရပေသည် ၆။ယေရှုခရစ်တော် ယဇ်ကောင်း အဖြစ် အဘယ်အချိန်ကာလမှာ ရှိသည်ဟူ၍ဖေါ်ပြသနည်း ကွပ်မျက်သောသိုးသငယ်၏အသက်စာစောင်၌ကမ္ဘာဦးကပင်စာရင်းမဝင်သော မြေကြီးသားအပေါင်းတို့သည် သားရဲကိုကိုးကွယ်ကြ၏။ဗျာဒိတ်ကျမ်း ၁၃း၈ ဤကမ္ဘာမတည်မရှိမှီငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခပ် သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အား ပေးသနားတော်မူသောငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ဧဖက်သြဝါဒစာ ၁း၎ မိစဉ်ဘဆက်ကျင်လည်သောအချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ် သောဥစ္စာနှင့် သင်တို့ကိုရွေး တော်မူသည်မဟုတ်။အဘယ်အပြစ်မျှမရှိ၊အညစ်အကြေးနှင့်ကင်းစင်သောသိုးသငယ်ကဲ့သို့သောခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။ ထိုခရစ်တော်ကားဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ကိုယ်တော်အားဖြင့်ဘုရားသခင်ကိုယုံကြည်သောသင်တို့အဘို့၊ဤနောက်ဆုံးသောကာလ၌ထင်ရှားတော်မူပြီ။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၁၈-၂၀ ၇။တံဆိပ်ခတ်သော စာစောင်၌ အဘယ်သူဖွင့်သနည်း ထိုအခါပလ္လင်တော်မှစသောသတ္တဝါလေးပါးနှင့်အသက်ကြီးသူတို့အလယ်၌၊အသေသတ်ပြီးသကဲ့သို့သောသိုးသငယ်သည်ရပ်လျက် ရှိသည်ကိုငါမြင်၏။ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌လွှတ်သောဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသောမျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။သူသည်လာ၍ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူ၏လက်ျာလက်မှစာစောင်ကိုခံယူလေ၏။ထိုစာစောင်ကိုခံ ယူသောအခါ၊သတ္တဝါလေးပါးနှင့်အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊သန့်ရှင်းသူတို့၏ပဌနာတည်းဟူသောမီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊အသီးသီးကိုင်၍၊သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ကိုယ်တော်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ဗျာဒိတ်ကျမ်း ၅း၆-၉ ၈။တံဆိပိခတ်သော စာစောင်ကို ဖွင့်နိုင်သော ယေရှုခရစ်တော်တပါးတည် အဘယ်သို့သိရှိနိုင်မည်သနည်း ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊သူ၏နာမကိုငါဝန်ခံမည်။ ဗျာဒိတ်ကျမ်း ၃း၅ သေလွန်သောသူအကြီးအငယ်တို့သည်ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကိုငါမြင်၏။စာစောင်များကိုဖွင့်ထား၏။အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်း၊စာစောင်တို့၌ ရေးထားချက်များနှင့်အညီတရားစီ ရင်ခြင်းကို ခံရကြ၏။ ဗျာဒိတ်ကျမ်း၂၀း၁၂ ညစ်ညူးသောအရာ၊စက်ဆုပ်ဘွယ်သောအရာ၊သစ္စာပျက်သောအရာတစုံတခုမျှမဝင်ရဘဲ၊သိုးသငယ်၏အသက်စာစောင်၌စာရင်းဝင်သောသူတို့သာ လျှင် ဝင်ရ၏။ ဗျာဒိတ်ကျမ်း ၂၁း၂၇ မှတ်ချက်။သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ထိုသူစပ်ဆိုင်သောအခွင့်ကိုဘုရားသခင် နှုတ်ပယ်တော်မူမည်။ ၉။ယေရှုခရစ်တော်သည် အဘယ်သို့သောသူဖြစ်သည်ဟူ၍ ဗျာဒိတ်ကျမ်း၌ ဖေါ်ပြခြင်းတွေ့ရှိသနည်း အမှုပြီးပြီ။ငါသည်အာလာဖဖြစ်၏။သြမေဃလည်းဖြစ်၏။အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သောသူအားအသက်စမ်းရေကိုအဘိုးမယူဘဲ ငါပေးမည်။ ၁၀။ထိုကယ်တင်ခြင်းအကြောင်းအရာကိုပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော်ခံတော်မူရသောဆင်းရဲကို၎င်း၊ဆင်းရဲခံပြီးမှဝင်စားတော်မူရသောဘုန်းစည်းစိမ်ကို၎င်း၊သူတို့အထဲ၌ရှိသောခရစ်တော်၏ဝိညာဉ်သည်သက်သေ ခံနှင့်သောအခါ၊အဘယ်မည်သောသူကို၎င်း၊အဘယ်သို့သာအချိန်ကာလကို၎င်းဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေကြ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၁၀-၁၁ အိုအဘ၊ဤကမ္ဘာမတည်မရှိမီအထံတော်၌အကျွန်ုပ်ခံစားသောဘုန်းအသရေနှင့်ယခုတွင်လည်းအကျွန်ုပ်ကိုအထံတော်၌ချီးမြှောက်တော်မူပါ။ဤလောကထဲမှ ယူ၍အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အားအကျွန်ုပ်သည်ကိုယ်တော်၏နာမကို ပြပါပြီ။ထိုသူတို့ကိုကိုယ်တော်သည်ပိုင်တော်မူသဖြင့်အကျွန်ုပ်အားပေးတော် မူ၏။ကိုယ်တော်၏ နှုတ်ကပတ် တရားကို သူတို့သည် စောင့်ကြပါ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၇း၅-၆ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊အိုအဘ၊အကျွန်ုပ်အချိန် ရောက်ပါပြီ။ ကိုယ်တော်သည်သားတော်လက်သို့အပ်ပေးတော်မူသမျှသော သူတို့အားထာဝရအသက်ကို ပေးစေခြင်းငှါ၊လူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တန်ခိုးကိုသားတော်အားပေးတော်မူသည်နှင့်အညီ၊သားတော်သည်ကိုယ်တော်၏ ဘုန်းကိုထင်ရှားစေပါမည်အကြောင်းသားတော်၏ဘုန်းကိုထင်ရှားစေ တော်မူပါ။ထာဝရအသက်ဟူမူကား၊မှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသောကိုယ်တော် ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်းသိကျွမ်းခြင်းတည်း။အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါပြီ။အကျွန်ုပ် ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။ ရှင်ယောဟန်ခရစ်ဝင်၁၇း၁-၄ အိုအဘ၊ကိုယ်တော်သည်ဤကမ္ဘာမတည်မရှိမှီအကျွန်ုပ်ကိုချစ်၍အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကိုအကျွန်ုပ်အား ပေးတော်မူ သောသူတို့သည်ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။ ရှင်ယောဟန်ခရစ်ဝင်၁၇း၂၄ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏။ထိုနှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင်၁း၁-၃ ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကိုသင်တို့၌လည်းရှိစေကြလော့။ထိုသခင်သည်ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလု ယူခြင်းအမှုဟူ၍မထင်မမှတ်လျက်ပင်၊မိမိအသရေကိုစွန့်၍အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက်၊လူကဲ့သို့သောအဖြစ်၌ဘွားမြင်ခြင်းကိုခံတော်မူ၏။ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခ ဏာနှင့် ပြည့်စုံလျက်၊အသခံခြင်းသာမဟုတ်၊လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင်အစေကျွန်ခံ၍ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ထိုကြောင့်ဘုရားသခင်သည်ကိုယ်တော်ကိုအ လွန်မြှောက်၍ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါ တည်းဟူသောခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍၊ ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်၊ခမည်းတော်ဘုရား၏ဘုန်းအသရေ တော်ကိုထင်ရှားစေကြမည်အကြောင်းတည်း။ ဖိလိပ္ပိသြဝါဒစာ ၂း၅-၁၁ ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့်သန့်ရှင်းလျက်၊အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊ဤကမ္ဘာမတည်မရှိမှီငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အား ပေးသနားတော်မူသောငါတို့သခင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည်မင်္ဂလာ ရှိတော်မူစေသတည်း။ ဧဖက်သြဝါဒစာ ၁း၃-၄ ၁၀။ကမ္ဘာမြေနှင့်ခပ်သိမ်သောတန်ဆာတို့ ကိုခမည်တော်သားတော်သန့်ရှင်းသောဝိညာဉ်သိုးဆူတဆူသော သုံးဆူပေါင်း တဆူတည်သော ဘုရားသခင်အဘယ်သို့ဖန်ဆင်းတော်မူသနည်း လောဒိကိမြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွဋ်၊သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံအာမင်၏အမိန့်တော်ကား၊ ဗျာဒိတ်ကျမ်း ၃း၁၄ ပလ္လင်ပေါ်မှာထိုင်၍၊ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူကိုကိုးကွယ်လျက်၊အိုထာဝရဘုရား၊ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီ။ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ဖန်ဆင်းလျက်ရှိကြပါ၏။ထိုကြောင့်၊ကိုယ်တော်သည်ဘုန်းအသရေတန်ခိုး တော်ကိုခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။ ဗျာဒိတ်ကျမ်း ၄း၉-၁၁ မှတ်ချက်။ထိုအာရာအလုံးစုံတို့ကို ယေရှုခရစ်တော် ပယ်ရှင်သောအရာတို့အဘယ်အရားများဖြစ်သနည်း ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ဧဖက်မြို့၌ နေသောသန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကိုယုံကြည်သောသူတို့ကိုကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ဧဖက်သြဝါဒစာ ၁း၁-၂ ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ဤလောကကိုလည်းဖန်ဆင်းတော်မူပြီ။သို့သော်လည်းဤလောကသည်ထိုသူကိုမသိ။သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊လူမျိုးနှင့် စပ်ဆိုင်၍ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့်ဘွားသောသားမဟုတ်။လူအလိုအလျောက်ဘွားသောသားမဟုတ်။ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။နှုတ်ကပတ်တော်သည် လည်းလူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊သစ္စာတော်နှင့်၎င်း ပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ခမည်းတော်၌တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ရှင်ယောဟန်ခရစ်ဝင်၁း၁၀-၁၂ ထိုသားတော်သည်မျက်မြင်မရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ၏။အကြောင်းမူကား၊ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာရှိသမျှသောရူပအရာ၊အရှုပအရာ၊ရာဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ထိုသခင်အားဖြင့်၎င်း၊ထိုသခင် အဘို့အလိုငှါ၎င်း၊ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏။သားတော်သည်လည်းခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ခပ်သိမ်းသောအရာတို့သည်တန်ခိုးတော်အားဖြင့်သာတည်ကြ၏။ ကောလောသဲသြဝါဒစာ ၁း၁၆-၁၇ အချင်းချင်းမုသာ စကားကိုမပြောမသုံးကြနှင့်။အကြောင်းမူကား၊သင်တို့သည်လူဟောင်း၏အကျင့်တို့နှင့်လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်နှင့်အညီ၊မှန်သောပညာအားဖြင့်အသစ်ပြုပြင် သောလူသစ်ကိုယူတင်ဝတ် ဆောင်သောသူ ဖြစ်ကြ၏။ထိုဖန်ဆင်းပြုပြင် တော်မူရာ၌ ဟေသလူမရှိ၊ယုဒလူမရှိ၊အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊မခံခြင်းမရှိ၊လူရိုင်းမရှိ၊သကုသိလူမရှိ၊ကျွန်မရှိ၊လူလွတ်မရှိ၊ ခရစ်တော်သည်အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူ၏။ထိုကြောင့်သင်တို့သည်ဘုရားသခင်ရွေးကောက်သောသူ၊သန့်ရှင်းသောသူ၊ချစ်အပ်သောသူကဲ့သို့၊သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊စိတ်နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွှတ်တော်မူ သကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။ ကောလောသဲသြဝါဒစာ ၃း၉-၁၃ ကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကိုတပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသောထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကိုလူအပေါင်းတို့အားထင်ရှားစေခြင်းငှါ၎င်း၊သန့်ရှင်းသူအပေါင်းတို့တွင်အငယ်ဆုံးသောသူထက်သာ၍ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။ ဧဖက်သြဝါဒစာ၃း၉ ၁၂။ယေရှုခရစ်တော်သည် ဘုရားဖြစ်သနည်း အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေ တို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခပ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်းတော်ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက်ရှိ၏။ ကောင်းကင်တမန်တပါးသည် နေထဲမှာရပ်လျက်ရှိသည်ကို ငါမြင်၏။ သူသည် မိုဃ်းကောင်းကင် အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူအသား၊ အစေခံကျွန်၊ လူလွတ်၊ အကြီးအငယ် အမျိုးမျိုးသောလူတို့၏ အသားကို စားအံ့သောငှါ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။ သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည် မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၁၉း၁၃-၁၆ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ဗျာဒိတ်ကျမ်း ၂၂း၇-၈ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁၄ မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာ ဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓွာ၌ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့ သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။တိမောသေသြဝါဒပဌမစော ၃း၁၆ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကို ချစ်တော်မူသော မေတ္တာ တော်သည် ပေါ်ထွန်းသောအခါ၊ တိတုသြဝါဒစာ ၃း၎ သားတော် ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။ဟေဗြဲသြဝါဒစာ၁း၈ ၁၃။မေရှီးယာသည် အဘယ်အချိန်ကာလ၌ ပေါ်ထွန်းမည်ဟူ၍ ပရောဖက်ပြုချက်များရှိသနည်း ထိုကြောင့်၊ ယေရုရှလင်မြို့တဖန်တည်ထောင်ပြုစုစေခြင်းငှါ၊အမိန့်တော်ရှိသည်နေ့မှစ၍၊ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက်ခံရသော ကာလ၌ မြို့လမ်းကိုတဖန် တည်ထောင်ပြုစုရမည် ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၅ မှတ်ချက်။အချိန်ကာလ၌ ပရောဖက်တို့သည် မည်သို့အားဖြင့် ပုံဆောင်ခြင်းရှိကြသည်း ထိုနေ့ရက်စေ့ပြီးမှ၊တဖန်လက်ျာနံစောင်းဖြင့်အိပ်၍၊အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏အပြစ်ကိုခံဦးလော့။ နှစ်အ စား၌ ရက်ကိုငါထားပြီ။ယေဇကျေလအနာဂတ္တိကျမ်း ၄း၆ ယေဇကျေကျမ်း၌ ဖေါ်ပြထားသော လ နှစ် ထို လ နှစ်များမှာ ၆၉ နှစ် လများတွင် ပရောဖက်ပြုချက် ပြည့်စုံကြောင်းဧကန်အမှန်ဖြစ်ပေသည် (၆၉+၇=၄၈၃)နှစ်တွင်း၌ ဟုတ်မဟုတ် စစ်မှန်သော နှစ်များပင်ဖြစ်သည် ၄၈၃ နှစ်ဖြစ်၏ ၁၂ မေရှီယာပေါ်ထွန်းသော ပရောဖက်ပြုချက်များနှင့် အနှစ်ကာလဖြစ်၏ ၄၈၃ ဟုတ်မှန်ပေ၏ ယေရှုခရစ်သည် လောကီသားတို့ရှေ့၌ မေရှီးယကဲ့သို့ ထိုပရောဖက်ပြုချက်များရှိသည်အတိုင် မှတ်ချက်။မေရှီးယဟူသောစကားအနက်မှာဟဗြဲဘာသာစကား၌နာဇရက်မြို့သားယေရှုကိုဘိသိက်ပေးတော် မူသဖြင့်၊ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သားယေရှုကိုဘိသိက်ပေးတော်မူသဖြင့်၊ထိုသူသည်ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေး လျက် လှည့်လည်တော်မူ၏။ တမန်တော်ဝတ္ထု ၁၀း၃၈ တရားစရပ်သို့တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌အပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့် ကြ၏ ရှင်မာကုခရစ်ဝင်၃း၁- ၂ ကဲဆဘုရင်အုပ်ချုပ်သော အနှစ် ၁၅နှစ် အတွင်းသို့ ခန၂၇နှစ်ဖြစ်၏ ၁၄။ယေရှုခရစ်တော် ဗတ္တိဇံကိုခံယူတော်မူခြင်း ယောဟန်သည် ထောင်ထဲသို့ရောက်သည် နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ကြွတော်မူလျှင်၊ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ရှင်မာကုခရစ်ဝင် ၁း၎-၁၅ ၁၅။သင်၏အမျိုးသားချင်းအဘို့နှင့် သင်၏ သင်၏ သန့်ရှင်းသော မြို့အဘို့ဆုံးဖြတ်ခြင်းရှိသနည်း လွန်ကျူးခြင်းအမှုကိုဆီးတား၍၊အပြစ်ကိုတံဆိပ်ခတ်စေခြင်းငှါင်း၊ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ထာဝရကုသိုလ်ကို သွင်းစေခြင်း ငှါင်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကိုတံဆိပ်ခတ်၍၊အလွန်သန့်ရှင်းသောအရပ် ဌာနကိုလိမ်းစေခြင်းငှါင်း၊ သိတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်းအဘို့နှင့်သင်၏သင်၏သန့်ရှင်းသော မြို့အဘိုဆုံးဖြတ်ခြင်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄ ရက်သက်တပတ်၏။ ယဇ်ပူဇေယ်ခြင်း ၇၀+၄၉၀+နှစ်အတွင်း၌ ၁၆။ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့ ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲအသေသတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှ လာသောသခင်၏ လူတို့သည် မြို့တော်ကိုင်း၊ သန့်ရှင်းရာ ဌာနကို င်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တသိတင်းတွင်လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ထိုသိတင်းတဝက်တွင်ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဘွယ်သောအရာ၏အထွဋိပေါ်သို့ဖျက်ဆီးသောသူသည် ရောက်၍၊စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကိုမလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟုကြားပြော၏။ အိုဘုရားရှင်၊ကိုယ်တော်သည်တရားနှင့်ဆိုင်တော်မူ၏။ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍၊ နီးသောပြည်၊ ဝေးသောပြည်၊အရပ်ရပ်တို့၌ နေရသောယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ဣသရေလလူ အပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၇ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ပြာနှင့်လူးလျက်၊အရှင်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၃ သင်တို့သည်တဆေးမဲ့ဖြစ်သည်နှင့်အညီ၊အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။အကြောင်းမူကား၊ခရစ်တော်တည်းဟူသောငါတို့ပသခါသိုးငယ်သည်ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၅း၇ မှတ်ချက်။ ဒ့ယေလအနာဂတ္တိကျမ်း၉း၂၆အတွင်၌ ယေရှုခရစ်တော် ဖျက်သိမ်းသော အနှစ်ဆယ်အတွင်း၌ နောက်ဆုံးသော ရက်သပတ်၏တဝက်တွင်း အခန်းငယ်၇ အတွင်း၌ နောက်ဖပ်၍ဖတ်ရန် အခန်းငယ်၃ နှစ် တစ်ဝက် ၃ ၁/၃ ပေါင်းလိုက်သောအခါ ခန ၂၇ မှစ၍ ခန ၃၁ သို့ရောက်သောအခါတွင် ယေရှုခရစ်တော် လက်ဝါးကပ်တိုင်သို့ အသေခံတော်မူသော ယဇ်ပူဇေယ် နွား ဆိတ် သိုး ဆဖြင့် ယဇ်ပုဇေယ် မရှိတော့ပေ ကောရိန္တုသြဝါဒစာပဋ္ဌမစောင် ၅း၇ အတွင်း၌ တွေ့ရှိနားရပေသည် ၁၇။ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည် လွန်ကျူးခြင်းအမှုကိုဆီးတား၍၊အပြစ်ကိုတံဆိပ်ခတ်စေခြင်းငှါင်း၊ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါင်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊အလွန်သန့်ရှင်းသောအရပ် ဌာနကိုလိမ်းစေခြင်းငှါင်း၊ သိတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်းအဘို့နှင့်သင်၏သင်၏သန့်ရှင်းသော မြို့အဘို့ဆုံးဖြတ်ခြင်းရှိ၏။ ထိုကြောင့်၊ ယေရုရှလင်မြို့တဖန်တည်ထောင်ပြုစုစေခြင်းငှါ၊အမိန့်တော်ရှိသည်နေ့မှစ၍၊ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟုသိမှတ်နားလည်လော့။ အနှောင့်အရှက်ခံရသော ကာလ၌ မြို့လမ်းကိုတဖန် တည်ထောင်ပြုစုရမည် ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲအသေသတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသောသခင်၏လူတို့သည်မြို့တော်ကိုင်း၊သန့်ရှင်းရာဌာနကိုင်းဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုး သောအားဖြင့်ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။အဆုံးတိုင်အောင်စစ်တိုက်ခြင်း၊ပျက်စီးရာနှင့်ဆိုင်သောစီရင်ဆုံး ဖြတ်ခြင်းရှိလိမ့်မည်။ တသိတင်းတွင်လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ထိုသိတင်းတဝက်တွင်ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဘွယ်သောအရာ၏အထွဋိပေါ်သို့ဖျက်ဆီးသောသူသည် ရောက်၍၊စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကိုမလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟုကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄-၂၇ ယေရှုကလည်း၊ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။သုံးရက်အတွင်းတွင်ငါတည်ဆောက်မည်ဟုမိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂း၁၉ ၁၈ ။ဘုရားသခင်၏ ကယ်တင်တရားသည်လောကီအပေါင်းတို့နှင့် အဘယ်သို့သက်ဆိုင်သနည်း ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် ၂း၂ ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကို ရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ ၁၉။ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည် ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲအသေသတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသောသခင်၏လူတို့သည်မြို့တော်ကိုင်း၊သန့်ရှင်းရာဌာနကိုင်းဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုး သာအားဖြင့်ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။အဆုံးတိုင်အောင်စစ်တိုက်ခြင်း၊ပျက်စီးရာနှင့်ဆိုင်သောစီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တသိတင်းတွင်လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ထိုသိတင်းတဝက်တွင်ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဘွယ်သောအရာ၏အထွဋိပေါ်သို့ဖျက်ဆီးသောသူသည် ရောက်၍၊စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကိုမလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟုကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄-၂၇
No comments:
Post a Comment