Monday, January 16, 2017

၁။ ယောဘ၏အကြောင်းလေ့လာခြင်း

 ၁။ငတ်မွတ်ခြင်းဆင်းရဲ့ခြင်း သတ်ခြင်းစသဖြင့် အဘယ်သို့ဖြစ်သနည်း။
အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါးကောက်လှိုင်းကို ထမ်းရ၏၊၊
သူတပါးအိမ်မှာ  ဆီကို ကြိတ်လျက်၊ စပျစ်သီးကိုနင်းနယ်လျက် အငတ်ခံရ၏၊၊
လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏၊၊ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ ဆုတောင်းသော စကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ၊၊
အချို့သော သူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ၊၊ လင်းသော လမ်းသို့ မလိုက်တတ်ကြ၊၊
လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏၊၊
ညဥ့်အခါ သူခိုးလုပ် တတ်၏၊၊ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍ မိမိမျက်နှာကို ဖုံးလျက် အဘယ်သူမျှ မမြင်ရဟု ဆိုတတ်၏၊၊
လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏ အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ ၍ အလင်းကို ရှောင်တတ်ကြ၏၊၊
နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍ သေမင်းအရိပ်ကြောက်မက်ဘွယ် သောဘေးတို့ကို သိရကြ၏၊၊ယောဘဝတ္တု ၂၄း ၁၀း၁၇
၂။ကမ္ဘာဦးစ၌ လူသတ်သမားမည်သူဖြစ်သနည်း
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ကမ္ဘာဦးကျမ်း ၄း၈
၃။ယောဟန်လယ်ပင်ပင်ဘယ်သူဖြတ်သနည်း။
လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာ ဖြတ်စေ၏။
  ဦးခေါင်းကိုလင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်းမိမိအမိထံသို့ယူသွား၏။ 
 ယောဟန်၏တပည့်တို့သည်လည်း လာ၍အလောင်းကိုဆောင်သွားသဖြင့်သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့သွား၍ ကြားလျှောက်ကြ၏။
ယရှုသည်ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက်တော၌ ဆိတ်ကွယ်ရာအရပ် သို့ကြွတော် မူ၏။ လူအစုအဝေးတို့သည်ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ကုန်းကြောင်းလိုက်ကြ၏။
ယရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကိုချမ်းသာ ပေးတော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၁၄း၁၀-၁၄
၎။ခရစ်တော်အကြောင်း အဘယ်သို့သင်ပေးသနည်း။
သင်တို့သည် ခရစ်တော်၏အကြောင်းကို သင်ပေးသောဆရာတသောင်း ရှိကြသော်လည်း၊ အဘအများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည်သင်တို့ကို ယေရှုခရစ်၌ဖြစ်ဘွားစေပြီ။
သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန်၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၄း၁၅-၁၆
၅။ယခုခေတ်ကားလကိုမည်သို့ပံဆောင်ခြင်းရှိသတည်း
ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသောလူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံမရောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်းပေါင်းဘော်၍ မသင့်နိုင်ကြ။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄
၆။ယောဘသည် ဘုရားသခင့်ထံ၌ အဘယ်သို့တောင်းရှောက်သနည်း။
လူသည် သေလျှင်အသက်ရှင်   ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။
၁၅ အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။
အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။
ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ 
ယောဘဝတ္တု  ၁၄း၁၄-၁၆
၇။ယောဘ၏ အသက်တာအတွင့်ဆင်းရဲ ဒုက္ခများခံပြီးသော အခါ ဘုရားအဘယ်သို့သော ကောင်းကြီးပေးသနည်း
 ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ သူခံရသော ဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း ၍ အရင်ထက် နှစ်ဆသော ဥစ္စာကို ပေးတော်မူ၏၊၊
ထိုအခါ သူ၏ ညီအစ်ကိုနှမများ၊ အရင် သိကျွမ်းသော သူများအ ပေါင်းတို့သည် သူထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူ စားသောက်ကြ၏၊၊  သူ့အပေါ်မှာ ထာဝရဘုရား ရောက်စေ တော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏၊၊ ထိုသူအပေါင်းတို့သည်လည်း ငွေတပြားစီနှင့် ရွှေနားထောင်းတဘက်စီ ပေးကြ၏၊၊
ထိုသို့ ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန် ကိုသာ၍ ကောင်းကြီးပေးတော်မူသဖြင့် သူသည် သိုးတသောင်း လေးထောင် ၊ ကုလားအုပ်ခြောက်ထောင် ၊ နွားယှဉ် တထောင်၊ မြည်းမတထောင်ကို ရတတ်၏၊၊
သားခုနှစ်ယောက်နှင့် သမီးသုံးယောက်လည်း ရပြန်၏၊၊
သမီးကြီးကား ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း၊၊
တပြည်လုံး၌ ယောဘ၏ သမီးကဲ့ သို့ လှသောမိန်းမတစ်စုံတစ်ယောက် မျှမရှိ၊၊ သူတို့၏ အဘသည် သူတို့ မောင်များနှင့်အညီအမျှ သူတို့အား အမွေ ဥစ္စာကို ဝေပေးလေ၏၊၊
ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသားမြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ
အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စ ရောက်လေ၏၊၊ ယောဘဝတ္ထု ၄၂း၁၀-၁၇
၈။အခု ခေတ်ကာလ ယုံကြည်သူများတို့ အဘယ်သူနှင့်တူညီကြသနည်း
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ကမ္ဘာဦးကျမ်း ၄း၈
၉။ဥရိယ အသက်အတွင်းအဘယ်သို့ရှိသနည်း။
မြို့သားတို့သည်ထွက်၍ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ ကျွန်အချို့တို့သည်သေကြ၏။ ဟိတ္တိလူဥရိယ သည်လည်းသေ၏။ ဓမ္မရာဇဝင်ဒုတိယစောင် ၁၁း၁၇



















































t
 

Saturday, November 5, 2016

လူမျိုးတကာတို့၏အမိ အာဒံနှင့် ဧဝ

                               လူမျိုးတကာတို့၏အမိ အာဒံနှင့် ဧဝ

ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။ ကမ္ဘာဦးကျမ်း ၃း၂၀
လောက ဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ကျိန်းဝပ်တော်မူသည်မဟုတ်။
ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကိုပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။
ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကို၎င်း၊ သူတို့၏နေရာအပိုင်းအခြားကို၎င်း မှတ်သား တော်မူ၏။
အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ တမန်တော်ဝတ္ထု ၁၇း၂၄-၂၇
မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊စကားတစ်မျိုးတည်ရှိရှိကြသည်ဖြစ်၍။ကမ္ဘာဦးကျမ်း ၁၁း၁
မှတ်ချက်။ဤကျမ်းစာ၌ပါရှိသော အချက်မှာတွင်ပါဝင်သောအချိန်ကာလသည် လူကို ဖန်ဆင်းပြီသည်နောက်
နှစ်ပေါင်း ၁၇၀၀ ကျော်ကျော်ဖြစ်သည်



လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။
သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။ ကမ္ဘာဦးကျမ်း ၁၁း၈-၉
မှတ်ချက်။လူမျိုးတို့သည် ဘုရားသခင်၏ကတိတော်ကိုမယုံကြည်သော
ကြောင့် ဗာဗုလုရဲတိုက်ကိုတည်ဆောက်ကြသည်။အစအဦးက်အပြစ်မ
ဝင်လျှင် လူမျိုးအပေါင်းတို့သည်  မကွဲပြားနိုင်သောနိုင်ငံတပါးဘာသာ
စကားလည်းတစ်မျိုးတစ်ဘာသာရှိကြပေလိမ့်မည်။ ယခုအပြစ်ဒုစရိက်သည် အနည်း နည်းအားဖြင့်  ကွဲပြားခြင်းသွန်သင်ကြောင့် နိုင်ငံများပြည်
များ။နယ်ခရိုင်များ ကြို့ကြီးမြို့ငယ် ရပ်ရွာများ ရွာဇနေပုဒ်များ အရပ်များ၊အိ
မ်များ လူများတို့သည် အစဉ်တစိုက် တစ်နှင့်တဦးဆန်ကြင်ဘက်ပြုကြညသည်
 ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၂း၃၂
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။
 ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။ ဧဖက်သြဝါဒစာ ၂ ၁၃း၁၆
သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂၃း ၈
ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊
ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။ ရှင်လုကာခရစ်ဝင် ၂၂း၂၄-၂၆
မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။ ရှင်မဿဲခရစ်ဝင် ၂၂း ၁၆
ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက် ခြင်းမရှိကြနှင့်။
 ရွေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကို ဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
 တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေ လော့။ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင် ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊
တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံ အစည်နှင့်စီရင်သောသူဖြစ်ကြသည်မဟုတ်လော။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်မဟုတ်လော။
သင်တို့သည် ဆင်းရဲသော သူကိုမထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။
သင်တို့ကို သမုတ်သောနာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။
သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၁-၉
ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ရှင်လုကာခရစ်ဝင်၁၀း၂၇
 ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။
ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။
 ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ ရှင်မာကုခရစ်ဝင် ၂း၁၅-၁၇
ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဘို့ တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော် ခြင်းမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၄း၉
ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေ တော်မူ၏။
 အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇနက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၄း၄၀၄၅
ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊
နာက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။
ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။
 ယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊
 ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။
သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။
ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊
ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။
သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။
သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။
ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။
ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။
စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။
 ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင် ၇း၃၇-၅၀
နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။
ရှင်လုကာခရစ်ဝင် ၇း၁၁-၁၅
သူငယ်သေကြောင်းကို ထိုသူတို့သည် သိသဖြင့် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။
ထိုသူရှိသမျှ တို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ လက်ကိုကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊
စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ သူ့အားစားစရာ ပေးလော့ဟု မိန့်တော်မူ၏၊ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအား မျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ ရှင်လုကာခရစ်ဝင်၅၃-၅၆
ယေရှုသည် ထိုမိန်းမကိုမြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည်အနာ ရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည်ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလေ၏။ ရှင်လုကာခရစ်ဝင် ၁၃း၁၂-၁၃
ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင်
၁၀-၁၆
ကောင်းကင် ဖွင့်လှစ်သည် ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သောတန်ဆာသည် မိမိဆီသို့ဆင်းသက် လာသည်ကို၎င်း မြင်လေ၏။

ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်း ကင်၌ကျင်လည်သောငှက်မျိုး တို့သည်ရှိကြ၏။
စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟုလာ၏။
ပေတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မဆင်ကြယ်သော အရာကို အကျွန်ုပ်သည် တရံတခါမျှမစားဘူးပါဟု ပြောဆို၏။
နောက်တဖန် စကားသံကား ဘုရားသခင် ဆင်ကြယ်တော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။
ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။
ပတရုသည် မိမိမြင်ရသောဗျာဒိတ်ရူပါရုံကား အဘယ်သို့ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကိုမေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊
ပေတရု အမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါသလောဟု မေးမြန်းဟစ်ခေါ်ကြ၏။
 ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်

Thursday, November 3, 2016

                    ထာဝရ ဘုရားသခင်၏ ကယ်တင်ခြင်းအစီည်အစင်

ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
 ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
 ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။ 
 ရှင်လုကာခရစ်ဝင် ၁း၂၆-၃၁
မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
 ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ 
  ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သော သူတို့သည်၊
ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးသားသောသူအများရှိကြသည်ဖြစ်၍၊
ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီး သောအ ကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
ရှင်လုကာခရစ်ဝင် ၁း၁-၅
သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာ စရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌သိပ်ထားလေ၏။ ရှင်လုကာခရစ်ဝင် ၂း၇
ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
 ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
 ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။
ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။
ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့သွား ကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုပြီး လျှင်၊ ရှင်လုကာခရစ်ဝင် ၂း၈-၁၅
ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည်ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိ တို့သည် အရှေ့ပြည်ကယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊
ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ  ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။ ရှင်မဿဲခရစ်ဝင် ၂း၁-၂
ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ  ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်း ပြောဆိုကြ၏။
ထိုစကားကိုကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊
ယဇ်ပုရောဟိတ်အကြီး တို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင် လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။
ထိုဆရာတို့ကလည်း၊ ပရောဖက်တဦးရေးထား သောအချက်ဟူမူကား၊
အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့်ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအားပြန်ကြားလျှောက် ထားကြ၏။
ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
သင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်းထိုသူငယ် ကိုဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟုမှာထားတော်မူလျက်၊ ဗက်လင်မြို့သို့စေလွှတ်လေ၏။
ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသောကြယ်သည် သူတို့ရှေ့ကသွားသဖြင့်၊ သူငယ် တော်ရှိရာအရပ်ပေါ်သို့ရောက်၍တည်လျက်နေ၏။ ရှင်မဿဲခရစ်ဝင် ၂း၂-၉
အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့် တကွ သူငယ်တော်ကိုတွေ့မြင်လျှင်ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာ ဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂း၁၁
ထိုအခါဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသောကြယ်၏ အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကိုသတ်စေ၏။
ပရောဖက်ယေရမိဟောဘူးသည်ကား၊
ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးမြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိ သောကြောင့် ငို၍စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျ သတည်း။
 ရှင်မဿဲခရစ်ဝင် ၂း၁၆-၁၈
ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည် ဟုဆိုလေ၏။
 ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဥ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ထွက်သွား၍၊
 ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား  ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ မည်အကြောင်းတည်း။ရှင်မဿဲခရစ်ဝင်၂း၁၃-၁၅
  ဟေရုဒ်မင်းကြီးအနိစ္စရောက်သည်နောက်၊ ယောသပ်သည်အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန် သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍၊
 သင်ထလော့။ မယ်တော်နှင့်သူငယ် တော်ကိုဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါရှာသော သူတို့သည်သေကြပြီဟုဆိုလေ၏။
ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီး လျှင်၊ ဣသရေလတိုင်းသို့သွား၍ရောက် သည်ရှိသော်၊
 ဟေရုဒ်မင်းကြီး၏အရာ၌သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကိုကြားရလျှင်၊ ထိုပြည်သို့မသွားဝံ့၍ အိပ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ ဟူသောပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။ ရှင်မဿဲခရစ်ဝင်၂း၁၉-၂၃
                         ဘုရားသခင်အဘယ်သို့ဂတိစကားတော်ရှိသနည်း

လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်၃း၉
သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
 ကမ္ဘာဦးကျမ်း ၃း၁၅
ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဘွယ် သောနေ့ရက်ကြီးမရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ရှိရာသို့ငါစေလွှတ်မည်။ ငါသည် လာ၍သင်တို့၏ ပြည်ကိုကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ မာလခိအနာဂတ္တိကျမ်း၎း၄-၅
အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလ အမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဘို့သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။မိက္ခာအနာဂတ္တိကျမ်း ၅း၂
ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊ ဟေရှာယအနာဂတ္တိကျမ်း၇း၁၄
 ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။ ရောမသြဝါဒစာ၅း၈-၁၀
ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော
သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ဟေရှာယအနာဂတ္တိကျမ်း ၅၃း၇
 အကယ်စင်စစ် ငါယုံ၍ ငါ့မုန့်ကို စားသောအဆွေ ခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း၊၊ ဆာလံကျမ်း။၄၁း၉
ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊   ဆာလံကျမ်း၂၂း၁၆
ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏၊ဟေရှာယအနာဂတ္တိကျမ်း၅၃း၉
အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၅-၁၆