Revelation Study

1

2

3

4

5

6

Daniel Study

The Bible Study Gods Law

Monday, October 3, 2016

ကောင်းကင်တမန်သုံးပါးတို့ ၏သတင်းစကား ၁။ ဗျာဒိတ် ၁၄း၁၄ တွင် ဘာအကြောင်းကြီးကိုပြောသနည်း။ တဖန်ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။လူသားတော်နှင့်တူသောသူသည် ခေါင်းတော်၌ ရွှေသရဖူကိုဆောင်း လျှက်ထက်သောတံစဉ်ကို ကိုင်လျှက် မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၄။ ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲကထွက်၍ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူ ပါ။ရိတ်ရသောအချိန်ရောက်ပါပြီ။မြေကြီး၌ရိတ်စရာစပါးမှည့်ပါပြီဟုမိုဃ်းတိမ်ပေါ်မှာထိုင်သောသူကိုကြီးသော အသံနှင့်ဟစ်လေ၏။မိုဃ်းတိမ်ပေါ်မှာထိုင်သောသူသည်မိမိတံစဉ်ကိုမြေကြီး၌သွင်း၍မြေကြီး၏စပါးကိုရိတ် တော်မူ၏။ကောင်းကင်တမန်တပါးသည်ကောင်းကင်ဘုံ၌ရှိသောဗိမာန်တော်ထဲကထွက်၍သူ၌လည်းထက် သောတံစဉ်ပါ၏။မီးကိုအစိုးရသောကောင်းကင်တမန်တပါးသည်ယဇ်ပုလ္လင်ထဲကထွက်၍ထက်သောတံစဉ်ပါ သောသူကိုကြီးစွာသောကြွေးကြော်ခြင်းနှင့် ခေါ်လျှက်သင်၏ထက်သောတံစဉ်ကိုလွှတ်၍မြေကြီး၏စပျစ်သီး ပြွတ်တို့ကိုရိတ်လော့။အသီးမှည့်ပြီဟုပြောဆို၏။ကောင်းကင်တမန်သည်လည်းမိမိတံစဉ်ကိုမြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ ဘုရားသခင်၏အမျက်တော်တည်းဟူသောနယ်ရာတန်ဆာကြီးထဲသို့ချလေ ၏။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍အသွေးသည်တဆယ်ခြောက်ယူဇနာခရီးတလျှောက်လုံး၌မြင်းဇက် ကြိုးကိုမှီသည်တိုင်အောင်နယ်ရာတန်ဆာထဲကထွက်လေ၏။ ဗျာဒိတ်ကျမ်း ၁၄း၁၅-၂၀။ ၂။ လူသားသည်ကြွလာတော်မမူမီ လောကီသားအပေါင်းတို့အား ဘာသတင်းတရားများဟောကြားကြ မည်နည်း။ အဖြေ။ ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားများဟောရမည်။ မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်း တော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိ သည်ကိုငါမြင်၏။ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ် အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ် ၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူ ငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသော သူတို့သည်နေ့ည၌မပြတ်သက်သာမရဟု လိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏ပညတ်တို့ကို ၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာအကြောင်း ရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။ ဤသတင်းတရားသည်ခရစ်တော်ဒုတိယအကြိမ်မပေါ်ထွန်းမီကာလ၌နောက်ဆုံးသတင်းတရားဖြစ်သည်။ ထို့ကြောင့်ကိုယ်တော်ကြွလာတော်မူသောအခါအသက်ရှင်လျှက်ရှိနေသောသူတို့သည်၎င်းးသတင်းတရား များကိုအထူးသတိပြု၍ဂရုစိုက်ပြီးလျှင်လေ့ကျက်အပ်ကြရသည်။ ၃။ ပထမကောင်းကင်တမန်သည်ဘာသတင်းကိုကြော်ငြာသနည်း။ မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧ၀ံဂေလိတရားကိုဟောရသောကောင်းကင်တမန်ပါးက၊ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လြာ့ပီ။ကောင်းကင်မြေကြီး၊သမုဒ္ဒရာ နှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်း တော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟု၊ကြီးသောအသံနှင့်ပြောဆို၍ကောင်းကင်အလယ်၍ပျံဝဲလျှက်ရှိ သည်ကိုငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇။ ၄။ ဘုရားသခင်သည်တရားစစ်ကြောစီရင်မည့်အချိန်ကိုချိန်းချက်တော်မူသလော။ အကြောင်းမူကားခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်ညီလျှော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကိုချိန်းချက်တော်မူပြီ။ထိုသူကိုသေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အားယုံလောက်သောသက်သေကိုပြတော်မူပြီ။တမန်တော်ဝတ္ထု ၁၇း၃၁။ ၅။ ခ၇စ်တော်ကြွလာတော်မူသောအခါ မည်သူဆုံးရှုံးမည်၊မည်သူကယ်တင်ခြင်းရမည်ဟူသောတရားစီရင် ခြင်းသည်ပြီးစီးမည်လော။ မတရားသောသူသည်မတရားသဖြင့်ပြုစေဦး။ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ဖြောင့်မတ်သောသူ သည်ဖြောင့်မတ်စေဦး။သန့်ရှင်းသောသူသည်သန့်ရှင်းစေဦး။ငါသည်အလျှင်အမြန်လာမည်။ငါသည်အကျိုး အပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ဗျာဒိတ်ကျမ်း၂၂း၁၁-၁၂။ မှတ်ချက်။ ။ ဗျာဒိတ် ၁၄း၆-၇ တွင် တရားစီရင်ခြင်းနှင့်ကောင်းကင်သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင် ခြင်းအကြောင်းတို့သည်တပါးတည်းဖြစ်သည်။(အခန်း၄၁ တွင်သန့်ရှင်းရာဌာနနှင့်ဝတ်ပြုခြင်းအကြောင်း ကြည့်ရန်)။ကောင်းကင်တမန်သည်ဒံယေလအားရက်ပေါင်း၂၃၀၀ပြီးမှ သန့်၇ှင်းရာဌာနကိုဆေးကြောသုတ် သင်မည်ဟုပြောသည်။(ဒံယေလ၈း၁၄)ဤရက်ပေါင်း၂၃၀၀(နှစ်ပေါင်း၂၃၀၀သည် ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ်၄၅၇ ခုနှစ်မှစ၍ခရစ်တော်ပေါ်ထွန်းပြီးသည့်နောက်သက္ကရာဇ်၁၈၄၄ တွင်ဆုံးသည်။(ဒံယေလ အခန်း၁၇တွင် ရက်ပေါင်း၂၃၀၀ အကြောင်းကြည့်ရန်)သက္ကရာဇ်၁၈၄၄ခုနှစ်ကစ၍ဗျာဒိတ်ကျမ်း၁၄း၆-၇ တွင် ပထမကောင်းကင်တမန်၏သတင်းတရားသည်ဟောပြောစပြုသောအချိန်ရောက်သည်။ကမ္ဘာပေါ်တွင် ရှိအရပ်ရပ်တို့၌ ဤသတင်းတရားကိုဘာသာစကားအမျိုးမျိုးအားဖြင့်ယခုတိုင်ဟောပြောနေသောကြောင့် သက်သေများစွာရှိကြ၍၎င်းင်းနှင့်ဆိုင်သောအနာဂတ္တိကျမ်းသည်ပြည့စုံခြင်းသို့ရောက်လေပြီ။ ၆။ ဒုတိယကောင်းကင်တမန်သည်ဘာသတင်းစကားကိုကြားပြောသနည်း။ ကောင်းကင်တမန်တပါးကလည်းဗာဗုလုန်မြို့ကြီးပြိုလဲပြီ။မိမိမတရားသောမေထုန်၏အဆိပ် အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။ဗျာဒိတ်ကျမ်း ၁၄း၈။ မှတ်ချက်။ ။ဗာဗုလုန်အဓိပ္ပါယ်၊ရှုပ်ထွေးခြင်း။ယခုခေါ်ကြသော ခရစ်ယာန်အသင်းတို့သည်တစ်လုံးတ၀ တည်းမဟုတ်၊ခရစ်တော်နောက်တော်ကိုလိုက်နေသော အသင်းသားများဟူ၍ဆိုကြသော်လည်းလောက နှင့်ပူးတွဲလျှက်နေကြသည်။ခရစ်တော်နှင့်လက်တပ်သည်ဟူ၍ဆိုစဉ်တွင်လောကီနှင့်မတရားသောမေထုန် ပြုသောကြောင့်ဒုတိယကောင်းကင်တမန်သတင်းတရားသည်ဘုရားသခင်၏ကြောက်မက်ဖွယ်ဖြစ်သော (ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ) ဟူ၍ခြိမ်းခြောက်ခြင်းကိုကြော်ငြာသည်။ဗျာဒိတ် ၁၇း၅ ၌ ဗာဗုလုန်မြို့သည်ပြည့် တန်ဆာတို့၏အမိဟုခေါ်သည်။၎င်းးအခန်းကြီးကိုသတိနှင့်ဖတ်ပါလျှင်ဗာဗုလုန်မြို့ကြီးသည် ရောမပုပ်ရဟန်း မင်းကြီး၏အသင်းဖြစ်၍၊၎င်းမှဖွားသောသမီးတို့သည်ရောမအသင်းထဲကထွက်ခွါကြသော်လည်းလောကနှင့် မတရားသောမေထုန်ပြုခြင်းမကင်းသောအသင်းများဖြစ်ကြသည်။ ပေတရုသည် ဗာဗုလုန်မြို့ဟောင်းသို့ တစ်ခါမျှမရောက်စဖူး၊သို့သော်ငါ့သားမာကုမှစ၍ဗာဗုလုန်၌ရှိသောသင် တို့နှင့်အတူရွေးချယ်တော်မူသောအသင်းတော်သည်သင်တို့ကိုနှုတ်ဆက်ကြ၏ ဟုရောမမြို့ကရေးသည်။ (ရှင်ပေတရုသြ၀ါဒစာပထမစောင် ၅း၁၃။ ၎င်းရောမမြို့၌ရှိသောအသင်းတော်ကိုဗာဗုလုန်မြို့၌ရှိသောအသင်း တော်ဟူ၍ခေါ်သည်။) ၇။ တတိယကောင်းကင်တမန်၏သတင်းစကားကား အဘယ်သို့နည်း။ ထိုမှတပါး တတိယကောင်းကင်တမန်ကအကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုးကွယ် ၍သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူ ငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသောညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသော သူတို့သည်နေ့ည၌မပြတ်သက်သာမရဟု လိုက်၍ကြီးသောအသံနှင့်ပြောဆို၏။ဘုရားသခင်၏ပညတ်တို့ကို ၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာကိုသည်းခံစရာအကြောင်း ရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၉-၁၂။ မှတ်ချက်။ ။ဤသားရဲသည် ဗျာဒိတ်၁၃း၁-၂ ၌ဖေါ်ပြသည်။ဤသားရဲသည်ပါပ ရဟန်းမင်းကြီးအသင်းဖြစ် ကြောင်းကျမ်းဆရာများတို့ကသဘောတူကြသည်။ကျားသစ်၊ကျားရဲအကြောင်းအနာဂတ္တိစကားများတို့သည် ပုပ်ရဟန်းအသင်းအားဖြင့်ပြည့်စုံသည်။သားရဲတံဆိပ်တည်းဟူသောပုပ်ရဟန်းမင်းကြီးတံဆိပ်အကြောင်း ကိုတတိယကောင်းကင်တမန်၏သတင်းတရားသည်လူအပေါင်းတို့အားသတိပေးနှိုးဆော်သည်။ ထိုပုပ်ရဟန်းမင်းကြီးအသင်းသည်စတုတ္ထ ပညတ်တော် ဥပုသ်နေ့နေရာတွင် တနင်္ဂနွေနေ့၌ကိုးကွယ်ဝတ်ပြု ရန်ခရစ်ယာန်အသင်းများတို့အထဲမှာထားခြင်းသည်မိမိတန်ခိုး၏လက္ခဏာ တံဆိပ်ဖြစ်သည်ဟူ၍ကြိမ်းပ ပြောဆိုသည်။ရောမဗရင်၈ျီအသင်းကထုတ်သောဒူးဝေးဓမ္မ အမေးအဖြေစာအင်္ဂလိပ်ဘာသာ (စာမျက်နှာ ၆၇ တွင် ကြည့်ရန်)။ အမေး။ ။အသင်းတော်သည် ပွဲနေ့များနှင့်သန့်ရှင်းသောနေ့များတို့ကို ခန့်ထားနိုင်သောတန်ခိုးရှိကြောင်း အဘယ်သက်သေပြနိုင်သနည်း။ အဖြေ။ ။ဥပုသ် သည်စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲစေခြင်းအားဖြင့်ပြသည်။ ဤပြောင်းလဲခြင်းကို ဘာသာကွဲများတို့သည်သဘောတူကြသဖြင့် တနင်္ဂနွေနေ့ကိုကျပ်တည်းစွာစောင့်၍အသင်းတော်ခန့်ထား သောအခြားသောပွဲနေ့များကိုမစောင့်ကြသောကြောင့်သူတို့သည်မိမိတို့ကိုမိမိတို့ ဆန့်ကျင်ဖက်ပြုကြ၏။ ထို့ကြောင့်တတိယကောင်းကင်တမန်သတင်းတရားသည်စတုတ္ထပညတ်တော်တွင်ရှိဥပုသ်နေရာတွင်တနင်္ဂ နွေနေ့သွင်း၍၎င်းနေ့တွင်ငြိမ်ဝပ်စွာမစောင့်မခံယူရဟု သတိပေး နှိုးဆော်ခြင်းဖြစ်သည်။ ၈။ သားရဲကိုကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို ခံသောသူတို့သည်အဘယ်သို့ကြောက်မက်ဖွယ်သော အပြစ်ဒဏ်ကိုခံရမည်နည်း။ ထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက် ရလိမ့်မည်။သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊သိုးသူငယ်ရှေ့တွင်၊ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသော ညဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျှက်ရှိ၏။သားရဲနှင့်သူ၏ ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည်နေ့ည၌မပြတ်သက်သာမရကြ။ ဗျာဒိတ်ကျမ်း ၁၄း၁၀-၁၁။ မှတ်ချက်။ ။ထို့ကြောင့်အလွန်ဂရုပြုဖွယ်ဖြစ်သောတတိယကောင်းကင်တမန်၏သတင်းစကားကိုခရစ်ယာန် အသင်းသားများနားလည်ဖို့ရန်။ ဒံယေလအနာဂတ္တိကျမ်း ၇။ ဗျာဒိတ်ကျမ်း ၁၂၊၁၃၊၁၄ တို့ကိုသတိနှင်သေချာ စွာလေ့ကျက်အပ်သည်။ ၉။ ကောင်းကင်တမန်၃ပါးတို့၏သတင်းတရားကိုလောကီသားတို့အား ဟောပြောသောသူတို့သည်အဘယ် သို့သောသူတို့နည်း။ ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ယေရှု၏ယုံကြည်ခြင်းက်ု၎င်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာ ကိုသည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂။ မှတ်ချက်။ ။ကောင်းကင်တမန်သုံးပါးတို့၏သတင်းတရားသည်လူတို့အားဟောပြောနေစဉ်အခါ ခရစ်ယာန် အများတို့သည်အသင်းတို့၌ကွဲပြားခြင်းရှိမည်အကြောင်းအထက်ကျမ်းချက်ကပြသည်။ထိုခရစ်ယာန်အများ တို့သည်လောကနှင့်ပူးတွဲနေကြ၍ရောမကထွက်သောခရစ်ယာန်တရားတော်များကိုသင်ပေးစဉ်ဘုရားသခင် ၏ပညတ်တို့ကိုလည်းကောင်း၊ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ရှိကြမည်။ထိုသူတို့သည်ဗျာဒိတ် ၂၂း၁၄ တွင် ပါသောစကားထဲကချီးမွမ်းခြင်းနှင့်နှစ်သိမ့်ခြင်းတို့ကိုရကြမည်။ ( အသက်ပင်နှင့်ဆိုင်၍မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါ ပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာ ရှိကြ၏။)

No comments:

Post a Comment