Monday, October 3, 2016

ပထမနေ့ရက် ဥပုသ်စောင့် ဗျာဒိတ်၌အဘယ်သို့ဖော်ပြသနည်း ဗျာဒိတ်ကျမ်းသခင်ခန်းစာ(၁၁) ပထမနေ့ရက် ဥပုသ်စောင့်ခြင်း ဗျာဒိတ်ကျမ်းစာ၌အဘယ်သို့ဖော်ပြသနည်း ပထမနေ့ ရက်ကို ခရစ်တော်ရှင်ပြန်ထမြောက်သောနေ့ဟူ၍ဝတ်ပြုခြင်း ဗျာဒိတ်ကျမ်းစာသည် နောက်ဆုံးသောကာလအတွက် ယေရှုခရစ်တော်၏အတ္ထုပ္ပတ္တိအကြောင်းအရာ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သော လောကီသားများအတွက် လက်ဝါးကာတိုင်း အပေါ်မှ အသေခံ တော်မူပြီး သေခြင်းတရားကို အောင်မြင်သောနေ့ရက် ဝမ်းမြောက်ခြင်း လေးလေးနက်ထားရှိ၍ ဝတ်ပြုကိုး ခြင်းဖြစ်ကြသည် ခရစ်တော် သေခြင်းတရာ ကိုအောင်မြင်သော ကိုဂုဏ်ပြုသောအနေဖြင့်လည်း ဝတ်ပြုကြ သည် သမ္မာသစ်ကျမ်း အံသြေလောက် အခြားသောနေ့ ရက်များနှင့် မတူညီ သို့ရာတွင် ဓမ္မဟောင်းကျမ်းစာများ၌ တချို့သော ခရစ်ယာန်ဘာသာဝင်တို့သည် ဘုရားသခင်၏အပေါ် ဖြောင့်မတ်စွာဖြင့် ထွက်နှုတ်တရားတော် ကို ယုံကြည်သောသူများဖြစ်သည် သို့ရာတွင် ဗျာဒိတ်ကျမ်း၏ အနက်အဓိပ္ပါယ် ကိုဖော်နိုင်သလော့ သမ္မာ ကျမ်းပိုဒ် များတို့ထက် သာ၍ နားလည်နိုင်မည်လော သမ္မာကျမ်းစာများတို့ ဘုရားသခင်၏ ပရောဖက်များ ပရောဖက်ပြု သောသမ္မာကျမ်းစာဖြစ်သည် သမ္မာကျမ်းစာသင်ကြား၍ ဥာဏ်ပညာနှင့် စဉ်းစားစင်ကြင်နိုင်ရ မည် ဗျာဒိတ်ကျမ်းစာများသည် အခြားသောကျမ်းစာများထက် အလွန်မှမရေးကြီးပေလိမ့်မည် သမ္မာသစ် ၁။ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သောနေ့သည် သမ္မာကျမ်းစာ၌ အဘယ်သို့ဖော်ပြခြင်းရှိသနည်း ကျမ်း ရှင်မဿဲ ၂၈း ၁-၂ အတွင်း၌ ရေးသာပြုစုသော ဥပုသ်နေ့လွန်မှ စဉ်းစာစင်ကြင်မိမည်လော့ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း ၁-၂ ၌ စင်ကြင်မိမည်လော့ ဥပုသ်နေ့လွန်မှမာဂဒလမာရိ၊ယာကုပ်၏အမိဖြစ်သောမာရိနှင့်ရှာလုံတို့သည်သွား၍၊အလောင်း တော်ကိုလိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုဃ်းမလင်းမှီစောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သောကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀း၁-၂ ခုနစ်ရက်တွင်ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌သင်္ချိုင်းတော်သို့သွားကြ၏။ခုနစ်ရက်တွင်ပထမနေ့ဖြစ်သော ထိုနေ့၌ညအချိန်ရောက်သောအခါ၊ယုဒလူတို့ကိုကြောက်၍တံခါးများကိုပိတ်ထားလျက်၊တပည့်တော်တို့သည်စည်းဝေးကြ သောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀း၁၉ (က)ခရစ်တော်ရှင်ပြန်ထမြောက်နေ့ ဘာနေ့လဲ ခုနစ်ရက်တွင် ပထမနေ့ရက်၊ ပထမနေ့ ရက် (ခ)------------------------------------------ ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် (ဂ)------------------------------------------ ဥပုသ်နေ့လွန်မှ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ (ဃ)----------------------------------------- ခုနှစ်ရက်တွင်ပဌမနေ့ရက် (င)ခရစ်တော်၏ တပြည့်တော်များဘာလို့စုဝေးလဲ။ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ မှတ်ချက်။ ဥပုသ်နေ့ မလို့ ဘုရားဝတ်ပြုကိုယ်ကွယ်သည်မဟုတ်။ယုဒလူတို့ကြောက်၍ အိမ်တလုံး၌စုဝေး ကြသည်။ ၂။ခရစ်တော်ရှင်ပြန်ထမြောက်နေ့ သည် ခရစ်တော်၏ တပြည့်တော်များ ဝမ်မြောက်ခြင်းနှင့် ထိုနေ၌ ဝတ် ပြုခြင်းရှိလား အဖြေ။ ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသောမာရိ သည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ (က)ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ဘာလုပ်လဲ၊ သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ တမန်တော်ရှင်မာကုကအဘယ်သို့ရေးသာဖေယ်ပြသနည်း အဖြေ။ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း ၁-၂ (ခ)ဘာလုပ်ဘို့သွားလဲ။ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ တမန်တော်ရှင်လုကာ သည် ယေရှုခရစ်တော် လက်ဝါးကပ်တိုင်အပေါ်၌ ယေရှုခရစ်တော်တင်၍ အသတ် ခံရသော နေ့သည် ဘာနေ့ဟူ၍ ဖေယ်ပြခြင်းရှိသနည်း အဖြေ။ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ရှင်လုကာခရစ်ဝင်ကျမ်း ၃၂း၅၂-၅၆ (ဂ)ဘယ်နေ့ဟူ၍ ဖော်ပြသနည်း။ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။ (ဃ) အဘယ်သို့အတိုင်းနေကြသနည်း။ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ ၃။ဓမ္မသစ်ကျမ်းစာများ ၌ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်နေ့ သန့်ရှင်းရာနေ့ ဥပုသ်နေ့ ဟူ၍ဖော်ပြခြင်း ရှိလား ဘယ်နေ့ဟူ၍ဖေယ်ပြခြင်းရှိသနည်း ဥပုသ်နေ့လွန်၍ခုနစ်ရက်တွင်ပဌမနေ့ရက်မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊မာဂဒလမာရိနှင့်အခြားသောမာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁ အတွင်၌ အဘယ်သို့ဖော်ပြသနည်း အဖြေ၊ ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် အဘယ်သို့ဖော်ပြခြင်းရှိသနည်း၊ ဥပုသ်နေ့လွန်၍ ပဋ္ဌမနေ့ရက် Dictionary၌ အဘယ်သို့ ဖော်ပြခြင်းရှိလဲ ရက်သတ္တပတ်၏ ပထမဆုံးနေ့ တနှင်္ဂနွေနေ့ ဖန်ဆင်းအရှင်ကို ယုံကြည့်သူများဝတိပြုကိုးကွယ်ရမည်နေ့လား ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်မာကုခရစ်ဝင် ၁၆း ၂ ဘာသွားလုပ်လဲ ။အဖြေ၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခရစ်တော်၏ တပြည့်တော်တို့ ပထနေ့ရက် ဘာလုပ်ဘို့ စုဝေးနေကြလဲ။အဖြေ၊ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ရှင်ယောန်ခရစ်ဝင်ကျမ်း ၂၀း ၁၉ ခရစ်တော်ထမြောက်နေ့ မလို့စုဝေးတာလား ။ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ ၄။သမ္မာကျမ်းစာများ၌ ဖော်ထားခြင်း၌ တပြည်တော်များ ဘာလုပ်ကြသည်၍သိနိုင်မည်သနည်း ခုနစ်ရက်တွင်ပထမနေ့ဖြစ်သောထိုနေ့၌ညအချိန်ရောက်သောအခါ၊ယုဒလူတို့ကိုကြောက်၍တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည်စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍အလယ်မှာရပ်တော်မူလျက်၊သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်း ဟုမိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း၂၀း၁၉ အတွင်၌ဖော်ပြချက်များမှာယုဒလူ တို့ကြောက်၍ အိမ်တံခါးများပိတ်၍ စုဝေနေကြသည်ဟူ၍ဖော်ပြခြင်းခြင်း ကိုတွေ့ရှိသည်။ အဲ့ဒီအချိန်မှယေရှုခရစ်တော်ကြွလာသော အဘယ်သို့ မိန့်တော်မူသနည်း။ အဖြေ။ယေရှုသည်ကြွလာ၍အလယ်မှာရပ်တော်မူလျက်၊သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်းဟုမိန့်တော်မူ၏။ မှတ်ချက်။ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟု ဆိုသောစကား အဘယ်သို့ နားလည်နိုင်သည်မှာ မကြောက်နှင့် ငြိမ်ငြိမ်သက်သက်နေပါ ကြောက်စရာမလို ဘူးလို့ဆိုလိုခြင်းသဘောက်ရောက်ပါတယ်။ ထိုနောက်တကျိပ်တပါးသောသူတို့သည်စားပွဲ၌လျောင်းကြစဉ်တွင်ကိုယ်တော်ကိုပြတော်မူ၍၊ထမြောက်လျက်ရှိသော ကိုယ်တော်ကိုမြင်သောသူတို့၏စကားကို မယုံသောကြောင့်သူတို့မယုံတတ်သောစိတ်၊ခိုင်မာသောစိတ်ကို ဆုံးမ၍အပြစ်တင်တော်မူပြီးမှ၊ရှင်မာကုခရစ်ကျမ်း ၁၅း၁၄ ၅။တမန်တော်ရှင်ပေါလုသည် အဘယ်သို့မှာထားဖြင်ကိုတွေ့သနည်း သန့်ရှင်းသူတို့အဘို့လှူဒါန်း၍စုထားခြင်းအမှုမှာ၊ဂလာတိပြည်၌အသင်းတော်များကိုငါမှာထားသည်အတိုင်းသင် တို့ပြုကြလော့။ ငါရောက်လာသောအခါလှူဒါန်း၍စုထားစရာမရှိစေခြင်းငှါ၊ခုနစ်ရက်တွင်ပဌမနေ့ရက်၌အသီးသီး ကောင်းစားသည် အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့။ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၆း၁-၂-၃ (က)တမန်တော်ရှင်းပေါလုသည်အဘယ်ပထနေ့၌ပြုသနည်။အဖြေသန့်ရှင်းသူတို့အဘို့လှူဒါန်း၍စုထားခြင်းအမှုမှာ၊ (ခ)ဥပုသ်နေ့လား။အဖြေ။လှူဒါန်း၍စုထားစရာမရှိစေခြင်းငှါ၊ခုနစ်ရက်တွင်ပဌမနေ့ရက်၌အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့။ (ဂ)တမန်တော်ရှင်ပေါလုသည်အဘယ်အတွက်အလှူခံခြင်းရှိသနည်းအဖြေ။ငါရောက်လာသောအခါ၊သင်တို့အလို ရှိသောသူတို့ကိုငါသည်လက်မှတ်စာပေး၍၊သင်တို့လှူသောအလှူကို ယေရုရှလင်မြို့သို့ပို့စိမ့်သောငှါ စေလွှတ်မည်။ ၆။အလှူငွေများကောက်ခံခြင်းရှိသနည်း ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့သို့လာကြ၏။ ထိုသူတို့အဝင်၊အာဂဗုအမည်ရှိသောသူတယောက်သည်ထ၍၊ မြေတပြင်လုံး၌အစာအာဟာရအလွန်ခေါင်းပါးခြင်း ဖြစ်လတံ့ဟုဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ထိုခေါင်းပါးခြင်းသည်ကဲသာဘုရင်ကလောဒိလက်ထက်၌ဖြစ်သတည်း။ ထိုအခါတပည့်တော်တို့သည်အသီးသီးတတ်နိုင်ကြသည်အတိုင်း၊ယုဒပြည်၌နေသောညီအစ်ကိုတို့အားအကူအမပေး လိုက်မည်ဟု၊ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။တမတ်တော်ဝတ္ထု ၁၁း၂၇-၃၀ အကြောင်းမူကား၊မာကေဒေါနိပြည်သားတို့နှင့်အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ဆင်းရဲသောသန့်ရှင်းသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။ ရောမသြဝါဒစာ ၁၅း၂၆ ၇။ဓမ္မသစ်ကျမ်းများ၌ အဘယ်သို့ဖော်ပြခြင်းရှိသနည်း ခုနစ်ရက်တွင်ပဌမနေ့ရက်၌မုန့်ကိုဖဲ့ခြင်းငှါစည်းဝေးကြသောအခါ၊ ပေါလုသည်နက်ဖြန်နေ့၌ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ၏။စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။ ဥတုခုအမည်ရှိသောလုလင်တယောက်သည် ပြတင်းပေါက်နားမှာထိုင်၍အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့ လျော့ကျ၍ သေသည်ကိုသူတို့သည်ချီကြွကြ၏။ ပေါလုသည်လည်း အောက်သို့ဆင်း၍သူ၏အပေါ်သို့ကိုယ်ကိုလှဲလျက်ဖက်ယမ်းပြီးမှ၊အုတ်အုတ်သဲသဲမပြုကြနှင့်။ သူသည်အသက်ရှိ၏ဟုဆို၍ တက်ပြန်၏။ မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။ တမန်တော်ဝတ္ထု ၂၀း၇-၁၀ (က)တမန်တော်ရှင်ပေါလုသည်ပထမနေ့၌အဘယ်အတွက်စုဝေးခြင်း(ခုနစ်ရက်တွင်ပဌမနေ့ရက်၌မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ထွက် သွားမည်ဖြစ်၍၊ (ခ)တမန်တော်ရှင်ပေါလုဘယ်ကိုထွက်မှာလဲ။အဖြေ။ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။ရောမသြဝါဒစာ။၁၅း၂၆ မှတ်ချက်။ဘုရာဝတ်ပြု စည်းဝေးကြ မဟုတ် အလှူကောက်ခံရင် သမ္မာကျမ်းစာသင်းကြားခြင်းသက်သက် သာဖြစ်သည်။ ၈။ဘုရားသခင် ဥ့ပုသ်နေ့ကိုပြောင်းလဲရှိ တမန်တော်ရှင်ပေါလု။ စေတနာစိတ်ရှိသည်ဟုဆိုသော်၊ထိုသူတို့သည် ကျေးဇူးတင် သောသူ ဖြစ်ကြ၏။အကြောင်းမူကား၊တပါးအမျိုးသား တို့သည်ဓမ္မဥစ္စာကိုယုဒအမျိုးသားတို့နှင့်ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကိုလှူ၍လုပ်ကျွေးအပ်၏ မှတ်ချက်။ဘာမှပြောင်လဲခြင်းရှိဘူး ၉။ခရစ်တော်သည် ဥပုသ်နေ့ သတ္ထမနေ့ကို ပထမနေ့သို့ပြောင်းလဲရှိလား။၏ ပညတ္တိကျမ်း၊အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံးမျှပြည့် စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၁၇-၁၈ (က)။ခရစ်တော်လောက်သို့အဘယ်အတွက်လားလဲ၊အဖြေ။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ (ခ)ခရစ်တော်အဘိယသို့အမိန့်တော်မူသနည်း။အဖြေ။ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ အိုဣသရေလအမျိုးသားတို့၊သင်တို့သည်အသက်ရှင်၍၊သင်တို့ဘိုးဘေးကိုးကွယ်သောဘုရားသခင်ထာဝရဘုရား ပေးတော်မူတော်မူသောပြည်ကိုဝင်စားမည်အကြောင်း၊သင်တို့ကျင့်စရာဘို့ငါသွန်သင်သောစီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။ ငါမှာထားသောစကား၌ သင်တို့သည်အသစ် မသွင်းရ။ အလျှင်း မနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက် ရကြမည်။ တရားဟောရာကျမ်း ၄း၁-၂ ၁၀။စာတန်မာနတ်သည်ကာက်ကစ်ခြင်းနှင့်မုသာ နှင့် ဘုရားသခင်၏ ပညတ်တရား၌ အဘယ်သို့နည်းဟူမူကား၊ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတခု၌မှားမိလျှင်၊ပညတ်တရား အလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။ သူ့မယားကိုမပြစ်မှားနှင့်ဟုပညတ်တော်မူသောသူက၊လူအသက်ကို မသတ်နှင့်ဟုပညတ်တော်မူသေး၏။သို့ဖြစ်၍သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊လူအသက်ကို သတ်လျှင်၊ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁၀း၁၁ မှတ်ချက်။ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်း၊ပညတ်တရား အလုံးစုံးလွန်ကျူးသောအပြစ်ရှိ၏။ကိုကျင့်တရားနှင့်ပြည်စုံသောပညတ်တရားများတပါးသောပညတ်ကိုလွန် (၁) ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။မှန်ကန်စွာစောင့်ထိန်းသည် (၂)ပုံသဏ္ဍာန်တူအောင်၊ရုပ်တုဆင်းတုကိုကိုယ်အဘို့မလုပ်နှင့်။ဦးမချဝတ်မပြုနှင့်။မှန်ကန်စွာစောင့်ထိန်းသည် (၃)သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။လွန်ကျူးနေခြင်း (၄) ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။လွန်ကျူးနေသော ပညတ် (၅)သင်၏မိဘကိုရိုသေစွာ ပြုလော့။မှန်ကန်စွာစောင့်ထိန်းနေသည် (၆)လူအသက်ကိုမသတ်နှင့်။မှန်ကန်စွာစောင့်ထိန်းနေသည် (၇) သူ့မယားကိုမပြစ် မှားနှင့်။မှန်ကန်စွာစောင့်ထိန်းနေသည် (၈) သူ့ဥစ္စာကို မခိုးနှင့်။မှန်ကန်စွာစောင့်ထိန်နေသည် (၉)ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်။မှန်ကန်စွာစောင့်ထိန်းနေသည် (၁၀) ကိုယ်နှင့် စပ်ဆိုင်သောသူ၏ဥစ္စာတစုံတခုကိုမျှတပ်မက်လိုချင်သောစိတ်။မှန်ကန်စောင့်ထိန်းနေသည် မှတ်ချက်။ ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။ ၁၁။ရှင်ယောဟန် ဟောပြောသောဘုရားသခင်းနေ့ကြီးဆိုလိုခြင်၏အဓိပ္ပါသည်ထိုအရာပင်ဖြစ်သည်၊ အဖြေ။ သခင်ဘုရားနေ့၌ ဝိညာဉ်တော် ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌မြည်သော အသံကြီးကိုကြား၏။ဗျာဒတ်ကျမ်း ၁း၁၀ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ထွက်မြောက်ရာကျမ်း ၂၀း၁၀ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။ဟေဗြဲသြဝါဒစာ ၄း ၄-၆ ထိုမှတပါးငါထာဝရဘုရားသည်သူတို့ကိုသန့်ရှင်းစေသည်ဟုသူတို့သည်သိမည်အကြောင်း၊ငါနှင့်သူတို့စပ်ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ယေဇကျေလအနာဂတ္တိကျမ်း၂၀း၁၂ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ ထွက်မြောက်ရာကျမ်း ၃၁း၁၃-၁၈ သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည်ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့မှာ ကိုယ်အလိုသူ့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သော နေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာမြင့်သော အရပ်တို့ကိုငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဟေရှာယအနာဂတ္တိကျမ်း၅၈း၁၃-၁၄ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ ရှင်မာကုခရစ်ဝင်၂း၂၇-၂၈ (၁) သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ (၂)ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ (၃)ငါနှင့်သင်တို့၏သားစဉ်မြေးဆက်စပ်ကြား၌လက္ခဏာသက်သေဖြစ်ဘို့ရာ၊ငါ့ဥပုသ်နေ့ကိုစင်စစ်စောင့်ရကြမည်။ (၄)။ သင်သည်ဥပုသ်နေ့ကို မရှုတ်ချ။ (၅)ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။ (၆) သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ ၁၂။ခရစ်တော်ရှင်ပြန်ထမြောက်နှင့် သတိရခြင်းအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အရှေ့တို့မျက်နှာပြုသောအတွင်းတန်တိုင်းတံခါးကိုအလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံးပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၄၆း၁ ၁၃။ပထမနေ့ရက် ကို သန့်ရှင်းသောနေဟူ၍ အဘယ်အဆက်နွှယ်ကဆင်းသက်လားလဲ ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကို အမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည်မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်း ကိုခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေဟုဆို၏၊ ထိုသူသည်ကိုယ် မိဘကိုယ်ပင်ရိုသေစွာမပြုရဟုဆိုကြ၏။ ထိုသို့သင်တို့သည်အဆက်ဆက် ခံသောဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကိုပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ ရှင်မဿဲခရစ်ကျမ်း ၁၅း၃-၉ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသောနည်းဥပဒေသကို ခံယူသောဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကိုစားလေ့မရှိ။ ဈေးမှပြန်လာသော အခါ၌လည်း ဆေးခြင်း မပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ကျင့်လေ့ရှိ၏။ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့်ညစ်ညူးသော လက်နှင့်အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊ ဟေရှယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသော နည်းဥပဒေသကို ကိုခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံ သောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ ရှင်မာကုခရစ်ဝင်ကျမ်း ၇း၃-၉ ၁၄။ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုအဘယ်သို့ဆောင်သနည်း ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန် လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။ ရောမဝသဝါဒစာ ၆း၃-၆ ဗတ္တိဇံအားဖြင့်ထိုသခင်နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံကြ၏။ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကိုယုံကြည်သောအားဖြင့်၊ဗတ္တိဇံကိုခံ၍ထိုသခင်နှင့်အတူထမြောက်ခြင်း သို့ ရောက်ကြ၏။ ကောလောသဲသြဝါဒစာ ၂း၁၂ မှတ်ချက်။ သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်း၊ (၁)၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။ (၂) ယေရှုခရစ်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည်အသေခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြသည်ဟုသင်တို့မသိသလော။ (၃) သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ (၄)ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။ ၁၅။ဘုရားသခင်၏ နေ့ရက်များကိုပြောင်းလဲခြင်းရှိသနည်း သမ္မာကျမ်းစာ ၌ပါရှိသောနေ့ ရက်များ ကိုမကြည့်တတ်ကြဘူးလား ၁။ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၅ ၂။ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၈ ၃။ ညဦးနှင့် နံနက်သည် တတိယ နေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၁၃ ၄။ ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၁၉ ၅။ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၂၃ ၆။၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၁း၃၁ ၇။သတ္တမနေ့ရက် ရောက်လျှင်။(ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍သန့်ရှင်းစေ တော်မူ၏။ ကမ္ဘာဦးကျမ်း ၂း၁-၃ ရောမနိုင်ငံ ရောမမင်းများ ကမ္ဘာကိုအုပ်စဉ်ကာလ၌ပြက္ခဒိန် ထုပ်ဝေးခဲ့သည် ယေရှုခရစ်တော် လောက၌ရှိ စဉ်ကာလ၌ဖြစ်သည် ရက်သတ္ထပတ်ကို မရှုပ်ထွေခဲ့ပါဘူး ပြက္ခဒိန်ထုပ်သောနှစ် October 1582 နှစ်ခု နှစ် တွင် ကြာသာပဒေနေ့ တွင် ၁၅ ရက်နေ့တွင် ပြက္ခဒိန်ကို ထုပ်ဝေခဲ့သည် ထိုကြောင့် သတ္ထမနေ့ ဥပုသ်နေ့ အခုခေတ် အများပြည်သူ သုံးစွဲနေသာ ပြက္ခဒိန် အတွင်ပါရှိသော ရက်သတ္ထပတ်၏ နောက်ဆုံးသောနေ့ သတ္ထမနေ့ဖြစ်သည် ပြက္ခဒိန်ထုပ်ပြန်ထားသောလည်း နေ့ရက်များ မှားယွင်းခြင်းမရှိဘာ ၁၆။ယေရှုခရစ်တော်လက်ဝါးကပ်တိုင် အပေါ်၌အသေခံတော်မူပြီးနောက် ပညတ်တော်ရှိသည်အတိုင် ဥပုသ် နေ့ ကို ဥပုသ် မစောင့်ရှောက်တော့ဘူးလား အဖြေ။ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၎င်း သေလျက်ရှိနေ သော သင်တို့ကိုခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။ အထွဋ်အမြတ်၊အာဏာစက်များကိုလုယူလျှင်၊ထင်ရှားစွာထုတ်ပြ၍လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲ ကိုခံတော်မူပြီ။ ထိုကြောင့်စားသောက်ခြင်းအမှု၊ပွဲနေ့၊လဆန်းနေ့၊ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင်သင်တို့ကိုအဘယ်သူမျှမ စစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကားခရစ်တော်၏ကိုယ်ဖြစ်၏။ ကောလောသဲသြဝါဒစာ ၂း၁၃-၁၇ မှတ်ချက်နှင့် အဖြေ ၁။ခရစ်တော်ခရစ်တော် လက်ဝါးကပ်တိုင်အပေါ် ပယ်ရှင်းလိုက်သော ဥပုသ်နေု့ ရက်သတ္တပတ်၏ ဥပုသ် (က) နေ့ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ အာဗေလသည်၊ ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။ ဟေဗြဲသြဝါဒစာ။ ၁၁း ၃-၄ တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဍာန် ကို မပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။ဟေဗြဲသြဝါးစာ ၁၀း၁ (ခ)ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့်အကျိုးကိုမပေး။ဟေဗြဲသြဝါဒစာ၎း၁-၂ (ဂ)သင်တို့သည်တဆေးမဲ့ဖြစ်သည်နှင့်အညီ၊အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။အကြောင်းမူကား၊ခရစ်တော်တည်းဟူသောငါတို့ပသခါသိုးငယ်သည်ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။ကောရိန္တုသြဝါဒစာပဋ္ဌမစောင် ၅း၇ (ဃ)ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏ ဆာလံကျမ်း ၁၇း၈=၉ (င)လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။ ဆာလံကျမ်း ၁၁၁း၇-၈ ၁၇။ပထမနေ့ ကို ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ဟုထိန်းသိမ်စောင့်ရှောက်နေသူများတို့သည် အခက်အခဲများအဘယ်သို့ပြောဆိုကြသနည်း နှစ်ခြင်းခရစ်ယာန်။သမ္မာကျမ်းစာ၌ ဥပုသ်နေ့ ပြောင်းလဲခြင်း မရှိဘာ သမ္မာကျမ်းစာ၌ ဖော်ပြခြင်းမရှိဘာ (Baptist Manual) ကပ်သိုးလိပ်အသင်းတော်။ ဖတ်သမ္မာကျမ်းစာ ကမ္ဘာဦး ၁ ဗျာဒိတ်ကျမ်း ၁း ၂၂-၂၁ မရှိဘာဘူး ခရစ်တော် ရှင်ပြန်ထမြောက်သောနေ့ ပထမသောနေ့ရက် ပြောင်းလဲခြင်း အတွက် အခွက်ရာမရှိ နချက်မျှမရှိဘာဘူး James Cardinal Gibbons-The Faith of Our Fathers) အခြားသောခရစ်ယာန်များ သမ္မာကျမ်းစာမှ ပြောင်းထားခြင်း တစုံတခုမျှမတွေ့ရှိပါဘူး (First Day Observance) နှစ်ခြင်းခရစ်ယာန် တို့၏ပြောဆိုသောစကား။ မယုံကြည်ပါဘူး ဘုရားသခင်၏ ဥပုသ်နေ့ ပြောင်းလဲထား ခရစ်တော်ရှင်ပြန်ထမြောက်သောနေ့ ပထမနေ့ရက်၌ (Alexander Campbell - Washington Reporter October o8/1821 အင်္ဂလီကန် တို့၏သက်သေခံချက်။သမ္မာကျမ်း၌ဓမ္မသစ်ကျမ်းစာ၌.ဥပုသ်နေ့ကိုခရစ်တော်ရှင်ပြန်ထမြောက် ကို ပြောင်းလဲခြင်းတွေ့ရှိသလား ပထနေ့ရက်သို့ရှိလား တခါမျှ မတွေ့ရှိပါဘူး(Manual of Christian Doctrine) မဲသတစ် ပထမနေ့ရက်ကိုစောင့်ထိန်းခြင်း အကြောင်း သမ္မာကျမ်းစာ၌ ခရစ်ယာန်တို့ ပထမနေ့ ခရစ်တော် ရှင်ပြန်ထမြောက်သောနေ့ စောင့်ထိန်းဘို့ရန် သမ္မာကျမ်းစာမှ အထောက်မရှိပါ( Harris Franklin Rall, Christian Advocate July 02/ 1942 လူသရ်။အသင်းတော်၏။သက်သေခံချက်။ သခင်ဘုရား၏ နေ့ရက် ပထမနေ့ ရှင်ပြေန်ထမြောက်ရာနေ့ ဘုရားသခင်၏ ပညတ်တော်များမတွေ့ရှိဘူးဘာ(Augsburg Confession faith) ရေဖြန်း။ (Presbyterian) ခရစ်ယာန်တို့၏ စောင့်ထိန်းရမည့် ဥပုသ်နေ့ ခရစ်တော်ရှင်ပြန်ထမြောက်နေ့ သမ္မာကျမ်းစာမှာမတွေ့ရှိဘာ (Dwight Theology Vol 4 နားမထောင်ချင်ဘူး မလိုက်နာချင်ဘူး ၁၈။ဘုရားသခင်၏ လူမျိုးတို့သည် ဘုရားသခင်၏ ပညတ်တို့ကျင့်ရကြမည်သနည်း နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ ဗျာဒိတ်ကျမ်း ၁၂း၁၇ ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ဗျာဒိတ်ကျမ်း ၁၄း၁၂ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၂၂း၁၄ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊ဟေဗြဲသြဝါဒစာ ၅း၉ (က) နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ (ခ) အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဂ)ယုံကြည်နားထောင်သောသူအပေါင်းတို့အားထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊ သခင်၊သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ထိုနေ့၌ကား၊ သခင်၊ သခင်၊အကျွန်ုပ်တို့သည်ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ကိုယ်တော်အခွင့်နှင့်နတ်ဆိုး တို့ကိုနှင် ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့ သည်လျှောက်ကြလိမ့်မည်။ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့် အလင်းငါပြောမည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၂၁-၂၃ ၁၉။ယေရှုခရစ်တော် အခက်အခဲပြဿများ ကိုအဘယ်သို့မိန့်တော်မူသနည်း (၁)ကိုယ်တော်က၊သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကိုအမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၄း၃ (၂)လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ငါ့ကိုအချည်းအနှီးကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကိုပယ်၍ခွက်ဖလားဆေးခြင်းတည်းဟူသောလူတို့မှဆက်ခံသောနည်းဥပဒေသကိုကိုခံယူလျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကိုကျင့်လေ့ရှိကြ၏။သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေ သကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာပယ်ကြသည်တကား။ ရှင်လုကာခရစ်ဝင်ကျမ်း ၇း၈-၉ (၃)ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁၅ (၄)ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၁ (၅) ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း ၂-၃ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၆ အကြင်သူ၏အထံ၌အစေခံကျွန်ဖြစ်ခြင်းငှါသင်တို့ဝင်၌အစေခံ၏၊ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်း နှင့်ယှဉ်သောနားထောင်ခြင်းတရားဖြစ်စေ၊သင်တို့သည်သခင်ဖြစ်သည်ကိုမသိကြသလော။ ရောမသြဝါဒစာ၆း၁၆

No comments:

Post a Comment