Revelation Study

1

2

3

4

5

6

Daniel Study

The Bible Study Gods Law

Tuesday, November 1, 2016

                    အကျင့်တရားအားဖြင့်ဖြောင့်မတ်ရာသို့ရောက်၏
  ၁။ယုံကြည်ခြင်းအားဖြင့်အကျင့်တရား၌စုံလင်သနည်း ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရား သခင်၏ အဆွေဟူ၍ခေါ်ဝေါ်ခြင်းကိုခံရ၏။ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ရှင်ယာကုပ်သြဝါးစာ ၂း၂၂-၂၄ ၂။ဒုစရိက်ကိုပြုသောမည်သည်ကားအဘယ်သို့ဖြစ်သနည်း ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် ၃း၎ ၃။ဘုရားသခင်၏ ပည်တရားတို့အဘယ်သို့ပယ်ကြသနည်း ရှေးလူဟောင်း တို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲအစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကို အမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည်မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်း ကိုခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေဟုဆို၏၊ ထိုသူသည်ကိုယ် မိဘကိုယ်ပင်ရိုသေစွာမပြုရဟုဆိုကြ၏။ ထိုသို့သင်တို့သည်အဆက်ဆက် ခံသောဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကိုပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၄း၂-၉ ၄။အဘယ်သို့ဖြင့်ကိုးကွယ်ကြသနည်း ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့်ညစ်ညူးသော လက်နှင့်အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊ ဟေရှယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသော နည်းဥပဒေသကို ကိုခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံ သောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ ၅။လေရှုခရစ်တော်လက်ဝါးကပ်တိုင်အပေါ်အဘယ်သို့ ပညတ်တရား ပယ်ရှင်သနည်း ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။ အထွဋ်အမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ ထိုကြောင့်စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။ ကောလောသဲသြဝါဒစာ ၂း ၁၄-၁၇ ၆။ပတရားတောက်ဖြစ်လတံ့သောမင်္ဂလာအဘယ်သို့ရှိသနည်း တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဍာန် ကို မပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။ ဟေဗြဲသြဝါဒစာ ၁၀း၁ မှတ်ချက်။ယေရှုခရစ်တော် ယဇ်ကောင်ဟူ၍ အရိပ်ကိုပုံဆောင် ခြင်းဖြစ်သည် ၇။ယုံကြခြင်းနှင့်အဘယ်သို့ ရှိသနည်း ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရသော အခွင့်ကိုပေးသော ဂတိတော်သည် ငါတို့၌ရှိရစ် လျက်နှင့်၊ သင်တို့တွင် အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့်အကျိုးကိုမပေး။ဟေဗြဲသြဝါဒစာ ၄း၁-၂ ၈။ခရစ်တော်သည်အဘယ်သို့ဖြစ်သနည်း သင်တို့ သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏ ကောရိ န္တု သြဝါဒစာပဌမစောင် ၅း၇ ၉။အဘယ်သို့အကျင့်၍ စာတန်ကိုအနိုင်ရနိုင်သနည်း သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာအရပ်တည်းဟူသော သင်၏နေရာအရပ်ကို၎င်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင်အသေသတ်ခြင်းကို ခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏ နာမကိုစွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကိုမစွန့်မပယ်။ ဗျာဒိတ်ကျမ်း ၂း ၁၃ ၁၀။ယေရှုခရစ်တော်အဘယ်သို့လဲ ထိုသခင်ကိုကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃ ၁၁။သခင်၌ သစ္စာမရှိသောအဘယ်သို့သိနိုင်မည်သနည်း ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ရှင်ယောဟန်သြဝါဒစာပဌမစောင်၂း၎ ၁၂ထိုသခင်၌ရှိကြောင်းကိအဘယ်သို့သိရှိနိုင်မည်သနည်း ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း ၅ ၁၃။ထိုသခင်အဘယ်သိသနည်း ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည် ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၆ ၁၄။ပညတ်တော်တို့စောင့်ခြင်းအားအဘယ်သို့ရှိသနည်း ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ ၃ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း ၂-၃ ၁၅။ယုံကြည်ခြင်းအားပညတ်တော်ပယ်နိုင်မည်သနည်း သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ ၃း၃၁

No comments:

Post a Comment