Monday, October 3, 2016

ဗျာဒိတ်ကျမ်းသင်ခန်းစာ(၃)

 

ဗျာဒိတ်ကျမ်းစာ၌ မိုက်သောသူ ဘုရားသခင်ပုံကန်ထကြွနေသောသူ ဗျာဒိတ်ကျမ်း၌ အဠန်အမတန်မှတိုတောင်းသော သိတင်းစကားများမဖြစ်ပေါ်မှီ ဗျာဒိတ်ကျမ်း၌ပေါ်ပြနေ ခြင်း ၁။မာရ်နတ်၏ အမည်ဗျာဒိတ်ကျမ်းစာ၌ အဘယ်သို့ခေါ်ဆိုသနည်း သင်သည်ခံရမည့်အရာတစုံတခုကိုမျှမကြောက်နှင့်။သင်တို့သည်စုံးစမ်းခြင်းကိုခံရမည်အကြောင်း၊မာရ်နတ်သည် သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။သေ သည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ ဗျာဒိတ်ကျမ်း၂း၁၀ ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီး ကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၈-၉ မိန်းမသည်အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကိုခံရမည်အကြောင်းဘုရားသခင်ပြင် ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ဗျာဒိတ်ကျမ်း ၁၂း၆ ကောင်းကင်ဘုံ၌ကြီးသောအသံကား၊ယခုမှာကယ်တင်ခြင်းဖြစ်၏။တန်ခိုးတော်လည်းဖြစ်၏။ငါတို့ဘုရားသခင်၏ နိုင်ငံ တော်နှင့်သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။အကြောင်းမူကား၊ငါတို့ညီအစ်ကိုများကိုငါတို့ဘုရား သခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ဗျာဒိတ်ကျမ်း ၁၂း၁၀ မှတ်ချက်။စာတန်မာရ်နတ်၏ နာမည် ရေတွက်သောအခါ၌ ၅၅ ကြိမ်းမျှတွေ့ရှိသည် ၂။စာတန်မာရ်နတ်သည် ဘယ်ကလာလဲ ကောင်းကင်၌စစ်ဖြစ်၏။မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်သူ၏တမန် တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ဗျာဒိတ်ကျမ်း ၁၂း ၉-၁၀ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။ရှင်လုကာခရစ်ဝင်ကျမ်း ၁၀း၁၈ ၃။စာတန်မာရ်တန်သည်အဘယ်ကြောင့် ကောင်းကင်အပေါ် ချခြင်းကိုခံရသနည်း ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂၇-၉ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကိုဘုရားသခင်သည် နှမြောတော်မမူ၊ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှါချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၂း၎ ၄။ဗျာဒိတ်ကျမ်း ၁၂း၇-၁၀အတွင်း အဘယ်သူများကိုလောကသို့ချသည်ဟူ၍ ဖေါ်ပြခြင်းရှိသနည်း ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၁၀ ဘာဖြစ်လို့ မာရ်နတ်ကိုလောသို့ကသို့ချလိုက်သနည်း ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ ဗျာဒိတ်ကျမ်း ၁၂း၇- ၅။ကောင်းကင်အပေါ်မှ ကောင်းကင်တမန်များ လောကသို့ အဘယ်မျှလောက်ချပစ်ခြင်းရှိသနည်း ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကိုဆွဲငင်၍ မြေကြီးသို့ချလိုက် လေ၏။သားကိုဘွားလုသောမိန်း မသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၃-၄-၉ မှတ်ချက်။ အတွင်း၌ တွေ့ရှိသော မှာစာမာရ်နှင့်သူ၏အပေါင်းဘော်များတို့ ကိုလောကသို့ချပစ်ခြင်းကိုခံ ရကြပြီဟူ၍ဖေါ်ပြထားခြင်းတွေ့ရသည် သမ္မာကျမ်းစာ၌ မုသာနှင့်ဆိုင်သောမာနတ်သည် အပြစ်ကိုပြုသော ကြောင့် လောကသို့ချခြင်းကိုတွေ့ရှိနိုင်ပေသည်။ ယေဘဝတ္ထု၌ အယ်သို့သောဖေါ်ပြခြင်းကိုတွေ့ရကြသ နည်း လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက်သကဲ့သို့ သူတပါးတို့သည် လိုက်၍ အော်ဟစ်ကြ၏၊ ကြောက်မက် ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏၊၊ ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက်နေကြ၏၊၊ လူမိုက်သား၊ လူယုတ်သားဖြစ်၍ အရပ်ရပ်နှင် ထုတ်ခြင်းကို ခံရကြ၏၊ ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ ကဲ့ရဲ့ပုံခိုင်းရာဖြစ်ပါသည်တကား၊၊ ယေဘဝတ္တု ၃၀း၅-၉ ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကိုဆွဲငင်၍ မြေကြီးသို့ချလိုက် လေ၏။သားကိုဘွားလုသောမိန်း မသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ဗျာဒိတ်ကျမ်း၁၂ ၃-၄ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကိုဘုရားသခင်သည် နှမြောတော်မမူ၊ငရဲထဲသို့ချလိုက် ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှါချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ၂း၃-၄ မှတ်ချက်။ စာတန်မာရ်သည်လည်း သူ၏တန်ခိုးများတို့သည် ကြီးမားသော တမန်ဖြစ်၍ သူသည်လည်း လိမ် လှည့် လှည့်ဖျားခြင်း၌ လူးများတို့သည် ယုံကြည့်နိုင်သောတန်ခိုးများ များစွာကိုပြနိုင်ပေသည် ကျွန်ပ်တို့အ သက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မကင်ကွာဘဲ အမြဲတစေ့ရှိရန် အလွန်အမတန်မှ အရေး ကြီးလှပေသည် ၆။အစအဦး၌ မာရ်နတ်၏အံ့သြော်ဘွယ်ခြင်းနှင့်သူ၏ လုပ်ရပ်များ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာရှိသမျှသောရူပအရာ၊အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ ကောလောသဲသြဝါဒစာ ၁း၁၆ မှတ်ချက်။ယေရှုခရစ်တော်သည်အရာအလုံးတို့ကိုဖန်ဆင်တော်မူသောအရှင်ဖြစ်သောကြောင့် ကောင်းကင် တမန်များဘာဖန်ဆင်း သောကြောင့် ကောင်းကင်တမန်အချို့တို့သည် ယေရှုခရစ်တော်ကိုပုံကန်ထကြွသော တမန်များဖြစ်သည် ယခုခေတ်ကာလ၌ လည်း ထိုနည်းတူ ခရစ်ယာန်ဘာသာဝင်များတို့ ယေရှုခရစ်တော် ကို ယုံကြည်သူဖြစ်ယောင်ဆောင်လျက်ပင် ဖန်ဆင်းသောအရှင်ယေရှုခရစ်တော်ကိုပုံထကြွသောခရစ်ယာန် သော ခရစ်ယာန်များစွာပင်ရှိကြောင်းတွေ့ရှိသည် ၇။စာတန်မာရ်၏ အမည်နာမသည် အပြစ်မလုပ်မှီ အဘယ်သို့ ခေါ်ဆိုသနည်း အိုနံနက်သား၊မိုဃ်းသောက်ကြယ်၊သင်သည် ကောင်းကင်ကကျလေပြီတကား၊၊အပြည်ပြည်တို့ကို နှိပ်စက် သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂ သို့ရာတွင်ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင်သောတပါးအမျိုးသားတို့ရှေ့မှာငါ၏နာမအသရေကိုမပျက်စေခြင်း ငှါ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၄ မှတ်ချက်။ သမ္မာကျမ်စာ၌ အပိုဒ်များတွင် စာတန်မာရ်ကိုပုံခိုင်းထားသော အချက်လျှက်များမှာ စာတန်မာရ် သည်တန်ခိုးအဏားနှင့် ပြည့်စံသောခြင်းတွေရှိရပေသည် ဗာဗုလုန်အရှင်ဘုရင် ထိုသူများခေါင်းဆောင်များ တို့ အသက်တာကိုရှည်မှတ်၍ ဆိုလိုသတည်း ၈။သမ္မာကျမ်းစာ၌ နံနက်သားမိုဃ်းသောကြယ်၏ အကြောင်းအရာများအဘယ်သို့ပေါ်ခြင်းရှိသနည်း အချင်းလူသား၊တုရုရှင်ဘုရင်အတွက် မြည်တမ်းသောစကားကို မြွက်၍၊အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင်တင်ခြင်းအသရေလည်း စုံလင်လျက်ရှိ၏။ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော်၌နေပြီ။သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ဥဿဖရား၊ စိန်၊မျက်ရွဲ၊ ကြောင်၊နဂါးသွဲ့၊နီလာ၊ မြ၊တ္တမြားအစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သောပတ်သာ၊ပုလွေတို့သည်လည်း၊ သင်ဘွားသောနေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။ သင်သည်ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ငါ့အခွင့်နှင့်ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှာ နေရာ ကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ သို့ရာတွင်၊ကုန်သွယ်ခြင်းများပြားသောအားဖြင့်၊အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ မြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ဆိုးယုတ်သောသူကဲ့သို့၊သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သောကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။ သင်သည်ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုဏ်ထွန်းတောက်သောကြောင့်၊သင် ၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ငါသည်သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ရှင်ဘုရင်တို့သည်သင့်ကို ကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၄း၁၇ ၉။နံနက်သာမိုဃ်းသောက်ကြယ် မြေကြီးတိုင်အောင်ချင်ခြင်းကိုခံရသနည်း အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား၊၊အပြည်ပြည်တို့ကိုနှိပ်စက် သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်မည်။ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါမြှောက်မည်၊၊ မြောက်မျက်နှာဘက် ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂-၁၄ သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့်ဝါကြွားသောစိတ်ရှိလျက်ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာသင့်ကိုငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း၂၈ ၁၇ မှတ်ချက်။စာတန်မာရ်နတ်သည်မာနထောင်လွှားသောခြင်း။ဖန်ဆင်းခံရသောသူဖြစ်လျက်ပင်ဖန်ဆင်းအရှင် ကဲ့သို့ အကြွစီရှိခြင်း ယေရှုခရစ်တော် ဘုရားဖြစ်လျက်ပင်လူဇာတိတော်ခံယူ၍ လူဟူ၍ခေါ်ဆိုခြင်း ခရစ် တော် တွေ့ရှိသောချက်များ နိပ်ချသော သဘောရှိကြောင်းကိုဖေါ်ခြင်း ၁၀။စာတန်မာရ်၏ အကျင်ဇတိတာများ အဘယ်သို့ရှိသနည်း ထိုအခါ၊ဤလောကတနိုင်ငံလုံးကိုလှည့်ြ့ဖား၍မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ဗျာဒိတ်ကျမ်း ၁၂း၉ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကိုငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ ဗျာဒိတ်ကျမ်း ၁၂း၁၀ သင်သည်ခံရမည့်အရာတစုံတခုကိုမျှမကြောက်နှင့်။သင်တို့သည်စုံးစမ်းခြင်းကိုခံရမည်အကြောင်း၊မာရ်နတ်သည် သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ဗျာဒိတ်ကျမ်း၂း၁၀ သင်အကျင့်ကျင့်ခြင်းကို၎င်း၊စာတန်၏ရာဇပလ္လင်ရှိရာအရပ်တည်းဟူသောသင်၏နေရာအရပ်ကို၎င်းငါသိ၏။ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊သင်သည်ငါ၏နာမကိုစွဲကိုင်၏။ငါ၏ယုံကြည်ခြင်းတရား ကိုမစွန့်မပယ်။ ဗျာဒိတ်ကျမ်း ၂း၁၃ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏။ အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွသင် တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂ နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း၁၇ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၄၄ မုသာကို သုံးသောသူတို့ မုသာ၏ကျွန်ဖြစ်ကြ၏ယခုခေတ်ကာလခရစ်ယာန်တရားဟောဆရာအချို့တို့သည် ဗာဗုလုန်၏အမိနောက်သို့လိုက်၍ မုသာနှင့်ဆိုင်သော စကားများပြောဆိတတ်ကြ၏။ ၁၁။စာတန်မာရ်တန်သည် လူသားတို့အဘယ်မျှလောက်မုသာနှင့်ဆိုင်လိမ်ညှသနည်း အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊အဘယ် ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကိုခံရကြလတံ့။ ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၁၃-၁၅ ၁၂။စာတန်မာရ်နတ်သည် သူသည်ဧကန်အမှလိမ်ညှတတ်သလော့။ ထိုအခါ၊နဂါ၏ခံတွင်းထဲက၎င်း၊သားရဲ၏ခံတွင်းထဲက၎င်း၊မိစ္ဆာပရောဖက်၏ခံတွင်းထဲက၎င်း၊ဘားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည်ကိုငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်တို့ထံသို့ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ သောဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ဗျာဒိတ်ကျမ်း ၁၆း၁၃-၁၄ မှတ်ချက်။စပီရှေ့ချလီစင် သို့မဟုတ် AG သန့်ရှင်းသောဝိညာဉ်တော်ဂျိုင်းဗာဗုလုန်နေဘုရားကိုးကွယ်သော သူများနှင့်ပေါင်းဖေါ်၍အံ့သြော်ဘွယ်သောနမိတ်လက္ခဏာများပြ၍လူများတို့လိမ်ညှာသောဘာသာဖြစ်လိမ့်မည် ၁၃။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့် အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၄ သခင်၊သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော် မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ထိုနေ့၌ကား၊သခင်၊သခင်၊အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟုအများသောသူတို့သည်လျှောက်ကြလိမ့်မည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၂၁-၂၃ ၁၄။စာတန်မာရ်၏ စွုစမ်သွေးဆောင်းခြင်းအဘယ်သို့ရှောင်နိုင်မည်သနည်း ထိုအခါမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံစေရမည်အကြောင်း၊ဝိညာဉ်တော်သည်ယေရှုကို တောသို့ပို့ဆောင်တော်မူ၍၊ ယေရှုသည်အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။ ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ဗိမာန်တော်၏အထွဋိ၌တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါသူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ထိုကြောင့်ဘုရားသခင်၏သားတော် မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁-၆ မှတ်ချက်။စာတန်မာရ်နတ်သည်သမ္မာကျမ်းစာများထောက်၍ ယေရှုခရစ်တော်စုံစမ်ခြင်းရှိသကဲ့သို့ကျွန်ပ်အား လည်းသို့အားဖြင့်စုံစမ်းသွေးဆောင်ခြင်းကိုခံရကြလမ်မည်။ခုခေတ်ခရစ်ယာန်တရားဟောဆရာအချို့သည်သူ တို့၏။အသက်တာကိုကြည့်ခြင်းအားဖြင့်သမ္မာကျမ်းစာအတိုင်းအသက်မရှင်ဘဲ လောကီမှပြုလုပ်ထားသောအ ပထနေ့ ရက် ဘုရားဝတ်ပြုနေဟူ၍ ဟောပြောလျက်ပင်ရှိသည် သို့သော လည်း သမ္မာတရားနှင့်မညီလျှော် သောအရာများလုပ်ဆောင် ယေရှု၏ တမန်တော်များဟူ၍ ပြောဆိုတတ်သည်သိရှိရပေးလိမ့်မည် ၁၅။စာတန်မာရ်၏စစ်ပွဲသည်ဆိုဝါးဆိုသောစစ်ပွဲတရပ်ပင်ဖြစ်သေည် နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း၁၇ မှတ်ချက်။နာဂါးသောအချက်မှာစာတန်မာရ်ပင်ဖြစ်သည်ဘုရားသခင်၏ပညတ်တော်တို့ကျင့်၍ယေရှုသက်ခံချက် ကိုစွဲလန်းသောထိုမိန်းမ၌ကြွင်းသောအမျိုးအနွှယ်စစ်တိုက်ခြင်းသွား၏။မိန်းမဟူ၍သမ္မာကျမ်းစာမှာမိန်းမဆို သောစကားများမှာအသင်းတော်တခုသာလျှင်ဆိုခြင်းဖြစ်ပေသည်ပညတ်သခင်ပညတ်တရားများစောင့်ရှောက် ၍ ယေရှုခရစ်တော်၏ သက်သေခံချက်များကို လိုက်နား၍ ကျင့်ကြံနေသောသူများကိုစာတန်မာရ်နတ်သည် အမျိုးမျိုး အဘက်ဘက်ပင် ဝိညာဉ်ရေးစစ်ပွဲများပင် ထိုနက်တိုက်နေသည်ကိုသိရှိနားလည်ရပေလိမ့်မည် ၁၆။ကျွန်ပ်တို့အသက်တာ၌ စာတန်မာရ်၏လိမ်လည်လှည့်ဖျာင်း၌ လွတ်ကင်အောင် ကျွန်ပ်တို့အဘယ်သို့ ပြင်စင်နိုင်မည်လော့။ တရားတော်ကိုင်း၊သက်သေခံတော်မူချက်ကိုင်းနားထောင်ကြကုန်၊၊သူတို့ပြော သောစကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊ ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀ ဗေရိမြို့သားတို့သည်သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည်ရှုကြ၏။ တမန်တော်ဝတ္ထု၁၇း၁၁ ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလို အလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။ ကိုယ်အလိုအလျောက် ဟောပြောသောသူသည်မိမိဘုန်းအသရေကိုရှာတတ်၏။မိမိကိုစေလွှတ် တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက် သောသူဖြစ်၏။ ထိုသူ၌ မုသာမရှိ။ ရှင်ယောဟန်ခရစ်ဝင်၇း၁၇-၁၈ ပျက်ဆီးခြင်းသို့ ရောက်သောသူတို့တွင်၊မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်းလာလိမ့်မည်။အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထိုကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊မုသာစကားကိုယုံစိမ့်သောငှါ၊မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူတို့၌ ဘုရားသခင်လွှတ်တော်မူလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်၂း၁၀-၁၂ မှတ်ချက်။မိမိ၏ယုံကြည်ခြင်း၌ဆန်းစစ်ကြလော့သို့မဟုတ်လျှင်မုသာကိုသုံးသောသူဖြစ်လိမ့်မည်သမ္မာတရားနင့်မညီ လျှင် မိစ္ဆာဒိဋ္ဌိဖြစ်လိမ့်မည် သမ္မာတရားမိမိကိုယ်ကို ဆန်းစစ်ကြည့်ကြလော့။ ၁၇။စာတန်မာရ်နတ်သည် မည်သည့် သတိရိစ္ဆာနှင့်တူသနည်း သမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ရှင်ပေတရုသြဝါဒစာပဌမစောင်၅း၈ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည်အမင်္ဂလာရှိ၏။ အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂ ၁၈။နောက်ဆုံးသောအချိန်ကာလ၌ စာတန်မာရ်သည်အဘယ်သို့ဖြစ်မည်သနည်း သူတို့ကိုလှည့်ဖြားသောမာရ်နတ်ကိုလည်းသားရဲနှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ဗျာဒိတ်ကျမ်း ၂၀း၁၀ ၁၉။ကန့်နှင်လောင်သောမီးသည် တမန်များအတွက်အတွက်အဘယ်သို့ဖြစ်လိမ့်မည်သနည်း သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊သန့်ရှင်းရာဌာနတို့ကိုညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဘို့သင့်အလယ်၌မီးကိုငါညှိမည်။သင့်ကိုမြင်သောသူအပေါင်းတို့ရှေ့မှာ၊သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၈ ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ခရစ်တော်သည်အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသောမာရ်နတ်၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ထိုသူငယ်တို့၏နည်းတူအသွေးအသားကို ဆောင်ယူတော်မူ၏။ ဟေဗြဲသြဝါဒစာ ၂း၁၄-၁၅ သင့်ကိုသိသောလူအမျိုးမျိုးတို့သည်သင်၏အမှုကြောင့်မိန်းမောတွေဝေကြလိမ့်မည်။သင်သည် ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရဟု မိန့်တော်မူ၏။ ယေဇကျေလအနာဂတ္တိကျမ်း၂၈း၁၉ ၂၀။စာတန်မာရ်နတ်ကို နိုင်သောလမ်းအဘယ်သို့ရှိမည်သနည်း သူတို့သည်သိုးသငယ်၏အသွေးအားဖြင့်၎င်း၊မိမိတို့သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်င်း အောင်မြင်၍၊ အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ဗျာဒိတ်ကျမ်း ၁၂း၁၁

No comments:

Post a Comment