Revelation Study
▼
1
▼
2
▼
3
▼
4
▼
5
▼
6
▼
Daniel Study
▼
The Bible Study Gods Law
▼
▼
Monday, October 3, 2016
ဣသရေလအမျိုးသား အဘယ်သူလဲ
ဗျာဒိတ်ကျမ်းသင်ခန်းစာ(၂၅)
ဣသရေလအမျိုးသား အဘယ်သူလဲ
က္ကှသရေလအမျိုးသား အအဘယ်သူလဲ
၁။ ထာဝရ ဘုရားသခင်သည် အားဗြံအား အဘယ်သို့သော ကတိတော်ထားရှိသနည်း။
သောဒုံမြို့သားတို့သည်ဆိုးသောသူ၊ထာဝရဘုရားရှေ့၌၊အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။ လောတ
သည်အာဗြံနှင့်ခွါ၍သွားပြီးမှ၊ထာဝရဘုရားသည်အာဗြံကိုခေါ်၍၊သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊အရှေ့၊
အနောက်သို့မြော်ကြည့်လော့။သင်မြင်သော မြေတပြင်လုံးကို၊သင်နှင့်သင်၏အမျိုးအနွယ်အား၊ငါသည်ကာလအ
စဉ်အမြဲပေးမည်။သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။သို့ဖြစ်၍လူသည် မြေမှုန်ကို ရေတွက်နိုင်
လျှင်၊သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြ လိမ့်မည်။ကမ္ဘာဦးကျမ်း ၁၃း ၁၃-၁၆
မှတ်ချက်။ဘုရားသခင်သည် ကတိတော်စကား၌ ကျွန်ပ်အပါဝင် လောကီသားအပေါင်းတို့ပင်ဖြစ်သည်
၂။အာဗြံဟံ၏ လူအမျိုးအနွှယ် ဘုရားသခင်၏ ကတိတော်၌ အဘယ်နိုင်ငံလဲ
ဂတိတော်တို့ကိုအာဗြဟံနှင့်သူ၏အမျိုးအနွှယ်၌ထားတော်မူ၏။အမျိုးအနွှယ်တို့ဟုအများသောသူတို့ကိုရည်မှတ်၍
မိန့်တော်မူသည်မဟုတ်။သင်၏အမျိုးအနွှယ်ဟုတယောက် သောသူကိုရည်မှတ်၍မိန့်တော်မူ၏။ထိုတယောက်
သောသူကားခရစ်တော်ဖြစ်သတည်း။ဂလာတိသြဝါဒစာ ၃း၁၆
အကြောင်းမူကား၊ဘုရားသခင်တည်ထောင် ပြုစုတော်မူသော၊ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သတည်း။သူ၏ခင်ပွန်း
စာရာသည်လည်းအရွယ်လွန်သောအခါ၊ပဋိသန္ဓေယူနိုင်သောအခွင့်တန်ခိုးကိုယုံကြည်ခြင်းအားဖြင့်ခံရလေ၏။အ
ကြောင်းမူကား၊ဂတိထားတော်မူသောသူသည်သစ္စာရှိသည်ဟုစိတ်စွဲလန်း ခြင်းရှိ၏။သို့ဖြစ်၍၊ထိုအမှုအရာ၌လူသေ
နှင့်တူသောသူတယောက်သည်၊အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့၎င်း၊သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်
သောသဲလုံးကဲ့သို့၎င်း၊များစွာသောသူတို့၏အဘဖြစ်သတည်း။ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ဂတိတော်နှင့်စပ်
ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲ၊အဝေးက မြော်မြင်လျက်၊စိတ်နှလုံးနှင့်ဘက်ယမ်းလျက်၊မိမိတို့သည် မြေကြီးပေါ်
မှာတကျွန်းသူတနိုင်ငံသား၊ဧည့်သည်အာဂန္တုဖြစ်သည်ကိုထင်ရှားစွာဝန်ခံလျက်၊ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။
ထိုသို့ဝန်ခံသောသူတို့သည်မိမိတို့အဘပြည်ကိုရှာကြသည်ဟုအတည့်အလင်းပြောဆိုကြ၏။ထိုသူတို့သည်အထက်က
ထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ထိုပြည်သို့ ပြန်ရသောအခွင့်ရှိကြ၏။ထိုပြည်ကိုမအောက်မေ့ဘဲ၊
ကောင်းကင်ပြည်တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ထိုကြောင့်၊ဘုရားသခင်သည်သူတို
့နှင့်သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှေက်တော်မမူသူတို့နေစရာဘို့မြို့ကိုတည်ထောင်တော်မူပြီ။ဟေဗြဲသြဝါဒစာ၁၁း ၁၀ ၁၆
မှတ်ချက်.ထိုကတိတော်စကားများ၌ဝိညာဉ်ရေးအရာ၌သနာခြင်းကရုဏာတော်ပင်ဖြစ်သည်။အာဗြံဟံသည်မြဝေသော်
ဝိညာဉ် ရေးအရာ၌အာဗြံဟံ၏သားစဉ်မြေဆက်တို့၌ဘုရားသခင်၏ကတိတော်စကားများ လောကီးသာအပေါးတို့၏ဘခင်
ဖြစ်၏
၃။ဘုရားသခင်သည် ယာကိုပ်၌ အဘယ်သိ့ကတိတော်ပေးသနည်း
ထာဝရဘုရားသည် လှေခါးထက်၌ရပ်တော်မူလျက်၊ငါသည်သင်၏အဘအာဗြဟံ၏ဘုရား၊ဣဇာက်၏ဘုရားတည်းဟူသော
ထာဝရဘုရားဖြစ်၏။သင်အိပ်သောမြေကိုသင်နှင့်သင်၏အမျိုးအနွှယ်အားငါပေးမည်။သင်၏အမျိုးအနွှယ်သည် မြေမှုန့်ကဲ့သို့
များပြားလိမ့်မည်။အရှေ့၊အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။သင်နှင့်သင်၏အမျိုးအနွှယ်
အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ကမ္ဘာဦးကျမ်းး၂၈ ၁၃-၁၄
မှတ်ချက်။နှင့်အဖြေအနန္တတန်ခိုးရှင်ဘုရားသခင်သည် ကောင်းကြီးပေး၍တိုးပွားစေသဖြင့်၊သင်သည်အမျိုးကြီးဖြစ်မည်
အကြောင်းနှင့်များပြားစေတော်မူစေသတည်း။အထက်ကအာဗြဟံအား ပေးတော်မူ၍၊သင်ယခုဧည့်သည်ဖြစ်လျက်
နေသောဤပြည်ကို၊သင်အမွေခံရမည်အကြောင်း၊သင့်အား၎င်း၊သင်၏အမျိုးအနွှယ်အား၎င်းအာဗြဟံ၏ ကောင်းကြီးမင်္ဂလာ
ကို ပေးတော်မူ စေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍လွှတ်လိုက်လေ၏။သင်၏အမျိုးအနွှယ်သည် မြေမှုန့်ကဲ့သို့များ
ပြားလိမ့်မည်။အရှေ့၊အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။သင်နှင့်သင်၏အမျိုးအနွှယ်အား
ဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
၎။ထာဝရဘုရားသခင် အထံသို့ ယာကုပ် အဘယ်သို့တောင်းဆိုသနည်း
ထိုသူကလည်း၊သင်၏အမည်ကားအဘယ်သို့နည်းဟု မေးလျှင်၊ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။နောင်၌သင်၏အမည်ကိုယာ
ကုပ်ဟူ၍မခေါ်ရ။ဣသရေလဟူ၍ ခေါ်ရမည်။အကြောင်းမူကား၊သင်သည်ဘုရားသခင်နှင့်၎င်း၊လူနှင့်၎င်း၊မင်းကဲ့သို့ပြိုင်၍ နိုင်
လေပြီဟုမိန့်တော်မူ၏။ကမ္ဘာဦးကျမ်း ၃၂း၂၇-၂၈
ဣသရေလဟူ၍ ခေါ်ရမည်။အကြောင်းမူကား၊သင်သည်ဘုရားသခင်နှင့်၎င်း၊လူနှင့်၎င်း၊မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု
မိန့်တော်မူ၏။ယာကုပ်ကလည်း၊နာမတော်ကားအဘယ်သို့နည်း။အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက်လျှင်၊
ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟုဆို၍၊ထိုအရပ်၌ ကောင်းကြီးပေး တော်မူ၏။ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု
ဆို၍၊ထိုအရပ်၌ ကောင်းကြီးပေး တော်မူ၏။အာဗြံဟံ၏အမျိုးအနွှယ်က္ကဇာက်ယာကုပ်၌ဘုရားသခင်သည်ဝိညာဉ်အရာ၌ ကတိတော်ပေးတော်မူ၏
၅။ထိုသို့အားဖြင့် က္ကသရေလအမျိုးတို့နှင့် ရှာမရိအမျိုးသား အဘယ်သို့ရှိသနည်း
ယောရှုသည်လည်း ပြည်တန်ဆာရာခပ်နှင့်သူပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့တိုင်အောင်နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှာ၊ ယောရှုစေလွှတ်သောတမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။
ယောရှုမှတ်စာ ၆း၂၅
ဗောဇသည်ရုသကိုသိမ်း၍စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည် ပဋိသန္ဒေယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။
မိန်းမတို‹သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ‹ဖြတ်တော်မမူသောထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသောအမျိုးသား ချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေကျော်စောပါစေသော။
သူသည် သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကို ကောင်းမွန်စွာပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍သားခုနှစ်ယောက်ထက် သင့်အဘို‹သာ၍ကောင်းသောသင်၏ခေíးမသည် သားယောက်ျားကို ဘွားမြင်ပြီဟု ပြောဆိုကြ၏။
နောမိသည် ထိုသူငယ် ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
အိမ်နီးချင်းမိန်းမတို့ ကလည်း၊ နောမိသည် သားယောက်ျား ကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုသြဗက် အမည်ဖြင့် မှည့်ကြ၏။ သြဗက်သားကားယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။
ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
ဟဇရုံသားအာရံ၊ အာရံသားအမိနဒပ်၊
အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
စာလမုန်သားဗောဇ၊ ဗောဇသားသြဗက်၊
သြဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။
ရုသ၀တ္တု ၄း ၁၃-၂၂
အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား၊
အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ယာကုပ်သားယုဒမှစ၍ညီနောင်တစု။ယုဒသည်မိမိခင်ပွန်း
တာမာတွင်မြင်သောသား ဖာရက်နှင့် ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသားအာရံ။အာရံသားအမိနဒပ်။
အမိနဒပ်သားနာရှုန်။နာရှုန်သားစာလမုန်။စာလမုန်သည်မိမိခင်ပွန်းရာခပ်တွင် မြင်သောသားဗောဇ။ ဗောဇ
သည်မိမိခင်ပွန်းရုသတွင် မြင်သောသားသြဗက်။သြဗက်သား ယေရှဲ။ ယေရှဲသားဒါဝိဒ်မင်းကြီးတည်း။ဒါဝိဒ်မင်း
ကြီးသည်ဥရိယ၏ခင်ပွန်းဖြစ်ဘူးသောမိန်းမတွင်မြင်သောသား ရှောလမုန်။ ရှောလမုန်သား ရောဗောင်။ ရော
ဗောင်သားအဘိယ။အဘိယသားအာသ။အာသသားယောရှဖတ်။ ယောရှက်ဖတ်သားယဟောရံ။ယဟောရံသား
သြဇိ။သြဇိသားယောသံ။ ယောသံသားအာခတ်။အာခတ်သားဟေဇကိ။ ဟေဇကိသားမနာရှေ။မနာရှေသားအာ
မုန်။အာမုန်သားယောရှိ။ ယောရှိသားယောယကိမ်။ ယောယကိမ်သည်ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်
သောသား ယေခေါနိမှစ၍ညီနောင်တစုတည်း။ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသားရှာလ
သေလ။ရှာလသေလသား ဇေရုဗဗေလ။ ဇေရုဗဗေလသားအဗျုဒ်။အဗျုဒ်သားဧလျာကိမ်။ဧလျာကိမ်သားအာဇော်။
အာဇော်သားဇာဒုတ်။ဇာဒုတ်သားအာခိမ်။အာခိမ်သားဧလုဒ်။ဧလုပ်သားဧလာဇာ။ဧလာဇာသားမဿန်။မဿန်
သားယာကုပ်။ယာကုပ်မြင်သောသားကား၊မာရိ၏ခင်ပွန်းယောသပ်တည်း။ထိုမာရိသည်ခရစ်ဟုခေါ်ဝေါ်သုမုတ်
သော ယေရှု၏မယ်တော်ဖြစ်၏။ဤသို့လျှင်၊မျိုးစဉ်နွယ်ဆက်ပေါင်းကာ၊အာဗြဟံမှသည်ဒါဝိဒ်တိုင်အောင်တဆယ်
လေးဆက်၊ဒါဝိဒ်မှသည်ဗာဗုလုန်မြို့သို့နေရာပြောင်းသည့်တိုင်အောင်တဆယ်လေးဆက်၊ဗာဗုလုန်မြို့သို့ပြောင်းပြီးမှ
သည်ခရစ်တော်တိုင်အောင်တဆယ်လေးဆက်ဖြစ်သတည်း။ ယေရှုခရစ်သည်ဘွားမြင်ခြင်းကိုခံတော်မူသောအ
ကြောင်းအရာဟူမူကား၊မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆာင်နှင်း၍မရှက်တင်မှီတွင်သန့်ရှင်းသော
ဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ရှင်မဿဲခရစ်ဝင် ၁း၁-၁၈
၆။က္ကှသရေလအမျိုးများ ဘုရားသခင်ကိုဆန့်ကြာင်သောသူတို့အဘယ်သို့ မိန့်တော်မူသည်
အိုဣသရေလအမျိုး၊တပါးအမျိုးသားကဲ့သို့ဝမ်းမြောက်ရွှင်မြူးသောစိတ်ရှိ၍မခုန်နှင့်။ကိုယ်ဘုရားသခင်၌မဆည်းကပ်၊ အခြားသောဘုရားနှင့်မှားယွင်းပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌မှားယွင်းခကိုနှစ်သက်တတ်၏။ ဟောရှေအနာဂတ္တိကျမ်း၉း၁
ယုဒရှင်ဘုရင်သြဇိမင်း၊ ယောသံမင်း၊အာခတ်မင်း၊ ဟေဇကိမင်း၊ဣသရေလရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့လက်
ထက်၊ ဗေရိ၏သား ဟောရှေသို့ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော်အစအဦးဟူမူကား၊သင်သွား၍ ပြည်တန်
ဆာမိန်းမနှင့်တကွသူဘွားမြင်သောသားသမီးတို့ကိုသိမ်းပိုက်လော့။အကြောင်းမူကား၊ ပြည်သားတို့သည်ထာဝရဘုရားကို စွန့်ပစ်၍အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည်အတိုင်း၊
မှတ်ချက်။က္ကှသရေလအမျိုးသားများသည်ဘုရားသခင်ကိုဆန့်ကြင်သောသူများပြည်တန်ဆာမိန်းမဗာဗုလုန်
အခုလက်စကား အရာပြောမယ် နှုတ်ကတော့ဘုရားယုံကြည်ကွယ်သူဖြစ်သို့သော်အစွန်အဖြားမှာဘဲရှိတယ်
အဘယ်သိုခေါ် ဆိုသနည်းမူကား ဗာဗုလုန်သမီး ပြည့်တန်ဆာမသမီး
၇။ဗာဗုလုန် ၌ ကျွန်ခံသောသူ အဖွဲံဘယ်နှစ်ဖွဲ့ရှိလဲ
ယုဒအမျိုးအသက်ကြီးသူတို့သည်တည်ဆောက်၍၊ပရောဖက်ဟဂ္ဂေနှင့်ဣဒေါသားဇာခရိဟောသောအားဖြင့်၊အကြံထမြောက် ကြ၏။ဣသရေလအမျိုး၏အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ဒါရိမင်းအမိန့်တော်အတိုင်း၊တည်ဆောက်၍၊လက်စသတ်ကြ၏။
ဒါရိမင်းကြီးနန်းစံခြောက်နှစ်၊အာဒါလသုံးရက်နေ့တွင်အိမ်တော်သည်ပြီးပြည့်စုံ၏။ဣသရေလအမျိုးသား၊ယဇ်ပုရောဟိတ်၊ လေဝိသား
အစရှိသောသိမ်းသွားခြင်းကိုခံဘူးသောအမျိုးသားချင်းရှိသမျှတို့သည်ဘုရားသခင်၏အိမ်တော်ကိုဝမ်းမြောက်သောစိတ်နှင့်
အနုမောဒနာပွဲခံကြ၏။ထိုအိမ်တော်၏အနုမောဒနာပွဲတွင် နွားတရာ၊သိုးထီးနှစ်ရာ၊သိုးသငယ်လေးရာကိုင်း၊ဣသရေလအမျိုးတဆယ်
နှစ်မျိုးအလိုက်အမျိုးသားအပေါင်းတို့၏အပြစ်ဖြေရာယဇ်တည်းဟူသောဆိတ်ထီးတဆယ်နှစ်ကောင်ကိုင်း၊ယဇ်ပူဇော်ကြ၏။
ဧဇရမှတ်စာ ၆း၁၄-၁၇
ထိုကြောင့်၊ ယေရုရှလင်မြို့တဖန်တည်ထောင်ပြုစုစေခြင်းငှါ၊အမိန့်တော်ရှိသည်နေ့မှစ၍၊ခရစ်တော်သခင်၏လက်ထက်တိုင်အောင်၊
ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်းကြာလိမ့်မည်ဟုသိမှတ်နားလည်လော့။အနှောင့်အရှက်ခံရသောကာလ၌မြို့လမ်းကိုတဖန်
တည်ထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှခရစ်တော်သည်အခွင့်မရဘဲအသေသတ်
ခြင်းကိုခံရလိမ့်မည်။ထိုနောက်မှလာသောသခင်၏လူတို့သည်မြို့တော်ကိုင်း၊သန့်ရှင်းရာဌာနကို၎င်းဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသော
အားဖြင့်ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။အဆုံးတိုင်အောင်စစ်တိုက်ခြင်း၊ပျက်စီးရာနှင့်ဆိုင်သောစီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။တသိတင်းတွင်
လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ထိုသိတင်းတဝက်တွင်ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။ရွံရှာဘွယ်သောအရာ၏
အထွဋိပေါ်သို့ဖျက်ဆီးသောသူသည် ရောက်၍၊စီရင်ဆုံးဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကိုမလွှမ်းမိုးမှီတိုင်
အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း၉ ၂၅-၂၇
သခန်းစာနှစ်ကိုပြန်ဖတ်ပါ
ဗျာဒိတ်ကျမ်း၏ အနက်အဓိပ္ပါယ်
၈။က္ကှသရေလအမျိုးသာများ ကိုသမ္မာသစ်ကျမ်း၌ အဘယ်သို့ဖော်ပြခြင်းရှိသနည်း
ထိုမှတပါး၊ရှိလောင်ပြအိုးလဲ၍ပိသောသူတကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက်သာ၍အပြစ်ရှိ
သည်ဟုထင်ကြသလော။သာ၍အပြစ်ရှိသည်မဟုတ်။သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင်ပျက်ဆီးခြင်းသို့ ရောက်
ကြလိမ့်မည်၊ငါဆိုသည်ဟုမိန့်တော်မူ၏။ရှင်လုကာခရစ်ဝင် ၃း၎-၅
နောင်တမရလျှင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟုငါဆို၏။ ယေရုရှလင်မြို့သားအပေါင်းတို့ထက်သာ၍အပြစ်ရှိသည်ဟု
ထင်ကြသလော။အကျွန်ုပ်သည်အပင်နားပတ်လည်ကိုတူးဆွ၍ နောက်ချေးကိုဖို့ပါမည်။အသီးသီးကောင်းသီးပါလိမ့်မည်။သို့
မဟုတ် နောက်မှခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟုမိန့်တော်မူ၏။
၉။သင်္ဘောသဖန်းပင်အားဥပာမာပုံဆောင်၍က္ကှသရေးလလူးမျိုးတို့ခရစ်တော်အဘယ်သို့မိန်တော်မူသနည်း
မေကိုတူး၍ ကျောက်ခဲတို့ကိုရှင်းလင်းစေပြီးမှ၊အကောင်းဆုံးသောစပျစ်နွယ်ပင်တို့ကိုစိုက်ပျိုးတော်မူ၏။ဥယျာဉ်ထဲမှာမှီခိုရာ
တဲလင့်ကိုလည်း ဆောက်၍၊စပျစ်သီးနယ်ရာကျင်းကိုလည်းတူးတော်မူ၏၊၊ထိုအခါစပျစ်သီးကိုသီးမည်ဟုမြော်လင့်သည်ရှိသော်၊
ဗောရှသီးကို သီးပါသည်တကား၊၊ဟေရှာယအနာဂတ္တိကျမ်း ၅း ၅း၂
တဖန်ဥပမာကိုမိန့်တော်မူသည်ကား၊လူတယောက်သည်ဥယျာဉ်၌စိုက်သောသင်္ဘောသဖန်းပင်တပင်ရှိ၏။ထိုအပင်သို့လာ၍
အသီးကိုရှာသော်လည်းမတွေ့။ထိုအခါဥယျာဉ်စောင့်အားလည်း၊သုံးနှစ်ပတ်လုံးဤသင်္ဘောသဖန်းပင်သို့ငါလာ၍အသီးကိုရှာ
သော်လည်းမတွေ့မရ။ခုတ်ပစ်လော့။အဘယ်ကြောင့်မြေကို နှောက်ယှက်ရသနည်းဟုအမိန့်ရှိသော်၊ဥယျာဉ်စောင့်က၊သခင်၊
ယခုနှစ်ရှိပါစေဦး။အကျွန်ုပ်သည်အပင်နားပတ်လည်ကိုတူးဆွ၍ နောက်ချေးကိုဖို့ပါမည်။အသီးသီးကောင်းသီးပါလိမ့်မည်။သို့မ
ဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။ရှင်လုကာခရစ်ဝင် ၁၃း၃၄း၃၅
၁၀။ယေရှုခရစ်တော် က္ကှသရေလအမျိုးတို့အား အဘယ်ဥပမာ ပုံဆောင်၍ အမိန်တော်မူသနည်း
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲ
နှင့်ပစ်မြဲရှိ၏။ကြက်မသည်မိမိသားငယ်တို့ကိုအတောင်အောက်၌စုရုံးသကဲ့သို့သင်၏သားတို့ကိုစုရုံးစေခြင်းငှါကြိမ်ဖန်များစွာငါအ
လိုရှိ၏။သင်မူကားအလိုမရှိ။သင်တို့နေသောအိမ်သည်သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ငါဆိုသည်ကား၊ထာဝရဘုရား၏
အခွင့်နှင့်ကြွလာသောသူသည်မင်္ဂလာရှိစေသောဟုသင်တို့မပြောမှီတိုင်အောင်ယခုမှစ၍သင်တို့သည်ငါ့မျက်နှာကိုမမြင်ရကြဟု
မိန့်တော်မူ၏ ရှင်လုကာခရစ်ဝင် ၁၃ ၃၄-၃၅
ယရေုရှလင်မြို့ဘုရားသခင်ဗိမာန်တော်ထဲ၌မရှိတော့ သောကြောင့်ယုဒလူမျိုးတို့ခရစ်တော်၏အထံသို့ ခေါ်ဆောင်သောလည်း
နားမထောင်ကြသောကြောင့် ဘုရားသခင်ထိုသူတို့စွန့်လွန်တော်မူသည်
၁၁။က္ကသရေလအမျိုးသား၌ အခွင့်အရေး ဘုရားသခင်ရေါးကောက်တော်မူခြင်း၌ အဘယ်သို့ရှိသနည်း
အခြားသောဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍အခြားသောပြည်သို့သွားလေ၏။
အသီးသီးချိန်ရောက်သော အခါ၊ အသီးကိုခံစေခြင်းငှါငယ်သား တို့ကိုဥယျာဉ်စောင့်တို့ရှိရာသို့စေလွှတ်လေ၏။
ထိုသူတို့သည် ငယ်သားများကိုဘမ်းပြီးလျှင်တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကိုခဲနှင့်ပစ်ကြ၏။
နောက်တဖန် အရင်ထက်များသောအခြားငယ်သားတို့ကိုစေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။
နောက်ဆုံးဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကိုအားနာကြ လိမ့်မည် ဟုဆို၍မိမိသားကို စေလွှတ်လေ၏။
ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူကိုသတ်၍သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်၍၊
ဥယျာဉ်၏ သားကိုဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ် သို့ပြုမည်နည်းဟု မေးတော်မူ၏။
ပရိသတ်တို့ကလည်း၊ ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့် မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အားထို ဥယျာဉ်ကို ငှါးပါလိမ့်မည်ဟုလျှောက်ကြ၏။
ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကိုကျမ်း စာ၌သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နှုတ်၍နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတံ့။
အကြင်သူသည်ထိုကျောက်အပေါ်သို့ကျ၏၊ ထိုသူသည်ကျိုးလတံ့၊ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည်ကျ၏၊ ထိုသူသည်ညက်ညက်ကြေလတံ့ ဟုမိန့်တော်မူ၏။
ထိုဥပမာစကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော် မူသည်ကိုသိကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁
၁၂။ထိုနည်းအား က္ကှသရေလလူမျိုးတို့အား တပြည့်တော်တို့၌ အဘယ်သိုမျက်လွှဲတော်မူသနည်း
ထိုအခါ ပေါလုနှင့်ဗာနဗတို့က ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ရှေ့ဦးစွာဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည် မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။
တမန်တော်ဝတ္ထု ၁၃း၄၆း
၁၃။က္ကှသရေလအမျိုးတို့အားခရစ်တော်ပေါ်ထွန်းပြီးနောက်ခရစ်တော်လက်ဝါးကားတိုင်၌ သေပြီးနောက်
အဘယ်သို့ရှိသနည်း
အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။
အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်း လည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော် နှင့်ဆိုင်သတည်း။
ရောမသြဝါဒစာ ၂း ၂၈-၉
အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်
သင်သည် ပညတ်တရားကိုကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲဖြစ်ပြန်၏။
ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျား လှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။
၁၄။ဓမ္မသစ်ကျမ်း၌ က္ကှသရေလလူးတို့သည်ဘုရား ဘုရားသခင်၏ သားသမီးမဟုတ်သလော့
ထိုသို့ဆိုသော်ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွှယ် သောသူအပေါင်းတို့သည် ဣသရေလလူမှန်မဟုတ်။
ထိုနည်းတူအာဗြဟံ၏ အမျိုးအနွှယ် ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏ သားမှန်မဟုတ်။ ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏ သားမှန်မဟုတ်။ ဂတိတော်နှင့် ဆိုင်သောသားတို့သည် အမျိုးအနွှယ်မှန်သည်ဟု မှတ်တော်မူ၏။
ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။ ရောမသြဝါဒစာ ၉ ၆-၈
၁၅။က္ကှသရေလအမျိုးသားတို့ အဘယ်နည်းအားဖြင့် က္ကှသရေလအမျိုးအစစ်ဖြစ်နနိုင်သနည်း
ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။
ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ ရောမသြဝါဒစာ ၁၁း၁၃-၁၅
ငါ့ကိုဆက်၍ စိုက်ခြင်းငှါ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကိုနှမြော တော်မူမည်လော။
သို့ဖြစ်၍ လဲသောသူ တို့၌ ပြင်းစွာစီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌ သင်သည် တည် နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော် ကို၎င်း၊ ဤနှစ်ပါးကိုအောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကိုခံရမည်။
သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန်ဆက်၍ စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍စိုက်ခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။
ရောမသြဝါဒစာ ၁၁း၁၉-၂၃
မှတ်ချက်။ယေရှုခရစ်တော်ကိုယွုကြည်လက်ခံသောသူသာလျှင် တကင်ခြင်းသို့ရောက်လိမ့်မည်က္ကသရေလ
အမျိုးနွှယ်အမှန်ဟုတ် ဘုရားသခင်သည် အာဗြံဟံအား ဘုရားသခင်၏ ကတိတော်စကာ၌ ကယ်တင်လူမျိုး
အပေါးတို့ရည်မှတ်၍ မိန့်တော်မူခဲါသည်
၁၆။လူမျိုး နှစ်မျိုးတို့အဘယ်သို့ရန်ကိုငြိမ်းစေသနည်း
အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓွာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊
ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ဧဖက်သြဝါဒစာ ၂း ၁၄-၁၆
ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။
ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တတိုက်လုံးသည် စေ့စပ်၍ ကြီးပွား သဖြင့်၊ သခင်ဘုရားအဘို့ အလိုငှါ သန့်ရှင်းသောဗိမာန်တော်ဖြစ်၏။
ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက် ရှိကြ၏။ ဧဖက်သြဝါဒစာ ၂း ၁၉း-၂၂
၁၇။ ယခုခေတ်ကာလ၌ ယုဒလူမျိုးနှင့် တပါးအမျိုးတို့သည် အဘယ်သို့ရှိကြသနည်း
ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ဂလာတိသြဝါဒစာ ၃း ၂၈
၁၈။ခရစ်တော်ကိုယုံကြည်သူဖြစ်ပြီနောက်အဘယ်သို့ခေါ်သနည်း
ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွှယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။ဂလာတိသြဝါဒစာ ၃
မှတ်ချက်။ခရစ်တော်ကိုလက်ယုံကြည်သူတို့သည် အာဗြံဟံ၏အဆက်အသွယ် အမျိုးနွှယ်ဖြစ်ကြသည် ထိသူသည် က္ကှသရေလအမျိုးအနွှယ် အာဗြဟံ၌ ဘုရားသခင်၏ကတိတော် စကား၌ အာဗြဟံ၏ အမွေခံ
ရသောသူများဖြစ်၏ သမ္မာသစ်ကျမ်း၌ အသင်းတော်များတို့သည် ခရစ်တော်၌သာတည်လျက်ရှိကြသည်
ဘုရားသခင် က္ကှသရေလတို့၏ဘုရားသခင်ဖြစ်၏ အနက်အဓိပ္ပါယ်မှာ ဘုရားသခင်၌ ဖြေင့်ခြင်းနှင့် သစ္စာ
ရှိတည်ခြင်း
၁၉။က္ကှသရေလအမျိုးသားတို့နောက်ဆုံးသောသူအဘယ်တွေဖြစ်ကြသမည်း
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂
မှတ်ချက်။ မာနတ်သည် အဘယ်သူ့ကိုအငြိုးထားသည် ဘုရားသခင်၏ပညတ်တို့ကိုကျင့်သောအသင်းတော်ယေရှုခရစ်တော်၏သက်သေခံချက်တို့စွဲလမ်းသောသူသမ္မတရား၌တည်ရှိကြာသောသမ္မာကျမ်းဘုရားသခင်
နှုတ်ကပတ်တော်အတိုင် အသက်ရှင်သောသူ များဖြစ်ကြသည်
No comments:
Post a Comment