အပြစ်
ပလ္လင်ပေါ်မှာထိုင်၍၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုကိုးကွယ်လျက်၊
အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။
ထိုအရာ တို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊
ကိုယ်တော်သည် ဘုန်းအသရေတန်ခိုး တော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊
ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။ ဗျာဒိတ်ကျမ်း ၄း၉-၁၁
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၃ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ရောမသြဝါဒစာ ၆း၂၃အကြင်သူ၏ အထံ၌အစေခံ ကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၌အစေခံ၏၊ ထိုသူသည်
သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်း
နှင့်ယှဉ်သောနားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့သည်
သခင်ဖြစ်သည်ကိုမသိကြသလော။ ရောမသြဝါဒစာ၆း ၁၆
ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့်
ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊
လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ ရောမသြဝါဒစာ၅း၁၂သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊
သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိ ဘက် ၌ရှိကြ၏။ ခရစ်တော်၏
ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။ ရောမသြဝါဒစာ ၈း၉နောက် တဖန် သင်တို့သည် အချည်းနှီးသော အရာကို မမြင်ရကြ။ ပရောဖက်ပြု၍
မဟောရကြ။ ငါ၏ လူတို့ကို သင်တို့လက် မှ ငါကယ်နှုတ်မည်။ ငါသည်
ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ယေဇကျေလအနာဂတ္တိကျမ်း ၁၃း၂၃ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည်ဖြောင့်မတ်ခြင်း တရားကိုကျင့်၏။ ကိုယ်တော်ဖြောင့်မတ်ခြင်းရှိ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၇ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြု လျှင်၊ သူသည်သင်တို့ထံက ပြေးသွားလိမ့်မည်။ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူ
လိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကိုစင်ကြယ်စေကြလော့။
စိတ်နှစ်ခွရှိသော သူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။ရှင်ယာကုပ်သြဝါဒစာ ၄း၇-၈အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည်
အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို
ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏၊၊
အိုဣသရေလအမျိုးသးတို့ သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့၊ လွှဲ ကြလော့၊
အဘယ်ကြောင့်အသေခံလိုကြသနည်း။ ယေဇကျေလအနာဂတ္တိကျမ်း ၃၃း၁၁
No comments:
Post a Comment