ယေရှုခရစ်တော်သည် ပညတ်တရားများအလေးအနက်ထားခြင်း
၁။ထာဝရ ဘုရားသည်မိမိဖြောင့်မတ်ခြင်းကြောင့် အဘယ်သို့နစ်သက်တော်မူသနည်း။
ထာဝရဘုရားသည်မိမိဖြောင့်မတ်ခြင်းကြောင့်အားရနှစ်သက်သဖြင့်၊တရားတော်ကိုမြှောက်၍ဂုဏ်သရေနှင့်
ပြည့်စုံတော်မူစေသည်။ဟေရှာယအနာဂတ္တိကျမ်း ၄၂း ၂၁
၂။ သူတပါးတို့သည်အဘယ်သို့ပယ်ကြသနည်း။
အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
ဆာလံကျမ်း၁၁၉း၁၂၆
၃။ဘုရားသခင်သခင်၏ ပညတ်တော်တို့အဘယ်နည်းအားဖြင့်ပယ်ကြသည်နည်း
ထိုအခါယေရုရှလင်မြို့သားဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့သည်ချဉ်းကပ်ပြီးလျှင်၊ ရှေးလူဟောင်းတို့မှဆက်ခံ
သောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲအစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊ကိုယ်တော်က၊သင်တို့သည်အဆက်ဆက်ခံ
သောနည်းဥပဒေသကို အမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ဘုရား
သခင်၏ပညတ်တော်ကား၊မိဘကိုရိုသေစွာပြုလော့။အကြင်သူသည်မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ထိုသူသည်
အသေသတ်ခြင်းကိုခံစေဟုလာသတည်း။သင်တို့မူကား၊အကြင်သူသည်ကိုယ်မိဘကို၊သင်တို့အသုံးရနိုင်သ
မျှသော ငါ၏ဥစ္စာသည်အလှူဝတ္ထုဖြစ်စေဟုဆို၏၊ထိုသူသည်ကိုယ်မိဘကိုယ်ပင်ရိုသေစွာမပြုရဟုဆိုကြ၏။
ထိုသို့သင်တို့သည်အဆက်ဆက်ခံသောဥပဒေသအားဖြင့်ဘုရားသခင်၏ပညတ်တော်ကိုပယ်ကြ၏။လျှို့ဝှက်
သောသူတို့၊ ဟေရှာယသည်သင်တို့ကိုရည်မှတ်လျက်ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်
ငါ့ကိုရိုသေကြ၏။စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေး
လျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်
၍မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း ၁-၉
ကျွန်ပ်တို့ ခရစ်ယာန်ဘာသာဝင်အပေါင်းတို့သည် ဘုရားသခင်ကိုနှုတ်ခမ်နှင့်သာကိုးကွယ်ကြသောသူများ
ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကာ ခရစ်ယာန်ဝင်တို့သည် ဘုရားသခင် ပညတ်တရားတော်ရှိသမျှတို့ချိုး
ဖေါက်၍ ရောမဗရင်ဂျီအသင်းတော် မှပြုလုပ်ထားပွဲများ ပညတ်တရားများကိုစောင့်၍ဘုရားသခင်၏ပညတ်
တော်ဆယ်ပါး၌ ပါရှိသော ပညတ်တရားကိုပင်ချိုးဖေါက်နေကြသည်ဖြစ်၍ခရစ်တော်သည်ထိုသူတို့ရည်မှတ်
လျက် မိန့်တော်မူခဲ့သည်။မည်သည်ပညတ်များချိုးဖေါက်ခြင်းရှိသည်မှာ အောက်ပါ ကျမ်းပိုဒ်များဖတ်ပါ
၁။ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။မှတ်ချက် သမ္မာကျမ်း၌ ငါမှတပါးအခြားသောဘုရား မကိုးကွယ်နှင့် ဆိုသော အချက် အဘယ်သို့ပြည့်စုံခြင်းရှိသည်မှာ ရောမဗရင်ဂျီအသင်းတော် ပြုလုပ်သော
ထမြောက်ရာနေ့ ပဋ္ဌမနေ့ ရက် ဥပုသ်နေ့ အဖြစ်ယတ်ပြုကိုးကွယ်ခြင်းစသဖြင့် ပြုလိုပ်ကြသည်။
၂။ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်းရှိသောအ
ရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ထိုအချက်လျက်၌
အဘယ်သို့ ပြည့်စုံခြင်းရှိသည်မှာ ခရစ်္စမတ်နေ့များ၌ လူပုံသဏ္ဍာန်ဘာအောင်ပြုလုပ်၍ ချီးမွမ်းခြင်း ဝတ်ပြု
ကိုးကွယ်ခြင်း စသဖြင့်ပြုလုပ်ကြသည်။သို့ရာတွင် သမ္မာကျမ်းတအုပလုံးရှာဘာ ခရစ်တော်ကို၌ကပင်းငါ၏
မွေးဘွားနေ ထိုနေ့ သတိရအောက်ဘို့ရန်ထိုသို့အားဖြင့် ပြုလုပ်ဟုသော မိန့်မူခြင်း သမ္မာကျမ်းစာများ ၌ တစုံ တခုမျှမတွေ့ရှိဘာ။
၃။သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကိုမုသာနှင့်ဆိုင်၍မမြွက်မဆိုနှင့်။အကြောင်းမူကား၊နာမ
တော်ကိုမုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကိုအပြစ်မရှိဟုထာဝရဘုရားမှတ်တော်မမူ။ထိုပညတ်တရားလည်း
လွန်ကျူးနေကြတယ်။အဘယ်ကြောင့်ဆိုသော အချက်မှာ ရောမဗရင်ဂျီအသင်းတော် မှလုပ်ထားထမြောက်
ရာနေဝတ်ပြုကိုးကွယ်ခြင်း၌ ဘုရားသခင်၏နာမတော်ကိုမုသာဆို၍ မြွတ်ဆိုခြင်သို့သက်ရောက်နေတယ်
၎။ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ဒီစတ္ထုပညတ်အကြောင်းဆိုရင်အဝေး
ကြီးဘဲ အဘယ်ကြောင့် ဆိုသောအချက်မှာ သတ္ထမနေ့ ဥပုသ်နေ့ အကြောင်း ပြောရင် သူတို့၏ရန်သူသကဲ့
ထမြင်တတ်ကြတယ် ဒီမှာပါရှိသော ဆရာစောကေ၏ တရားဟောချက်နားထောင်ကြည့်ရင်သိပါလိမ့်မည်။
၅။ယေရှုခရစ်တော် အဘယ်ကြောင့် လောက၌ ပဋ္ဌမအကြိမ်လူသားအဖြစ်ကြွာလာတော်မူခြင်းရှိသနည်း
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်
မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ ရှင်မဿဲခရစ်ဝင် ၅း၁၇
၆။ယေရှုခရစ်တော် ရှေပညတ်များအကြောင်း အဘယ်သို့မန့်တော်မူသနည်း
လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေးပညတ်စကား
ကိုသင်တို့ကြားရပြီ။ငါပညတ်သည်ကား၊ညီအစ်ကိုကိုအထောက်မတန်အမျက်ထွက်သောသူသည်ရုံး၌အပြစ်
စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။ရှင်မဿဲခရစ်ဝင်း၂၁-၂၂
၇။အဘယ်နည်းအားဖြင့် လူကိုသတ်သောသူဖြစ်သနည်း။
မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊လူအသက်ကိုသတ်သောသူဖြစ်၏။လူအသက်ကိုသတ်သောသူ
တစုံတယောက်၌မျှထာဝရအသက်မတည်သည်ကိုသင်တို့သိကြ၏။ရှင်ယောဟန်သြဝါဒစာပဌမစောင်၃း၁၅
၈။ခရစ်တော်ပညတ်အဘယ်သို့ရှိသနည်း
သူ့မယားကိုမပြစ်မှားရဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။ငါ့ပညတ်သည်ကားကိလေသာစိတ်နှင့်
သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။ ရှင်မဿဲခရစ်ဝင်၅း၂၇-၂၈
၉။ခရစ်တော်သည်ငါခမည်တော်၏ပညတ်တို့စောင့်ခြင်းမရာ၌အဘယ်သို့တည်သည်ဟူ၍မိန့်တော်မူသနည်း
ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်
ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ရှင်ယောဟန်ခရစ်ဝင် ၁၅း ၁၀
၁၀။ခရစ်တော်သည် ကောင်းကင်နှင့်မြေကြီးမပျက်စီးမှီတိုင်အောင်ပညတ္တိကျမ်း၌အဘယိသု့ရှိသည်ဟုမိန့်
တော်မူသည်း
ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံး
ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ရှင်မဿဲခရစ်ဝင်း၅း၁၈
၁၁။တမန်တော်ရှင်ပေါလုသည် ပညတ်တရားများ၌ အဘယိသု့၇ှိသည်ဟူ၍ ဟောပြောသနည်း
အကြောင်းမူးကား၊ဇာတိပကတိအတိုင်းမကျင့်၊ဝိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည်၊တရား၌ပါသော
ပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။ရောမသြဝါဒစား၈း၎
၁၂။အဘယိသို့စွဲလမ်းသောစိတ်သဘောသည် အဘယ်သို့အသက်ရှင်ခြင်းရှိသနည်း။
ဇာတိပကတိရှိသောသူတို့ သည်ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကိုစွဲလမ်းသောစိတ်သဘောရှိကြ၏။
ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ဝိညာဉ်ပကတိစိတ်သဘောသည်အသက်ရှင်ခြင်း
အကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။ရောမသြဝါဒစာ ၈း ၅-၆
၁၃။အာဗြဟံ၏ယုံကြည်ခြင်း တရား၌အဘယ်သိုပြည့်စုံခြင်းရှသနည်း
ပညတ်တရားသည်ကားအမျက်ဒေါသနှင့်စပ်ဆိုင်၏။ပညတ်တရားမရှိလျှင်၊လွန်ကျူးခြင်းအပြစ်မရှိ။ထိုကြောင့်
၊ဂတိတော်သည်ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွှယ်တို့၌ပြည့်စုံသည်သာမက၊အာဗြဟံ၏ယုံကြည်ခြင်းတ
ရားနှင့်ဆိုင်သောသူတို့၌ပြည့်စုံလျက်၊အာဗြဟံ၏အမျိုးအနွှယ်အပေါင်းတို့၌ ပြည့်စုံမည် ရောမသြဝါဒစာ၎း၁၅
-၁၆
၁၄ယုံကြည်ခြင်းအားဖြင့်ပညတ်တရားများအသို့ပယ်နိုင်ကြသနည်း
ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။
ရောမသြဝါဒစာ၃း၃၁
၁၅။ပညတ်တရားစောင်ရှောက်ခြင်းအရာများ၌ အဘယ်သို့ရှိကြသနည်း
ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကို
ငါတိုသိရကြ၏။ပညတ်တော်တို့ကိုချစ်ကြသည်ကိုငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်
ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၂-၃
၁၆။ခရစ်တော်ကိုအဘယ်နည်းအားဖြင့်သိကြသနည်း
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်
လျှင် သိရသတည်း။ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက်ဆိုသောသူသည်မုသာကိုသုံး
သောသူဖြစ်၍ထိုသူ၌သစ္စာမရှိ။ထိုသခင်၏စကားတော်ကိုနားထောင်သောသူမည်သည်ကား၊ဘုရားသခင်ကို
ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ထိုသခင်၌ ငါသိ၏ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၅
၁၇။ခရစ်တော်သည် ငါပညတ်တို့ရ၍ စောင့်ရောက်သောသူငါကိုအဘယ်သူရှိသည်ဟုမိန့်တော်မူသနည်း
ငါပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်
သည်ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
အမှာစကားပါးလိုက်ပါရစေ ဆရာစောကေကိုပြန်၍ မေးမြန်ဘာ ကျွန်ပ်ရေးသော စာများသည်သမ္မာကျမ်း
၌ပါရှိပါရဲ့လား သို့မဟုတ်ကျွန်ပ်သည် လုပ်ကြွ၍ရေးသာခြင်းလား ကျွန်ပ်ရေးသာ၍ ပြောသောပညတ်တရား
များအကြောင်းအရားများသည် ဘုရားသခင်၏ သမ္မာကျမ်းစာမှအမှန်တယ်ပါရှိဘာရဲ့လား ဆရားစောကေ
အားမေးမြန် ဘာ ကျွန်ပ်ရေးသား၍ ပြောသော သတ္ထမနေ့ ဥပုသ်နေ့ ဆိုတာသမ္မာကျမ်းစာမှာအမှန်တကယ်
ရှိပါရဲ့လို့ ဆရာစောကေ အားမေးမြန်ကြဘာ သို့မဟုတ်ဆရားစောကေ အား သူစောင့်ရှောက်နေသော ထမြောက်ရာနေ့ ခရစ်တော်မြောက်သောနေ့ရက်သည်သမ္မာကျမ်း၌ ဥပုသ်နေ့ဟူ၍ ပရောဖက်များကသော
၎င်း တမန်တော်များကသော်၎င်း ပြောင်းလဲထားခြင်းရှိပါရဲ့လားဟူ၍ ဆရာစောကေအားမေးမြန်ကြဘာလို့
တိုက်တွင်းလိုက်ပါရစေ ဆရားစောကေ ဟောပြောသည်မှာ အမှန်တကယ်သမ္မာကျမ်းစာနှင့်ညီလျှင် ကျွန်ပ်
ရေးသာ၍ ပြောသောအရာများသည်မုသာ၏ အဘ ဖြစ်ပါလိမ့်မည်။ ကျွန်ပ်သည်မုသာနှင့်ဆိုင်၍ ခရစ်တော်
၏သက်ခံတယောက်ပါလို့မုသာသုံး၍ ဟောပြောသူမှန်လျှင်အရှင်မထားသင့်ဘာဂဲ့နှင့်ပေါက်၍သတ်ပစ်ထိုက်
ပါ၏ အဘယ်ကြောင့်ဆိုသော အရာများ၌ မရားသောအမှုများပြားသခင် လူအပေါင်တို့သို့မှာရွံးခြင်းနောက်
သို့လိုက်ကုန်ပါလိမ့်မည်။
No comments:
Post a Comment