အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါးကောက်လှိုင်းကို ထမ်းရ၏၊၊
သူတပါးအိမ်မှာ ဆီကို ကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏၊၊
လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏၊၊ နာသောသူတို့သည် အော်ဟစ်ကြ၏။
သို့သော်လည်း သူတို့ ဆုတောင်းသော စကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ၊၊
အချို့သော သူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ၊၊ လင်းသော လမ်းသို့ မလိုက်တတ်ကြ၊၊
လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏၊၊
ညဥ့်အခါ သူခိုးလုပ် တတ်၏၊၊ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို
မြော်လင့်၍ မိမိမျက်နှာကို ဖုံးလျက် အဘယ်သူမျှ မမြင်ရဟု ဆိုတတ်၏၊၊
လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏ အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ ၍ အလင်းကို ရှောင်တတ်ကြ၏၊၊
နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍ သေမင်းအရိပ်ကြောက်မက်ဘွယ် သောဘေးတို့ကို သိရကြ၏၊၊ယောဘဝတ္တု ၂၄း ၁၀း၁၇
၂။ကမ္ဘာဦးစ၌ လူသတ်သမားမည်သူဖြစ်သနည်း
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ကမ္ဘာဦးကျမ်း ၄း၈
၃။ယောဟန်လယ်ပင်ပင်ဘယ်သူဖြတ်သနည်း။လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာ ဖြတ်စေ၏။
ဦးခေါင်းကိုလင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်းမိမိအမိထံသို့ယူသွား၏။
ယောဟန်၏တပည့်တို့သည်လည်း လာ၍အလောင်းကိုဆောင်သွားသဖြင့်သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့သွား၍ ကြားလျှောက်ကြ၏။
ယေရှုသည်ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက်တော၌ ဆိတ်ကွယ်ရာအရပ် သို့ကြွတော် မူ၏။
လူအစုအဝေးတို့သည်ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ကုန်းကြောင်းလိုက်ကြ၏။
ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကိုချမ်းသာ ပေးတော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၁၄း၁၀-၁၄
၎။ခရစ်တော်အကြောင်း အဘယ်သို့သင်ပေးသနည်း။
သင်တို့သည် ခရစ်တော်၏အကြောင်းကို
သင်ပေးသောဆရာတသောင်း ရှိကြသော်လည်း၊ အဘအများမရှိ။ ဧဝံဂေလိတရားအားဖြင့်
ငါသည်သင်တို့ကို ယေရှုခရစ်၌ဖြစ်ဘွားစေပြီ။
ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊
နိုင်ငံသားတို့သည် အခြားသောလူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။
သို့သော်လည်း၊ သရွတ်နှင့် သံမရောနိုင်သကဲ့သို့၊ သူတို့သည်
အချင်းချင်းပေါင်းဘော်၍ မသင့်နိုင်ကြ။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄
သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန်၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၄း၁၅-၁၆
၅။ယခုခေတ်ကားလကိုမည်သို့ပံဆောင်ခြင်းရှိသတည်း
၆။ယောဘသည် ဘုရားသခင့်ထံ၌ အဘယ်သို့တောင်းရှောက်သနည်း။
လူသည် သေလျှင်အသက်ရှင် ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။
၁၅ အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။
အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။
ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
ယောဘဝတ္တု ၁၄း၁၄-၁၆
၇။ယောဘ၏ အသက်တာအတွင့်ဆင်းရဲ ဒုက္ခများခံပြီးသော အခါ ဘုရားအဘယ်သို့သော ကောင်းကြီးပေးသနည်းယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ သူခံရသော ဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း ၍ အရင်ထက် နှစ်ဆသော ဥစ္စာကို ပေးတော်မူ၏၊၊
ထိုအခါ သူ၏ ညီအစ်ကိုနှမများ၊ အရင် သိကျွမ်းသော သူများအ ပေါင်းတို့သည် သူထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူ စားသောက်ကြ၏၊၊ သူ့အပေါ်မှာ ထာဝရဘုရား ရောက်စေ တော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏၊၊ ထိုသူအပေါင်းတို့သည်လည်း ငွေတပြားစီနှင့် ရွှေနားထောင်းတဘက်စီ ပေးကြ၏၊၊
ထိုသို့ ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန် ကိုသာ၍ ကောင်းကြီးပေးတော်မူသဖြင့် သူသည် သိုးတသောင်း လေးထောင် ၊ ကုလားအုပ်ခြောက်ထောင် ၊ နွားယှဉ် တထောင်၊ မြည်းမတထောင်ကို ရတတ်၏၊၊
သားခုနှစ်ယောက်နှင့် သမီးသုံးယောက်လည်း ရပြန်၏၊၊
သမီးကြီးကား ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း၊၊
တပြည်လုံး၌ ယောဘ၏ သမီးကဲ့ သို့ လှသောမိန်းမတစ်စုံတစ်ယောက် မျှမရှိ၊၊ သူတို့၏ အဘသည် သူတို့ မောင်များနှင့်အညီအမျှ သူတို့အား အမွေ ဥစ္စာကို ဝေပေးလေ၏၊၊
ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသားမြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ
အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စ ရောက်လေ၏၊၊ ယောဘဝတ္ထု ၄၂း၁၀-၁၇
၈။အခု ခေတ်ကာလ ယုံကြည်သူများတို့ အဘယ်သူနှင့်တူညီကြသနည်း
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ကမ္ဘာဦးကျမ်း ၄း၈
၉။ဥရိယ အသက်အတွင်းအဘယ်သို့ရှိသနည်း။
မြို့သားတို့သည်ထွက်၍ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ ကျွန်အချို့တို့သည်သေကြ၏။ ဟိတ္တိလူဥရိယ သည်လည်းသေ၏။ ဓမ္မရာဇဝင်ဒုတိယစောင် ၁၁း၁၇
t
No comments:
Post a Comment