Revelation Study

1

2

3

4

5

6

Daniel Study

The Bible Study Gods Law

Wednesday, November 2, 2016

                         ထာဝရဘုရားသခင်၏ပညတ်တရားများခိုင်မြဲခြင်း

  ၁။ကျွန်ပ်တို့သည်အဘယ်သူ၏ရှေ့တော်မှောက်၌တရားပလ္လင်၌လာကြရမည်သနည်းအကြောင်း မူကား၊ငါတို့ရှိသမျှတို့သည်ကိုယ်ခန္ဒာ၌ကျင့်သောအကျင့်၊ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကိုအသီး အသီးခံခြင်းငှါလားရကြမည်။ ကောရိန္တုသြဝါဒစာဒုတိယစောင် ၅း ၁၀ မှတ်ချက်။ကျွန်ပ်တို့သည်ယေရှုခရစ်တော်ရှေ့တရာပလ္လင်ရှေ့၌ လူးအသီးအသီတို့သည် မိမိတို့၏အကျင့်တ ရားအတိုင်း တရားစီရင်ခြင်းငှါလာကြမည်ဖြစ်ပေသည် ၂။ကျွနပ်တို့သည်ပညတ်တရားများရှေ့၌ အဘယ်သို့စီရင်ခြင်းခံကြရမည်ဟူ၍ဖေါ်ပြခြင်းရှိသနည်း အဘယ်သို့နည်းဟူမူကား၊ပညတ်တရားအလုံးစုံတို့ကို စောင့်သည်အတွင် တစုံတခု၌ မှားမိလျှင်၊ပညတ်တ တရားအလုံးစုံ ကို စောင့် ရှောက်သည်အတွင် တစုံတခု၌မှားမိလျှင်၊ ပညတ် တရားအလုံးကိုလွန်းကျူးသော အပြစ်ရှိ၏။သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော် မူသောသူက၊လူအသက်ကိုမသတ်နှင့်ဟုပညတ်တော် မူ၏။ထိုသို့ဖြစ်၍ သင်သည်သူ့မယားကို မပြစ်ဘဲနေသေည်လည်း၊လူအသက်ကိုသတ်လျှင်၊ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊စကားပြောခြင်း၊အမှုပြု ခြင်းကိုစရင်ခြင်းကြလော့။ကရုဏာကိုမရဘဲ၊တရားစီရင်ခြင်းကိုခံရလိမ့်မည်။ကရုဏာသည်တရားစီရင်ခြင်းကို ခံရလိမ့်မည်။ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ဝါကြွတတ်၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁၀-၁၃ မှတ်ချက်။ကျွန်ပ်တို့သည် တရားစီရင်ခြင်းတရား၌ မိမိတို့လွန်းကျူးသော အပြစ်တရားအားဖြင့် တရားစီရင် ခံရကြမည်။သို့ရာတွင်သမ္မာကျမ်းစာ၌ ပြောပြခြင်းအရာ၌ မိမိဝန်ခံတရားဖြစ်မည်။ကျွန်ပ်၏အတွေ့အကြုံ အရ သာတကာတခုပြောပြလိုပါသည်။တနေ့တော့ လူငယ်တယောက်သည်သူ့ ညီမဖြစ်သူကို တခြားအမျိုး သားတယောက် မဖွယ်မရာစကားကိုပြောသောကြောင်း ဒေါသကိုမထိန်းနိုင်ကြောင့် မဖွယ်မရာပြုသောသူ အမျိုးသား ကိုသတ်မိသည် သို့ရာတွင် သူသည်သတ်ပြီးနောက် ရဲစခန်းသို့သွား၍ ကျွန်တော်သည်လူကို သတ်ခဲ့မိပါသည် မိမိအပြစ်ဝန်ခံသောသူဖြစ်သော ကြောင့်တရားရုံးတော်မှ ထောင်ဒဏ်၃နှစ်သားချမှတ်ခဲ့ သည်။သို့ရာတွင် ကျွန်ပ်တို့ခရစ်ယာန်ဘာသာဝင်များတို့သည်လည်း ဘုရားသခင်၏ ပညတ်တော်ဆယ်ပါး၌ လွန်ကျိုးမိပါကဘုရားသခင်၏။ အထံသို့ဝင်ရောက်၍မိမိ၏။ အပြစ်တရားကိုဝန်ခံသောသူဖြစ်ပါကဘုရား သခင်အထံသို့ ဝင်ရောက်၍ ဝန်ခံသောသူဖြစ်လျှင် ဘုရားသခင်ကရုဏာတော်အရှင်ဖြစ်ကြောင့်အသင့်အား တရားစီရင်ကိုအောင်နိုင်သောသူဖြစ်၍ တရားစစ်ကြောခြင်းကိုအောင်နိုင်မည်ဖြစ်လိမ်မည်။ ၃။ကျွန်ပ်တို့လောကီသားအပေါင်းတို့သည် ဘုရားသခင်၏ရှေ့၌ အဘယ်သို့ရှိကြသနည်း အဘယ်ကြောင့်နည်း ဟူမူကား၊လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှော့တော်၌အသရေပျက် ကြပြီး။ ရောမသြဝါဒစာ ၃း၂၃ ၄။ကျွန်ပ်တိုသည် အပြစ်သားအားလုံးအဘယ်သို့ ဖြစ်ကြသည်ဟူ၍သမ္မာကျမ်းစာမှဖေါ်ပြသည်း ထိုသို့ဖြစ်လျှင်အဘယ်သို့နည်း။ ငါတို့သည်မြတ်သလော့ဟု မေးပြန်သော်။အလျှင်း မမြတ်၊အကြောင်းမူကား ၊ယုဒလူ၊ဟေလသလူအပေါင်းတို့သည်အပြစ်ရှိကြောင်းအထက်ကပြခဲ့ပြီး။ကျမ်းစာလာသည်ကား၊ဖြောင့်မတ် သောသူ မရှိ၊တယောက်မျှမရှိ၊နားလည်သောသူမရှိ၊ဘုရားသခင်ကိုရှာသောသူမရှိ။လူးအပေါင်းတို့လမ်းလွဲ ကြပြီ။တညီတညွှတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ။ ရောမသြဝါဒစာ ၃း၉-၁၂ မှတ်ချက်။ကျွန်ပ်တိုသည် လောကီသာအပေါင်းတို့သည်တယောက်မျှ ဖြောင့်မတ်သောသူမရှိ ကောင်းသော် အကျင့် ကိုကျင့်သောသူလည်း မရှိ ဘုရားသခင်ကိုရှာသောသူလည်းမရှိ။ ၅။အပြစ်တရားသည် အဘယ်သောအားဖြင့် ကျွန်ပ်တို့ လောကီသားအဘယ်သို့အားဖြင့်အတရားတည်ရှိကြ သနည်း။ ဘုရားသခင်ကိုကြောက် ရွံ့ ရသော အကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာတည်း။-ပညတ် တရား၌ ပါသမျှသောစကားတို့ သည်ပညတ်တရားခံသောသူတို့နှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ထိုသို့ဖြစ် ၍လောကီသားအပေါင်းတို့သည် စကား တခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင်ရှေ့၌အပြစ်သင့်သောသူ ဖြစ်ကြ၏။ ရောမသြဝါဒစာ ၃း၁၈-၁၉ မှတ်ချက်။ ကျွန်ပ်တို့ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏ နှုတ်ထွက်တရားတော် နားထောင်ခြင်း မရှိသောကြောင့် ကျွန်ပ်တိုလောကီသားအပေါင်းတို့သည် ဘုရားသခင်ရှေ့၌ အသင့်သောသူများဖြစ်ကြ သည် ကျွန်ပ်တို့သည် လောကီနိုင်ငံတော်များ၏ တရားဥပဒေများ ကိုကျူးလွန်ခဲ့လျှင် မိမိနေထိုင်သောနိုင်ငံ တော်၏ အပြစ်ပေးခြင်း တရားရင်ဆိုင်ကြသည်ဖြစ်၍ ထိုအတူ ခရစ်ယာန်ဘာသာဝင်တချို့တို့သည် ပညတ် တရားများ မလိုက်နာလိုသောစိတ်မရှိသော ကြောင့် မိမိတ်မက်သည့်အတိုင်း ဘုရားသခင်၏ ပညတ်တရား များပြောင်းလဲ ခြင်းတို့ပြုလုပ်ကြသည် ပညတ်တရားများကိုမှာက်လှန်ကြသည် ထိုသို့အားဖြင့် ကျွန်ပ်တို့ သည် ဘုရားသခင်ရှေ့၌ အပြစ်ထင်ရှာခြင်း၌ရှိကြောင်း သမ္မာကျမ်းစာမှဖေါ်ပြခြင်းတွေရပေသတည်း ၆။ ယေရှုခရစ်တော်ကုယုံကြည်ခြင်း၌ ပညတ်တရားများအဘယ်သို့ရှိသနည်း သို့ဖြစ်လျှင်၊ယုံကြည်ခြင်းအားဖြင့်ငါတို့သည်ပညတ်တရားကိုပယ်ကြသလော့။ အလျှင်မပယ်၊သာ၍တည်စေ ကြလော့။ မှတ်ချက်။ကျွန်ပ်တို့ယုံကြည်သူဖြစ်၍ ပညတ်တရားများ တချို့သောခရစ်ယာန်များတို့သည် ပညတ်တော်မ တော့ကြောင်း ဟောပြောကြသည် သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအားဖြင့် ပညတ်တရားများ မပယ်ကြနှင့်ပို့ ပညတ်တရားများတည်နေကြပါဟူ၍ ဖေါ်ပြခြင်ကိုတွေ့ရှိရသည်။ ၇။ကျွန်ပ်အား တမန်တော်ရှင်ပေါလုသည် အဘယ်သို့သောသွေးဆောင်တိုက်တွင်းခြင်းပေးသနည်း သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ဘု ရားသခင်၏ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအ ကျိုးကိုရကြ၏။ အဆုံး၌လည်းထာဝရ အသက်ကိုရကြ၏။ ရောမသြဝါဒစာ ၇း၂၂ ၇။ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော အရားအဘယ်သို့သဘောရှိသနည်း အကြောင့်နည်းဟူမူကား၊ဇာတိပကတိ စိတ်သဘောသည်ဘုရားသခင်နှင့်ဆန့်ကျင့်ဘက်၏။ဘုရားသခင်၏ တရားတော်အလိုသို့မလိုက်တတ်။ထိုမျှမကမလိုက်နိုင်။ထိုကြောင့်ဇာတိပကတိ၌ကျင်လည်သောသူတို့သည် ဘုရား သခင်၏ စိတ်တော်မတွေ့နိုင်ကြ။ ရောမသြဝါဒစာ ၈း၇-၈ မှတ်ချက်။အချို့သော တရားဟောသမားများ တို့ သည်ပညတ်တရားတော်ကို အဘယ်သူမှ မလိုက်နိုင်ဘူး ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလိုက်ရင် ပညတ်တရားလိုက် စောင့်ရှောက် နေစရာမလိုတော့ဘူး ထို ဆရာသမားများတို့သည် ဇိတိပကတိနှင့်ကျင်လည်နေသောကြောင့် ဘုရားသခင်၏ အလိုတော်သို့သူတို့မ လိုက် နိုင်ဘူဟူ၍ သမ္မာကျမ်းစာမှဖေါ်ပြထားသည်ဖြစ်၍ ထိုသူတို့သည် အဘယ်သို့ရှိသည်ကိုတွေးစ၍နား လည်ပေလိမ့်မည်။ ၈။ယေရှုခရစ်တော် ပညတ်တရားများတို့သည်အဘယ်အမျှလောက် တည်ရှိနေမည်ဟူ၍မိန့်တော်မူသ နည်း ပညတ္တိကျမ်း၊အနာဂတ္တိများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်ဖျက်ပယ်ခြင်းငှါငါလာသည်မဟုတ်။ပြည့်စုံခြင်း ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ပညတ္တိ ကျမ်း၌အငယ်ဆုံးသော စာလုံးဗန္ဓုတလုံးမျှ ပြည်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။ထိုကြောင်အကြင်သူသည် အငယ်ဆုံးသောပညတ်တခုကို ကိုတိုင် လွန်ကျူး၍ သူတပါးတို့အားလည်းထိုအတူသွန်သင်၏၊ ထိုသူသည် ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့် အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတ ပါးတို့အားလည်း သွန်သင်၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၇-၉ မှတ်ချက်။ကျွန်ပ်တို့ခရစ်ယာန်အပေါင်းတို့သည် ယေရှုခရစ်တော်ကို ယုံကြည်ရင်ပြီးရော ပညတ်တော်တို့ကို လိုက်ရှောက်ဖို့ရန်မလိုဘူး ဟူ၍ဆရာသမားအချို့ တိုသည် သွန်သင်ကြသည်မှာ သမ္မာကျမ်းစာ၌ လေ့လာ ကြည့်ရှုသောအခါ၌ ယေရှုခရစ်တော်သည် ပညတ္တိကျမ်း အနာဂတ္တိကျမ်းများဖျက်ပယ်ခြင်းငှါလာသည် မ ဟုတ် ပြည်စုံးခြင်းငှါ ယေရှုခရစ်တော်ကြွလာကြောင်းကိုဖေါ်ပြခြင်းတွ့ရှိသည်။ ထိုကြောင့်ကျွန်ပ်တို့သည် ပညတ်တော်တို့စောင့်ရှောက်ကြ ရမည်ဖြစ်သည် ၉။ယေရှုခရစ်တော်အား ဇဒ္ဒကဲတို့ အာအဘယ်သို့သော ပညတ်တော်ကြီးမြတ်သနည်းဟု မေးမြန်သော အခါတွင် ယေရှုခရစ်တော်အဘယ်သို့ အမိန့်တော်မူသနည်း အရှင် ဘုရား၊ ပညတ္တိကျမ်း အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်းဟု မေလျှာက်သော်၊ယေရှု ၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားကိုစိတ်နှစ်လုံး အကြွင်းမဲ့ ဥာဉ်ရှိသမျှနှင့် ချစ်လော့။-ဟုသော ပညတ် သည် ပဋ္ဌမ ပညတ် ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါးကိုယ် နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ ချစ်လော့ သူသော တူ၏။- ဤပညတ် နှစ်ပါတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသ မျှတို့၏ အချိုပ်အခြားသတည်းဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၂း၃၇-၄၀ ဆက်လျက်၍ဖတ်ရန်(အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့၊-ယနေ့ငါမှာထားသော စကားကို နှစ်လုံး သွင်ရမည်၊ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်းရမည်။အိမ်၌ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီသွား သည်ဖြစ်စေ၊အိပ်လျက်၊ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားပြောရမည်။-ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေသို့ရာ၌၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။အိမ်တံခါး၊မျို့ တံခါးတို့၌လည်းရေးထားရမည်။တရားဟောရာကျမ်း ၆း-၅-၉ မှတ်ချက် ။ယေရှုခရစ်တော် မိန့်တော်မူသောစကား ထာဝရ ဘုရားကိုစိနှစ် အကြင်းမဲ့ ဥာဏ်ရှိသမျှချစ် လော့။ဟုသောသည် ပဋ္ဌမပညတ်ဖြစ်၏။ ၁။ငါမှတပါး အခြားသောဘုရားကို မကိုးနှင့်။ ပညတ်တော်ဆယ်၌ ရှိသောပညတ်ပဋ္ဌမသော ပညတ်တော်သည် ငါမှတပါး အခြားသော ဘုရားမကိုးနှင့်ဆို ပညတ်တရား၌ ကျွန်ပ်တို့ ဖန်ဆင်း ရှင်သည်ကျွန်ပ်တို့ဖန်ဆင်းသော ဘုရားဖြစ်သောကြောင့် အခြားသော ဘုရားမရှိပါဘူး သို့သေည် အခုခေတ်ကာလ ခရစ်ယာန်များတို့ နေဘုရားကို ကိုးကွယ်သည်မှာ အခြားသော ဘုရားကို ကိုးကွယ်ခြင်းဖြစ်သည် ၂။ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချင်နှင့် ဒုတိယပညတ်သည် ပညတ်တော်ဆယ်ပါး၌ ဒုတိယသော ပညတ်တပါးဖြစ်သည် ရုပ်တုဆင်းတု ကိုယ်အ ဘို့မလုပ်နှင့် ခရစ်ယာန်ဘာသာဝင်များတို့ ရုပ်တု ဆင်းတု ကိုယ်အဘို့ လုပ်သောခရစ်ယာန်များဖြစ်ကြသည် အစ်တစ်ထ်ဆန်းဒေး မာရီယာ ရုပ်တု ယောသ ရုပ် ယေရှုခရစ်တော်၏ ရုပ်တုစသဖြင့် ထုလုပ်၍ ကိုးကွယ် နေသည် ကိုတွေ့ရှိပေသည် ၃။သင်၏ဘုရားသခင်၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွတ် မဆိုနှင့် သုံးပါသော ပညတ်တော် ပညတ်တော်ဆယ်ပါး၌ ပါရှိသော ပညတ်တော် တတိယပညတ်တော် သင်၏ ဘုရား သခင်၏ နာမတော်ကို မုသာဆိုင်၍ မမြွတ်မဆိုနှင့်။ ဘုရားသခင်၏ နာမတော် ကို မုသာမြွတ်ဆို သောအချက်များ။ ခရစ်တော်ရှင်ပြန်ဖမြောက် နေ့ ထိုနေ၌ ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ရာနေ့ ဟု၍ ခရစ်ယာန်ဘာသာဝင်တို့ ဘုရားသခင်၏ နာမတော်ကို အကြောင်းမဲ့ ခေါ်ဆိုသော ခရစ်ယာန်များဖြစ်ကြ သည်။SUNDAY1-MONDAY2-TUEDAY3-WEDDAY4-TUHDAY5-FRIDAY6-SATDAY7 SUNDAYမှာ DIETIONARYကိုဖွင့်ဖတ်သောအခါတွင် ရက်သတ္တပတ်၏ ပထမနေ့ တနှင်္ဂနွေနေ့၊ ၄။ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။ စတ္ထုပညတ် မှာ ပညတ်တော်ဆယ်ပါး၌ ပါရှိသော ပညတ်တော်တပါးဖြစ်သည် ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်း ငှါထိုနေ့ရက်ကိုအောက်မေ့လော့ ကျွန်ပ်တို့ ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ ဘုရားသခင် မုသာနှင့် ဆို၍ မြွတ်သော အရာ၌ပါရှိသည်ကိုတွေ့ရှိရပေး ထွက်မြောက်ရာကျမ်း ၂၀း၈-၁၁ ကိုဖတ်သောအခါ၌ နားလည် နိုင်ပေသည် ဘု ရားသခင်သည် ခြောက်ရက်အတွင်း ဖန်ဆင်း၍ သတ္ထမနေ့ ၌ ငြိမ်ဝပ်စွာနေသောနေဖြစ် သည်။ ဖန်ဆင်းသော အရှင်၏ အမှတ်အသာဖြစ်သည် သတ္ထမနေ့သည် ဘုရားသခင်နှင့် လူးတို့စပ်ကြား၌ သက်သေလက္ခဏာ သက်သေ ဖြစ်သည် သတ္ထမနေ့ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၉-၂၀အတွင်း၌ တွေ့ရှိနိုင်ပေသည် ထွက်မြောက်ရာကျမ်း ၃၁း၁၅-၁၈ ကိုဖတ်သောအခါ၌နားလည်ပါသည် ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသောပညတ်တရားမှာ ပညတ်တော် ခြောက်ပါ ကိုယ်နှင့် စပ်ဆိုင်သော ကိုချစ်လော့ ၅။သင်၏မိဘကို ရိုသေစွာပြုလော့ ကျွန်ပ်တို့အား ဘုရားသခင်သည် သင်၏မိဘကို ရိုသေစွာပြုလော့။ ဟူဿာစကားများမှာ မိဘသည်ကျွန်ပ် တို့ မွေးမခင် ကျေးဘခင် ဖြစ်ကြသည်ကို သိစေရန်အတွက် ဘုရားသခင် မိန့်တော်မုခြင်းဖြစ်သည် ကျွန်ပ် တို့ ခရစ်ယာန်ဘာသာဝင်များ အနေဖြင့် မိဘက်ကို ရိုသေးလေးစားအပ်ပေသည် အဘယ်ကြောင့်ဟူသော စကားမှာ မိခင်ဆိုသောသူသည် ကျွန်ပ်တို့သဒေတည်စမှစ၍ အသက်နှင့်လဲ၍ ဝမ်းနှင့်လွယ်ထားရသောမိ ခင်ဖြစ်သည်။အချိန်တန်လာတာနှင့်အမျှမွေးဘွားပြီးတဲ့မှစ၍ ကျွန်ပ်တို့ကျွေးမွေးပြုခဲ့သော ကျေးဇူးအရင်များ ဖြစ်ကြသည် ၆။လူအသက်ကိုမသတ်နှင့် လူအသက်ကိုမသတ်နှင့်ဟူသော ပညတ်တရားတော် အလွန်အမတန်မှကောင်းမြတ်ပေးသည် အဘယ် ကြောင့် ကျွန်ပ်အခုပြောဆိုထောက်ခံရသည်မှာ လူအသက်ကို မသတ်နှင့်ဟူသော ပညတ်တရားရှိသော ကြောင့် သူတပါးသည်လည်း ကျွန်ပ်၏ အသက်ကိုမသက်ဘဲနေကြသည် ကျွန်ပ်သည်လည်း သူတပါး၏ အသက်ကို မသက်ပြတ်ဘို့ရန် ဘုရားသခင်သည် ပညတ်တော်မူဟူ၍ သိရှိနားလည်နိုင်ပေသည် သို့မဟုတ် လျှင်ကျွန်ပ်တို့ ပညတ်တရား တရားဥပေးများ မရှိလျှင် ကျွန်ပ်တို့သည် လူသတ်ပဲါများ အမြဲသစေတွေ့မြင် ရလိမ့်မည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ ဟူသောပညတ်တရားတော်ကို ကျွပ် သည် အလွန်မှ နှစ်သက်စရားကောင်းသော ပညတ်တော်တပါး ဖြစ်သည် မိမိကလည်း သူတပါးကို မသက် ဘို့ရန် အလွန်အမတန်မှ အရေးကြီးသော အချက်လျက်ဖြစ် ကျွန်ပ်တို့ သည် မိမိသေရာမှာကြောက်ရွံ့သလို သူတပါးလည်း သေရမှာကြောက်လိမ့် ထိုတူ ကိုယ်ချင်စာတတ်သောစိတ်ထားများ ကျွန်ပ်တို့မွေးဘွားရလိမ့် မည် ၇။သူမယားကို မပြစ်မှားနှင့် သူမယားကိုမပြစ်များနှင့် ဆိုသော ပညတ်တော်တပါးသည်အလွန်မှကောင်းမြတ်သော ပညတ်တပါးဖြစ် အ ကြောင့် သည်မှာ ကျွန်ပ်မယားကိုလည်း ပညတ်တရားရှိသောကြောင့် သူတပါးသည် ကျွန်ပ်၏ မယားကိုမ ပြစ်မှာကြပါ ကျွန်ပ်သည်လည်းသူတပါး၏ မယားကိုပြစ်မှားမိခဲ့ ပညတ်တရားရှိသည်အတိုင်း တရားဥပဒေ အရ အရေးယူခြင်းကိုခံရလိမ့်မည် သို့ကြောင့် ဥပမာအားဖြင့် ကျွန်ပ်ချစ်ခင်မြတ်နိုးလို့ ယူထားသော မယား ကို သူတပါးနှင့် ဖေါက်ပြန်နေသည်မိမိတွေ့ရှိခဲ့သော မိမိအဘယ်မျှလောက် စိတ်ဒေါသတွေနှင့် ဝမ်းနဲကျေ ကွဲခြင်းကို ခံစာရလိမ့်မည်လဲ ထိုနည်းတူ ကိုယ်ကိုချစ်သကဲ့သို့ ချစ်ပါဟူသောပညတ်တော်သည်ထိုသို့အား ဖြင့်ပြည့်စုံသည်ကိုနားလည်နိုင်ပေသည် ၈။ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေမခံနှင့် ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကိုမခံနှင့် ဟူသော ပညတ်တော်တပါး၌လည်းအ မှကောင်းမြတ်သော ပညတ်တော်တပါးဖြစ်သည် အဘယ်ကြောင့်ထိုအား နားလည်သည်မှာ ကျွန်ပ်အား လည်း သူတပါးက မကောင်းသော အကြံအစီများပြုဆောင်ဘို့ရန် သွေးမဆောင်ဘူး ကျွန်ပ်ကိုဒုက္ခရောက် အောင်မလုပ်ကြဘူး ကျွန်ပ်သည်လည်းသူတပါးကို လိမ်ညှာပြီးမုသာစကားနှင့်မပြောဆိုတော့ဘူးအဘယ်အ ကြောင့် ထိုသို့အားဖြင့် ကျွန်ပ်ပြောဆိုရသည်မှာ ပညတ်တရားမရှိလျှင့် သူတပါးကလိမ်ညှာ၍ပြောဆိုသော အခါ၌ အဟုတ်၍ လိုက်လုပ်မိသောအခါတွင် အပြစ်တင်စရာဖြစ်နိုင်ပေသည် ကျွန်ပ်သည်လည်း သူတပါးကို ကိုယ်ချစ်သကဲ့သို့ ချစ်၍ မလိမ်မညှာတော့ဘူး ကိုယ်ကိုသူတပါးလိမ်ညှာတာ မနှစ်သလို သူတပါးကိုလည်း မလိမ်ညှာမိတော့ဘူး ၉။ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိနှင့် ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကိုလိုချင် တပ်မက်လိုသောမရှိနှင့် ပညတ်တပါးသည်လည်းအလွန်မှ ကောင်းမြတ်သော ပညတ်တော်ဖြစ်သည် မိမိ၏အိမ်ကိုသူတပါးကလာပြီးတော့ မယူတော့ဘူး ကိုယ်ကလ ည်းသူတပါး၏ အိမ်ကိုအလားတူ မလိုချင်တော့ဘူး အကယ်၍ သူတပါးက မိမိ၏အိမ်ကိုလာယူမယ်ဆိုလျှင် မိမိ နေစရာမဲ့သောသူဖြစ်သွားလိမ့်မည် ထိုကဲ့သို့ ကျွန်ပ်သည်လည်းသူတပါး၏ နေရာကိုခဏ ဝင်၍စဉ်စား ပေးနိုင်သည် ၁၀။ကိုယ်နှင့် စပ်ဆိုသောသူ၏ ဥစ္စာတစုံတခုမျှ တပ်လိုချင်သောစိတ်မရှိစေနှင့် ကိုယ်နှင့် စပ်ဆိုသောသူ၏ ဥစ္စာတစုံတခုမျှ တပ်မက်လိုသောစိတ်မရှိနှင့်စေနှင့် ထိုပညတ်တပါးသည်အမှ ကောင်းမြတ်သော ပညတ်တော်တပါးဖြစ်သည် မိမိပစ္စည် ဥစ္စာကို သူတပါးက အနိုင်ကျင့်၍ ယူသွားခဲ့မည် ဆိုလျှင် မိမိသည်လည်း အလွန်မကျေကွဲစရာအဖြစ်မျိုးတွေ့ကြုံရလိမ့်မည် ထိုပညတ်တရားရှိသောကြောင့် သူတပါးသည် ကျွန်ပ်၏ ပစ္စည်ဥစ္စာကို မယူကြတော့ဘူး ကျွန်ပ်သည်လည်း မိမိကိယ်ကိုချစ်သကဲ့သို့စိတ်ရှိ ခဲ့လျှင် ထိုပညတ်တော်ကို မပြစ်တော့ဘူးဖြစ်သည် ယေရှုခရစ်တော် မိန့်မူသော ဒုတိယပညတ်ဖြစ်ပါတယ် ကျွန်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ် လော့ ဆိုသောပညတ် ဒုတိယပညတ်ပါ ၁၁။ယေရှုခရစ်တော် အဘယ်သို့သော ပညတ်ဟူ၍မိန့်တော်မူသနည်း ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟုသော ဒုတိယ ပညတ်သည် ပဋ္ဌမ ပညတ်နှင့် သသော တူ၏။- ဤပညတ် နှစ်ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာ ဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ် အခြားပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၂း၄၀ ၁၁။ကျွန်ပ်တို့သည် ပညတ်တရားတော်၌ ကိုစောင့်ခြင်းအရာ ယေရှုခရစ်တော် အဘယ်သို့ ကျွန်ပ်ရှိကြ သည်ဟူ၍ မိန့်တော်မူသနည်း ငါသည်ခမည်းတော်၏ ပညတ်တော်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့သင် တို့သည်ငါ့ပညတ်တို့ကိုစောင့်လျှင်၊ငါ့၌မေတ္တာ၌တည်နေကြလိမ့်မည်။သင်တို့၌ငါဝမ်းမြောက်စရားအကြောင်း တည်စေခြင်းငှါ၎င်း၊သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်ခြင်းငှါ၎င်း၊ဤစကားကို သင် တို့အား ငါဟော ပြော၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၅း၁၀-၁၁ မှတ်ချက်။ထာဝရ ဘုရားသခင်သည် အချစ်ခြင်းမေတ္တာတော်အားဖြင့် ကျွန်ပ်တို့အား ပညတ်တရားတော် များကိုစောင့်ရှောက် ပါဟူ၍ မိန့်မူခြင်းကိုတွေ့ရှိသည် ကျွန်ပ်တို့သည်လည်း ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းဖြစ်လိမ့်မည် ယေရှုခရစ်တော်သည်လည်း ပညတ်တရားတို့ကိုစောင့်ရှောက်ခြင်းအားဖြင့်ဝမ်း မြောက်အသက်တာရှိစေရန် သတိပေးခဲ့သောအကြောင်းအရာဖြစ်ပေသည် ၁၂။ကျွန်ပိတိုယုံကြည်သူအပေါင်းတို့သည် ခရစ်တော်၌ အဘယ်သို့တည်ရှိနိုင်ကြမည်သနည်း ထိုသခင်၌ ငါတည်ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်။ ရှင်ယောဟန်သြဝါဒ စာပဋ္ဌမစောင် ၂း-၆ မှတ်ချက်။ကျွန်ပ်တိုယေရှုခရစ်တော် တည်ရှိကြောင်းကို ပညတ်တော်များကိုစောင့်၍ ကျင့်မှခရစ်တော်၌ တည်ရှိကြောင်းကိုဖေါ်ပြခြင်းတွေ့ရှိသည် ၁၃။ကျွန်ပ်တို့ယုံကြည်သူအပေါင်းတို့သည် မင်္ဂလာရှိမည်အကြောင်း အဘယ်သို့တည်ရှိရမည်သနည်း လွှတ်ခြင်နှင့် စပါဆိုင်၍စုံလင်သောတရား၌စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူ မူကား၊ တရားနာ၍မေ့ လျော့သောသူမဟုတ်။အကျင့်ကျင့်သောသူဖြစ်ဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောဖြစ်၏။ ရှင်ယာကုပ်သြဝါဒစာ ၁း၂၅ ၁၄။ကျွန်ပ်တို့ ယုံကြည်သူအပေါင်းတို့သည် မုသာကိုသုံးသောများ မဖြစ်စေရန်အဘယ်သို့ အမှုကိုပြုကြရ မည်သနည်း။ ထိုသခင်ကို ငါသိ၏ဟုပညတ်တော် တို့ ကို မစောင့်ဘဲလျက် ဆိုသောသောသူသည် မုသာကို သုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။ ရှင်ယောန်သြဝါဒစာ ၂း၎ မှတ်ချက်။ ကျွန်ပ်တို့ယုံသူအပေါင်းတို့သည် ယေရှုခရစ်တော် ကိုသိရှိကြောင်းဟောပြောနေကြာသောလည်း ပညတ်တရား၌ မတည်မရှိကြသောသူ သူအပေါင်းတို့သည် မုသာကိုသုံး၍ အသက်ရှင်သောသူများဖြစ်ကြ သည်ကိုတွေ့ရှိနိုင်လည်းရပေသည် ထိုသူတို့သည်လည်း ဘုရားသခင်၌ သစ္စာမရှိသောသူများဖြစ်ကြသည်

No comments:

Post a Comment