လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်၃း၉
သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း ၃း၁၅
ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဘွယ် သောနေ့ရက်ကြီးမရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ရှိရာသို့ငါစေလွှတ်မည်။ ငါသည် လာ၍သင်တို့၏ ပြည်ကိုကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ မာလခိအနာဂတ္တိကျမ်း၎း၄-၅
အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလ အမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဘို့သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။မိက္ခာအနာဂတ္တိကျမ်း ၅း၂
ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ ဟေရှာယအနာဂတ္တိကျမ်း၇း၁၄
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊
ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍
မြော်လင့်စရာရှိ၏။
အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း
အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို
ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့်
ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။ ရောမသြဝါဒစာ၅း၈-၁၀
ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊
အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည်
အမွေးညှပ်သောသူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ဟေရှာယအနာဂတ္တိကျမ်း ၅၃း၇
အကယ်စင်စစ် ငါယုံ၍ ငါ့မုန့်ကို စားသောအဆွေ ခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း၊၊ ဆာလံကျမ်း။၄၁း၉
ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊ ဆာလံကျမ်း၂၂း၁၆
ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏၊ဟေရှာယအနာဂတ္တိကျမ်း၅၃း၉
အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည်
ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည်
မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို
ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၅-၁၆
No comments:
Post a Comment