Monday, October 3, 2016
ဗျာဒိတ်ကျမ်သင်ခန်းစာ(၆)
ဗျာဒိတ်ကျမ်းစာ၌ဝမ်းမြောက်ပျော်ရွှင်ခြင်း ဘုန်တန်ခိုးနှင့်ပြည့်စုံခြင်း ယေရှုခရစ်တော်ဒုတိယကြွလာတော်မူသောအခါ လောက၌ရှိသောလူသားအပေါင်းတို့အား ရွှေးရယ်သောသူ တို့ကို ကယ်တင်ရန်ကြွလာတော်မူခြင်းပင်ဖြစ်သည်ကျွန်ပ်တို့မျော်လင့်ခြင်းကိုသမ္မာကျမ်းစာတော်မြတ်မှပေး သော ဓမ္မသစ်ကျမ်းများ အကြိမ်းပေါင်းများစွာပင် ဖေါ်ပြပေသည် သမ္မာကျမ်းပိုဒ်ငယ်တွင်ဖေါ်ပြခြင်းရှိသည် ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာမည့် အကြောင်းကို သမ္မာကျမ်းစာ၌ အခန်းပေါင်း ၂၅၀၀၀ မှယေရှု ခရစ်တော် ကြွလာမည့်အကြောင်းများ အသိပေးနိုးဆောင်ခြင်းသိရှိသည် သမ္မာကျမ်းစာ အချို့တို့သည် ဝမ်းျေမြာက်ခြင်းသိတင်း ပျော်ရွှင်ခြင်း မျော်လင့်ခြင်း ကောင်းကြီးများစွားကို သတိပေးအချက်လျက် အချို့သော ကျမ်းပိုဒ်များသာ၍များသည်တွေ့ရှိပေသည် ကျွန်ပ်တို့ ဗျာဒိတ်ကျမ်းစာများကိုလေ့လာမှတ်နားယူသောအခါ ကျွန်ပ်တို့ ယေရှုခရစ်တော်ဒုတိယတကြွလာတော်မူခြင်းအကြောင်းကောင်းမွန်စွားသိ၍ဝမ်းမြောက်ခြင်းအသက် တာကိုပေးစွမ်းနိုင်သည်ကိုနားလည်နိုင်ပေသည်ထိုကြောင့်စာတန်မာရ်သည်မလိုလားသောဗျာဒိတ်ကျမ်းစာ လေ့လာသင်ကြားခြင်းကို စာတန်မလိုလားပေ ယေရှုခရစ်တော် မွေးဘွားသောအချိန်ကာလ၌ဗက်လင်မြို့၌ မွေးဘွား လူများတို့သည် အံ့သြေစရာ အကြောင်းမရှိပါသမ္မာကျမ်းစာဓမ္မဟောင်းကျမ်းများပရောက်တို့သည် ယေရှုခရစ်တော်ဘွားမြင်မည့် အကြောင်းကြိုတင်၍ ပြောခဲ့ကြသည်ဖြစ်၍ဘုရားသခင်၏ပရောဖက်တိုသည် တိကြမှန်စွာဟောပြောကြပေသည် သို့သောလည်း လူများတို့ အလေးနက်ထားခြင်း မရှိသောကြောင့်ပရော ဖက် များ ဟောပြောသည်အတိုင်း ယေရှုခရစ်တော်ဘွားမြင်သောအခါမရှိဆင်းရဲသားလူများမရိုသေမလေး သောဆင်းရဲ သားထံတော်သို့ဘွားမြင်ခြင်းကိုတွေ့ရှိရပေသည်ပရောဖက်မျာ၏ ဟောပြောချက်များအလေး မထားခဲ့သလို ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွာလာတော်မူခြင်း သိတင်းစကားကိုကြားပြောသောလည်း လူအများတို့ မထီမျက်မြင်ပြုတတ်ကြပေသည် သို့ရာတွင်အချို့သောသူများတို့သည်ယေရှုခရစ်တော်ဒုတယ အကြိမ် ကြွလာမည့်သိတင်းစကားများ အလွန်အမတန်မှခေါင်းရှုပ်ထွေ၍ မယုံကြည်နိုင်ကိုလည်းပြောတတ် ကြသည် လူတချို့တို့သည် ငါတို့ဘိုဘေးကာလမှစ၍ ထိုသိတင်းစကားကြာနေသည် သို့သော်လည်း ယနေ့ တိုင်အောင် ယေရှုခရစ်တော်ကြွလာတော်မူခြင်း မရှိသေးဟူ၍ပြောဆို၍ နောက်သို့ဆိုပ်သွားတတ်ကြသည် (က)ယေရှုခရစ်တော်အဘယ်သို့သတိပေးခြင်းသိနိုင်မည်သနည်း ယေရှုကလည်း၊သင်တို့ကိုအဘယ်သူမျှမလှည့်ဖြားစေခြင်းငှါသတိပြုကြလော့။ရှင်မဿဲခရစ်ဝင်ကျမ်း၂၄း၎ ကျွန်ပ်တို့အား ယေရှုခရစ်သည် မကြွလာသေးမှီ အချန်ကာလ၌သင်တို့အဘယ်သူမျှမလညှ့််ဖြားစေခြင်းငှါသ တိပြုကြလော့၊ ဟူ၍သတိပေးသော စကားကိုတွေ့ရှိပေလိမ့်မည်။ (ခ)ထက်မှန်၍ ယေရှုခရစ်တော် အဘယ်သို့သော သတိပေးခြင်းကိုတွေ့ရှိနိုင်လည်နိုင်မည်လော့။ အကြောင်းမူကား၊ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ် သောသူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သောအမှု တို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ။ ရှင်မဿဲခရစ်ဝင် ကျမ်း၂၄း၂၄-၂၅ မှတ်ချက်။ယေရှုခရစ်တော် ကျွန်ပ်တို့အား အထူသတိပေးထာသောအချက်လျက်များပင်တွေ့ရှိပေသည် သို့ ရာတွင် ယေရှုခရစ်တော်ယောဆာင်၍မိစ္ဆာပရောဖက်တို့ ပေါ်လာလိမ့်မည်ဟူတွေ့ရှိပေသည်သို့ရာတွင်ကျွပ် တို့သည် ယနေ့ကာလအချိန် ကာ၌ မိစ္ဆာပရောက်ဖက်များ ဧကန်အမှန်ရောက်ရှိနေသည်ကို သမ္မာကျမ်းစာ ကို လေ့လာသောအခါ၌ ထိုသူသည် ခရစ်တော်၏ တမန်ဟုတ်မဟုတ် ကောင်းမွန်စွာနားလည်နိုင်ပေသည် အဘယ်သို့ သိရှိရသည်မှာ ထိုသူတို့သည် သူတို့အသက်တာကိုကြည့်ရှုခြင်းအားဖြင့် သိရှိနိုင်ပေသည် သူတို့ သည် သမ္မာကျမ်းနှင့် မညီချက် များစွာပင်သူတို့၌ရှိသည်ကိုတွေ့ရှိပေသည် ပရောဖက်ကြီးဟေရှာ၏သတိ ပေးချက်ကိုကြည့် သောအခါတွင် နားလည်နိုင်ပေသည် တရားတော်ကိုင်း၊သက်သေခံတော်မူချက်ကိုင်းနားထောင်ကြကုန်၊၊သူတို့ပြော သောစကားသည်နှုတ်ကပတ် တော်နှင့် မညီလျှင်၊သူတို့၌အာရုဏ်မတက်သေး၊၊ဟေရှာအနာဂတ္တိကျမ်း ၈း၂၀ မှတ်ချက်။ပရောဖက်ကြည့်ဟေရှာသည်အဘယ်သို့အကြံပြုသည်မှာ သူတို့တရားဟောချက်ကိုနားထောင်ပါ သို့သောလည်း သူတို့ဟောပြောသော တရားသည် သမ္မာတရားနှင့် မညီးဘူးဆိုလျှင် သူတို့အလင်း၏ တမန် မဟုတ်ဆိုသိနိုင်သည်ဟူ၍ ဟေရှာယပရောက်က လည်းအထူဘဲသိပေးခြင်းတွေ့ရပေသည် အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကိုထောက်၍သူတို့၏သဘောကိုသိကြလိမ့်မည်။ဆူးလေပင်၌စပျစ်သီးကိုဆွတ်တတ်သ လော။ ဆူးလေပင်၌သင်္ဘောသဖန်းသီးကိုဆွတ်တတ်သလော။ ကောင်းသောအပင်သည်ကောင်းသောအသီး၊မ ကောင်းသောအပင်သည်မကောင်းသောအသီးကိုသီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကိုမသီးနိုင်။ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍မီးထဲသို့ချလိုက်တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၁၅-၂၀ မှတ်ချက်။ယေရှုခရစ်တော်မကြွာလာမှီမိစ္ဆာပရောက်တိုပေါ်လာ၍ ရွှေးချယ်ခြင်းခံရသောသူတို့ကိုလည်မိစ္ဆာ ပရောဖက်တို့ လှည့်ဖြားခြင်းကို ခံရလိမ်ညဟူ၍ ယေရှုခရစ်တော် အထူသတိပေးခြင်း တွေ့ရပေလိမ်မည်သို့ ရား မိစ္ဆာ ပရောဖက်များတို့သည်လည် သူတို့သည် ဘာမှ ကျွန်ပ်တို့ထူခြားမရှိမရှိသော ကြောင့် သူတို့ကိုအ သို့ သိရှိ၍ ထိုသူသည် မိစ္ဆာပရောဖက်ဟူ၍ သိရှိနိုင်မည်အကြောင့် ယေရှုခရစ်တော်သည် အဘယ်သို့သတိ ပေးသည်မှ သူတို့၏ အကျင့်ကိုထောက်၍သိရှိနိုင်ကြောင်းနားလည်နိုင်ပသေည်ယနေ့ယခုခေတ်ခရစ်ယာန် များ တို့သည် အချို့သော ခရစ်ယာန်ဘာသာဝင်များတို့ သည်သမ္မာကျမ်း၏အပြင်ဘက်၌ နေ၍တရားဟော နေကြသည် ကိုတွေ့ရှိ နိုင်သည် ထိုသူတို့ ယုံကြည်ခြင်းရှိသောလည်း အကျင့်တရားမပါရှိကြောင်းကိုနားနိုင် ပေလိမ့်မည်။ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်ကိုသိချင်သလော။ ငါတို့အဘအာဗြဟံသည်၊မိမိသားဣဇာက်ကိုယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော် သောအခါ၊အကျင့်အားဖြင့် ဖြောင့် မတ်ရာ သို့ရောက်သည် မဟုတ်လော။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။ အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍၊သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဟူ သော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရား သခင်၏ အဆွေဟူ၍ခေါ်ဝေါ်ခြင်းကိုခံရ၏။ လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။အကျင့်အားဖြင့်ရောက်သည်ကိုသင်တို့ သိမြင်ရကြ၏။ ရှင်ယာကုပ်သြဝါဒစာ ၂း၂၀-၂၄ မိစ္ဆာပရောဖက် နှင့်တွေ့ရှိသော အခါတွင် သူတို့ သည် ယုံကြည်ခြင်း ရှိသောလည်း အကျင့်တရား၌ မတည် လျှင် ထိုသူတို့ သည်မိစ္ဆာ ပရောဖက်ဖြစ်ကြောင်း သိရှိနားလည်ပေးလိမ့်မည်။ ၁။သခင်ယေရှုခရစ် ဒုတိယ အကြိမ်ကြွလာတော်မူခြင်း အဘယ်သို့ သိနားလည်နိုင်မည်သနည်း တမန်တော်တို့သည်ကြည့်ရှုလျက်နေကြစဉ်၊ဘုရားသခင်သည်အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၍၊မိုဃ်းတိမ် သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ထိုသို့ကြွတော်မူသည်ကိုတမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊လူနှစ် ယောက် တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာ ပေါ်လာ၍၊ အိုဂါလိလဲလူတို့၊အဘယ်ကြောင့် ကောင်းကင်သို့ကြည့်မျှော်လျက်နေကြသနည်း။သင်တို့နှင့်ခွါ၍ ကောင်းကင် သို့ဆောင်ယူခြင်းကိုခံတော်မူသောထိုယေရှုသည်သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်း တူတဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။တမန်တော်ဝတ္တု ၁း၉-၁၁ မှတ်ချက်။ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွာလာတော်မူသောအခါမိုဃ်းတိမ်နှင့်တကွ ကောင်းကင်တမန်များ နှင့်ကြွာလာတော်မူခြင်း တွေ့မြင်မည်ဟု၍ သမ္မာကျမ်းစာ သတိပေးထားခြင်းသိရှိနားလည်နိုင်ပေလိမ့်မည် သို့ ရာတွင် တချို့သော ခရစ်ယာန်ဘာသာဝင်တို့ ယေရှုခရစ်တော် ဝိညာဉ်တော်အားဖြင့်ယခုကြွာလာပြီဟူ ၍ သွန်သင်ခြင်း များလည်းရှိသည် ထိုသိုသွန်သင်ခြင်း မမှန်ကြောင်းသမ္မာကျမ်းစာ၌သတိပေးခြင်းတွေရပေ လိမ့်မည်။ (က) လူသားအားလုံးတွေ့မြင်ရပေမည် (ခ) ယေရှုခရစ်ကောင်းကင်သို့ ကြွတော်မူသကဲ့သို့ တွေ့မြင်ရပေလိမ့်မည် (ဂ)ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါကိုယ်ခန္ဒာနှင့်တကွကြွလာသည်တွေ့မြင်ရလိမ့် ယေရှုခရစ်တော် ကောင်းကင်သို့ပြန်ကြွတော်မူသောတွင် ကိုယ်ခန္ဒာနှင့်တက်ကြွတော်မူသည် ၂။ဗျာဒိတ်ကျမ်းစာ၌ ယေရှုခရစ်တော်အဘယ်သို့ကြွလာတော်မူမည်ဟူ၍ဆိုသနည်း ကြည့်ရှုလော့။မိုဃ်းတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍၊ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့်ရှိသမျှ သောသူတို့သည်ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည်ကိုယ်တော် ကြောင့် ငိုကြွေးမြည်းတမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ဗျာဒိတ်ကျမ်း ၁း၇ မှတ်ချက်။ယေရှုခရစ်တော် အဘယ်သို့သော ကတိတော်စကားထားခဲ့တော်မူသနည်း တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။သို့မဟုတ်လျှင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှါသင်တို့ကိုငါ့ ထံသို့ သိမ်းဆည်းမည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁-၃ မှတ်ချက်။ ယေရှုခရစ်တော် ဒုတိယအကြိမ်းကြွလာတော်မူသော အရင်တဖန်လာသသဲ့သို့ မဟုတ်ပေသို့ရာ တွင် ယေရှုခရစ်တော် ဘုံတန်ခိုးအရောင်ကြည်များတကွ ကောင်းကင်တမန်များနှင့်တကွာ ခရာမှုတ်ခံများ နှင့်တကွ ကြွလာတော်မူလိမ့်မည်။ ထိုနောက်မှငါကြည့်လျှင်၊အသီးအသီးဘာသာစကားကို ပြောသောလူမျိုးအနွှယ်ခပ်သိမ်းတို့အထဲမထွက်၍၊အဘယ် သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း၊ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည်ကယ်တင်တော်မူခြင်းချမ်း သာ ရှိတော်မူစေ သတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ဗျာဒိတ်ကျမ်း ၇း ၉-၁၀ ၃။အဘယ်သို့သော ကတိတော်ရှိသနည်း မတရားသောသူသည်မိမိစိတ်အလို၌ဝါကြွားတတ်ပါ၏၊၊ လောဘကြီးသောသူသည်ထာဝရဘုရားကိုပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏၊၊ မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ၊၊ ဘုရားသခင်မရှိဟု အစဉ်အောက်မေ့တတ် ပါ၏၊၊ဆာလံကျမ်း ၁၀း ၃-၄ ဘုရားသခင်၏ရထားတော်တို့သည်အထောင်အသောင်းမကများကြ၏။ဘုရားရှင်ပါတော်မူ၏။သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။ ဆာလံကျမ်း ၆၈း ၁၇ လူသားသည်မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များအခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊ရှင်မဿဲခရစ်ဝင်ကျမ်း၂၅ ၃၁ မှတ်ချက်။ယေရှုခရစ်တော် ကြွာလာတော်မူအ်၌ သန့်ရှင်သော ကောင်းကင်တမန်မာအခြံအရံ တို့တကွကြွ လာမည် သိမှတ်နိုင်ပေသည် လူသားအားလုံးတွေ့မြင်မည်ဖြစ်သည် ၄။ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွာလာတော်မူသောအခါ၌ အဘယ်သူတွေတွေ့မြင်ကြမည်သနည်း ကြည့်ရှုလော့။မိုဃ်းတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍၊ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့်ရှိသမျှသော သူတို့သည်ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည်ကိုယ်တော် ကြောင့်ငိုကြွေးမြည်း တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ဗျာဒိတ်ကျမ်း ၁း၇ ထိုအခါလူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃၀ မှတ်ချက်။ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောလူတို့အဘယ်သိုဖြစ်ကြမည်မှာ။လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊မိုဃ်းတိမ်ကိုစီး၍။ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ ၅။ယေရှုခရစ်တော်ကြွလာတော်မူသောအခါ ကောင်းကင်တမန်များတို့ အဘယ်သို့ပြုကြမည်သနည်း လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ် တော်မူသောသူတို့ကိုအရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတံ့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃၁ ၆။ယေရှုခရစ်တော်သည်ကျွန်ပ်တို့အဘယ်သို့ဝမ်းမြောက်ခြင်းရှိစေအကြောင်းအဘယ်သို့သွန်သင်တော်မူသ နည်း လျှပ်စစ်သည် အရှေ့ မှ ပြက်၍အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့၊လူသားသည်ကြွလာ တော်မူလတံ့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၇ မှတ်ချက်အရှောအရပ်ကလျှပ်စစ်သည် အနောက်အရပ်မှထွန်းလင်းသကဲ့ သို့ လူသားတို့ အားတွေ့မြင်ကြမည်ဖြစ်သည်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၆ သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊မပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၅၂ ထိုကြောင့်၊သင်သည်ပရောဖက်ပြုလျက်သူတို့အား ဟောပြောရသောစကားများဟူမူကား၊ထာဝရဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။သန့်ရှင်းသောဘုံဗိမာန်တော်အသံကိုလွှင့်တော်မူမည်။ကျိန်းဝပ် တော်မူရာအရပ်ဌာနတဘက်၌ ပြင်းစွာကြွေးကြော်တော်မူမည်။စပျစ်သီးကိုနင်းနယ်သောသူများအော်ဟစ်သ ကဲ့သို့၊ မြေကြီးသားများတဘက်၌ အော်ဟစ်တော်မူမည်။ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ခပ်သိမ်းသောသတ္တဝါတို့ကိုအမှုလုပ်တော်မူမည်။ဆိုးသောသူတို့ကိုထားနှင့်ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးသည်တပြည်မှတပြည်သို့ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည်ထလိမ့်မည်။ထိုအခါထာဝရဘုရားကွပ်မျက် တော်မူခြင်းကို ရသောသူတို့သည် မြေကြီးတဘက်မှတဘက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။သူတို့ကိုမမြည်တမ်းရ။မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၂၅း၃၀-၃၃ မှတ်ချက်။ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ မြေကြီးအစွန်းတိုင်အောင်လူမျိုးအပေါင်း ဘာသာစကားအသီးအသီးကိုပြောသောသူအပေါင်းတို့သည်တယာက်မျှမကျန် ယေရှုခရစ်တော်ကိုတွေ့မြင် ကြမည် လျှစ်ဝှက်ထားအရာတခုမျှမရှိပေသို့ရာတွင်ခရစ်တော်ယောင်ဆောင်သောသူလာလျှင်ထိုသို့မဟုတ် ၇။ဖြောင့်မတ်သောသူတို့သည် ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ၌အဘယ်သို့သော ဝမ်းမြောက်ခြင်း အသက်တာ၌တည်ရှိနေကြမည်သနည်း သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊မပုပ်နိုင် သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ကောရိ န္တု သြဝါဒစာပဌမစောင်၁၅း၅၂ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ဘုရားသခင်၏တန်ပိုးတော်ကိုမှုတ်ခြင်း တနှင့်ကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ခရစ် တော်၌ သေလွန်သောသူတို့သည်အဦးထမြောက် ကြလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၆ ထိုအခါအသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ချည်ဆောင် ခြင်းကိုခံရသောအားဖြင့်သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြ လိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၇ မှတ်ချက်။ခရစ်တော်၌ သေလွန်သောသူအပေါင်းတို့သည်သခင်ဘုရားသည် ကြွေးကြော်ခြင်းနှင့်တကွရှင်ပြန် ထမြောက်သို့ရောက်ရှိလိမ့်မည်။မပိုတ်နိုင်သောအဖြစ်သို့ပြောင်းလဲခြင်းဝင်စားရကြလိမ့်မည်။ဘုရားသခင်နှင့် အစဉ်မပြတ်နေရသောအခွင့်ကိုရရှိကြလိမ့်မည်။ ၈။ ဖြေင့်မတ်သောသူအပေါင်းတို့ ဝမ်းမြောက်ခြင်းအသက်တာ၌ ကျွန်ပ်တို့ဝီညာဉ်နှင့်ဘဲလား သို့မဟုတ် ကိုယ်ခန္ဒာနှင့် ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်း အသက်တာ၌ပြောင်းလဲနိုင်လော့။ ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ကယ်တင် တော်မူသောအရှင်သခင် ယေရှုခရစ် သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည် မြော်လင့်လျက် နေကြ၏။ ထိုသခင်သည်ခပ်သိမ်းသောအရာ ကိုပင်မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့်ယုတ်ညံ့သောငါတို့၏ကိုယ်ခန္ဓွာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓွာတော်၏နည်းတူ ဖြစ်စေ ခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။ ဖိလိပ္ပိသြဝါဒစာ ၃း၂၀-၂၁ မှတ်ချက်။ဝိညာဉ်လေးမဟုတ်ဘူး ကိုယ်ခန္ဒာဘာဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားရကြမည်လိမ့်မည် ထိုသို့အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည်သူတို့အလယ်၌ရပ်တော်မူလျက်၊သင်တို့အားငြိမ်သက်ခြင်းဖြစ် စေသတည်းဟုမိန့်တော်မူ၏၊ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြ သနည်း။ အဘယ် ကြောင့်အထူးထူး အထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ငါ့ခြေကိုလည်းကြည့်ကြလော့။ငါ့ကိုယ်ပင်ဖြစ်၏။ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ငါသည် သင်တို့မြင်သည်အတိုင်းအရိုးအသားနှင့်ပြည့်စုံ၏။တစ္ဆေမည်သည်ကားဤကဲ့သိုမပြည့်စုံဟုမိန့်တော်မူလျှက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့သြ၍ဝမ်းမြောက်သောအားဖြင်မယုံနိုင်ဘဲ နေသေးသောအခါ၊သင်တို့၌စားစရာတစုံတခုရှိ သလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ တဖန်မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ဆာလံကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင် ၂၄း၃၆-၄၃ မှတ်ချက်။ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်သည်ကို တပြည့်တော်တို့ မယုံသောကြောင့် ယေရှုခရစ် တော် သည်မိမိဖြစ်ကြောင့် တပြည့်များကိုင်ခိုင်စေသည်မှာ ယေရှုခရစ်တော်စစ်မှန်ကြောင်းကိုဖေါ်ပြခြင်းကို ကိုတွေ့ရှိနားနိုင်ပေသည်။ယေရှုခရစ်တော်သည် ကိုယ်ခန္ဒာနှင့်တကွထမြောက်တော်မူကြောင်းကိုသိရှိပေ သည် ခရစ်တော်၌ သစ္စာရှိ၍ သေလွန်သောသူ အပေါင်းတို့သည်လည်းထိုနည်းတူ ယေရှုခရစ်တော်ကြွလာ တော်မူသော အခါ၌ မပုတ်စပ်နိုင်သော ဘဝသိုပြောင်းလဲ၍ ကိုယ်ခန္ဒာနှင့်ပြောင်းလဲခြင်းသို့ဝင်စားကြမည် အိုဂါလိလဲလူတို့၊အဘယ်ကြောင့် ကောင်းကင်သို့ကြည့်မျှော်လျက်နေကြသနည်း။သင်တို့နှင့်ခွါ၍ ကောင်းကင် သို့ဆောင်ယူခြင်းကိုခံတော်မူသောထိုယေရှုသည်သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်း တူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။ တမန်တော်ဝတ္ထု ၁း၁၁ ၉။ယေရှုခရစ်တော်ကြွလာတော်မူသောအခါ၌ ကျွန်ပ်တို့သည် မြေကြီးအပေါ်၌ရှိလော့။ သို့မဟုတ်မိုဃ်းတိမ် အပေါ်၌ ရှိကြမည်လော့။ ထိုအခါအသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ၊ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ချည်ဆောင် ခြင်းကိုခံရသောအားဖြင့်သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေ ရကြလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၁း၎ မှတ်ချက်။ယေရှုခရစ်တော်ကြွလာတော်မူသောအခါ မသေဘဲနှင့်ကျန်ရစ်သောသူအပေါင်းတို့မျက်တမိတ် အတွင်၌ ကိုယ်ခန္ဒာပြောင်းလဲသို့ရောက်၍ ဘုရားသခင်နိုင်ငံတော်သို့သို့ချီဆောင်ကိုခံရကြလိမ်မည်။ ယေရှုခရစ် ကတိသည်ငါနောက်တဖန်ပြန်မည်ဟူ၍ အဘယ်သို့သော ကတိစကားတော်များ ပေးတော်မူခဲ့ သနည်။ တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း ၁-၃ မှတ်ချက်။ယေရှုခရစ် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ သင်တို့နေစရာအဘို့ငါပြင်ဆင်မှတဖန်ငါရှိရာအရပ်သင် တို့ရှိမည်အကြောင်း သင်တို့ကိုငါသိမ်ဆ်ာမည်ဟူ၍ ကတိတော်ပေးထားခဲ့ပေသည် ထိုနောက်မှငါကြည့်လျှင်၊အသီးအသီးဘာသာစကားကို ပြောသောလူမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊စွန်ပလွံခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေ သတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ဗျာဒိတ်ကျမ်း ၇း ၉-၁၀ ၁၀။ခရစ်တော်အယောင်ဆောာင်သောသူကိုအဘယ်သို့ သိနိုင်မည်သနည်း ထိုမီးခွက် ခုနစ်လုံးအလယ်၌လူသားတော်နှင့်တူသော သူတဦးကို၎င်း၊ မြင်၏။ထိုသူသည်ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည်ဖြူသောသိုးမွေးကဲ့သို့၎င်း၊မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်းမီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။အသံတော်သည်လည်းသမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်းကြယ်ခုနစ်လုံးကိုကိုင်၏။ခံတွင်းတော်ထဲကလည်းထက်သောသန်လျင်ထွက်၏။ မျက်နှာတော် သည်အရှိန်တန်ခိုးနှင့်ထွန်းတောက် သောနေကဲ့သို့ဖြစ်၏။ ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ထိုသူသည်လက်ျာလက်တော်ကိုငါ့ အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ဗျာဒိတ်ကျမ်း ၁း၁၃-၁၇ မှတ်ချက်။ဗျာဒိတ်ကျမ်း ၁း၁၃-၁၇ ၌ဖေါ်ချက်ရှိသည်အတိုင်း ယေရှုခရစ်တော်၏( မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ခရစ်တော်၏ခံတွင်းတော်ထဲကလည်းထက်သောသန်လျင်ထွက်၏။မျက်နှာတော်သည်အရှိန် တန်ခိုးနှင့်ထွန်းတောက် သောနေကဲ့သို့ဖြစ်၏။ခရစ်တော်၏(ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ခြေတော် ရင်း၌လဲလျက်နေ၏။ခရစ်တော်သည်မည်သို့ဖြစ်သနည်း၊ငါသည်အဦးဆုံသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ၁၁။စာတန်မာရ်တန်သည် ယေရှုခရစ်တော် သကဲ့သို့ ဘုံတန်ခိုးနှင့် လာနိုင်မည်လော့ အဖြေ။ (က)ဤအမှုသည်အံ့သြဘွယ်ဖြစ်သည်မဟုတ်။စာတန်ပင်လျှင်လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင် တတ်၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင်၁၁း၁၄ (ခ)အံ့သြေဘွယ်များပြန်သည်။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ ဗျာဒိတ်ကျမ်း ၁၆း၁၄ (ဂ)ကောင်းကင်မီးလျှင် များခေါ်လို့လား စာတန်သည် ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကိုဆင်းစေ၏။ ဗျာဒိတ်ကျမ်း၁၃း၁၃ (ဃ)စာတန်မာရ်သည် သမ္မာစာကိုအသုံးပြုလား ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါသူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ၏။ထိုကြောင့်ဘုရား သခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ရှင်မဿဲခရစ်ဝင်၎း၆ (င)စာတန်မာရ်သည် လှပလား ရုပ်ချောလား အချင်းလူသား၊တုရုရှင်ဘုရင်အတွက် မြည်တမ်းသောစကားကို မြွက်၍၊အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင်တင်ခြင်းအသရေလည်း စုံလင်လျက်ရှိ၏။ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၂ ၁၂။သူတပါးက ယေရှုခရစ်တော် ဟိုတိုင်ခန်းမှာရှိလို့ပြောရင်သွားကြည့်ဘို့လို့လား ထိုအခါ သူတပါးက၊ ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သောအမှုတို့ကို ပြကြ လိမ့်မည်။ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ။ ထိုကြောင့်သူတို့က ခရစ်တော်သည်တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၃-၂၆ သတိ။AGအသင်းတော်ဟာ သမ္မာကျမ်းအတိုင်း ယုံကြည်နေတာမဟုတ်.. စာတန်မာရ်တန်သူတို့အသုံးပြု နေသည် သတိနှင့်ရှောင်ကြလော့။နတ်ဆိုတို့၏ ဝိညာဉ်နှင့် သူတို့အလုပ်နေတာဖြစ်တယ် သမ္မာကျမ်းစာအ တိုင်းသူတို့အသက်ရှင်နေတာမဟုတ်ဘူး ၁၃။ ကျွန်ပ်တော် မျော်လင့်သော ဘုရင်ကြွလာတော်မူ ဝမ်းမြောက်ခြင်းရှိကြလော့ မိုဃ်းကောင်ကင်သည်စာစောင်လိပ်သကဲ့သို့လွင့်သွား၏။ တောင်များ၊ကျွန်းများအပေါင်းတို့သည်မိမိတို့နေရာ အရပ်မှရွေ့ကြ၏။ လောကီဘုရင်၊မှူးမတ်၊စစ်သူကြီး၊သူဌေး၊သူကြွယ်၊ခွန်အားကြီးသောသူမှစ၍ကျွန်များ၊လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ကျကြပါ။ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏မျက်နှာနှင့်သိုးသငယ်၏အမျက်တော်ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟုပြောဆိုကြ၏။ ဗျာဒိတ်ကျမ်း ၆း၁၄-၁၇ ၁၄။ဖြေင့်မတ်သောသူတို့ ဝမ်မြောက်အခါ၌ လူးဆိုးတို့အဘယ်သို့ဖြစ်ကြမည်သနည်း ပေါလု၊သိလွာနု၊တိမောသေတို့သည်၊သင်တို့အဘတည်းဟူသောဘုရားသခင်နှင့်သခင်ယေရှုခရစ်၌တည်ရှိ သော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ ညီအစ်ကိုတို့၊သင်တို့၏ယုံကြည်ခြင်းသည်အလွန်တိုးပွား၍၊လူတိုင်းအသီးအသီးတို့သည်အချင်းချင်ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍၊ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူး တော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။ သင်တို့သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၁း၁-၈ ပယ်ရှင်းခြင်း သို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၂း၈ ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်၊၊ မြေကြီးကို နှုတ်ကပတ်တော် လှံတံနှင့်ဒဏ်ခတ်၍၊ဆိုးသောသူကိုနှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း၁၁း ၄ ၁၅။ဘုရားသခင်သည် လးဆိုးတို အဘယ်သို့အားဖြင့် ကျေးဇူးတော်နှင့်အခွင့်မျှ နစ်ခါပေးသည်း ထိုအဓမ္မလူ၏ လာခြင်းအကြောင်း ဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့်၎င်း၊ ပျက်ဆီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထိုကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသာစကား ကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင်လွှတ်တော်မူလိမ့်မည်။သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၂း၁၀-၁၂ အကြင်သူသည် ငါ့ကိုင်း၊ ငါ့စကားကိုင်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကိုရှက်တော်မူလတံ့။ ရှင်လုကာခရစ်ဝင် ၉း၂၆ ၁၆။ဝမ်းမြေက်ခြေင်း ထိုအခါ မြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာထိုင်နေ၏။ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ လူစောင့်တို့သည် ကောင်းကင်တမန် ကိုကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။ ရှင်မဿဲခရစ်ဝင် ၂၈း ၂-၄ ၁၇။ခရစ်တော်စစ်သည်တို့အဘယ်သို့ရှိကြသနည်း ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာဟူ သောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ်၏။ တရားသဖြင့်စစ်တိုက် တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက်ရှိ၏။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေ တို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခပ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်းတော်ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း၊ ရေးထားလျက်ရှိ၏။ဗျာဒိတ်ကျမ်း ၁၉-၁၁-၁၆ ၁၈။ယေရှုခရစ်တော်ကြွလာတော်မူခြင်း အကြောင်းရင်မည်သို့ဖြစ်သနည်း တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ ငါသည်အဘယ် အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ ဟုမိန့်တော်မူသည်ရှင်ယောဟန်ခရစ်ဝင်ကျမ်း၁၄း၁-၄ (က)ခရစ်တော်ကြွလာတော်မူသောအခါ ကျွန်ပိတို့မိတ်ဆွေများအဘယ်သို့ရှိမဘ်သနည်း သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၆-၁၈ (ခ) မျက်စိမမြင် နားမကြားသောသူတို့အဘယ်သို့ရှိကြမည်သနည်း အားယူကြ လော့။ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့၊၊ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက်ကြွလာတော်မူလိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်၊၊ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊ ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ တို့သည် သီချင်းဆိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၃၅း ၄-၆ (ဂ) လောက၌ ဝမ်းနဲကျေင်ကွဲခြင်းရှိသမျှတို့ အဘယ်သို့ ခံစားရကြမည်သနည်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရား သခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။ ဗျာဒိတ်ကျမ်း ၂၁း၁-၄ ၁၉။တမန်တော်ရှင်ပေါလုသည် ယေရှုခရစ်တော်ဒုတိယကြွလာတော်မူခြင်းကို အဘယ်သို့ခေါ်ဆိုသနည်း ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့ သည်မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣနြေ္ဒစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်း လျက်ရှိ၏။ တိတုသြဝါဒစာ ၂း၁၃ ၂၀။ယေရှုခရစ်တော်ဒုတ်ယအကြိမ်းကြွလာတော်မူခြင်း တဦးတယောက်သောသိရှိနိုင်လား ထိုအချိန်နာရီကိုကားအဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၄း ၃၆ ၂၁။ယေရှုခရစ်တော်ကြွလာတော်မူခြင်း အဘယ်သို့အားဖြင့်တိကြစွာသိုနိုင်မည်သနည်း သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက် နု၍အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည်တံခါးဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးမတည် သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန် နာရီကိုကားအဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏။ လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင်လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက် လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်း သည်တိုင်အောင်သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။ ရှင်မဿဲခရစ်ဝင် ၂၄း၃၂-၃၉ ၂၂။ယေရှုခရစ်တော်ကြွလာတော်မူသောအခါ ဖြေင့်မတ်သောသူတို့ အဘယ်သို့ရကြမည်သနည်း ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ဗျာဒိတ်ကျမ်း ၂၂း၁၂ ယေရှုသည် ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင် များကိုပြခြင်းငှါ အထံတော်သို့ချဉ်းကပ်ကြ၏။ ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည် မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည်ခရစ်တော်ဖြစ်၏ ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့ သောသိတင်းစကားကို၎င်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။ ထိုကာလ၌ လူအများတို့သည် သင်တို့ကိုညှင်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြ လိမ့်မည်။ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကို တယောက် အပ်ကြလိမ့်မည်။ အချင်းချင်းမုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။ မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။ ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည် ပါစေ။ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာရှိသော သူသည် အိမ်ထဲကဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှါ နောက်သို့မပြန်စေနှင့်၊ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည် အကြောင်း ဆုတောင်းကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။ ထိုအခါ သူတပါးက၊ ဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ။ ထိုကြောင့်သူတို့က ခရစ်တော်သည်တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့ မှ ပြက်၍အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့၊ လူသားသည်ကြွလာ တော်မူလတံ့။ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကိုအရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတံ့။ သင်္ဘောသဖန်းပင်ကိုအစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက် နု၍အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည်တံခါးဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးမတည် သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန် နာရီကိုကားအဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏။လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင်လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက် လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်း သည်တိုင်အောင်သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။ ထိုအခါလယ်၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကားနေရစ်ရလတံ့။ ကြိတ်ဆုံကြိတ် သော သူနှစ်ယောက်တို့တွင်တယောက်ကို သိမ်းယူ၍ တယောက်မူကားနေရစ်ရလတံ့။ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။ သူခိုးလာမည် အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အားအချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်င်းပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကိုအရှင်သည် ပြန်လာ၍ တွေ့၏၊ ထိုကျွန်သည်မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက င့ါအရှင်လာခဲလိမ့်မည် ဟု စိတ်ထဲ၌အောက်မေ့သည်နှင့်၊ ကျွန်ချင်းတို့ကိုရိုက်ပုတ်လျက်သေသောက်ကြူး သောသူတို့နှင့် တကွစားသောက် လျက်နေ၏။ ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သောသူတို့နှင့်တကွနေ ရာချလတံ့။ရှင်မဿဲခရစ်ဝင် ၂၄း၁-၅၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment