Sunday, October 2, 2016

ဗျာဒိတ်ကျမ်းသင်ခန်းစာ(၁)



 

ပရောဖက်ပြုချက်လေ့လာရှာဖွေခြင်း သမ္မာကျမ်းစာတော်မြတ်၌ အမှာစကားများ သင်တန်းသားနှင့် ဗျာဒိတ်ကျမ်းပို့ချသောသူ၏စကားချီး ယနေ့ ယခုခေတ်ကာလ၌ ကျွန်ပ်သည် သင်ယူစရာပညာအရပ်ရပ်ရှိပေသည်။သင်ကြားသောဆရာသမား တို့လည်း များပင်ရှိကြောင်းကို ကျွန်ပ်သိရှိပေလိမ့်မည်။ကျွန်ပ်တို့သည်သင်ကြားမှတ်ယူရန်အခွင့်လမ်းများစွာ ရှိကြောင်းကိုသိရှိပေလိမ့်မည် ဆရာသမားတို့သည်လည်းအသိပညာပေးခြင်းခွန်အားလုံ့လစိုက်၍ သင်ကြားသူနှင့် လေ့လာမှတ်သားနာယူသူများနားလည်သောအကြောင်းများသည်တူညီစွာရှိကြပေလိမ့်မည် သင်ကြားပို့ချသော ဆရာသမားနှင့် လေ့လာမှတ်သားနာယူသူတို့ ပေါင်းသင်းမိတ်ဆွေဖွဲ့ခြင်းရင်းနှီးစွာဖြင့် ဆရာသမားနှင့် သင်တန်းသားတို့သည် ရင်နီးအကျွမ်းဝင်မှသာလျှင်သင်ခန်းစာများ ရဲဝံ့စွာ မေးမြန်နိုင်ခြင်းရှိပေလိမ့်မည်။ ဆရာသမားနှင့်သင်တန်းသားတို့ ညီအစ်ကိုကဲ့သို့သော်၎င်း အစ်ကိုကဲ့သို့သော်၎င်း မောင်နှမကဲ့သို့သော်၎င်း ရှိမှသာလျှင် ဗျာဒိတ်ကျမ်းသန်ခန်းစာများကိုသင်ကြားလေ့ လာသောအခါ၌ ဆရာသမားနှင့်ရင်းနှီးမှုရှိမှသာလျှင် နားလည်မှုရှိပေလိမ့်မည်။ ၁။ဗျာဒိတ်ကျမ်း ကျွန်ပ်တို့ အခုခေတ်ကာလ၌ နားလည်နိုင်ကြမည်လော။ တဖန်တုံ၊ငါ့အားမိန့်တော်မူသည်ကား၊ဤစာစောင်၏အနာဂတ္တိစကားကိုတံဆိပ်မခတ်နှင့်။အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ မတရားသောသူသည်မတရားသဖြင့်ပြုစေဦး။ညစ်ညူးး သောသူသည်ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည်အလျင်အမြန်လာမည်။ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊လူအသီးသီးတို့အားမိမိတို့အကျင့် အတိုင်း ဆပ်ပေးမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၀-၁၂ ဘုရားသခင်သည် ကျွန်ပ်တို့အား ဗျာဒိတ်ကျမ်းစာ၌ အဘယ်သို့သော အကြံဥာဏ်ပေးတော်မူသနည်း ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၁း ၃ ၁။ဗျာဒိတ်ကျမ်းလေ့လာခြင်းမှာ မိမိအတွက်အဘယ်သို့သောအကျိုးရှိမည်သနည်း ၂။ကျွန်ပ်တို့၊အဘယ်သို့သိရှိနားလည်ထားခြင်းရှိမည်သနည်း၊ကမ္ဘာသမိုင်းများအကြောင်း ကောင်းမွန်စွာနား လည်သိရှိထားခြင်း ၃။ဗျာဒိတ်ကျမ်း လေ့လာခြင်း၌ကျွန်ပ်တို့အဘယ်သို့သောအရာများတွေ့ရှိကြမည်သနည်း။ကြောက်လှန့်ခြင်း လောကကမ္ဘာမြေကြီးအပေါ် ကျွန်ပ်ကြင်စင်ခြင်း ၄။ကျွန်ပ်တို့ အဘယ်သို့သော ကျွန်ပ်တို့ ခရစ်တော်နှင့် မာရ်နတ် နှစ်ပေါင်းရာချီသော ကြားကာလ၌ကျွန်ပ် တို့ အသက်တာအဘယ်သို့ရှိကြမည်သနည်း ၅။မာရ်နတ်၏ကျော့ကွင်းကိုကျွန်ပ်တို့အဘယ်သို့လွှတ်အောင်ရှောင်တိမ်းနိုင်ကြမည်လော့။ဘုရားသခင်နှင့် မာရ်နတ် တို့၏ ကျွန်ပ်တို့ အဘယ်သူ၌ သစ္စာစောင့်တည်ခြင်းနှင့်ယအခုခေတ်မာရ်နတ်ကိုချီမွမ်းခြင်းအားသ ဖြင့် ဘယ်သူအမှား ဘယ်သူအမှန်သိရှိနားလည်နိုင်ကြမည်လော့။ ၆။သင်တို့ အံ့ဩခြင်း ကောင်းကင်နှင့်မြေကြီး ဘုရားသခင် သားတော်ယေရှုခရစ် နှုတ်ထွက်တရားများ သန့် ရှင်းသောဝိညာဉ်တော်အား သမ္မာကျမ်းစာကိုနားလည်နိုင်မည်ဖြစ်ပေသည် ၇။သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ထွက်စကားတော် အခြားသော စာများနှင့်မတူညီကြောင်းသိရ ဆုတောင်းခြင်းသင်ကြားနားယူမှတ်သာခြင်း ဆုတောင်းခြင်း၌ပြည့်စုံသော အသင်ရရှိကောင်းရရှိလိမ့်မည် သင်၏ဆုတောင်းခြင်းကို အဖိုးမဖြတ်နိုင်သော ဆုတောင်းခြင်းရရှိလိမ့်မည်။ ၈။ဗျာဒိတ်ကျမ်းသင်ကြားခြင်း၌ ဘုရားသခင်၏တရားစီရင်ခြင်းကြီးမားစွာသိရှိနားလည်နိုင်လိမ့်မည်။ သင်၏ အသက်တာ၌ ပျော်ရွှင်ဝမ်းမြောက်ခြင်း အသက်တာသို့ပြောင်းလဲနိုင်ခြင်းတို့တွေ့ရှိရလိမ့်မည်။ ၉။သင်သည် ယေရှုခရစ်တော်ကို မျက်ဝါးဝါးထင်ထင်တွေ့မြင်ရသော အံ့ဩမိန်းမောခြင်း သင်တွေ့ရှိသော အရာ သင်၏အသက်တာ၌ ပြောင်းလဲခြင်း ခရစ်တော်၌တည်ရှိနေခြင်းအသက်တာအသစ်ပြုပြင်ခြင်းအ သက်တာ စစ်မှန်သော နောင်ရတရားရှိခြင်း။ ၁၀။ဗျာဒိတ်ကျမ်းစာ လေ့လာခြင်း၌ သင်၏ အသက်တာ၌အသစ်ပြင်ဆင်၍ အသင်ရှင်နေထိုင်ခြင်း အဓိပ္ပါယ် ရှိသော အသက်တာ၌ အသက်ရှင်၍ နေထိုင်တတ်ခြင်း ဘုရားသခင်နှင့် သိကျွမ်းခြင်းသက်တာသို့ရောက်ရှိ ခြင်း ဗျာဒိတ်ကျမ်းများနားလည်သိရှိနိုင်သောအသက်တာ။ လူ အကြောင်းအရ အဖြစ်အပျက်များ

ဗျာဒိတ်ကျမ်းသင်းကြားလေ့လာပြီးသည်နောက် ကျွန်ပ်၏ အသက်တာပြောင်းလဲသော အသက်တာဖြစ်လိမ့် မည် ဟူ၍ ကျွန်ပ်ယုံကြည်ပါ၏။ ဗျာဒိတ်ကျမ်းစာများကိုနားလည်ပါပြီ Yes No ၁။ဘုရားသခင်သည် ကာလမကြာမမြင့်မှိအသိပေးခြင်း ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရား သခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ဗျာဒိတ်ကျမ်း ၁း၁ ၂။အသင်းတော်ခုနှစ်ပါး ဧဖက်မြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။လက်ျာလက်၌ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌သွားလာသောသူ၏အမိန့်တော်ကား၊သင်အကျင့်ကျင့်ခြင်း၊ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။ဗျာဒိတ်ကျမ်း ၂း၁ ၃။ဗျာဒိတ်တော်ဖွင့်လျှစ်ခြင်း ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသောအသံဟူမူကား၊ဤအရပ် သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကိုငါပြမည်ဟုငါနှင့်ပြောလျက်ရှိသောတံပိုးခရာသံကဲ့သို့မြည်လေ၏။ ဗျာဒိတ်ကျမ်း ၄း၅ ၄။မြင်းဖြူစီသောသူလေးဦး ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကိုပေးတော်မူ၏။ အောင်မြင်လျက်၎င်း အောင်မြင်ခြင်းငှါ ၎င်း ထွက်သွား၏။ဗျာဒိတ်ကျမ်း ၆း၂ ၅။ဘုရားသခင်၏အမှတ်တံဆိပ်မခတ်မှီ ငါတို့ဘုရားသခင်၏ကျွန်တို့ကိုနဖူး၌တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ပင်လယ်၊သစ်ပင်တို့ကိုမညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။ဗျာဒိတ်ကျမ်း ၇း၃ ၆။တံပိုးခုနှစ်လုံး ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတကောင်က၊ ကြွင်းသေး သောကောင်ကင်တမန်သုံးပါးမှုတ်လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂရှိလာကြ၏ ဟုကောင်းကင်အလယ်၌ပျံ ဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။တတိယကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ ဗျာဒိတ်ကျမ်း ၈း၂ ထိုနေ့ရက်ကာလ၌လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ရှာသော်လည်းမတွေ့ရကြ။အလွန်သေချင် သော် လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ဗျာဒိတ်ကျမ်း ၉း၆ မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်း တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇ တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကိုပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင် တမန်ခုနစ်ပါးတည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။ဗျာဒိတ်ကျမ်း ၁၅း၁ ဗိမာန်တော်ထဲကကြီးသောအသံကား၊သွားကြလော့။ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၆း၁ လောကီရှင်ဘုရင်တို့သည်မတရားသောမေထုန်ကိုသူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည်သူ၏မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊ဗျာဒိတ်ကျမ်း ၁၇း၂ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည်မတရားသော မေထုန်ကိုသူနှင့်ပြုကြပြီ။ လောကီကုန် သည် တို့သည်သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ် ကြပြီဟုပြောဆို၏။ဗျာဒိတ်ကျမ်း ၁၈း၎ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ ဗျာဒိတ်ကျမ်း၁၉း၁၄ ရှေးမြွေဟောင်း၊မာရ်နတ်စာတန်တည်းဟူသောနဂါးကိုကိုင်ဘမ်း၍၊အနှစ်တထောင်ဘို့ချည်နှောင်လေ၏။ ဗျာဒိတ်ကျမ်း၂၀း၂ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၂၁း၂ နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။၁၂း၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသောသားရဲ၏နာမဖြစ်စေ၊နာမ၏အရေအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲအရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။ ဗျာဒိတ်ကျမ်း ၁၃း၁၇-၁၈ ၂။အချိန်အခါ၌ကာလ၌ ဗျာဒိတ်ကျမ်း၌အဘယ်သို့ရှိသနည်း ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင် အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ ယောဟန်သည်လည်းဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။ ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနစ်ပါးကိုကြားလိုက်ပါ၏။ပစ္စုပ္ပန်၊အတိတ်၊အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသောဝိညာဉ်ခုနစ်ပါးအထံက၎င်း၊ သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၁-၅ ၃။အချိန်ကာလရောက်လုနီသည်နှင့် အမျှ အဘယ်သို့ပြုသောသူသည် မင်္ဂလာရှိသနည်း ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှ တို့ကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၁း၃ ၄။ယေရှုခရစ်တော်အဘယ်အကြောင်းအရာများကိုမိန့်တော်မူသနည်း ကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ထိုကျမ်း စာပင် ငါ၏သက်သေဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၃၉ ၅။ယေရှုခရစ်တော်တပည်တော်များကို အဘယ်သို့သင်ကြားသနည်း ကိုယ်တော်ကလည်း၊ပရောဖက်ဟောပြောသောစကားများကိုယုံနိုင်အောင်ဥာဏ်မရှိ၊စိတ်ခိုင်မာ သောသူတို့၊ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကိုဝင်စားရမည်မဟုတ်လောဟုမိန့်တော်မူ၏။ ထိုအခါမောရှေ၏ကျမ်းစာမှစ၍ပရောဖက်တို့၏ကျမ်းစာများ၌ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက် အနက်ကို ရှင်းလင်းစွာဘော်ပြတော်မူ၏။ ထိုတပည့်တော်တို့သည်သွားသောရွာအနီးသို့ရောက်သောအခါကိုယ်တော်သည်ထိုရွာကိုလွန်၍သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ကိုယ်တော်ကို ကျပ်ကျပ်သွေး ဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။ စားပွဲ၌သူတို့နှင့်အတူလျောင်း တော်မူစဉ်၊မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍သူတို့အားပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍ တပည့်တော်တို့ကလည်း၊လမ်းခရီး၌ငါတို့နှင့်ဟောပြော၍ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ငါတို့စိတ်နှ လုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း၂၄း၂၅-၃၂ မှတ်ချက်။သမ္မာကျမ်းစာ၌ပရောဖက်ပြုသမျှတို့ ယေရှုခရစ်တော်၏အကြောင်းကိုပရောဖက်ပြုချက်ဖြစ်ကြောင်း ပရောဖက်များ မှကြိုတင်၍ ယေရှုခရစ်တော်အကြောင်း ဟောပြောထားခြင်းကိုတွေ့ရှိနားလည်နိုင်ပေသည် ၆။ဘုရားသခင်ဗျာဒိတ်ကျမ်း၌ မည်သည် သိတင်းစကားတော်ကိုဘော်ပြခြင်းရှိသနည်း ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင် အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ဗျာဒိတ်ကျမ်း ၁း၁ မှတ်ချက်။ဘုရားသခင်သည်မိမိ၏အစေခံကျွန်တို့အားဗျာဒိတ်တော်ကိုပေးခြင်းဖြစ်ကြောင်းသိရှိနားလည်နိုင် ကျွန်ပ်ယုံကြည်သူအပေါင်းတို့သည် ကျမ်းစာရှိသမျှတို့ ယေရှုခရစ်အကြောင်းကိုကောင်းမွန်စွာသိရှိနားလည် ရန်အလွန်အမတန်မှအရေးကြီးသော အချက်များပင်သည်ဖြစ်သည် ၇။အဘယ်သို့အားဖြင့် ယေရှုခရစ်တော်သည်ဥပမာစကားတော်များကိုအဘယ်သို့အားဖြင့်မိန့်တော်မူသနည်း ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသော အခွင့်ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ကြားလျက်ပင်အနက်ကိုနားလည်ဘဲကြားရသည် တိုင်အောင် သူတို့အား ဥပမာဖြင့်ဟောရ၏။ရှင်လုကာခရစ်ဝင်ကျမ်း ၈း၁၀ မှတ်ချက်။ဗျာဒိတ်ကျမ်းကို ယေရှုခရစ်တော်သည် ဥပမာအားဖြင့် တပည်တော်များအားဥပမာပေး၍အဘယ် သို့အားဖြင့် မိန့်တော်မူသည်မှာ ကျွန်ပ်တို့သည် သမ္မာတရားများကို အလေးနက်ထား၍ ဝိညာဉ်ရေးအရာ၌ အလေးအနက်ထားစေရန်အတွက် မိန့်တော်မူခြင်းဖြစ်ပေသည် သမ္မာကျမ်းစာများဥပမာပေး၍ မိန့်တော်မူ သော စကားများ လွယ်ကူစွာနားမလည်ကြခြေ မည်သည်အရားကို မိန့်တော်မူသည်ကို အလေးထား၍ လေ့ လာစေခြင်းငှါ မိန့်တော်မူပေသည် ဘုရားသခင်နှင့် မာရ်နတ် ဘုရားသခင်၏ လူအပေါင်းတို့သည် စာတန် မာရ်နတ် လူတို့ကို သမ္မာကျမ်းစာ၌ မာရ်နတ်၏ လူအပေါင်းတို့ ဖျက်စီခြင်းကိုခံရကြမည်အကြောင်းကိုဖေါ်ပြ ခြင်းကို အလေးထား၍ လေ့လာမှတ်သားအလွန်အမတန်မှအရေးကြီးလှပေသည် ၈။ပရောဖက်ပြုချက်များသည် သမ္မာကျမ်းစာကို လွယ်ကူစွာနားလည်နိုင်ကြမည်သနည်း နားလည်နိုင်ပါသည် (က)ဒံယေလအနာဂတ္တိကျမ်းစာ၌ အခန်းကြီး ခုနှစ် အခန်ငယ် ၂၃အတွင် စတုတ္ထသားရဲ၏အဓိပ္ပါယ်အဘယ် သို့ဖေါ်ပြခြင်းရှိသနည်း ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထ နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၃ (ခ)တွေ့ရှိသော ဗျာဒိတ်ကျမ်း အခန်းကြီး တစ်ဆယ်ခုနှစ်အခန်းငယ်တစ်ဆယ်ငါးအတွင်း အဘယ်သို့ဖေါ်ပြ သနည်း။ ယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊အသီးသီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစုဖြစ်သတည်း။ ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်မှာယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊လူမျိုးနွှယ်ဘာသားစကားပြောသော လူမျိုးနားလည်ပြီလို့ထင်ပါတယ်သမ္မာကျမ်းစာသူ့ဟာသူအဓိပ္ပါယ်ဖွင့်ထားသည်တွေ့ရပေသည် ပြည်တန်ဆာဆိုသော စကာမှာမိန်းမသာဖြစ်ကြောင်းနားလည်နိုင်ပါသည်မိန်းမဆိုသောစကားမှာသမ္မာကျမ်းစာ၌အနက်အဓိပ္ပါယ်မှာ အသင်းတော် တခုကိုရည်မှတ်၍ ပြောထားခြင်းဖြစ်ပေသည် (ဂ)ထိုနေ့ရက်စေ့ပြီးမှ၊တဖန်လက်ျာနံစောင်းဖြင့်အိပ်၍၊အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏အပြစ်ကိုခံဦးလော့။ နှစ်အ စား၌ ရက်ကိုငါထားပြီ။ယေဇကျေလအနာဂတ္တိကျမ်း ၄း၆ ၉။ပရောက်ဖက်ပြုချက်များတို့သည် တန်ထိုးနှင့်ပြည့်စုံခြင်း ထိုမှတပါး၊သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည်ငါတို့၌ရှိသေး၏။စိတ်နှလုံးထဲ၌အာရုဏ်တတ်၍ကြယ်နီ ပေါ်ထွက်သည်ကာလတိုင်အောင်၊ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။။ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၁း၁၉ ဘုရားသခင် သမ္မာကျမ်းစာများတွင် အဓိပ္ပါယ် တယောက်နှင့် တယောက် တမျိုးဆီပေးတော်သနည်း ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား၊ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁း၂၀ မှတ်ချက်။သမ္မာကျမ်းစာ၌ အနက်အဓိပ္ပါယ် ကိုမိမိအလိုလျှောက် မဖွင့်ရ အဓိပ္ပါယ် တယောက်တမျိုးမဖွင့်ရ ခရစ်တော် ကိုယုံကြည်သူမှန်လျှင် သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်တို့ တခုတည်း တမျိုးတည်သာလျှင်ဖြစ် ရမည် တမန်တော်ရှင်ပေတရုအား သတိပေးခြင်းကိုတွေ့ရှိနားလည်ရပေသည် ဤစာစောင်၏အနာဂတ္တိစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခံသည်ကား၊အကြင်သူသည်ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကိုထိုသူအပေါ်သို့ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည်ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ဤစာစောင်၌ရေးထားသောအသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ထိုသူစပ်ဆိုင်သောအခွင့်ကိုဘုရားသခင် နှုတ်ပယ်တော်မူမည်။ ဗျာဒိတ်ကျမ်း၂၂း၁၈-၁၀ မှာ ရေးသောအကြောင်းအရာများတွင် တွေ့ရှိရလိမည် ထပ်၍အသစ်မသွန်းရ မနှုတ်ပယ် နှုတ်သောသူသည် အသက်စာစောင်၌ နှုတ်ပယ်ခြင်းကိုခံရလိမ့်မည် ဟူ၍ဖေါ်ထားဖြင်းကိုတွေ့ရှိ ပေသည် ၁၀။မည်သည်ကြောင့် ဆရာသမားအချို့သည် အဘယ်ကြောင့် ဗျာဒိတ်ကျမ်းကိုနားမလည်နိုင်သနည်း အကြောင်မူကား၊ထာဝရဘုရားသည်အိပ်ချင်သောသဘောကိုသင်တို့၌သွင်းသဖြင့်၊သင်တို့မျက်စိကိုပိတ်၍၊ သင်တို့၏ပရောဖက်များကို မင်းများ၊ ဗျာဒိတ်ခံသူများ တို့ကိုဖုံးလွှမ်းတော်မူပြီ။ ဗျာဒိတ်တော်ရှိသမသည် တံဆိပ်ခတ်သောစာကဲ့သို့ သင်တို့၌ဖြစ်၏။ ထိုစာကိုစာတတ်သော သူအားပေး၍၊ ဤစာကိုဘတ်ပါလော့ဟုဆိုလျှင်၊ထိုသူက၊ဤစာကိုငါမဘတ်နိုင်၊၊တဆိပ်ခတ်လျက်ရှိ၏ဟုပြန်ပြောတတ်၏။ ထိုစာကိုစာမတတ်သောသူအားပေး၍၊ဤစာကိုဘတ်ပါလော့ဟုဆိုလျင်၊ထိုသူကငါသည်စာမဘတ်ဟုပြန်ပြောတတ်၏။ ထာဝရဘုရားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရွံြ့က၏။ ထို့ကြောင့်အံသြကြောက်မက်ဘွယ်သောအမှုကိုဤလူမျိုးတို့တွင်တဖန်ငါပြုအုံးမည်၊၊သူတို့တွင်ပညာရှိတို့၏ပညာသည်ပျက် စီးလိမ့်မည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်သည်လည်းကွယ် ပျောက်လိမ့် မည်ဟုမိန့်တော်မူ၏။ ဟေရှာယအနာဂတ္တိကျမ်း ၂၉း၁၀-၁၄ သမ္မာကျမ်းစာ သည်ဘုရားသခင်အထံတော်မှာ သန့်ရှင်းသောဝိညာဉ်အားဖြင့်အဘယ်မျှလောက်ရှိသနည်း ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည်အကြောင်း၊သြဝါဒပေးခြင်း၊အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ် စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။ တိမောသေသြဝါဒစာဒုတိယစောင်၃း၁၆-၁၇ မှတ်ချက်။သမ္မာကျမ်းစာရှိသမျှတို့သည်ဘုရားသခင်၏နငတ်ထွက်တရားဖြစ်သည်ပေသည်။ဓမဟောင်းကျမ်း သော၎င်း ဓမ္မာသစ်ကျမ်းသော၎င်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်းသိရှိရပေသည် ၁၁။နှုတ်ကပတ်တော်သည် ရှေကာလ၌ အဘယ်သို့ဖြစ်ကြသနည်း ငါတို့ချစ်သောညီပေါလုသည်၊မိမိခံရသောဥာဏ်ပညာအတိုင်းသင်တို့အားရေး၍ ပေးလိုက်သောစာ၌၎င်း၊သူသည်ဤအရာများကို ပြော၍စီရင်သောသြဝါဒစာရှိသမျှတို့၌၎င်းပါသည်နှင့်အညီ၊ငါတို့သခင်ဘုရားသည်ခံတော်မူခြင်းသည်ကယ်တင်မည်အကြောင်း ဖြစ် သည်ဟုမှတ်ကြလော့။ထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ၏။မတတ်သောသူ၊တည်ကြည်ခြင်းမရှိသောသူတို့သည်၊ထိုအရာမှစ၍ကြွင်း သောကျမ်းစာ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃း၁၅-၁၆ ၁၂။ကျွန်ပ်တို့သည် သမ္မာကျမ်းစာကိုနားလည်နိုင်ရန်အတွက် မည်သည့်သော သော့လိုအိပ်မည်သနည်း ဇာတိပကတိလူသည်ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏။ ထိုအရာတို့ကိုဝိညာဉ်အား ဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ဇာတိပကတိလူသည်.နားမလည်နိုင်။ ကောရိ န္တု သြဝါဒစာဒုတိယစောင် ၂း၁၄ ထိုကြောင့်နောင်တရလော့။မရလျှင်သင်ရှိရာသို့ငါသည်အလျင်အမြန်လာမည်။ထိုသူတို့ကိုငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။ဗျာဒိတ်ကျမ်း ၂း၁၆ သင်မူကား၊ဝန်ခံတော်မူသောသူ၊ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့။ တိမောသေသြဝါဒစာဒုတိယစောင် ၂း၁၅ ဗေရိမြို့သားတို့သည်သက်သာလောနိတ်မြို့သားတို့ထက်ထူးမြတ်သဖြင့်၊အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏။ တမန်တော်ဝတ္ထု ၁၇း၁၁ ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ငါသည်ကိုယ်အလို အလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၇း၁၇ ကတိကဝပ်ပြုခြင်း ဗျာဒိတ်ကျမ်းစာများလေ့လာသူများ ဘုရားသခင်ကို စိတ်နှစ်နှစ်လုံးအကြွင်မဲ့ချစ်သော အားဖြင့်သာ ဘုရားသခင်၏ စကားတော်များကိုနားခံလိုက်ရှောက်မည်အကြောင်းကတိသစ္စာပြုရမည် သင်သည်ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင် သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သောစုံစမ်းရာ ကာလတွင် သင့်ကိုငါစောင့်ရှောက်မည်။ ဗျာဒိတ်ကျမ်း ၃း၁၀ အသက်ပင်နှင့်ဆိုင်၍၊မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏။ ဗျာဒိတ်ကျမ်း ၂၂း၁၄

No comments:

Post a Comment