Friday, September 23, 2016

သမ္မာကျမ်းစာသင်ခန်းစာများ(၁)

ဘုရားသခင်နှုတ်တရားတော်သည်တန်ခိုးတော်နှင့်ပြည့်စုံခြင်း

                                  

၁။ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့်မိုဃ်း ကောင်းကင်တန်ဆားများကို၎င်းဖန်ဆင်းတော်မူ၏၊၊ 

သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊

ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊

၂။အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊ဆာလံကျမ်း၃း၆-၉

၃။ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော် တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။ ဟေဗြဲသြဝါဒစာ ၁း၆

ရှေ့ဦးစွာ သိမှတ်အပ်သော အရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊

၎။သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။

 ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊

 ဖြစ်ဘူးသော လောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြူပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃း၅-၆

ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။ရှင်ပေတရုသြဝါဒစာဒုတိယစောင်၃း၇

ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ၊၊ဆာလံကျမ်း၁၄၈း ၅

၅။လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ကောရိ န္တု သြဝါဒစာဒုတိယစောင်၅း၁၇

၆။ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၃

၇။မဖောက်ပြန် မပျက် ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရား ကိုနားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ရှင်ပေတရုသြဝါဒစာပဌမစောင်၁း၂၃

၇။ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၃

၈။ငါတို့သည် ကိုယ်အကြောင်း ကိုဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ငါတို့သည် ယေရှုအတွက်သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင်၎း၆

၉။အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။ ရှင်လုကာခရစ်ဝင်၎း၂၃

၁၀။လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့်မှာထား၍ သူတို့သည် ထွက်သွားကြ သည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ရှင်လုကာခရစ်ဝင်၎း၃၆

၁၁။လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊ ဆာလံကျမ်း ၁၀၇း၂၀

၁၂။တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။ ရှင်မဿဲခရစ်ဝင် ၈း၈

၁၃။ထိုဥမာအနက်အဓိပ္ပါယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားဖြစ်၏။ ရှင်လုကာခရစ်ဝင် ၈း၁၁

၁၄။နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ရှင်ယောဟန်ခရစ်ဝင် ၅း၃၈

၁၅။ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၂း၁၃

၁၆။ထိုသို့သော အားဖြင့်လည်း အလွန်ကြီးမြတ်၍အဘိုးထိုက်သော ဂတိများ ကို ငါတို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီ တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကိုဆက်ဆံရသော သူဖြစ်ကြမည်အကြောင်း တည်း။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၂း၁၃

၁၇။သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက် ရှိကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၅း၃

၁၇။လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊ ဆာလံကျမ်း၁၁၉း ၉

ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊  ဆာလံကျမ်း

၁၁၉း၁၁

၁၈။လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊ ဆာလံကျမ်း၁၇း၎

No comments:

Post a Comment