Revelation Study

1

2

3

4

5

6

Daniel Study

The Bible Study Gods Law

Monday, October 3, 2016


ဘုရားသခင်၏တရားစီရင်ခြင်း၌ ကရုဏာကိုပြသော ဘုရား ဖြစ်၏။ ဗှာဒိတ်ကျမ်သင်ခန်းစာ(၁၅) ဘုရားသခင်၏တရားစီရင်ခြင်း၌ ကရုဏာကိုပြသော ဘုရား ဖြစ်၏။ ဘုရားသခင်တရားစီရင်ခြင်း၌,သနားခြင်းကရုဏာကိုပြသောဘုရားဖြစ်၏ ကျွန်ပ်တို့ဘုရားသခင်၏နှုတ်ကပတ်တော်၌.ဘုရားသခင်တရားစီရင်ခြင်းအရာများ၌သနားခြင်း.ကရုဏာကိုကိုပြာတော် မမူထသောဘုရားဖြစ်ကြောင်းသိရှိနားလည်ရပေ၏သင်ခန်းစာ(၁၄)၌ပါရှိသောတရားစီရင်တရား၌ယခုဘုရားသခင်၏။ ကောင်းကင်၌တရားစီရင်ခြင်းအစပြုနေသည်ဖြစ်၍ကျွန်ပ်တို့လောကီသားအယောက်ဆီတိုင်သိရှိနားစေအတွက်ဘုရား၏။ ကျေကျွန်များတို့ ကြွေကြော်နေကြခြင်းဖြစ်၏သတိပေးနိုးဆော်နေခြင်းဖြစ်၏ကျွန်ပ်တို့ လောကီသားအပေါင်းတို့သည်၊ ပညတ်တရားအားဖြင့်ပြည့်စုကြသည်မဟုတ်၊ဘုရားသခင်၏သနားခြင်းကရုဏာကိုအယောက်ဆီတိုင်ခံစာခွင့်ကိုရရှိစေရန် အတွက်ကျွန်ပ်ဘုရားသခင်ကျွန်ဖြစ်၍ဘုရားသခင်၏အချစ်ခြင်းမေတ္တာကရုဏာကိုခံစားသောကျွန်အစင်စစ်ဖြစ်သောကြောင့် ဘုရားသခင်၏သနားခြင်းကရုဏာ၌အယောက်ဆီတိုင်ခံစားခွင့်ရှိစေလိုသောစိတ်နှင့်၊ထိုအနာဂတ္တိစကားများဘုရားသခင်၏၊ တရားစီခြင်အလွန်မှအရေးကြီးလှပေ၏၊ဘုရားသခင်အကြံစီတော်ကိုဘုရားသခင်မိန့်တော်မူသောအချက်(၁၀၀၀)တိုင်တိုင်ရှိ၏ ဗျာဒိတ်ကျမ်း၌.တရားစီခြင်း၌.ကြယ်သောအသံ ကြွေကြော်ကြ၏.ဘုရားသခင်၏.သန့်ရှင်းသောဝိညာဉ်တော်သည်ဗျာဒိတ်ကျမ်း သင်ခန်းစာများ အရေးကြီးသောအရာတို့ဖော်ပြပါစေသော ၁။တရားပလ္လင်ရှေ့၌ စစ်ကြောစီရင်ခြင်းငှါ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်လော့။ အကြောင်းမူကား၊ငါတို့ရှိသမျှသည်ကိုယ်ခန္ဓွာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်းအကျိုးအပြစ်ကိုအသီးအ သီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်ကောရိန္တုသြဝါဒစာဒုတိယစောင် ၅း၁၀ မှတ်ချက်။နှင့်အဖြေများ ၁။ ကိုယ်ခန္ဓွာ၌ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ၂။ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။ ၂။ကောင်းကင်၌တရားစီရင်ခြင်း အဘယ်အချိန်ကာလမှ စ၍တရားစီခြင်းအစပြုသနည်း ယခင်ပြောသောသူက၊ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထိုနောက်၊သန့်ရှင်းရာဌာနကိုတဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄ မှတ်ချက်။နှင့် အဖြေ။ ၁။ ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင် တည်လိမ့်မည်။ တရားစီရင်ခြင်းအနှစ်(၁၈၄၄နှစ်တွင်အစပြုခဲ့လေသည်ထိုအချိန်ကာလ၌ ယေရှုခရစ်တော်သန့်ရှင်းရာဌာန၌သန့်ရှင်းဆုံးဌာန် တည်ရှိတော်၏။ တဖန် ကောင်းကင်ဘုံ၌ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ဗိမာန်တော်ထဲမှာပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။လျှပ် စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ မြေလှုတ်ခြင်း၊အလုံးကြီးစွာသောမိုဃ်းသီးကျခြင်းဖြစ်ကြ၏။ဗျာဒိတ်ကျမ်းး၁၁း၁၉ ၃။အသင့်၏အတွက် အဘယ်သူရှေ့နေလိုက်ပေးနေသနည်း ဘုရားသခင်သည်ကိုယ်တော်တိုင်ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည်ထင် ရှားစွာပြကြ လိမ့်မည်၊၊ဆာလံကျမ်းး၅၀း၆ ၁။ဘုရားသခင်ကိုတော်တိုင်း တရားဆုံဖြတ်တော်မူသည် လူအပေါင်း တို့သည် ခမည်းတော်ကို ရိုသေသည် နည်းတူ၊ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၂ ခမည်တော်သည် သားတော်ထံတော်တရားစီရင်ပေးတော်မူ၏ ၄။ခမည်တော် နှင့် သားတော် ကျွန်ပ်တို့၏ အပေါ်၌ အဘယ်သို့ရှိသနည်း အကြောင်းမူကား၊သင်တို့သည်ငါ့ကိုချစ်ကြ၍၊ငါသည်ဘုရားသခင်အထံတော်မှကြွလာသည်ကိုယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင်သင် တို့ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆း၂၇ အကြောင်းမူကား၊ထိုသို့သောအမှုသည်ကောင်းသောအမှုဖြစ်၏။ငါတို့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်းဖြစ်၏။လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကိုသိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။တိမောသေသြဝါဒပဋ္ဌမစောင်း ၂း၃-၄ မှတ်ချက်။နှင့်အဖြေ။ထိုသို့သောအမှုသည်ကောင်းသောအမှုဖြစ်၏။(က)အရှင်ဘုရားသခင် နှစ်သက်တော်မူသော အမှုလည်းဖြစ်၏။(ခ)လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။(ဂ) ၅။ဘုရားသခင်သည်တရားစီရာ၌ သစ္စာနှင့်ပြည့်သနည်း ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသောအချိန်ရှိပြီ။ငါတို့ကိုရှေ့ဦးစွာစစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ဧဝံဂေလိတရား စကားကို နားမထောင်သောသူတို့၏အမှုသည်အဘယ်သို့ပြီးလိမ့်မည်နည်း။ ရှင်ပေရုသြဝါဒစာပဋ္ဌမစောင် ၄း၁၇ သင်သည်ဘုရားသခင်၏အိမ်တော်၌အဘယ်သို့ကျင့်ကြံ ပြုမူရမည်ကိုသိစေခြင်းငှါဤသို့ငါရေး၍ပေးလိုက်၏။ထို အိမ်တော်ကား၊အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်ဖြစ်၏၊ထိုအသင်းတော်ကား၊သမ္မာတရား၏ အမှီတကဲဖြစ် ၏။သမ္မာတရား၏ တည်ရာလည်းဖြစ်၏။ တိမောသေသြဝါဒစာပဋ္ဌမသောင်၃း၁၅ မှတ်ချက်။ဘုရားသခင်အိမ်တော်၌ သမ္မာတရားအတိုင်း ဘုရားသခင်၏ ကျွန်တို့သည် သမ္မာတရားကိုအမှိ၍ အသက်ရှင်ခြင်းအသက်တာတရားဟောဆရားများအဲ့ဒီတရားဆရာအထဲ့မှာကျွန်တော်မပါဘူးကျွန်တော်ကတရားဟော ဆရာမဟုတ်ဘုရားသခင်၏ ကျွန်တယောက်သာ ၆။ယေရှုခရစ်တော်ကျွန်ပ်တို့ အဘခမည်တော်ရှေ့ အဘယ်သို့မှုကိုပြုသနည်း ထိုကြောင့်၊ ကောင်းကင်ဘုံ၌ရှိသောအရာတို့၏ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရမည်ဖြစ်၍၊ ကောင်းကင်အရာတို့ကိုသာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့်စင်ကြယ်စေရ၏။ထိုသို့နှင့်အညီ၊မှန်သော သန့်ရှင်းရာဌာနတို့၏ပုံဖြစ်သော၊လူတို့လက်ဖြင့်လုပ်သောသန့်ရှင်းရာဌာနထဲသို့ခရစ်တော်သည်မဝင်ဘဲ၊ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။ ဟေဗြဲသြဝါဒစာ ၉း၂၃-၂၄ ထိုကြောင့်၊ခရစ်တော်သည်လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍၊ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသောယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊မိမိညီအစ်ကိုတို့နှင့်လုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကိုကိုယ်တော်တိုင်ခံ၍ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့်၊စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။ဟေဗြဲသြဝါဒစာ ၂း၁၇-၁၈ မှတ်ချက်။ယေရှုခရစ်တော်သည် ကျွန်တော်တို့အတွက် အပြစ်ဖြေစရာအဘို့အလို့ငှါ ဘုရားသခင်၏ရှေ့၌ ဆုတောင်းခြင်းဖြစ်၏ ဘုရားသခင်၏သနားခြင်ကရုဏာအားဖြင့် ကျွန်ပ်တို့ ဘုရာသခင်၌ သစ္စာရှိရကြမည် ၇။တရားစီရင်ခြင်းတရားအထဲ အဘယ်သို့ ကယ်တင်ခြင်းရကြမည်သနည်း အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊လူနှင့်ဆိုင်သော အမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာသတည်း။အကြောင်းမူကား၊ဘုရားသခင်သည်ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍၊တရားသဖြင့်စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ဒေသနားကျမ်း ၁၂း၁၃-၁၄ မှတ်ချက်။ဘုရားသခင်ကြောက်ရွံ့သောသနှင့် ဘုရားသခင် ပညတ်တရားမျာစောင့်ရှောက်ရမည်ဖြစ်၏ တရားစစ်ကြောခြင်း၌ ကောင်းမကောင်းအလုံးတို့စစ်ကြောစီရင်မူလိမ့်မည်။ ၈။ယေရငခရစ်တော် တရားအဘယ်သို့အပေါ်၌တရားစစ်ကြောတော်မူမည်သနည်း အဘယ်သို့နည်းဟူမူကား၊ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတခု၌မှားမိလျှင်၊ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။သူ့မယားကိုမပြစ်မှားနှင့်ဟုပညတ်တော်မူသောသူက၊လူအသက်ကိုမသတ်နှင့်ဟုပညတ်တော်မူသေး၏။ သို့ဖြစ်၍သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊လူအသက်ကိုသတ်လျှင်၊ပညတ်တရားကိုလွန်ကျူးသောသူဖြစ်၏။ လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊စကားပြောခြင်း၊အမှုပြုခြင်းကိုစီရင်ကြလော့။ရှင်ယာကုပ်း၂း၁၀း၁၂ ၁။ငါမှတပါးအခြားသောဘုရားကိုမကိုးကွယ် နှင့်။ကိုးကွယ်တယ်၊Sun.dayပထနေ့ဥပုသ်နေ့၊လုပ်ပြီးကိုးကွယ်တယ်.Dictionary မှာ ရက်သတ္ထပတ်၏ ပထသောနေ့ရက် ၂။ရုပ်တုဆင်းတုကိုကိုယ်အဘို့မလုပ်နှင့်။ဦးမချဝတ်မပြုနှင့်။ဥချလားချတယ် ရောမအသင်းတော်မှာ ပြောင်းထားဥပုသ်နေ့ -ဆိုပြီးကျင့်ကြံ နေတယ် ၃။ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။မြွက်ဆိုတယ်..Sun,Day,မှာ.ဘုရားသခင်၏၊ဥပုသ်နေ့မဟုတ်ဘဲနှင့်..ဘုရားသခင်နာမတော်ကိုအမှီ၍ပြောဆိုနေတယ် ၄။ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ မအောက်မေ့ဘူး ၅။သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။မပြုဘူး ၆။လူအသက်ကိုမသတ်နှင့်။သတ်နေတယ် ၇။ သူ့မယားကိုမပြစ် မှားနှင့်။ပြစ်မှားတယ် ၈။သူ့ဥစ္စာကိုမခိုးနှင့်။ခိုးတယ်..ဘယ်သူဟာခိုးလဲ..ဘုရားသခင်၏ငွေကိုခိုးတယ်..မုသာနှင့်ဆိုင်သော..သက်သေခံပြီးဆယ်ဖို့ .တဖို့ယူတယ် ၉။ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌မမှန်သောသက်သေကိုမခံနှင့်။လုပ်တယ်..ဘယ်လိုပ်လဲ..တနှင်္ဂနွေနေ့..ဥပုသ်နေ့..မဟုတ်ဘဲနှင့်အဟုတ် ပြောနေတယ် ၁၀။ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာတစုံတခုကိုမျှတပ်မက်လိုချင်သောစိတ်။လိုချင်တယ်...သမ္မာကျမ်းစာမှာမရှိတဲ့အရာကို..အရှိလုပ်ပြီး..သူများ ဆီကအလှူငွေယူနေတယ် မရှိစေနှင့်။ဘယ်သူ့ဥစ္စာလိုချင်လဲသိလား..ဘုရားသခင်၏..ဥစ္စာသူတို့လိုချင်တယ်..တနှင်္ဂနွေနေ့..ဘုရားသခင်ရဲ့ပညတ်အထဲမရှိဘဲနှင့်မရှိလုပ်ပြီး အလှူငွေ..ကောက်နေကြတယ် မှတ်ချက်။ဘယ်သွားပြည့်လဲသိလား ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတခု၌မှားမိလျှင်၊ပညတ်တရားအလုံးစုံကိုလွန်ကျူးသောအပြစ်ရှိ၏။ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ ချစ်သူတို့၊ သင်တို့အား ငါရေးထားသောပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။ တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်း မူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။ မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ငါသည်အလင်း၌ရှိ၏ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ရှိသေး၏။ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင်း၂း၃-၉ ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကိုငါတို့ သိရကြ၏။ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင်း၅း ၂-၃ ငါပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည်ငါ့ကိုချစ်သောသူဖြစ်၏။ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်သည် ချစ်တော်မူမည်။ငါသည်လည်းထိုသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမည်ဟုမိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၂၁ ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊ ခမည်း တော်သည်သမ္မာတရားကိုပြသောဝိညာဉ်တော်တည်းဟူသောတပါးသောဥပဇ္ဈယ်ဆရာကိုသင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁၅-၁၆ အသက်ပင်နှင့်ဆိုင်၍၊မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏။ ဗျာဒိတ်ကျမ်း ၂၂း၁၄ ၉။ဘုရားသခင်ရေးမှတ်တော်မူသော..စာစောင်များ၌အရေးကြီးစာစောင်.အဘယ်သို့သောစာသနည်း ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။ဗျာဒိတ်ကျမ်း ၃း၅ ဤစာစောင်၏အနာဂတ္တိစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခံသည်ကား၊အကြင်သူသည်ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကိုထိုသူအပေါ်သို့ဘုရားသခင်သက်ရောက်စေတော်မူမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၈-၁၉ မှတ်ချက်။ယေရှုခရစ်ရေးမှတ်ထားစာစောင်များထိသူတို့နာမများရှိ၏ ကောင်းတမန်များ ရှေ့၌ခရစ်တော်သည်ဝန်ခံမည်ဖြစ်၏ သို့ရာတွင် အဘယ်စာ၌မိမိရှိနေလဲ..ပြန်စစ်ဆေးပါ.. ဗျာဒိတ်ကျမ်း ၂၂း၁ ၈ အတွင်၌ မိမိရှိနေရင် လုံးဝသက်စာစောင်၌မရှိဘူး ယေရှုခရစ်တော် အသင့်အားပယ်ဖျက်လိမ့်မည်(တနှင်္ဂနွေနေ့..ကိုဥပုသ်နေ့ပါလို့သက်သေခံနေလျှင်..သမ္မာကျမ်းစာများအသင်္စံသွန်းနေခြင်းသို့သက် ရောက်နေသည်..သတိထားပါ။ဗျာဒိတ်ကျမ်း ၂၂း၁၉ ဘုရားသခင်၏ဥပုသ်နေ့..သတ္တမနေ့..စနေနေ့..ထိုနေ့ကို..အသင့်ပယ်ဖျက်ရင်လည်း..ဘုရားသခင်အသင့်အားအသက်စာစောင်၌ နှုတ်ပယ်ခြင်း..ဧကန်အမှန်ခံရမယ် ၁၀။ထိုသို့တရားစီရင်၌ အဘယ်သို့အားဖြင့်တရားစီရင်ခြင်းကို အဘယ်သို့ရှိကြမည်သနည်း ငါသည်အလျှင်အမြန်လာမည်။ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊လူအသီးအသီးတို့အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည် ဗျာဒိတ်ကျမ်း ၂၂း၁၂ သို့သော်လည်းနတ်ဆိုးကိုနိုင်ရသော ကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနှင့်။သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၁၀း၂၀ ကောင်းကင်စာရင်း၌ဝင်သောသားဦးတို့၏အသင်းတော်သို့၎င်း၊ခပ်သိမ်းသောသူတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်အထံတော် သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်းတို့၏စိတ်ဝိညာဉ်တို့ထံသို့၎င်း၊ ပဋိညာဉ်တရားသစ်၏အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊အာဗြေလ၏အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သော အရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏အသွေးထံသို့၎င်း ရောက်ကြ၏။သင်တို့သည်မိန့်တော်မူသောသူ၏ စကားတော်ကိုမငြင်းမပယ်မည်အကြောင်းသတိပြုကြလော့။ မြေကြီး ပေါ်မှာဗျာဒိတ်တော်ကိုဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည်အပြစ်မလွတ်ရသည်မှန်လျှင်၊ထိုမျှမက၊ ကောင်းကင်ဘုံကမိန့်တော်မူသောသူ၏ စကားကိုငါတို့သည်နားမထောင်ဘဲနေလျှင်၊သာ၍ကြီးစွာသောအပြစ်နှင့်အဘယ်သို့ကင်းလွတ်နိုင်မည်နည်း။ မှတ်ချက်။သေလွန်သောသူများ...အသက်ရှင်သောသူများလူမျိုးနွှယ်အေပါင်းမိမိတို့အကျင့်အတိုင်းအကျိုးအပြစ်ကိုရှိကြလိမ့်မည် ကျွန်ပ်တို့ဘုရားသခင်ရှေ့မည်အရာကိုမျှလိမ်လို့မရသောကြောင့်ယခုလက်ရှိဘဝ၌အမှန်တရားများဝန်ခံကြစေ။လောကီတရားရုံး၌ မှုသာနှင့် ငြင်းခုံးလို့ရသော်လည်း..အာဗြေလ၏အသွေးသည်ဘုရားသခင်အထံသို့ဝင့်၍၊သက်သည်ခံဖြစ်၍၊မှုသာနှင့် ကင်သော ဓမ္မဆရာဖြစ်လျက်ပင် မှန်သော သက်ခံကိုခံကြလော့ ၁၁။အဘယ်သူ အပြစ်တရား၌ အမှုကိုရှင်ဆိုင်ရမည်သနည်း ယဇ်ပုရောဟိတ်မင်း ယောရှုသည်ထာဝရဘုရား၏ ကောင်းကင်တမန်ရှေ့၌ရပ်နေသည်ကိုင်း၊စာတန်သည်ရန်ဘက်ပြု၍သူ၏ လက်ျာဘက်၌ ရပ်နေသည်ကိုင်း၊ ငါ့အားပြတော်မူ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊အိုစာတန်၊ထာဝရဘုရားသည်သင့်ကိုဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီ သောထာဝရဘုရားသည်သင့်ကိုဆုံးမတော်မူပါစေသော။ဤသူသည်မီးထဲကနှုတ်သောထင်းစဖြစ်သည်မဟုတ်လော့ဟု စာတန်အားဆို၏။ ဇာခရိအနာဂတ္တိကျမ်း ၃း၁-၂ မှတ်ချက်။ယခုယဇ်ဟိတ်မင်းသည် ယေရှုခရစ်တော်ဖြစ်၏။ ယေရှုခရစ်တော်အသင်ယေရှုကိုရန်ညက်ပြု၍ နေပြီလော့.သို့ရာတွင် အသင့်အားဘုရားသခင်၏ နှုတ်ကပတ်တရားတော် နှင့်ပညတ်အလုံးစုံတို့ကြားရသောအတွင် အသင်သည် ခရစ်တော်အသင့်အားမီးထဲကနှုတ်ယူသောထင်းစမဟုတ် လော့အဘယ်ကြောင့်အသင်ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင် သက်သေခံသောသူ ဝိညာဉ်အရ ရန်၍နေပြီလော့ ကောင်းကင်တမန်မင်းမိက္ခေလမူကား၊ မောရှေ၏ကိုယ်ကိုအကြောင်းပြု၍မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေသတည်းဟူ၍သာ ပြောဆို၏။ရှင်ယုဒ ၁း၉ မှတ်ချက်။အသင်သည်လည်းသမ္မာတရားနှင့်ဆို၍ဟောပြောသောသူအငြင်းခုံသောအခါ..သမ္မာတရားနှင့်သော၊သူတို့ကဲ့ရဲ့.အပြစ်တင်ခြင်း ငှါအသင်အလို့၏ ဘုရားသခင်အားဆုံးတော်မူထသော နှုတ်ကပတ်တော်. ဝန်ခံဝံ့ဘဲ ငြင်းခုံလေပြီတကား ၁၂။ကောင်းကင်တရား၌ တရားစီရင်တော်မူသောအခါ ဤလောက၌ အဘယ်သို့ရှိသနည်း အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ပစ္စုပ္ပန်၊အတိတ်၊အနာဂါတ်ကာလအစဉ်ရှိတော်မူသောထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏မဟာတန် ခိုးတော်ကို ယူဆောင်၍ စိုးစံတော် မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော် သည်လည်း ရောက်ပါပြီ။ သေလွန်သောသူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ကိုယ်တော်၏ကျွန်တည်းဟူသောပရောက်ဖက်တို့အားင်း၊သန့်ရှင်းသူတို့အားင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား၊ဆုကျေးဇူးကို ပေးသနားတော်မူ၍၊ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီ ဟုလျှောက်ဆိုကြ၏။ တဖန် ကောင်းကင်ဘုံ၌ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ဗိမာန်တော်ထဲမှာပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ မြေလှုတ်ခြင်း၊အလုံးကြီးစွာသောမိုဃ်းသီးကျခြင်းဖြစ်ကြ၏။ ဗျာဒိတ်ကျမ်း ၁၁း၁၇-၁၉ ၁၃။ဘုရားသခင်သည်တရားစီရင်စာစောင်များကိုဖွင့်သော ကျွန်ပ်ဟုတ်မဟုတ်သိနိုင်မည်သနည်း သူတို့ဆုတောင်းပဌာနပြုသောစကားကိုကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌နားထောင်၍သူတို့အမှုကိုစောင့်တော်မူပါ။ ကိုယ်တော်၏လူတို့သည်ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ကိုယ်တော်ကိုပြစ်မှားလွန်ကျူးခြင်းအပြစ်အလုံးစုံတို့ကိုဖြေရှင်းတော်မူပါ။ သွားသောသိမ်း သူတို့သည် ကိုယ်တော်၏လူတို့ကိုသနားစေခြင်းငှါ၊ကရုဏာစိတ်သဘောကိုပေးတော်မူပါ။ ဓမ္မရာဇဝင် တတိယစောင် ၈းး၄၉-၅၀ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ဓမ္မရာဇဝင် တတိယစောင် ၈း၃၉ မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။ အကြောင်းမူကား၊ သင်၌ လင်ငါး ယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သောစကားကို ပြောပြီဟု မိန့်တော်မူ၏။ ၄း၁၇-၁၈ သို့သော်လည်း၊၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍၎င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူ မည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ် သည် ခိုင်ခံ့၍တည်၏။ တိမောသေသြဝါဒစာဒုတိယစောင် ၂း၁၉ ၁၄။တရားစီရင်၌အနှစ်(၁၀၀၀)အတွင် စာတန်မာနတ်နှင့် လူဆိုတို့အဘယ် စီရင်တော်မူမည်သနည်း ပလ္လင်များကိုလည်းငါမြင်၏၊ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏။သားရဲနှင့်သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊လည်ပင်းဖြတ်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုငါမြင်၏။သူတို့သည်အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြ၏။ဗျာဒိတ်ကျမ်း၂၀း၎ မှတ်ချက်။တနှင်္ဂနွေနေ့ပါပရဲ့ဘာသာကိုမကိုးကွယ်လို့အသတ်ခံရသောဘုရားသခင်နိုင်ငံတော်အနှစ်တထောင်ဘုရားသခင်နှင့် အတူစိုးစံမည် သမ္မာတရား၌အသက်ရှင်ရမည် ၁၅။တရားစီရင်၌ အဘယ်သူ ကျွန်ပ်တို့အတွက် ရှေ့နေလိုက်ပေးမည်သနည်း သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ သာသနာပလူတို့ ရှေ့၌ ခံဝံ့သောသူ တစုံတယောက်ရှိသလော။ သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည် ဟုမသိကြသလော၊သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သ လော။ ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော။ ကောရိ န္တု သြဝါဒစာပဌမစောင် ၆း၁-၃ မှတ်ချက်။ယေရှုခရစ်တော် ကျွန်ပ်တို့အတွက် ရှေ့နေလိုကိမေည် သည် ၁၆။အသက်ရှင်၍ကျန်ရစ်သောသူအပေါင်းတို့သည် တရားစီရင်အာရာ၌ အဘယ်သို့ရှိကြမည်သနည်း အဖြေ။ အနှစ် (၁၀၀၀) တရားစီရင်ခြင်းပြီးသောနောက် အသက်ရှင်၍ကျန်ရစ်သူအပေါင်းတို့သည် ဘုရားသခင်ရှေ့၌ တရားစီရင်ခြင်းခံရန်ဝင်ရဦမည်သနည် လူသားသည်မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များအခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊ ရှေ့တော်၌လူမျိုးအပေါင်း တို့ကိုစုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ သိုးတို့ကိုလက်ျာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။ ထိုအခါ လက်ျာတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင်သင်တို့အဘို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြ လော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုပြုကြ၏။ ငါသည်အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည်အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည်အနာရောဂါစွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟုမိန့်တော်မူလျှင်၊ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ကိုယ်တော်ကိုလုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တိုသည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အားပြုပါ သနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့် ဖုံးလွှမ်းပါသနည်း။ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ရောက်ပါသ နည်းဟုပြန်၍ လျှောက်ကြသော်၊ မင်းကြီးက၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။ ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့မပေး။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသော အခါ သင်တို့သည်အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌င်း၊ ထောင်ထဲမှာနေရသော အခါ၌င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိ တော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုမစုလုပ်ကျွေးဘဲနေပါသနည်ဟု ပြန်၍လျှောက်ကြသော်၊ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။ ၄၆ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၅း၃၁-၄၆ မှတ်ချက်။နှင့်အဖြေ။တရားစီရင်ခြင်းအနှစ်တထောင်တရားစီရင်ခြင်း ပြီး ပြီနောက် နောက်ဆုံးကျန်ရစ်သောသူ သောသူအပေါင်းတို့ အသက်စာစောင်၌ စရင်ဝင်သောသူတို့အဘို့ တရားစီရင်ခြင်း မရှတော့ဘာ တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့ သည်ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကိုငါမြင်၏။စာစောင်များကိုဖွင့်ထား၏။အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။ ဗျာဒိတ်ကျမ်း ၂၀း၁၁-၁၅ ၁၇။ထိုသို့တရားစီရင်ခြင်း၌ ယေရှုခရစ်တော်ကျွန်ပ်တို့အသို့အသိပေးခြင်းအကျိုးအပြစ်တရားစီရင်၌ကျွန်ပ်တို့အဘယ်သို့ ရကြမည်သနည်း ထိုသူတို့သည်ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။လူမျိုးတို့၏ဘုရင်၊ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။အိုထာဝရဘုရား၊ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း၊ကိုယ်တော်တပါးတည်းသာလျှင်သန့်ရှင်းတော်မူ၏။တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ ဗျာဒိတ်ကျမ်း ၁၅း ၃-၄ ထိုသို့ပြုလျှင်စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသောဘုရားသခင်၏တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းဖူးသလော။ရောမသြဝါဒစာ ၂း၅ ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ဝှက်ထားသောအရာတို့ကိုပွင့်လင်းစေ၍စိတ်နှလုံးအကြံအစည်များကိုထင်ရှားစေလတံ့သော သခင်ဘုရားကြွလာတော်မမူမှီတိုင်အောင်အဘယ်အမှုကိုမျှအဆုံးအဖြတ်မစီရင်ကြနှင့်။ကြွလာတော်မူသောခါ၊ အသီးအသီးတို့သည်ဘုရားသခင်ချီးမွမ်းတော်မူခြင်း ကျေးဇူးကိုခံရကြလတံ့။ ကောရိန္တုသြဝါဒစာ ၄း၅ မှတ်ချက်။နှင့်အဖြေ။ ထိုသို့လူသားအပေါင်းတို့သည် ဝယ်တော်မူခြင်း ၁၈။ထိုသို့တရားစီရင်ခြင်းကိုတိကြစွာသိရှိထားသည်ဖြစ်၍ကျွန်ပ်တို့တရားစီရင်ခြင်း၌ အောင်မြင်နိုင်ဟူ၍ယုံကြည်ပါ၏ ငါလည်းမျက်နှာလွဲသည်ဖြစ်၍၊သူတို့သည်ငါ၏သန့်ရှင်းရာဌာနကိုညစ်ညူး စေကြလိမ့်မည်၊၊ထားပြတို့သည်ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၂ ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။ဗျာဒိတ်ကျမ်း ၃း ၅ မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူ ချက်သည်ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း ရောမသြဝါဒစာ ၃း၎ မှတ်ချက်။သမ္မာတရားလမ်းသို့လိုက်၍ တရားစီရင်ခြင်းကိုအောင်နိုင်အခွင့်ရကြလိမ့်မည်။ ဘုရားသခင်၏ သစ္စညတရား၌ တည်နေကြလော့ ၁၉။ကျွန်ပ်တိုသည်ဘုရားသခင်အထံမှချမ်ဧသောအချိန်ကာလသို့ဝင်စားမည်အကြောင်းအဘယ်သို့ပြုမည်လော့ ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလို့ငှါခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။တမန်တော်ဝတ္ထု ၃း၁၉-၂၀ ဘုရားသခင်၏ သားသမီးအပေါင်းတို့သည် တရားစီရင်ခြင်နှင့်ဆိုင်၍ အဘယ်သို့ သွန်သင်တော်မူသနည်း ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌သက်တံ့ရှိ၏။ သူ၏မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ဖွင့်ထားသောစာစောင်ငယ်ကိုကိုင်လျက်ရှိ၏။လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း၊လက်ဝဲခြေသည်မြေကြီးပေါ်မှာင်းနင်း၍၊ ဗျာဒိတ်ကျမ်း ၁၀း၁-၃ မီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကို၎င်း၊ မြင်၏။ ထိုသူသည်ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည်ဖြူသော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ဗျာဒိတ်ကျမ်း ၁း၁၃-၁၅ မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတဦးကို မြင်၏။ သူ၏ကိုယ်သည် ကျောက်မျက်ရွဲ ကဲ့သို့ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေ တို့သည် ဦးသစ်သောကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသောလူစုအသံနှင့်တူ၏။ဒံယေလအနာဂတ္တိကျမ်း ၁၀း၅-၆ သင်ဒံယေလမူကား၊အမှုကုန်ရသည်ကာလတိုင်အောင်၊ဤစကားတော်တို့ကိုပိတ်၍စာစောင်ကိုတံဆိပ်ခတ် ထားလော့။အများသောသူတို့သည်ထိုစာကိုကြည့်ရှုသောအားဖြင့်ပညာတိုးပွါးလိမ့်မည်ဟု ပြောဆို၏။ထိုအခါ ငါဒံယေလသည်ကြည့်ရှုလျှင်၊အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌တဘက်တပါးစီရပ် နေကြ၏။တပါးကလည်း၊ အံ့ဘွယ်သောဤအမှုအရာတို့သည်မကုန်စင်မှီအဘယ်မျှလောက်ကြာလိမ့်မည်နည်းဟုပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာ ရှိသော လူကိုမေးမြန်း၏၊ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသောလူကလည်း၊တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသောသူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှု ပြီးသောအခါ၊ ထိုအမှုအရာအလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက် ကိုကောင်းကင်သို့ ချီလျက်၊ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားကိုတိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။ ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ ဘုရားသခင်၊ ဤအမှုအရာတို့သည် အဘယ်သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊ထိုသူက ဒံယေလ၊ သင်သွားလော့။ထိုစကားသည်အမှုကုန်ရသည်ကာလ တိုင်အောင်ပိတ်၍တံဆိပ်ခတ်ထားလျက်ရှိ၏။လူအများတို့သည်သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍စုံစမ်းခြင်းကို ခံရကြလိမ့်မည်။မတရားသောသူတို့သည်မတရားသဖြင့်ပြု၍တယောက်မျှနားမလည်ရ။ပညာရှိသောသူတို့ မူကား၊နားလည်ကြလိမ့်မည်။ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်ရှင်း၍၊ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ်ကြာလိမ့်မည်။အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင်ငံ့လင့်၍မှီသောသူသည်မင်္ဂလာရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၁၂း၎-၁၂ ပရောဖက်ပြုချက်များ၌ တံဆိပ်သောစာဆောဖွင့်ခြင်းအဆုံး၌ဒံယေ၁၂း၄၉အတွင်၌ ဟောပြောသောစကား စာဆောင်ကိုဖွင့်သော အနှစ် ၁၂၆၀ အချိန်ကာလ ကာလတစ်ဝက်အတွင်၌ ပါပ၏အုပ်ချူပ်ခြင်း အောက်၌ ညှဉ်းဆဲနိုပ်ဆက်ခံသောကာလ၊ ခန ၅၃၁ မှစ၍ ၁၇၉၈ ခုနှစ်အတွင် ဒံယေလအနာဂတ္တိ စကား၌တံဆိပ်ခပ် စာ ဖွင့်သည့်ကာလအနှစ်၁၇၉၈ခုနှင်တွင် ပြီးသည့်နောက်(၁၈၄၀ခုနှစ်အတွင် ရောမအင်ပါယာတကမ္ဘာလုံး အုပ်ချူပ်သော ကာလ ဒံယေ လအနာဂတ္တိစကား၌ ဗျာဒိတ်ကျမ်း အနာဂတ္တိစကား ၌ ရက်ပေါင်း ၂၃၀၀ အတွင် တရားစီရင်ခြင်းအချန်ကာလ ဒံလေယ ၈နှင့် ၉ တွက်ချက်သောနေ့ရက် များ၌ဟုတ်ပေသည် ဆက်တွက်ချက်၍ စဉ်းစာသော အတွင် ၁၈၄၄ ခုနှစ်အတွင် ယေရှုခရစ်ကြွလာအနှစ်သူတို့စတွက်စသော အမှန်တကယ်ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်း စသောအချန်ကာလ မိုဃ်းကောင်းကင်၌ ဖြစ်သည် သူတို့ တွက်ချက်ပြီးတော့ ခရစ်တော်မကြွလာသောကြောင့် စိတ်ပျက်ခြင်း များပြားကြသည် ထိုအရာတို့ ပရော ယောဟန် ဒံယေအနာဂတ္တိပရောဖက်ပြုသော စာစောင်ဖွင့် အခုအချိန်ကာလ၌သည် ဒံယေခန်းငယ် အတွင်၌ ဟောပြောအရပ်ရပ်၌ဖြစ်ကြသည် ထိုကာလ၌ Catholic ကပ်သိုးလိပ်ရောမအာင်ဘာာယာ ကမ္ဘာ ကိုအုပ်ချူပ်သော ကာလ ထိုကာလ၌ စိတ်ပျက်ခြင်းလူအများဖြစ်ခဲ့ကြသည် ယေရှုခရစ်မကြွလာသေး ယေရှုခရစ် ကောင်းကင်ဘုံ၌ သန့်ရှင်းဌာနသို့ ဝင်သောအချိန်ကာလဖြစ်သည် ၂၀။အသင်တော်၌ ကြီးမာသောစိတ်ပျက်ခြင်းဘာဖြစ်လို့လဲ ကောင်းကင်တမန်ကလည်း၊သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၎င်း၊ရှင်ဘုရင်တို့၌၎င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။ဗျာဒတ်ကျမ်း ၁၀း၁၁ ၁။သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၎င်း၊ ၂။ ရှင်ဘုရင်တို့၌၎င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။ မှတ်ချက်။ဘုရာသခင်မိန့်တော်မူသည်ကား သခင်၏ လူမျိုးတို့တရားစီရင်သတိင်းစကာတော် လောကီနိုင်ငံ လူမျိုးအနွှယ်အပေါင်းတို့ ဟောပြောရလိမ့်မည် ၂၁။ဘုရားသခင်၏ အသင်းတော် အဘယ်သို့ကြောင့် ထာဝရ ဧဝံဂေိတရား ဟောပြောရာတာလဲ မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း၆-၇ မှတ်ချက်။ဘုရားသခင်၏ အသင်းတော် ဟုတ်မှန်သော ဧဝံဂေလိတရားတော်အံ့သြေစရာသိတင်းစကား ဘုရားသခင် တရားစီရင်သောအချိန်ကာလသို့ ရောရှိကြောင်း ဘုရားသခင်၏ ကရုဏာတရားနှင့် အချစ် မေတ္တာနှင့်ပြည့်ဝတော်မူထသော ဘုရားသခင်၏ ဧဝံဂေလိသိတင်စကား၌ လူးမျိုးနွှယ်ခပ်သိမ်းတို့အား အပြစ်တရား လွတ်မြောက်ဘို့ ဘုရားသခင်၏ အသင်တော်က ထိုသိတင်းစကားကိုပြောနေမှာဖြစ်တယ် ၂၂။ဘုရားသခင်၏ တရားစီခြင်း၌ ဟုတ်မှန်သောတရားစီရင်ဖြစ်၏ ကောင်းကင်တမန်အပေါင်းနှင့် ဘုရားသခင်ကိုချီမွမ်းကြလော့ ယဇ်ပုလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော် မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၆း၇ စီရင်တော်မူခြင်းအရာတို့သည်ဟုတ်မှန် ဖြောင့်မတ်ကြ၏။မိမိမတရားသောမေထုန်အားဖြင့် မြေကြီးကိုပုပ်ပျက်စေသော ပြည်တန်ဆာကြီးကိုစစ်ကြောစီရင် တော်မူပြီ။ကိုယ်တော်ကျွန်တို့၏အသွေးကိုသူ၏လက်ဖြင့်သွန်း သောအပြစ်နှင့် အလျောက်ဒဏ်ပေးတော် မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။ဗျာဒတ်ကျမ်း ၉း၂ ထိုသူတို့သည်ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ဗျာဒတိကျမ်း ၁၅း၃ မှတ်ချက်။ဘုရားသခင်၏ တရားစီရင်ခြင်းသည် ဖြောင့်ပါ၏။ ဟုတ်မှန်ပါ၏ ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ပေး လိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်း ဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၁-၂ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။ ၀ိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ဗျာဒိတ်ကျမ်း ၃း၂၀-၂၂ Posted by ခရစ်ယာန်အတူ့ အယောင်တွေရှိတယ် at 3:35 AM

No comments:

Post a Comment