Monday, October 3, 2016

တသိန်းလေးသောင်းလေးထောင် ဗျာဒိတ်ကျမ်းသင်ခန်းစာ(၂၆) တသိန်းလေးသောင်းလေးထောင် တသိန်းလေးသောင်းလေးထောင် ၁။ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သိုးသငယ်၏ ရှော၌ ကျွန်ပ်တို့ လူများနယောက်မျှရှိ မည်သနည်း ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်း တော်၏ နာမကို နဖူး၌အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။ ဗျာဒိတ်ကျမ်း ၁၄း၁ ခရစ်တော်နှင့်စပ်ဆိုင်လျှင်အာဗြဟံ၏အမျိုးအနွှယ်ပင်ဖြစ်၍၊ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏။ ဂလာတိသြဝါဒစာ ၃း ၂၉ ထိုနောက်မှငါကြည့်လျှင်၊အသီးအသီးဘာသာစကားကို ပြောသောလူမျိုးအနွှယ်ခပ်သိမ်းတို့အထဲမှထွက်၍၊အ ဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊စွန်ပလွံခက်ကိုကိုင် လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ ဗျာဒိတ်ကျမ်း ၇း၉ မှတ်ချက်။ကျွန်ပ်ဖြေသွားသော်အောက်ပါကိုဖတ်ပါ က။ အဖြေ(၁)သားရဲ၏ အမှတ်တံဆိပ်နဖူး၌ မခံဘဲနေ၍ နှုတ်ကပတ်တရားတော်၌ သန့်ရှင်းသောသူ ခ။အဖြေ(၂)။ယုံကြည်ခြင်းတရား၌သန့်ရှင်းသော။၃။ယုံကြည်ခြင်းတရားမိစ္ဆာအယူဝါသြများနှင့်ကင်စင်သော သူ ဂ။ ၄။ခရစ်တော်၏ နောက်သို့လိုက်သောအခါ သမ္မာတရားနှင့်ပြည့်စုံသောသူ ဃ။ ၅။သမ္မားတရာမွှေ့လျှော၍ သူတပါး၏ နှုတ်နှင့်အပြောအဆိုကင်စင်သောသူ။မုသာနှင့်ကင်စင်၍ သမ္မာတရား၌ တည်ကြည်သောသူ။ င။၆။ ဘုရားသခင်ရှေ့ အပြစ်နှင့်ကင်စင်သောသူ အပြစ်တရားနှင့်ကင်စင်၍ အသက်ရှင်၍နေထိုင်သောသူ ၂။ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့်မညစ်ညူးသောသူဖြစ်ကြ၏။အဘယ်သို့သောသူဖြစ်သနည်း ထိုသူတို့သည်ကညာဖြစ်၍ မေထုန်အမှုနှင့်မညစ်ညူးသောသူဖြစ်ကြ၏။သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနှုတ်၍ဘုရားသခင် နှင့်သိုးသငယ်အဘို့အဦးသီး သာအသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။ ဗျာဒိတ်ကျမ်း၁၄း၎-၅ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူဖြစ်ကြ၏။ဒီအချက်မှာနားလည်နိုင်တာက မေထုန်အမှုနှင့် မညညစ်ညူးသောသူဆိုသောအချင်။ ပါပ၏ ဘာသာတရားနှင့်ကင်ရှင်းသောသူဖြစ်ရမည် Sun-day နေဘုရားကိုဝတ်ပြုကိုးကွယ်ခြင်း ကင်စင်၍သမ္မာတရားအတိုင်မုသာမရှိဘဲတရားဟောပြောသော သူဖြစ်ရမည်။ ၃။ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။အဘယ်သူ ဖြစ်သနည်း မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်သိန်း တို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်း တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကိုငါမြင်၏။ ကောင်းကင်တမန်တပါးကလည်း၊ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊မိမိမတရားသောမေ ထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးသောဗာဗုလုန်မြို့ကြီးပြို လဲပြီဟုလိုက်၍ပြောဆို၏။ထိုမှတပါး၊တတိယကောင်းကင်တမန်က၊အကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုကိုး ကွယ်၍၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ၊ထိုသူသည်ဘုရားသခင်၏ ဒေါသဖ လား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ထိုညှဉ်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။သားရဲနှင်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့ သည် နေ့ညဥ့်မပြတ်သက်သာမရကြဟုလိုက်၍ကြီးသောအသံနှင့် ပြောဆို၏။ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေ ရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သောသန့်ရှင်းသူတို့သည်ဤအရာ၌သည်းခံစရာအကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း၆-၁၂ မှတ်ချက်။လူအမျိုးအနွှယ်ခပ်သိန်းတို့အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက ကောင်းကင်တမန်တပါး၏ ထိုသိတင်းစကား အဘယ်သို့ အကြောင်းအရာဖြစ်သည် နားလည်ကြမည်လော့ က။အဖြေ။ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ Ezekiel 20:12 (KJV) 12 Moreover also I gave them my sabbaths, to be a sign between me and them, that they might know that I am the Lord that sanctify them. ခ။ထိုမှတပါး၊တတိယကောင်းကင်တမန်က၊အကြင်သူသည်သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ Revelation 13:17-18(NKJV) 17 and that no one may buy or sell except one who has the mark or the name of the beast, or the number of his name. 18 Here is wisdom. Let him who has understanding calculate the number of the beast, for it is the number of a man: His number is 666. ဘုရားသခင်၏ကောင်းကင်တမန် သင်ခန်စာ ၁၀ပြန်ဖတ်ပါ ဗျာဒိတ်ကျမ်း၏ အနက်အဓိပ္ပါယ် ၄။ဘုရားသခင်သည်လူ အဘယ်သို့ ပံသဏ္ဍာန်နှင့်ဖန်ဆင်းတော်မူသနည်း တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ကမ္ဘာဦးကျမ်း ၁း၂၆ မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက်လိမ္မာသည်ဖြစ်၍၊မိန်း မအား၊သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။မိန်းမကလည်း၊ ငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊သင်တို့သည်မကိုင်မစားဘဲနေကြလော့။သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆိုလေ၏။ထိုအပင်သည် စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊အသီးကိုယူ၍စား၏။မိမိခင်ပွန်းအားလည်း ပေး၍သူသည်လည်းစား၏။ကမ္ဘာဦးကျမ်း ၃း၁-၆ ဘုရားသခင်၏သားတော်သည်အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ဘုရားသခင်သည် ရှေ့ မဆွေကသိတော်မူသောသူတို့ကိုသားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွကခွဲခန့်မှတ်သား တော်မူ၏။ ရောမသြဝါဒစာ ၈း၂၉ ၅။မိန်းမသည်မြင်လျှင်း ထိုအပင်သည်အဘယ်သို့သော အပင်ဖြစ်သနည်း ထိုအပင်သည်စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ် ခင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ကမ္ဘာဦးကျမ်း ၃း၆ သင်သည်ဥစ္စာရတတ် ခြင်းငှါ၊မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊အဝတ်အချည်းစည်းရှိ၍၊သူတပါးရှေ့တွင်မရှက်စေခြင်း ငှါခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်းငါ့ထံမှာဝယ်လော့။သင်၏မျက်စိမြင်စေခြင်းငှါ၊မျက်စိ၌မျက်စဉ်းခတ်လော့ဟုသင့် အား ငါသည် အကြံပေး၏။ ဗျာဒိတ်ကျမ်း ၃ ၆။စာတန်သည် ယေရှုခရစ်တော်ကိုအဘယ်သို့ စုံစမ်တော်မူသနည်း ထိုအခါမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံစေရမည်အကြောင်း၊ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည်အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်း သို့ ရောက်တော်မူ၏။ထိုအခါစုံစမ်းသွေးဆောင်သောသူသည်ချဉ်းကပ်၍၊ကိုယ်တော်သည်ဘုရားသခင်၏သား တော်မှန်လျှင်၊ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏။ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋိ၌တင်ထားပြီးလျှင်၊ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အားသင့်အဘို့မှာထားတော် မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါသူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည် ဟုလာ၏။ထိုကြောင့်ဘုရားသခင်၏သားတော်မှန်လျှင်ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်းသင်၏ဘုရားသခင်ထာဝရဘုရားကိုသင်သည်အစုံအစမ်းမပြုရဟုကျမ်းစာလာပြန်သည်ဟုမိန့်တော် မူ၏။တဖန်မာရ်နတ်သည်ယေရှုကိုအလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်၍၊ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံ တို့ကို၎င်း၊ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်း ပြညွန်၍၊ကိုယ်တော်သည်ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင်ယခုပြလေ သမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်းအချင်းစာတန်၊ငါ့နောက်သို့ဆုတ်လော့။သင်၏ဘုရားသခင်ထာဝရ ဘုရားကိုကိုးကွယ်ရမည်။ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုမိန့်တော်မူ၏။ထိုအခါမာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည်ချဉ်းကပ်လျက်လုပ်ကျွေးကြ၏။ ယောဟန်သည် ထောင်ထဲ သို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊ ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁-၁၂ ၇။သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့။ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ ကိုစောင့်ရှောက် လော့။ ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၁၄း၇ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ စာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။ ထိုကျမ်းဟေဗြဲသြဝါဒစာ ၄း ၃-၅ ၈။ စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာ တစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည်အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊လူနှင့်ဆိုင်သောအမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာသတည်း။အကြောင်းမူကား၊ဘရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ ဒေသနာကျမ်း ၁၂း ၁၃-၁၄ ၉။ဘုရားသခင်ကြောင်ရွ့သောသဘောအဘယ်သို့ဖြစ်သနည်း ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာ ဖြစ်၏။ပညတ်တော်တို့ကို စောင့်ရှောက် သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ ဆာလံကျမ်း ၁၁၁း၁၀ မှတ်ချက်။ဘုရားသခင်ကိုကြောက်၇ွံ့၍ အဘယ်သို့ ရှိမည်သနည်း အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ပဋိညာဉ်တရားတော်ကိုအစဉ်အောက်မေ့တော်မူ၏။ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။ လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။ မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။ ၁၀။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ဆာလံကျမ်း ၁၁၁း၎-၁၀ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ ထွက်မြောက်ရာကျမ်း ၃၁း၁၃-၁၈ ၁၀။ဘုရားသခင်ကိုကြောက်ရွံ့သောသဘောအဘယ်သို့ရှိသနည်း ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို အထီမဲ့မြင်ပြုတတ်ကြ၏။ သုတ္တံကျမ်း ၁း ၇ ၁၁။ဘုရားသခင်ကိုကြောက်ရွံ့၍ မည်အရာများနှင့်ဆန်ကြာင်ဘက်ဖြစ်သည်း။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသော သဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ သုတ္တံကျမ်း ၈ ၁၃ ၁၂။ခေတ်ကာလခရစ်ယာန်များတို့ အဘယ်သို့ရှိကြသနည်း ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။ ဖိလိပ္ပိသြဝါဒစာ ၄း၈ Philippians 4:6-8 (NKJV) 6 Be anxious for nothing, but in everything by prayer and supplication, with thanksgiving, let your requests be made known to God; 7 and the peace of God, which surpasses all understanding, will guard your hearts and minds through Christ Jesus. Meditate on These Things 8 Finally, brethren, whatever things are true, whatever things are noble, whatever things are just, whatever things are pure, whatever things are lovely, whatever things are of good report, if there is any virtue and if there is anything praiseworthy—meditate on these things. ၁၃။မိန်းတို့သည် အဘယ်သို့သောအကျင့် က္ကှနြေ္တစောင့်ခြင်းရှိနိုင်မည်သနည်း။ ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဘိုးထိုက်တန်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည် အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှါငါအလိုရှိ၏။ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာ သင်စေ။ တိမောသေသြဝါဒပဌမစောင် ၂း၉-၁၀ ၁၄။နူးညံ့သိသြိမ်းသာက်ခြင်းရှိစေခြင်းငှါ အဘယ်သို့နေထိုင်ရမည်သနည်း။ သင်တို့၏တန်ဆာဆင်ခြင်းမှုကား၊ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊အဝတ်ဝတ်ခြင်းတည်းဟူသောအပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊ဘုရားသခင့်ရှေ့မှာအဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသောမ ဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။ဘုရားသခင်ကို ကိုးစား၍သန့်ရှင်း သောမိန်းမတို့သည် ရှေးကထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊စာရာသည်အာဗြဟံကိုသခင်ဟု ခေါ်ဝေါ်၍သူ၏စကားကိုနားထောင်သကဲ့သို့ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြ၏။သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၃-၆ ၁၅။လူးများအဘယ်သို့နိပ်ဆက်ခြင်းရှိကြသနည်း ငါ၏လူတို့ကိုအဘယ်ကြောင့် နှိပ်စက်ကြသနည်း၊၊ ဆင်းရဲသားတို့၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရားမိန့်တော်မူ၏၊၊ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကိုပြ လျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည်လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊ ဘုရားရှင်သည် ဇိအုန် သတို့သမီးတို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။ ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊ နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်၊၊ မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသော အဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်၊၊ သင်၏လူတို့သည် ထားလက်နက်ဖြင့်င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်င်းလဲ၍ ဆုံးရှုံးကြလိမ့်မည်။ သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊ ဟေရှာယအနာဂတ္တိကျမ်း ၃း၁၅း၂၆ ၁၆။ဘုရားသခက်ကြောက်ရွံ၍ အဘယ်သို့ချီးမွမ်းခြင်းရှိနိင်မည်လော့. ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင် အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၁၄း ၆ ၁၇။မျက်စိအားဖင့်အဘယ်သို့သောအကျိုးအပြစ်ဖြစ်နိုင်သနည်း ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုတခုတည်းသောကိုယ်၏အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်း အားဖြင့် တကိုယ်တည်း ထဲသို့ ဗတ္တိဇံ ကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။ ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊ ခြေက၊ ငါသည်လက်မဟုတ် သောကြောင့် ကိုယ်နှင့်မစပ်ဆိုင် ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည်မှန်သလော။ နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည်မှန် သလော။ တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ကြားနိုင်မည်နည်း။ တကိုယ်လုံးသည်နားဖြစ်လျှင် အဘယ်သို့နမ်းနိုင်မည်နည်း။ ယခုမူကား၊ ဘုရား သခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးသီး တို့ကို ကိုယ်၌စီရင်ခန့်ထားတော်မူ၏။ ထိုမှတပါး အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည် ဘယ်မှာရှိလိမ့်မည်နည်း။ ယခုတွင် အင်္ဂါအများ ရှိလျက်နှင့် ကိုယ်တခုတည်းရှိ၏။ မျက်စိက၊ သင့်ကိုငါအလိုမရှိဟု လက်ကိုမဆိုရ။ ထိုနည်းတူ ဦးခေါင်းက၊ သင်တို့ ကို ငါအလိုမရှိဟု ခြေတို့ကိုမဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသောအင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။ အသရေ နည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသောအသရေကို ပေးတတ်၏။ တင့်တယ်ခြင်းမရှိသော အင်္ဂါတို့ သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။ တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသောတင့်တယ် ခြင်းကိုမလိုကြ။ ကိုယ်ခန္ဓွာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓွာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။ သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတခု သည် ချီးမြောက်ခြင်းကိုခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။ သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော်ဖြစ်ကြ၏။ ၁၈။ဘုရားသခင်ကိုကြောက်ရွံ့၍အဘယ်သို့ဘုရားသခင်၏အလိုတော်လိုက်ရှောက်နိုင်မည်သနည်း ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၁၄း၇ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏ ထွက်မြောက်ရာကျမ်း ၁၉။ဘရားသခင်ကိုချစ်၍ အဘယ်သို့ပြုအပ်သနည်း ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။ ထွက်မြောက်ရာကျမ်း ၂၀း ၆ ၂၀။ယေရှုခရစ်တော် အဘယ်မိန့်တော်ရှိသနည် ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁၅ ၂၁။လောကကိုအောင်ခြင်းအရာအဘယိသုသိရသနည်း ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကိုငါတို့ သိရကြ၏။ပညတ်တော်တို့ကိုချစ်ကြသည်ကိုငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကို ချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ဘုရားသခင်၏သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း ၂-၅ ၂၂။မုသာနှင့် ကင်စင်သော ယုံကြည်သူအားအဘယ်သို့အားဖြင့်ခွဲခြားသိရှိနိုင်သနည်း။ ထိုသခင်ကိုကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင်သိရသတည်း။ ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက်ဆိုသောသူသည်မုသာကိုသုံးသောသူဖြစ်၍ထိုသူ၌သစ္စာမရှိ။ထိုသခင် ၏စကားတော်ကိုနားထောင်သောသူမည်သည်ကား၊ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနှင့်အမှန်ပြည့်စုံ၏။ငါတို့သည်ထိုသခင်ရှိ ကြောင်းကိုထိုသို့အားဖြင့်သိရကြ၏။ထိုသခင်၌ငါသိ၏ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂ ၃-၆ ၂၃။ ခရစ်တော် ကျွန်ပ်တိုအား အဘယ်သို့ ကတိတော်ပေးသနည်း ငါပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည်ငါ့ကိုချစ်သောသူဖြစ်၏။ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ကျမ်း ၁၄း၂၁

No comments:

Post a Comment