Tuesday, November 1, 2016

                                     တရားအမှန်နှင့် တရာစင်စစ်၌စီရင်ဆုံးဖြတ်ခြင်းအကြောင်း
၁။ဆင်းရဲသားများ၏ အပေါ်၌ အဘယ်သို့ပြုကျင့်ကြမည်သနည်း အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ်သောသူ ငှါးကိုမညှင်းဆဲရ။ နေ့စဉ်မပြတ်သူ့အခကိုပေးမည်။မပေးဘဲ နေမဝင်စေနှင့်။သူသည်ဆင်းရဲ သောကြောင့်ရ ထိုက်သော အခကိုလည်း စိတ်စွဲလမ်းလျက်ရှိလိမ့်မည်။မပေးဘဲနေလျှင်သူသည်သင့်ကိုအပြစ်တင်၍ထာဝရ ဘုရားကိုအော်ဟစ်သဖြင့်သင်၌အပြစ်ရောက်မည်ဟုစိုးရိမ်စရာရှိ၏။တရားဟောရာကျမ်း ၂၄း၁၄-၁၅ ၂။အလုပ်သမား၏ အဖိုးအခကိုအဘယ်သို့ ဘုရားသခင်မိန့်တော်ရှိသနည်း နားထောင်ကြ။သင်တို့လယ်ကွင်း၌ရိတ်သောသူတို့ကိုလှည့်စား၍အခမပေးဘဲ နေသောကြောင့်၊ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ ရှင်ယာကုပ်သြဝါဒစာ ၅း၎ ၃။မုတ်ဆိုးမကိုညှဉ်ဆဲသောသူ မိဘမဲ့သောသူများကိုထာဝရ ဘုရားသခင်အဘယ်သို့မိန်းတော်ရှိသနည်း သင်တို့ကိုစစ်ကြောစီရင်ခြင်းငှါ၊ငါချဉ်းမည်။ ပြုစားတတ်သောသူ၊သူ့မယားကိုပြစ်မှားသောသူ၊မမှန်သောကျိန် ဆိုခြင်းကိုပြုသောသူ၊သူငှါးကိုအခမပေးညှဉ်းဆဲသောသူ၊မိဘမရှိသောသူငယ်နှင့်မုတ်ဆိုးမကိုညှဉ်းဆဲသောသူ၊ ဧည်သည်ကိုမတရားသဖြင့်စီရင်သောသူ၊ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ငါသည်လျင်မြန်သောသက် သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ မာလခိအနာဂတ္တိကျမ်း ၃း၅ ၄။မတရားသောအမှု့ကိုပြာပြုသောသူအပေါင်တို့သည်အဘယ်သို့ ရှိကြသနည်း ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊မတရားသောမေထုန်၌မှီဝဲသောသူ၊လူအသက်ကိုသတ် သောသူ၊ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ဗျာဒိတ်ကျမ်း ၂၂း၁၅ ၅။မိမိခိုင်းသော တရိစ္ဆာန်များတို့၌ အဘယ်သို့မပြုရဟူ၍ ဘုရားသခင်အမိန့်တော်ရှိသနည်း အကြောင်းမူကား၊စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။တချက်ကား၊လုပ်ဆောင် သောသူသည် အခကိုခံထိုက်ပေသည်ဟု လာပြန်၏။တိမောသေသြဝါဒပဌမစောင် ၅း၈ ၆။ကိုယ်နှင့်စပ်ဆိုင်သောသူကိုအဘယ်သို့ မပြုရဟုသောပညတ်တရားရှိသနည်း ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကိုမတရားသဖြင့်မသိမ်းရ။အနိုင်အထက်ပြု၍မယူရ။သူငှါးခံထိုက်သောအခ ကိုတညဥ့်လုံး နံနက်တိုင်အောင်မထားရ။ ၀တ်ပြုရာကျမ်း ၁၉း၁၃ ၇။မိမိ၏ အိမ်နီးချင်ဥစ္စာပျောက်လျှင် ဘုရားသခင်ရှေ့ အဘယ်သို့ပြုရမည်သနည်း သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်း ဥစ္စာကိုယူသလောမယူသလောဟုဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၂း၈ ၈။မိမိ၏ တရိစ္ဆာန်သော၎င်း ဥစ္စာ တခု ခုသော်၎င်း သူခိုးယူသည် အဘယ်သို့ ပြန်၍ပေးရမည်သနည်း သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။သားရဲကိုက်လျှင်သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ထွက်မြောက်ရာကျမ်း ၂၂း၁၂-၁၃ ၉။မီးရှိုသောအခါ မြက်ပင်ကြောင့် အစဉ်တိုင်ရှောက်လောင်လျှင်၊ အယ်သို့လျော်ပေးရမည်သနည်း မီးရှို့သောအခါ မြက်ပင်ကြောင့်အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊စပါးပင်၊ လေ၌ရှိသောအ ရာတို့ကို လောင်လျှင်၊ မီးရှို့သော သူသည် အမှန် လျော်ရမည်။ထွက်မြောက်ရာကျမ်း ၂၂း၆ ၁၀။သူတပါး၏ ဥယျာဉ် မိမိ၏တရိစ္ဆာန်များသွားသောအဘယ်သို့ ပြန်၍ပြုရမည်သနည်း သူ့လယ်၊သူ့စပျစ်ဥယျာဉ်ကိုစားစေသော်၎င်း၊မိမိတိရစ္ဆာန်ကိုသူ့လယ်၌ထိန်းကျောင်းသော်၎င်း၊မိမိလယ်၊မိမိ စပျစ်ဥယျာဉ်ထဲက အကောင်းဆုံးကိုထုတ်၍ ပြန်ပေးရမည်။ထွက်မြောက်ရာကျမ်း ၂၂း၅ ဥစာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။အခနှင့်ငှါးလျှင်မူကား၊ဥစ္စာရှင်သည်အခကိုသာ တောင်းရမည်။ မပေးစားလိုသောအပျိုကို အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ကန်တော့ဥစ္စာကိုပေး၍ထိုမိန်း မကို မယားအရာ၌ မြောက်ထားရမည်။ ထွက်မြောက်ရာကျမ်း ၂၂း၁၄-၁၅ သင်၏အမျိုးသားချင်း၌အတိုးယူ၍ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှါးရ။တရားဟောရာကျမ်း ၂၃း၁၉ ၁၀။ပညတ်တရားများသည် အပြစ်ရှိသနည်း အဘယ်သို့သိရှိနားလည်ကြမည်သနည်း။ သို့ဖြစ်၍အဘယ်သို့ပြောရမည်နည်း။ပညတ်တရား၌အပြစ်ရှိသလော။အပြစ်မရှိနိုင်ရာ။သို့ရာတွင်ပညတ်တရား အားဖြင့်သာအပြစ်သဘောကိုငါသိရ၏၊အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိ စေနှင့်ဟုပညတ်တရားမဆို လျှင်၊လောဘသဘောကိုငါမသိ။အပြစ်တရားသည်ပညတ်တရားအားဖြင့်အခွင့်ရ၍၊ငါ၌အမျိုးမျိုး သောလော ဘတို့ကိုဖြစ်စေ၏။ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။ ရောမသြဝါဒစာ၇း၇-၈

No comments:

Post a Comment