Revelation Study
▼
1
▼
2
▼
3
▼
4
▼
5
▼
6
▼
Daniel Study
▼
The Bible Study Gods Law
▼
▼
Wednesday, November 2, 2016
ရက်ပေါင်း ၂၃၀၀ ၁။ ဒံယေလ အနာဂတ္တိကျမ်း ၈း၁၄ ၌
၁။ဘယ်ကာအကြောင်းပြောသနည်း။ရက်ပေါင်း၂၃၀၀ တိုင်တိုင် တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်။
၂။အနာဂတ္တိစကား၌ တစ်ရက်သည်ဘယ်ကာလ၏ပုံပမာဖြစ်သတည်း။ ထိုပြည်ကိုစူးစမ်းရာ နေ့ ရက်ပေါင်းအရက်လေးဆယ်နှင့်အညီ၊တစ်ရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ်ပါတ်လုံး ကိုယ်အပြစ်ကိုဆောင်လျှက် ငါစွန့်ပြစ်ခြင်းကိုသိရကြလိမ့်မည် ။တောလည်ရာကျမ်း ၁၄း၃၄။ထိုနေ့ရက်စေ့ပြီးမှ ၊တဖန်လက်င်္ကျာ နံစောင်းဖြင့်အိပ်၍ အရက်လေးဆယ်ပါတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့၊နှစ်အစား၌ရက်ကိုငါထားပြီ။ ယေဇကျေလအနာဂတ္တိ ကျမ်း ၄း၆။ မှတ်ချက် ။ ။ဒံယေလအနာဂတ္တိကျမ်းအခန်းကြီးရှစ်တွင် ဖော်ပြပချက်မြင်ခြင်းသည်အနက်အဓိပါယ်ပါသော ပုံပမာဖြစ်ကြောင်းသိုး၊အမွေးကြမ်းသောဆိတ်၊ချိုကြီးဆိုသောအရာတို့အားဖြင့်ကျွန်ုပ်တို့သိရသည်။ဤပုံပမာများတို့သည်နိုင်ငံများဖြစ်ကြသည်။(ငယ် ၂၀-၂၅) ။ထိုနည်းအတိုင်းရက်ပေါင်း၂၃၀၀ သည်ဤပုံပမာဖြစ်၍တစ်ရက်ကိုတနှစ်ထားပြီးရေတွက်ရသည်။
၃။ဤဖော်ပြချက်ရူပါရုံအကြောက်းကိုကောင်းကင်တမန်ဂါဗြေလအား ဘာအမိန့်တော်ပေးတော်မူသနည်း။အခြားသောသူတို့ကအိုဂါဗြေလ ၊ထိုသူသည်ယခုမြင်သောရူပါရုံကိုနားလည်စေခြင်းငှါအနက်ကိုပြန်ပြောလော့ဟု ဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ပြောဆိုသည်ကိုငါကြား၏။ဒံယေလအနာဂတ္တိကျမ်း ၈း၁၆။
၎။ ထိုဗျာဒိတ်ယူပါရုံကိုနားလည်စေခြင်းငှါ ဂါဗြေလသည် ရက်ပေါင်း၂၃၀၀ အကြောင်း ဒံယေလအား ဘာပြောသနည်း။ ညဦးနှင့်နံနက်ကိုဘော်ပြသောဗျာဒိတ်၊ရူပါရုံစကားမှန်သည်ဖြစ်၍ ထိုစကားကိုတံဆိပ်ခတ်ထားလော့။တာရှည်သောကာတိုင်တိုင်တည်လိမ့်မည်ဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၆။
၅။ ဤအခါဒံယေလသည် ရက်ပေါင်း၂၃၀၀ အကြောင်းနားလည်သလော။ ထိုအခါ ငါဒံယေလသည် မော၍နာလျှက်နေ၏။တဖန်အနာမှထမြောက်၍ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။မြင်ပြီးသော ဗျာဒိတ်ရူါရုံကို ငါအံ့သြသော်လည်း ထိုအမှုကိုအဘယ်သူမျှမရိပ်မိကြ။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၇။
၆။ ဒံယေလသည် ဗျာဒိတ်ယူပါရုံ၏အနက်အဓိပ္ပါယ်ကိုအလွန်သိချင်သောကြောင့် ဘာလုပ်သနည်း။ အစာကိုရှောင်လျှက်၊လျှော်တေအ၀တ်ကိုဝတ်လျှက်၊ပြာနှင့်လူးလျှက်၊အရှင်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ဆုတောင်း၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၃။
၇။သန့်ရှင်းရာ ဌာနတော်နှင့်မဖော်ပြသောရက်ပေါင်းတို့အပေါ်၌ဒံယေလသည်စိတ်စွဲလမ်းလျှက်နေကြောင်း ကိုကျွန်ုပ်တို့ အဘယ်သို့သိရသနည်း။ ယခုမူကား၊အကျွန်ုပ်တို့ဘုရားသခင်၊ကိုယ်တော်၏ကျွန်ပြုသောဆုတောင်းသံစကားကိုနားထောင်တော်မူပါ။ဆိတ်ညံလျှက်၇ှိသောသန့်ရှင်းရာနေရာတော်ကိုဘုရားသခင်၏အကျိုးတော်ကြောင့်မျက်နှာတော်ရောင်ခြည်ကိုထွန်းလင်းစေတော်မူပါ။ဒံယေလအနာဂတ္တိကျမ်း၉း၁၇။ယခင်ပြောသောသူကရာက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကိုတဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။
၈။ဒံယေလဆုတောင်းသည့်အတွက်အဘယ်သူလာရောက်သနည်း။ ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင်ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူဂါဗေလသည်လျှင်မြန်စွာပျံ၍လာသဖြင့်ညဥ့်ဦးယံပူဇော်ချိန်၌ငါရှိရာသို့ရောက်၍။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၁။
၉။ ဂါဗေလသည် အဘယ်ကြောင့်လာသနည်း။ နှုတ်ဆက်လျှက် အချင်းဒံယေလ၊ငါသည်သင်၌ဥာဏ်ညာတိုးပွားစေမည်အကြောင်းထွက်လာပြီ။ဒံယေလအနာဂတ္တိကျမ်း ၈း၂၂။
၁၀။ ဘယ်အကြောင်းကိုဆင်ခြင်နားလည်ဖို့ရန် ဒံယေလအားကြားပြောသနည်း။ သင်သည်ဆုတောင်းစပြုသောအခါအမိန့်တော်ရှိသည်ဖြစ်၍သင့်အားကြားပြေပာခြင်းငှာ ငါရောက်လာပြီ။သင်သည်အလွန်ချစ်ခင်အပ်သောသူဖြစ်၏။ထို့ကြောင့်ဖေါ်ပြချက်အချက်ကိုဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၃။မှတ်ချက် ။မောလျှက်နာနေသောကြောင့်ဒံယေလသည်ယခင်ကနားမလည်သောအကြောင်းအရာကိုနားလည်စေခြင်းငှာဂါဗြေလသည်ရောက်လာ၏။ထိုကြောင့်ဒံယေလအားဖေါ်ပြချက်အချက်ကိုဆင်ခြင်ဖို့ရန် အခွင့်ပေး၏။ဘယ်ဖေါ်ပြချက်နည်း။သူနားမလည်သောဖေါ်ပြချက်(ဒံ၈း၂၇ကိုကြည့်)ရက်ပေါင်း၂၃၀၀နှင့်သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်ခြင်းနှင့်ဆိုင်သောဖေါ်ပြချက်ဖြစ်သည်။ဂါဗြေလသည်အနက်အဓိပ္ပါယ်ကိုဖေါ်ပြခြင်းအစ၌ကာလအချိန်ကိုဖေါ်ပြသည်။ဒံယေလနားမလည်သောအရာသည်ဖေါ်ပြချက်တွင်ကာလ အချိန်ဖြစ်သည်။
၁၁။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄ ၌ဘယ်ကာလအချိန်အကြောင်းပြောပြသနည်း။ (သီတင်း၇၀ ကိုသင်၏အမျိုးသားချင်းအဖို့နှင့်သင်း၏သန့်ရှင်းသောမြို့အဖို့ဆုံးဖြတ်ခြင်းရှိ၏။)ထို ဆုံးဖြတ်ဆိုသောစကားသည်တစ်စုံတစ်ခုသောအရာမှဆုံးဖြတ်ရသည်။သီတင်း၇၀သည်ဘယ်အရာမှဆုံးဖြတ်သနည်း။ဖေါ်ပြခက်တွင်ရက်ပေါင်း၂၃၀၀မှတပါးအခြားကာလအချိန်တို့မှဆုံးဖြတ်ဖို့ရန်မရှိ။ (လွန်ကျူးခြင်းအမှုကိုဆီးတားခြင်း)သီတင်း၇၀ တွင်ယုဒလူမျိုးတို့သည်မိမိတို့၏အပြစ်ပယ်ရှားခြင်းကိုဆိုလိုသည်။မေရှိယတည်းဟူသောခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်မှာရိုက်ထားခြင်းနှင့်မိမိတပည့်များဟောပြောသောတရားတော်ကိုငြင်းပါယ်ခြင်းအားဖြင့်သူတို့၏အပြစ်သည်ပြည့်စုံခြင်းသို့ရောက်လေသည်။(၁) အပြစ်ကိုတံဆိပ်ခပ်ခြင်းငှာ။(၂)အပြစ်ကိုဖြေရှင်းခြင်းငှာ။(၃)ထာဝရကုသိုလ်ကိုသွင်ူခြင်းငှာ။ဤအရာတို့ကကျွန်ုပ်တို့အဖို့ခရစ်တော်ပြုတော်မူသောယဇ်ပူဇော်ခြင်းအားဖြင့်မင်္ဂလာအကျိုးကျေးဇူးများကိုညွန်ပြလေသည်။ငါသည်ခရစ်တော်၏ဧ၀ံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ရှေးဦးစွာ၌ယုဒလူ၊နောက်၌ဧေသလလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။အဘယ်သို့ဖြစ်သနည်းဟူမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက် ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလို့ငှာဧ၀ံဂေလိတရားအားဖြင့်ထင်ရှားလျှက်ရှိ၏ ။ ရောမသြ၀ါဒစာ ၁း၁၆-၁၇။ထိုသို့ဖြစ်သော်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ငါတို့၏ရန်ကိုငြီမ်းစေ၍ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေ တော်မူ၏။ထိုမိဿဟာရတရားကိုဟောတော်မူသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏။ထိုတရားဟူမူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ ရှိနေလျှက်လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ။ရန်ကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ထိုမိဿဟာရတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏။ ထို့ကြောင့်ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။သင်တို့သည်ရန်ငြိမ်း၍ဘုရားသခင်နှင့်မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။အဘယ့်ကြောင့်နည်းဟူမူကားဘုရားသခင်သည်အပြစ်နှင့်ကင်းသောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကားထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ကောရိ န္တုသြ၀ါဒစာဒုတိယစောင်၅း၁၈-
၁၁။ထိုမျှမကငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍။ ဖိလိပ္ပိသြ၀ါဒစာ၃း၉။ထိုသို့ပူဇော်ရသည်မှန်လျှင်ကမ္ဘဦးအစ၌အဖန်များစွာအသေခံတော်မူရ၏။ယခုမူကားဤကပ်ကာလအဆုံး၌တခါတည်းကိုယ်ကိုပူဇော်သောအားဖြင့်အပြစ်များကိုသုတ်သင်ဖယ်ရှင်းခြင်းငှာပေါ်ထွန်းတော်မူ၏။ ဟေဗြဲသြ၀ါဒစာ ၉း၂၆။ (ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဖော်ပြချက်တို့ကိုတံဆိပ်ခတ်ခြင်းငှာ)တံဆိပ်သည်တရားအတိုင်းစာချုပ်များကိုမူလအမှန်စင်စစ်ဖြစ်စေဖို့ရန်သုံးတတ်သောအရာဖြစ်သည်။အနာဂတ္တိဖေါ်ပြချက်တို့ကိုယုံမှားခြင်းမရှိဘဲအမှန်တည်ကြောင်းဤနေရာ၌(တံဆိပ်ခတ်ခြင်း)ဟူ၍ဆိုသည်။ရာက်ပေါင်း၂၃၀၀ ကိုဧကန်အမှန်ပြည့်စုံစေလိမ့် မည်အကြောင်းကျွန်ုပ်တို့အားသာ၍ယုံကြည်စေသည်။(အလွန်သန့်ရှင်းသောအရပ်ဌာကိုလိမ်းစေခြင်းငှာ) ဆိုသော်ယဇ်ပရောဟိတ်မင်း၏အလုပ်ဆောင်ရွက်ဖို့ရန်ခရစ်တော်သည်မ၀င်မီကောင်းကင်နှင့်ဆိုင်သောသန့်ရှင်းရာဌာနကိုဘိသိတ်ခံခြင်းတည်းဟူသောဆီလိမ်းခြင်းကိုဆိုလိုသည်။ ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယဇ်ပရောဟိတ်မင်းအကြီးတည်းဟူသောဘုရားသခင်၏သားတော်ယေရှုသည်ငါတို့၌ယဇ်ပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့။ငါတို့ယဇ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခမျာေးကြာင့်မကြင်နာနိုင် သောသူမဟုတ်။ငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏။သို့ရာတွင်ဒုစရီုက်အပြစ်နှင့်ကင်းလွှတ်တော်မူ၏ထို့ကြောင့်ငါတို့သည်သနားခြင်းကရာဏာတော်ကို၎င်း၊တော်လျှော်သောမစသောကျေးဇူးတော်ကို၎င်း၊ခံရမည့်အကြောင်းရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ဟေဗြဲကြ၀ါဒစာ ၄း၁၄-၁၆။ထို့ကြောင့်ခရစ်တော်သည်လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ကရုဏာနှင့်၎င်း၊သစ္စာနှင့်၎င်း၊ပြည့်စုံသောယဇ်ပရောဟိတ်အကြီးဆုံးဖြစ်အံ့သောငှာ၊မိမိညီအကိုတို့နှင့်လုံး လုံးတူရသောအကြောင်းရှိ၏။ ။ဟေဗြဲကြ၀ါဒစာ၂း၁၇။သီတင်း၇၀ ၊ရက်ပေါင်း (နှစ်ပေါင်း) ၄၉၀ ဖြစ်၏။၎င်းးနှစ်ပေါင်း၄၉၀ သည်ဒံယေလဗျာဒိတ်ရူပါရုံမြင်ရသောအချိန်ရက်ေါင်းနှစ်ပေါင်း ၂၃၀၀ က(ဆုံးဖြတ်) ရမည်။ထို့ကြောင့်၎င်းနှစ်ပေါင်း ၄၉၀ ၏ အစကိုသိလျှင် နှစ်ပေါင်း၂၃၀၀ ၏ အစကိုသိနိုင်သည်။
၁၂။ ထိုနှစ်ပေါင်း၄၉၀ ၏အစသည် ဘာအမှတ်ရှိသနည်း။ ထို့ကြောင့်ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ခရစ်တော်သခင်၏လက်ထက်တော်တိုင်အောင်ခုနှစ်သီတင်းနှင့်ခြောက်ဆယ်နှစ်သီတင်း ကြာလိမ့်မည်ဟုသိမှတ်နားလည်လော့။အနှောင့်ယှက်ခံရသောကာလ၌မြို့လမ်းကိုတဖန်တည်ထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၅။ မှတ်ချက်။ ။သီတင်း ၇၀ မှ ၆၉ သီတင်းသည်ဘိသိတ်ခံသောခရစ်တော်သခင် လက်ထက်တိုင်အောင်အထိရောက်သည်။ထိုအချိန်မှအစသည်(ယေရုရှလင်မြို့ကိုတဖန်တည်ထောင်ပြုစုစေခြင်းငှာအမိန့်တော်ရှိသည့်နေ့)အားဖြင့်မှတ်သည်။ဤစကားကိုဒံယေလအားပြောသောအခါယေရုရှလင်မြို့သည်ပြိုပျက်လျှက်ရှိနေပြီ။ သို့သော်လည်းထိုမြို့ကိုတဖန်တည်ထောင်ပြုစုဖို့ရန်ဘုရားသခင်၏ကတိတော်ရှိသည်။
၁၃။တစ်ဖန်တည်ထောင်ပြုစုဖို့ရန်အမိန့်တော်သည်ဘယ်သောအခါထုတ်သနည်း။ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမောရှေ၏ပညတ္တိကျမ်းစာကိုလေ့ကျက်သောဆရာဖြစ်သောသူ ဧဇရသည် ဗာဗုလုန်မြို့မှထွက်သွား၏။ ထိုသူတောင်းသမျှကိုသူ၏ဘုရားသခင်ထာဝရဘုရားသခင်ထာဝရဘုရားတန်ခိုးတောေ်ကြာင့်ရှင်ဘုရင်ပေးသနားတော်မူ၏။အာတဇေရဇ်မင်းကြီးနန်းစံ ခုနှစ်နှစ်တွင်အချို့သောဣသရေလအမျိုးသားယဖ်ပရောဟိတ်၊လေ၀ိသား၊သီချင်းသည်၊တံခါးစောင့်၊ဘုရားကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွား၏။ရှင်ဘုရင်နန်းစံခုနှစ်နှစ်၊ပဉ္စမလတွင် ဧဇရသည်ယေရုရှလင်မြို့သို့ရောက်လေ၏။ပထမလတစ်ရက်နေ့တွင်ဗာဗုလုန်မြို့မှထွက်၍ပဉ္စမလ တစ်ရက်နေ့တွင် မိမိဘုရားသခင်တန်ခိုးကျေးဇူးတော်ကြောင့် ယေရုရှလင်မြို့သို့ရောက်လေ၏။ ဧဇရ မှတ်စာ ၇း၆-၉။ထာဝရဘုရား၏ ပညတ်စကားနှင့်ဣသရေလအမျိုး၌ထုံးဖွဲ့တော်မူချက်တို့ကိုလေ့ကျက်သောဆရာယဇ်ပရောဟိတ်ဧဇရအား၊ဆာတဇေရဇ်မင်းကြီးပေးတော်မူသောအမိန့်တော်စာချက်ဟူမူကား၊ သင်တို့၏ဘုရင်အာတဇေရဇ်သည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကျမ်းတတ်ဆရာယဇ်ပရောဟိတ်ဧဇရ၌ခပ်သိမ်းသောမင်္ဂလာဖြစ်စေသောဟူ၍ဤမည်သောကာလတွင်မှာလိုက်၏။ငါ့နိုင်ငံ၌ရှိသောဣသရေလအမျိုးသားယဇ်ပရောဟိတ်၊လေ၀ိသားတို့တွင်ယေရုရှလင်မြို့သို့ကိုယ်အိလုအလျှောက်သွားချင်သောသူရှိသမျှတို့သည်သင်နှင့်အတူလိုက်သွားရလိမ့်မည်အကြောင်းငါအမနိ့တော်၇ှိ၏။အကြောင်းမူကား။သင်ဒဘုရားသခင့်တရား ကိုသင်လေ့ကျက်သည့်အတိုင်း၊ယုဒပြည်ယေရုရှလင်မြို့၌တရားအမှုများကိုမေးမြန်းစစ်ဆေးစေခြင်းငှာ၎င်း၊ယေရုရှလင်မြို့မှာကျိန်းဝပ်တော်မူသောဣသရေလအမျိုးတို့၏ဘုရားသခင်အား၊ရှင်ဘုရင်နှင့်အတွင်းဝန်တို့သည်ကြည်ညိုသောစိတ်နှင့်ပူဇော်သောရွှေငွေနှင့်တကွဣသရေလအမျိုးသား၊ယဇ်ပရောဟိတ်တို့သည်ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ ၊အလိုလိုလျူ၍၊ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသောရွှေငွေကိုဆောင်သွားစေခြင်းငှါ ၎င်း၊ရှင်ဘုရင်နှင့်အတွင်းဝန်ခုနှစ်ပါး၊စေလွှတ်၏။ထိုငွေကိုယူပြီးလျှင်နွား၊သိုးထီး၊သိုးသငယ်နှင့်တကွ၊ဘောဖဉ်ပူဇော်သက္ကာ၊သွန်းလောင်းရာပူဇော်သက္ကာတို့ကို၊အလျှင်အမြန်ဝယ်၍၊ယေရု ရှလင်မြို့၌ ရှိသောသင်တို့၏ဘုရားအိမ်တော်ယဇ်ပုလ္လင်ပေါ်မှာပူဇော်၇မည်။ကျနိကြွင်းသောရွှေငွေကိုသင်နှင့်သင့်ညီအကိုတို့ကိုပြုချင်သမျအတိုင်း၊သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီပြုလော့။သင်၏ဘုရားအိမ်တော်ဝတ်ပြုစရာအဘို့သင်၌အပ်ပေးသောတန်ဆာများကိုလည်း၊ယေရုရှလင်မြို့၏ဘုရားသခင်ရှေ့တော် တွင်သိုထားလော့။သင်၏ဘုရားသခင်အိမ်တော်အဘို့လိုသေးသောအရာ၊၀ယ်သင့်သမျှတို့ကိုဘဏ္ဍာတော်ထဲကထုတ်၍၀ယ်လော့။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကိုလေ့ကျက်သောဆရာ၊ယဇ်ပရောဟိတ်ဧဇရ တောင်းသမျှအတိုင်းငွေအခွက်တထောင်၊ဂျုံဆန်ကောရတရာ၊စဗျစ်ရည်ဗက်တရာ၊ဆီဗက်တရာ၊ နှင့်တကွဆားမည်မျှမဆို၊မြစ်အနောက်ဖက်၌နေသောအခွန်ဝန်အပေါင်းတို့သည်၊အလျှင်အမြန်ပေးရမည်အကြောင်းငါရှင်ဘုရင်အာတဇေရ အမိန့်တော်ရှိ၏။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်မှာထားတော်မူသမျှအတိုင်း၊ထိုဘုရားသခင်၏အ
No comments:
Post a Comment