Revelation Study

1

2

3

4

5

6

Daniel Study

The Bible Study Gods Law

Tuesday, November 1, 2016

               ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။
အာဗြံဟံသည်ယုံခြင်းနှင့်ဘုရားစကားတော်ကိုနာခံလိုက်ရှောက်ခြင်း ၁။ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၏ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွအမျိုးသားချင်းပေါင်းဘော်များထဲက ထွက်ပြီးလျှင်၊ငါပြလတံ့သော ပြည်သို့သွားလော့။ကမ္ဘာဦးကျမ်း ၁၂း၁ ၂။ ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွား သောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ကမ္ဘာဦးကျမ်း ၁၂း ၄ ၃။ ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏ အာဗြဟံသည်အမွေခံရလတံ့သောပြည်သို့ထွက်သွားမည်အကြောင်း၊ဘုရားသခင်ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကိုကိုယ်တိုင်မသိဘဲလျက်၊ယုံကြည်ခြင်းအားဖြင့်နားထောင်၍ထွက်သွား လေ၏။ ဟေဗြဲသြဝါဒစာ ၁၁း ၈ ၄။ သူ့ကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှါ၊ အာဗြဟံဟုခေါ်တော်မူ၍၊ အာဗြဟံက၊ အကျွန်ုပ် ရှိပါ၏ဟု လျှောက်လျှင်၊သင်သည်အလွန်ချစ်သောတယောက်တည်းသောသားဣဇာက်ကိုယူ၍၊ မောရိပြည် သို့ သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ ကမ္ဘာဦးကျမ်း ၂၂း၁-၂ ၅။သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊ သင်သည်ဤအမှုကိုပြု၍၊သင်၏သားသင်၌တယောက်တည်းသောသားကို၊ငါ့အားမငြင်းသောကြောင့်၊ငါသည် သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်။သင်၏အမျိုးအနွှယ်ကိုလည်း၊ ကောင်းကင်ကြယ်ကဲ့သို့၎င်း၊သမုဒ္ဒရာသဲ လုံးကဲ့သို့၎င်း၊အစဉ်အမြဲပွါးများစေမည်။သင်၏အမျိုးအနွှယ်သည်ရန်သူတို့၏မြို့တံခါးများကိုအစိုးရလိမ့်မည်။သင်၏ အမျိုးအနွှယ်အားဖြင့်၊လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုငါ၏စကားကိုသင်နားထောင် သောကြောင့်၊ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ကျိန်ဆို၏ဟုထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုလေ၏။ ကမ္ဘာဦးကျမ်း ၂၂း ၁၆-၁၈ ၆။ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။ ဟေဗြဲသြဝါဒစာ ၁၁း ၁၇ ၇။သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟူသော ကျမ်းစကားပြည့်စုံလေ၏။ ငါတို့အဘအာဗြဟံသည်၊မိမိသားဣဇာက်ကိုယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော် သောအခါ၊အကျင့်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်သည်မဟုတ်လော။ယုံကြည်ခြင်းသည်အကျင့်နှင့်အတူပြုပြင်၍၊အကျင့်အားဖြင့်စုံလင်သည်ကိုသိမြင်ရ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၂၁-၂၂ ၈။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ ယေရှုခရစ်ထံ၌အရေဖျားလှီးခြင်းအကျိုးမရှိ။မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ ဂလာတိသြဝါဒစာ ၅း၆ ၁၀။ သူ၏ယုံကြည်ခြင်းကိုသူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်တော်မူ၏။ ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကိုစိတ်စွဲလမ်းလေ၏။ထိုကြောင့်၊သူ၏ ယုံကြည်ခြင်းကိုသူ၏ ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်တော်မူ၏။ရောမသြဝါဒစာ ၄း၂၁-၂၂ ၉။ဘုရားသခင်ချစ်တော်မူ၍၊ ဘုရားသခင်ချစ်တော်မူ၍၊ရောမသြဝါဒစာ ၁း ၅ ၁၀။ ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ ဘုရားသခင်၏သာသနာတော်သည်တိုးပွားသဖြင့် ယေရုရှလင်မြို့၌တပည့်တော်တို့သည်အလွန်ပွားများ၍၊ယဇ်ပုရော ဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ တမန်တော်ဝတ္ထု ၆း၇ ၁၁။ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။ ရှမွေလကလည်း၊ ထာဝရ ဘုရား၏ အမိန်‹တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ‹၊မီးရှို၍ရာယဇ်အ စရှိသော ယဇ်မျိုးတို‹ကိုပူဇော်ခြင်း၌အားရတော်မူမည်လော။အလိုတော်သိုလိုက်ခြင်းသည်ယဇ်မျိုးထက်သာ ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။ ဓမ္မရာဇဝင်ပဌမစောင် ၁၅း၂၂ ၁၂။ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊အသခံခြင်းသာမဟုတ်၊လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင် အောင်အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ဖိလိပ္ပိသြဝါဒစာ၂း၈ ၁၃။ယုံကြည်နားထောင်သောသူအပေါင်းတို့အားထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ယုံကြည်နားထောင်သောသူအပေါင်းတို့အားထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊ ဟေဗြဲသြဝါဒစာ ၅း ၉ ၁၄။ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။ ထိုလက်နက်အားဖြင့်လူတို့၏အကြံအစည်တို့ကို၎င်း၊ဘုရားသခင်ကိုသိသောပညာကိုဆီးတားသောမာန်မာနရှိ သမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ခပ်သိမ်းသောစိတ်တို့ကိုဘမ်းသွားချုပ်ထားလျက်၊ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၀း၅ ၁၅။ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ အကြောင်းမူကား၊သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှဆက်ခံသောနည်းဥပဒေသကိုကိုခံယူလျက်၊ထိုသို့သောအခြားအကျင့်အလေ့များတို့ကိုကျင့်လေ့ရှိကြ၏။ သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကိုကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ ရှင်မာကုခရစ်ဝင် ၇း ၈-၉ ၁၆။ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊သခင်ယေရှုသည်တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်း တော်မူ၍၊ဘုရားသခင်ကိုမသိသောသူ၊ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကိုနားမထောင်သော သူတို့ကိုမီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ၊သင်တို့ကိုဆင်းရဲစေဘူးသောသူတို့၌ဆင်းရဲခြင်းကိုင်း၊ဆင်းရဲခံ ဘူးသောသင်တို့၌ငါတို့နှင့်အတူချမ်းသာခြင်းကိုင်း၊ဘုရားသခင်ဆပ်ပေး၍တရားသဖြင့်စီရင်တော်မူလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၁း ၇-၈ ၁၇။ပျက်ဆီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၂၂ Posted by ခရစ်ယာန်အတူ့ အယောင်တွေရှိတယ် at 7:40:00 PM

No comments:

Post a Comment