Thursday, November 3, 2016

                    ထာဝရ ဘုရားသခင်၏ ကယ်တင်ခြင်းအစီည်အစင်

ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
 ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
 ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။ 
 ရှင်လုကာခရစ်ဝင် ၁း၂၆-၃၁
မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
 ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ 
  ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သော သူတို့သည်၊
ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးသားသောသူအများရှိကြသည်ဖြစ်၍၊
ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီး သောအ ကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
ရှင်လုကာခရစ်ဝင် ၁း၁-၅
သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာ စရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌သိပ်ထားလေ၏။ ရှင်လုကာခရစ်ဝင် ၂း၇
ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
 ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
 ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။
ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။
ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့သွား ကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုပြီး လျှင်၊ ရှင်လုကာခရစ်ဝင် ၂း၈-၁၅
ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည်ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိ တို့သည် အရှေ့ပြည်ကယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊
ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ  ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။ ရှင်မဿဲခရစ်ဝင် ၂း၁-၂
ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ  ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။
ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊
ယဇ်ပုရောဟိတ်အကြီး တို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင် လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။
ထိုဆရာတို့ကလည်း၊ ပရောဖက်တဦးရေးထား သောအချက်ဟူမူကား၊
အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့်ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအားပြန်ကြားလျှောက် ထားကြ၏။
ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
သင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်းထိုသူငယ် ကိုဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟုမှာထားတော်မူလျက်၊ ဗက်လင်မြို့သို့စေလွှတ်လေ၏။
ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသောကြယ်သည် သူတို့ရှေ့ကသွားသဖြင့်၊ သူငယ် တော်ရှိရာအရပ်ပေါ်သို့ရောက်၍တည်လျက်နေ၏။ ရှင်မဿဲခရစ်ဝင် ၂း၂-၉
အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့် တကွ သူငယ်တော်ကိုတွေ့မြင်လျှင်ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာ ဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂း၁၁
ထိုအခါဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသောကြယ်၏ အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကိုသတ်စေ၏။
ပရောဖက်ယေရမိဟောဘူးသည်ကား၊
ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးမြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိ သောကြောင့် ငို၍စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျ သတည်း။
 ရှင်မဿဲခရစ်ဝင် ၂း၁၆-၁၈
ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည် ဟုဆိုလေ၏။
 ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဥ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ထွက်သွား၍၊
 ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား  ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ မည်အကြောင်းတည်း။ရှင်မဿဲခရစ်ဝင်၂း၁၃-၁၅
  ဟေရုဒ်မင်းကြီးအနိစ္စရောက်သည်နောက်၊ ယောသပ်သည်အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန် သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍၊
 သင်ထလော့။ မယ်တော်နှင့်သူငယ် တော်ကိုဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါရှာသော သူတို့သည်သေကြပြီဟုဆိုလေ၏။
ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီး လျှင်၊ ဣသရေလတိုင်းသို့သွား၍ရောက် သည်ရှိသော်၊
 ဟေရုဒ်မင်းကြီး၏အရာ၌သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကိုကြားရလျှင်၊ ထိုပြည်သို့မသွားဝံ့၍ အိပ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ ဟူသောပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။ ရှင်မဿဲခရစ်ဝင်၂း၁၉-၂၃

No comments:

Post a Comment