Tuesday, November 1, 2016



                                   သမ္မာတရား၌ သွန်သင်ခြင်း မှားယွင်းသောသူများ 

 ၁။ဝိညာဉ်တော်အားဖြင့်အဘယ်သို့မိန့်တော်မူခြင်းရှိသနည်း ထိုအယူနှင့်သဘောတူသောနိကောလတပည့်တို့၏အယူကိုစွဲလမ်းသောသူတို့သည်ထိုနည်းတူသင်၌ရှိကြ၏။ ထိုကြောင့်နောင်တရလော့။မရလျှင်သင်ရှိရာသို့ငါသည်အလျင်အမြန်လာမည်။ထိုသူတို့ကိုငါ့ခံတွင်း၏သန် လျက်နှင့်စစ်တိုက်မည်။ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို၊နားရှိသောသူ မည်သည်ကားကြားပါစေ။အကြင်သူသည်အောင်မြင်၏၊ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ ဗျာဒိတ်ကျမ်း၂း ၁၄-၁၅ ဘုရားဝတ်၌မွှေ့လျော်ခြင်း လျောက်ပတ်စွာအဘယ်နည်းအားဖြင့်အမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာရှိသနည်း ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရ မည်အကြောင်း၊ရှင်ဘုရင်မှစ၍မင်းအာဏာရှိသောသူအပေါင်းတို့နှင့်လူအမျိုးမျိုးတို့အဘို့ဆုတောင်းပဌနာ ပြု ခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှါ ငါတိုက်တွန်းသွေးဆောင်၏။ တိမောသေသြဝါဒပဌမစောင် ၂ ၃ဘုရားသခင်သည်ငါ၏ ကျွန်တို့သည်အဘယ်သို့မှာယွင်းခြင်းရှိကြသနည်း သို့သော်လည်း၊ငါ၏အစေခံကျွန်တို့သည်မတရားသော မေထုန်ကိုပြုစေခြင်းငှါ၎င်း၊ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ် သောသင်၏ခင်ပွန်းယေဇဗေလသည် သွန်သင်၍မှားယွင်းစေရသောအခွင့်ကိုသင်သည် ပေးသောကြောင့်၊သင်၌အပြစ်တင်စရာရှိ၏။ဗျာဒိတ်ကျမ်း ၂း၂၀ ၄။ဘုရားသခင်သည် ပရောက်ဖက် ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများ အဘယ်သု့်ရှိသနည်း သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သောမိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊မိမိတို့ကိုဝယ်တော်မူသောအရှင်ကိုငြင်းပယ်လျက်၊မိမိတို့အပေါ်သို့လျင်စွာသော ဖျက်ဆီးခြင်းကိုရောက်စေသောမိစ္ဆာဆရာတို့သည်သင်တို့တွင်ရှိကြလိမ့်မည်။သူတို့ညစ်ညူးသောအကျင့်ဓ လေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာ တရားလမ်းအသရေသည် ပျက်စီးလိမ့်မည်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၂း၂၀ ၅။ယေရှုခရစ်တော် အဘယ်သို့သတိပြုကြလော့ဟူ၍မိန့်တော်မူခြင်းရှိသနည်း ယေရှုကလည်း၊သင်တို့ကိုအဘယ်သူမျှမလှည့်ဖြားစေခြင်းငှါသတိပြုကြလော့။အများသောသူတို့က၊ငါသည် ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။ ရှင်မဿဲခရစ်ဝင်၂၄း ၄-၅ ၆။တမန်တော် ရှင်ပေါလု ကနောင်ကာလ၌ လူတို့သည် စင်ကြယ်သြဝါဒကိုနားမခံဘဲထိုသူတို့အဘယ်သို့ရှိ ကြသနည်။ အကြောင်းမူကား၊နောင်ကာလ၌လူတို့သည်စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်။သမ္မာတရားကိုနားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။တိမောသေ့သြဝါဒစာဒုတိယစောင် ၄း၃-၄ မှတ်ချက်။ကျွပ်တို၏ ခေတ်ကာလသည် နောက်ဆုံသောကာဖြစ်မဟုတ်လော့ ကျွန်ပ်ကာလ၌ ခရစ်တော်ထ မြောက်ရာနေ့ ဟူ၍ မိမိတတ်မတ်ခြင်း အတိုင် သမ္မာတရားများပြောင်းလဲ၍ ဒဏ္ဍာရီစကားနောက်သို့ လိုက် ကြသည်မဟုတ်လော့။ ၇။ယေရှုခရစ်တော်သည်အဘယ်သို့ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါသည်အဘယ်သို့မိန်ု့တော်ရှိသ နည်း ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ရှင်မဿဲခရစ်ဝင် ၇း၁၃-၁၅ ၈။တမန်တော်ရှင်ပေါလု သည် မည်သို့အားဖြင့်သတိပေးခြင်းရှိသနည်း။ ဘုရားသခင်၏အလိုတော်ကိုသင်တို့အားအကုန်အစင် ဟောပြောပြသခြင်းအမှုကိုငါသည်မလွဲမရှောင်ဘဲ ပြုခဲ့ ပြီ။ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည်မိမိအသွေးနှင့်ဝယ် တော် မူသောအသင်းတော်ကိုလုပ်ကျွေးစေခြင်းငှါ၊သန့်ရှင်းသောဝိညာဉ်တော်သည်သင်တို့ကိုအအုပ်အချုပ်ခန့်ထား တော်မူသောသိုးစုတစုလုံးကိုလည်းသတိနှင့်ကြည့်ရှုကြလော့။အကြောင်းမူကား၊ငါမရှိသည်နောက်၊ကြမ်းတမ်း သောတောခွေးတို့သည်သိုးများကိုမသနားဘဲသင်တို့အထဲသို့ဝင်မည်ကို၎င်း။တပည့်တော်များကို သွေးဆောင် ခြင်းငှါ၊မှားသောစကားကို ပြောတတ်သောလူတို့သည်သင်တို့အထဲ၌ပေါ်လာမည်ကို၎င်းငါသိ၏။ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ငါသည်သုံးနှစ်ပတ်လုံး နေ့ညမပြတ်လူအပေါင်းတို့ကိုမျက်ရည်နှင့်တကွဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကိုဘုရားသခင်၌အပ်နှံ၏။သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူသင်တို့အားအမွေပေးခြင်းငှါ၎င်း၊တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူး တော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။တမန်တော်ဝတ္ထု ၂၀ ၂၇း၃၂ ၉။တမန်တော်ရှင်ပေါလုသည် အနည်းအားဖြင့် ရှောင်၍ အဘယ်သို့ရှိသည်ဟူ၍ မှာကြားခြင်းရှိသနည်း မှန်သောအသက်ကိုဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကိုမိမိတို့အဘို့ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။အိုတိမောသေ၊ သင်၌အပ်ထားသောအရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သောအချည်းနှီးစကားပြောခြင်းကို၎င်း၊သိပ္ပံအတတ်ဟူ၍အလွဲခေါ်ဝေါ်သောသိပ္ပံအတတ်ဆီးတား နှောက်ရှက်ခြင်းကို၎င်း၊ ရှောင်လော့။ထိုသိပ္ပံအတတ်ကိုလူအချို့တို့သည်ဝန်ခံပြုစုသောအားဖြင့်၊ယုံကြည်ခြင်း တရားလမ်းမှလွဲကြပြီ။သင်၌ ကျေးဇူးတော်ရှိလေသတည်း။အာမင်။တိမောသေသြဝါဒပဌမစောင်၆း၁၉-၂၁ ၁၀။တမန်တော်ရှင်ပေတရု ရှေကာလ၌ ဘုရားသခင်၏ ပရောဖက်ဗာလမ်အကြောင်းအဘယ်သို့ဆိုသနည်း သူတို့သည် သူ့မယားကိုပြစ်မှားသော ကိလေသာနှင့်ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကိုမပြုဘဲမနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သောသူတို့ကိုအပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သားဖြစ်ကြ၏။ ဖြောင့်မတ်သောလမ်းထဲကထွက်၍လွှဲသွားသဖြင့်၊ ဗောသော်၏သားဗာ လမ်၏လမ်းကိုလိုက် ကြ၏။ရှင်ပေတရုသြဝါဒစာဒုတိယစောင်း ၂း၁၄-၁၅ ၁၁။စင်ကြယ်သောသြဝါဒအားဖြင့်အဘယ်သို့တိုက်လှန်ခြင်ငှါ၎င်းအဘယိစကား၌စွဲလမ်းခြင်း၌ရှိမည်သနည်း စင်ကြယ်သောသြဝါဒအားဖြင့်တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏စကားကို ချေခြင်းငှါ၎င်း တတ်နိုင် မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်း သောသူဖြစ်ရမည်။ တိတုသြဝါဒစာ ၁း၉ ၁၂။မုသာနှင့်ကင်စင်တော်မူသော ဘုရားသခင်၏ ပညတ်တော်အတိုင်း၊အဘယ်သို့ဟောခြင်းရှိသနည်း မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသောတရားဟောခြင်း အခွင့်အား ဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သောသမ္မာတရားကိုဝန်ခံခြင်းအလိုငှါ၎င်း၊ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့၏ယုံကြည်ခြင်းအလိုငှါ၎င်း၊ဘုရားသခင်၏ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊တိတုသြဝါဒစာ ၁း၁-၃ ၁၃။ပရောဖက်ဟေရှာအားဘုရားသခင်အဘယ်သို့မိန့်တော်မူသနည်း။ ထာဝရဘုရားကလည်း ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊စိတ်နှလုံးမူ ကားငါနှင့်ဝေးလှ၏။လူတို့စီရင်သောပညတ်တို့ကိုအမှီပြု၍ငါ့ကိုကြောက်ရွံြ့က၏။လျှို့ဝှက်သောသူတို့၊ ဟေရှာယ သည်သင်တို့ ဟေရှာယအနာဂတ္တိကျမ်း ၂၉း၁၃ ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ် ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင် ၁၅း၇-၉ 

No comments:

Post a Comment