Revelation Study
▼
1
▼
2
▼
3
▼
4
▼
5
▼
6
▼
Daniel Study
▼
The Bible Study Gods Law
▼
▼
Monday, October 3, 2016
ဗျာဒိတ်ကျမ်သင်ခန်းစာ(၄)
ဧဝံဂေလိတရားအံ့သြေလောက်သော ဗျာဒိတ်ကျမ်းစာ၌ ၁။ဗျာဒိတ်ကျမ်း၌ ဘုရားသခင်သည် အချစ်မေတ္တာတရားအဘယ်သို့ဖေါ်ပြသနည်း သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ဗျာဒိတ်ကျမ်း ၂း၁၀ ၂။ဘုရားသခင်သည် လူသားတို့ အပြစ်တရား၌လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း အတွက်အဘယ်သို့ရှိ သနည်း မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်သိန်း တို့အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရားသခင်ကို ကြောက်ရွံ့၍ချီး မွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်း တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆ ၃။ဘုရားသခင်သည် လောကီသည်များအတွက် အဘယ်သို့သောအစီစင်ရှိသနည်း ကွပ်မျက်သော သိုးသငယ်၏အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်း တို့သည် သားရဲကိုကိုးကွယ်ကြ၏။ဗျာဒိတ်ကျမ်း ၁၃း၈ မှတ်ချက်။ဘုရားသခင် လောကီသားများကိုချစ်သောကြောင့် သားရဲကို မကိုးနှင့်သတိပေးခြင်းပင်ဖြစ်သည် ရဲ့သားရဲ ဟူသောစကားမှာသမ္မာကျမ်းစာမှဖေါ်ပြချက်များမှာ နေကိုကိုးကွယ်သောသူများ၏ဘာသာတရား ပင်ဖြစ်သည် ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ တမန်တော်ဝတ္ထု ၄း၁၂ ၄။အာဒံမှာစ၍ အပြစ်တရားကိုလွန်ကျူးသော အဘယ်သို့ရှိကြသနည်း ဤအကြောင်းအရာဟူမူကား၊အပြစ်တရားသည်တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍၊အပြစ်တရား အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ ရောမသြဝါဒစာ ၅း၁၂ ၅။ကျွန်ပ်တို့၏ အပြစ်တရားသည်အလွင်အမတန်မှကြောက်မက်ဘွယ်သောကြောင့်အဘယ်သို့ပြုကြမည် သနည်း အပြစ်တရား၏အခကား သေခြင်းပေတည်း။ဘုရားသခင် ပေးတော်မူသောဆုကျေးဇူး တော်ကား၊ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ ရောမသြဝါဒစာ ၆း၂၃ မှတ်ချက်။ယေရှုခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းသို့ရရှိနိုင်သေည် ၆။ကျွန်ပ်တို့အပြစ်တရားများ ဘုရားသခင်နှင့်ကျွန်ပ်တို့၏စပ်ကြားမှာအဘယ်သို့ကွာစေသနည်း သင်တို့ဒုစရိုက်သည်သင်တို့ကိုဘုရားသခင်နှင့်ကွာစေပြီ။ကြားတော်မမူစေခြင်းငှါ၊သင်တို့အပြစ်သည်မျက်နှာတော် ကိုလွှဲစေပြီ။ ဟေရှာယအနာဂတ္တိကျမ်း ၅၉း ၂ ၇။ယေရှုခရစ်တော်အဘယ်အတွက်ကြောင့်လက်ဝါးကပ်တိုင်အပေါ်၌အသေသတ်ခြင်းကိုခံတော်မူသနည်း သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင် တို့၏အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၅ ၈။အဘယ်သူကျွန်ပ်တို့ အပြစ်တရားကြောင့် အသေသတ်ခြင်း တရား၌ ခံတော်မူသနည်း ငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်၊ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊ဟေရှာယအာနဂတ္တိကျမ်း ၅၃း၆ ၉။ဘုရားသခင်အဘယ်မြလောက်ကြီးမားသော အချစ်မေတ္တာပေးတော်မူသနည်း အကြောင်းမူကား၊ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကို ရမည်အကြောင်းတည်း။ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ငါတို့ကို ချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၅ ၁၀။ယေရှုခရစ်တော်သည် ကျွန်ပ်၏ကယ်တင်အရှင်ဖြစ်တော်မူ၏ ထိုသူတို့ကလည်း၊သခင်ယေရှုခရစ်ကိုယုံကြည်လော့။ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ပြောဆိုလျက်၊တမန်တော်ဝတ္ထု ၁၆း၃၁ ခြေတော်သည်လည်းမီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။အသံတော်သည်လည်းသမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ ဗျာဒိတ်ကျမ်း ၁း၁၅ ၁၁။ကျွန်တို့သည်အပြစ်တရားမှလွတ်မြောက်အောင် အဘယ်သို့ပြုနိုင်မည်သနည်း ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၁း၉ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ဒုစရိုက်ကိုမုန်းသောသဘောတည်း။မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ သုတ္တံကျမ်း ၈း၁၃ ၁၂။ သမ္မာကျမ်းစာ၌နောင်ရတရားရသော အဘယ်သို့ပြုပြင်ပြောင်းလဲခြင်းရှိရမည်သနည်း ခရစ်တော်သည်အသေခံရမည်ဟုပရောက်ဖက်အပေါင်းတို့သည် ဟောပြော၍၊ဘုရားသခင်ဘော်ပြတော်မူနှင့်သော အမှုကိုထိုသို့အားဖြင့်ပြီးစီးတော်မူပြီ။ထိုကြောင့်ထာဝရဘုရားထံတော်မှချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလို့ငှါခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ တမန်တော်ဝတ္ထု ၃း၁၈-၁၉=၂၀ ၁၃။ကျွန်ပ်တို့၏ အသက်တာ၌ ပြောင်းလဲခြင်းရှိလျှင် ကျွန်ပ်တို့၏အသက်တာအဘယ်သို့ရှိကြရမည်သနည်း ယေရှုက၊ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား၊ဘုရာသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။နိကောဒင် ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ် သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ဇာတိပကတိမွေးသောအရာသည်ဇာတိပကတိဖြစ်၏။ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၃-၇ ငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်၊ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊ဟေရှာယအနာဂတ္တိကျမ်း၅၃း၆ ၁၄။ယေရှုခရစ်တော် ကျွန်ပ်တို့စိတ်နှစ်လုံးကိုမ်းအောင်းလျှင် အဘယ်သို့သောအသက်တာဖြစ်သနည်း အကြောင်းမူကား၊သင်တို့သည်အလိုရှိစေခြင်းငှါ၎င်း၊အကျင့်ကျင့်စေခြင်းငှါ၎င်း၊သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုပြင်တော်မူသောသူကား၊ ဘုရားသခင်ပေတည်း။ဖိလိပ္ပိသြဝါဒစာ၂း၁၃ ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၄း၁၇ ၁၅။ယေရှုခရစ်တော်သည်ကျွန်ပ်၏သခင် အဘယ်အတွက်ကြောင့် နောက်တဖန် မွေးဘွားခြင်းရှိရမည်သ နည်း။ ထိမိ၍လဲခြင်းနှင့်ကင်းလွတ်စေမည်အကြောင်းသင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊အပြစ်မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကိုဘုန်းအသရေတော်ရှေ့၌ဆက်သခြင်းငှါ၎င်းတတ်နိုင်တော်မူသောသူတည်းဟူသော၊ ငါတို့ကိုကယ်တင်တော်မူသောအရှင်၊တဆူတည်းသောဘုရားသခင်သည်၊ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ယခုမှစ၍ ကမ္ဘာအဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာ ၁း၂၄-၂၅ ၁၆။ခရစ်ယာန်အပေါင်းတို့သည် ရင်ဆိုင်ရမည့် အခက်ခဲပြဿ အဘယ်သို့အရာများဖြစ်သနည်း သခင်၊ သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၂၁ ၁၆။ယေရှုခရစ်တော်သည် ကျွန်ပ်၏ကယ်တင်အဖြစ်ဘယ်သို့ ပြောဆိုနိုင်မည်သနည်း သခင်၊ သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ရှင်မဿဲ၇း၂၁ ယေရှုခရစ်တော် သည် ကျွန်ပ်တို့အားအဘယ်သို့အားဖြင့် တပည့်များဖြစ်ကြောင်းသိရှိမည်သနည်း ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၁း၉ မုသာနှင့်ကင်းစင်တော်မူသောဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီဂတိထားတော်မူ၍၊ငါတို့ကိုကယ်တင် သောအရှင်ဘုရားသခင်၏ပညတ်တော်အတိုင်း၊ငါ၌အပ်ထားသောတရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သော အချိန်၌၊ နှုတ်ကပတ်တရားတော်ကိုထင်ရှားစေတော်မူသောအရာနှင့်စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သောသမ္မာတရားကိုဝန်ခံခြင်းအလိုငှါ၎င်း၊ဘုရားသခင်ရွေးကောက်တော်မူသော သူတို့၏ယုံကြည်ခြင်းအလိုငှါ၎င်း၊ဘုရားသခင်၏ကျွန်တည်းဟူသော၊ ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါ လုသည်၊ တိတုသြဝါဒစာ၁း၁-၃ ၁၇။ယုံကြည်ခြင်း၌ မြင်တင်ပေးလို့ရလား သို့ဖြစ်၍၊ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့် ဖြစ်၏။ကြားနာခြင်းသည်လည်း၊ဘုရားသခင်၏စကားတော်အားဖြင့် ဖြစ်၏။ရောမသြဝါဒစာ၁၀း၁၇ ယေရှုကလည်း၊လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၎ သင်တို့သည် ကိုယ်ကိုထင်သင့် သည်အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေး တော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက် ပတ်စွာ ထင်ရမည် ကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက်၊ သင်တို့တွင်ရှိသမျှသောသူ တို့ကို မှာထား၏။ရောမသြဝါဒစာ ၁၂း၃ ၁၈။ပြောင်းလဲခြင်းခရစ်ယာန်ဘာသာဝင်တို့၏ အသက်တာသည်အဘယ်သို့ကြည့်ရှု့နိုင်မှာလဲ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ခပ်သိမ်းသောအရာတို့ကိုသားတော်လက်သို့အပ်ပေးတော်မူပြီ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၃၅ ငါတို့သည် ညီအစ်ကိုချင်းတို့ကိုချစ်သောကြောင့်၊ သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရ ကြ၏။ မိမိညီအစ်ကိုကိုမချစ်သောသူသည် သေခြင်း၌တည်၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၁၄ ငါပညတ်သည်ကား၊သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏သားဖြစ်လိုသောငှါ၊သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၄၄ လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ကာရိ န္တု သြဝါဒစာဒုတိယစောင် ၅း၁၇ သင်တို့သည် ရှေ့ဦးစွာကပင်ကြားရသောတရားစကားဟူမူကား၊မာရ်နတ်နှင့်ဆိုင်၍မိမိညီကိုသတ်သောကာ ဣနကဲ့သို့မဟုတ်၊ငါတို့သည်အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ကာဣနသည်မိမိညီကိုအဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည်ဆိုးယုတ် ၍၊ ညီ၏အကျင့် သည် ဖြောင့်မတ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၃း၁၁-၁၂ ညီအစ်ကိုတို့၊အသက်ရှင်ခြင်းလက္ခဏာ၊သန့်ရှင်းခြင်းလက္ခဏာ၊ဘုရားသခင် နှစ်သက်တော်မူဘွယ်သောလက္ခဏာ နှင့် ပြည့်စုံသောယဇ်ကိုသင်တို့သည်ပူဇော်၍၊မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်းဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊သင်တို့ကိုငါတိုက်တွန်း နှိုးဆော်ပေ၏။ ရောမသြဝါဒစာ ၁၂း၁ ကိုယ်တော်သည်အခွင့်မပေး။သင်သည်ကိုယ်အိမ်သို့သွားလော့။ထာဝရဘုရားသည်သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊ထိုသူသည်သွား၍၊ ယေရှုသည်အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့သြခြင်းရှိကြ၏။ရှင်မာကုခရစ်ဝင်၅း၁၉-၂၀ ပေတရုနှင့်ယောဟန်တို့ကလည်း၊ ဘုရားသခင်၏စကားတော်ကိုနားထောင်သည်ထက်သင်တို့၏စကားကို သာ၍နားထောင်သော်၊ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကိုဆင်ခြင်၍စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အားဆိုကြ၏။ တမန်တော်ဝတ္ထု ၄း၁၉-၂၀ ငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်၊ဆုတောင်းသ မျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၂၂ ညီအစ်ကိုတို့၊အသက်ရှင်ခြင်းလက္ခဏာ၊သန့်ရှင်းခြင်းလက္ခဏာ၊ဘုရားသခင် နှစ်သက်တော်မူဘွယ်သောလက္ခဏာ နှင့် ပြည့်စုံသောယဇ်ကိုသင်တို့သည်ပူဇော်၍၊မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသောသင်တို့ ပြုအပ်သောဝတ်ကို ပြုမည်အကြောင်းဘုရားသခင်၏ကရုဏာတော်ကို ထောက်ထား၍၊သင်တို့ကိုငါတိုက်တွန်း နှိုးဆော်ပေ၏။ ရောမသြဝါဒစာ ၁၂း၁ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊စုဝေးသောအရပ်သည်တုန်လှုပ်၍၊ထိုသူအပေါင်းတို့သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုရဲရင့်စွာဟောပြောကြ၏။တမန်တော်ဝတ္ထု ၄း၃၁ ထိုသို့မရှိသော်လည်း၊သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသောယုဒပြည်၊ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ တမန်တော်ဝတ္ထု ၁း၈ သင်တို့သည်အဆိုးဖြစ်လျက်ပင်ကိုယ်သားတို့အားကောင်း သောအရာကို ပေးတတ်လျှင်၊ထိုမျှမကကောင်းကင် ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။။ရှင်လုကာခရစ်ဝင်ကျမ်း၁၁း ၁၃ ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလော့။ထိုဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။ ဧဖက်သြဝါဒစာ ၆း၁၈ ထိုကြောင့်ဇာတိပကတိ၌ကျင်လည်သောသူတို့သည်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ကြ။သို့သော်လည်း ဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင်၊သင်တို့သည်ဇာတိပကတိဘက်၌ရှိကြသည် မဟုတ်။ဝိညာဉ်ပကတိဘက်၌ရှိကြ၏။ခရစ်တော်၏ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။ ခရစ်တော်သည်သင်တို့အထဲ၌ရှိတော်မူလျှင်၊ကိုယ်ကာယသည်အပြစ်ကြောင့်အသေဖြစ်သော်လည်းဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လျက်ရှိ၏။ထိုမျှမက၊ ယေရှုကိုသေခြင်းမှထမြောက်စေတော်မူသောဘုရား၏ ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင်၊ခရစ်တော်ကိုသေခြင်းမှထမြောက်စေ တော်မူသောဘုရားသည် သင်တို့အထဲ၌ကျိန်းဝပ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။ သို့ဖြစ်၍ညီအစ်ကိုတို့၊ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ဇာတိပကတိ၏ကျွန်ဖြစ်ကြသည်မဟုတ်။ သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင်သေရကြမည်။ဝိညာဉ် တော်အားဖြင့်ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင်အသက်ရှင်ကြလိမ့်မည်။ဘုရားသခင်၏ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။ ရောမသြဝါဒစာ ၈း၉-၁၄ ၁၉။ယေရှုခရစ်တော်သည် လောကီသားအပေါင်းတို့ကို အပြစ်တရားမှကယ်နှုတ်ရန် အဘယ်သို့ပြုတော်မူ သနည်း ထိုကြောင့်၊သင်တို့၏ သေတတ်သောကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရသည်တိုင်အောင်၊အပြစ်တရားသည်ထိုကိုယ် ခန္ဓာ၌အစိုးမရစေနှင့်။သင်တို့၏ကိုယ်အင်္ဂါများကိုဒုစရိုက်လက်နက်ဖြစ်စေ၍၊အပြစ်တရားအားမဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍အသက်ရှင်သောသူကဲ့သို့၊ဘုရားသခင်အားကိုယ်ကိုကိုယ်ဆက်ကြလော့။ကိုယ်အင်္ဂါများကိုလည်း ဒုစရိုက်လက်နက်ဖြစ်စေ၍၊ဘုရားသခင်အားဆက်ကြလော့။သင်တို့သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ရှိသောကြောင့် အပြစ်တရားသည်သင်တို့ကိုမအုပ်စိုးရ။ရောမသြဝါဒစာ ၆း၁၂-၁၄ ၂၀။ဗျာဒိတ်ကျမ်းစာ၌ ဝမ်းမြောက်ခြင်းသိတင်းစကားသည် နှင့်ဆိုင်သော ကယ်တင်ခြင်း အဘယ်သို့အံ့သြေ ခြင်း နမိက္ခဏာများရှိသနည်း အသက်ရှင် သောသူလည်းဖြစ်၏။ငါသည်အရင်သေသည်ဖြစ်၍၊ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ဗျာဒိတ်ကျမ်း ၁း၁၈ ဝမ်းမြောက်ခြင်းသိတင်းစကားတော် ၌ ယေရှုခရစ်တော်သည်ကယ်တင်အရှင် ထာဝရ အသက်ရှင်သောသူ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှအကျွန်ုပ်တို့ကိုယူ၍၊အသွေးတော်နှင့်ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ဗျာဒိတ်ကျမ်း ၅း၉ ယေရှုခရစ်တော်သည်ကျွန်ပ်၏အပြစ်တရားကြောင့်အသက်စွန့်တော်၏ငါက၊သခင်၊ကိုယ်တော်သိပါ၏ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊မိမိတို့ဝတ်လုံကိုသိုးသငယ်၏ အသွေးလျှော်၍ ဖြူစေသော သူဖြစ်ကြသတည်း။ ဗျာဒိတ်ကျမ်း ၇း၁၄ မိန်းမသည်ထိုမြွေနှင့်လွတ်၍၊တကာလ၊ နှစ်ကာလ၊ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကိုခံရာအရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကိုရလေ၏ဗျာဒိတ်ကျမ်း၁၂း၁၄ ယေရှုခရစ်တော် ရွေးနှုတ်တော်မူအား ဝမ်းမြောက်ခြင်းအသက်၌ ရှိလေသတည်း အမှုပြီးပြီ။ငါသည်အာလာဖဖြစ်၏။သြမေဃလည်းဖြစ်၏။အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ဗျာဒိတ်ကျမ်း ၂၁း၆
No comments:
Post a Comment