Monday, October 3, 2016
ဗျာဒိတ်ကျမ်းသခင်ခန်းစာ(၉)
ဗျာဒိတ်ကျမ်းစာ၌ မြင်းစီးသောသူလေးဦး
၁။မြင်းစီသောသူလေးဦး ပရောဖက်ပြုချက်၌ ပါရှိအဘယ်သို့အားဖြင့်ပုံဆောင်ခြင်းရှိသနည်း
ညဥ့်အခါ မြင်ရသောရူပါရုံဟူမူကား မြင်းနီကိုစီးသောလူတဦးသည်ထင်ခြား၍ချိုင့်တို့တွင်ရှိသောမုရတုတော၌ရပ်၏။
သူ့နောက်မှာနီသောမြင်း၊ညိုသောမြင်း၊ ဖြူသောမြင်းတို့သည်ရှိကြ၏။ငါကလည်း၊အိုသခင်၊ထိုသူကအဘယ်သူ
နည်းဟုမေးသော်ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ထိုသူတို့ကားအဘယ်သူဖြစ်သည်ကိုငါပြမည်ဟုဆိုပြီးမှ၊
မုရတုတော၌ရပ်သောသူက၊ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကိုလှည့်လည်၍သွားစေခြင်းငှါထာဝရဘုရား စေလွှတ်
တော်မူသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။ ဇာခရိအနာဂတ္တိကျမ်း ၁း၈-၁၀
ပဌမ ရား၌မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
တတိယရထား၌ မြင်းဖြူ၊ စတုတ္ထရထား၌ ခွန်အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့နည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
ကောင်းကင်တမန်က၊ ထိုရထားတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင်လေး၊ လေးပါးဖြစ်၏။ ဇာခရိအနာဂတ္တိကျမ်း ၆း၂-၅
ထိုမှတပါး၊သင်၏ရန်သူတို့ကိုသင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင်ငါ့လက်ျာဘက်၌ထိုင်နေလော့ဟု၊ညဥ့်အဘယ်
မည်သောကောင်းကင် တမန်ကိုတခါမျှမိန့်တော်မူဘူးသနည်း။
ကောင်းကင်တမန်များတို့ကား၊ကယ်တင် တော်မူခြင်း ကျေးဇူးကိုအမွေခံလတံ့သောသူတို့ကိုပြုစုစေခြင်းငှါ၊ စေလွှတ်
တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည်မဟုတ်လော့။ ဟေဗြဲသြဝါဒစာ ၁း၁၃-၁၄
မှတ်ချက်။ဗျာဒိတ်ကျမ်း၌ အဘယ်သို့မိန့်တောရှိသည်မူကား ကောင်းကင်တမန်တို့ဘုရားသခင်၏အမှုတော်
၌ ကောင်းကင်တမန်များကိုစေလွတ်တော် ဤလောက၌ဝိညာဉ်တို့အမှုတော်၌အချိန်ကာလတို့သည်အလွန်
လွန်မှအရေးကြီးသော အချန်ကာလ လေးကြိမ်လေးခါ၌ ဘုရားသခင်၏ လူတို့ထံတော်သို့ကတိတော်စကား
ဘုရားသခင်၌ သစ္စာစောင့်တည် စကာစောင်ဖြစ်ပေသည်။
၂။သတ္တဝါကြီး လေးပါတို့သည် အဘယ်စာစောင့်ဖွင့်ပါကြည့်လော့ဟုဆိုသနည်း
သိုးသငယ်သည်တံဆိပ်ခုနစ်ချက်တွင်တချက်ကိုဖွင့်သောအခါငါကြည့်လျှင်၊မိုဃ်းကြိုးသံမြည်သကဲ့သို့၊သတ္တဝါလေးပါးတွင်
တပါးက၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။သူ၌သရဖူကိုပေးတော်မူ၏။
အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ ၎င်း ထွက်သွား၏။
ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကိုမြေကြီးက ရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်းအ သေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။
တတိယတံဆိပ်ကိုဖွင့်သောအခါ၊တတိယသတ္တဝါက၊လာ၍ကြည့်လော့ဟုဆိုသည်ကိုငါကြား၏။ထိုအခါငါကြည့်လျှင်၊
မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူ သည် ချိန်ခွင်ကိုကိုင်၏။
သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့်ဂျုံဆန်တခွက်ကိုရ၏။မုယောဆန်သုံးခွက်ကိုရ၏။
ဆီနှင့် စပျစ်ရည်ကိုမပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။
စတုတ္တတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္တသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကိုငါကြား၏။ဗျာဒတ်ကျမ်း ၆း၁-၇
သတ္တဝါကြီးလေးပါသည် ကောင်းကင်ဘုန်၌ မှုတော်စောင်များဖြစ်ကြ၏
၃။မြင်ဖြူစီသောသူ၏ အဘယ်သို့မွတ်ဆိုသနည်း
သိုးသငယ်သည်တံဆိပ်ခုနစ်ချက်တွင်တချက်ကိုဖွင့်သောအခါငါကြည့်လျှင်၊မိုဃ်းကြိုးသံမြည်သကဲ့သို့၊သတ္တဝါလေးပါးတွင်
တပါးက၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၆း၂
မှတ်ချက်။ထိုသို့အားဖြင့် ပုံဆောင်ခြင်းအရာ၌ အကြောင်းအရာတိုသည် အသင်းတော်အနှစ်တရာအတွင်း အစအဦး၌ ဘုရားသခင်၏ အသင်တော် နိပ်ဆက်ညှဉ်းဆဲခြင်းခံရသော တမန်တော်ရှင်ပေါလုမသေမှီ ဧဝံ
ဂေလိတရားတော် လောကီနိုင်ငံအရပ်ရပ် ပြနံသောသိတင်စကားပင်ဖြစ်သည်။ အဖြေ။ကလေသဲသြဝါဒစာ၁း၅--၆ ၂၃
သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏ ၅
ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။၆
အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။၂၃
အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊ဆာလံကျမ်း ၅၁း ၇
ထာဝရဘုရားမိန့်တော်မူသည်ကား၊လာကြ၊၊တရားစီရင်ကြကုန်အံ့၊၊သင်တို့အပြစ်သည်နီသောအဆင်းရှိသော်လည်း၊
မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊ ဟေရှာယအနာဂတ္တိကျမ်း ၁း၁၈
၎။မြင်းအနီ ကိုစီးသောသူက အဘယ်သို့အားပုံဆောင်ခြင်းရှိသနည်း။
သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့်ဂျုံဆန်တခွက်ကိုရ၏။မုယောဆန်သုံးခွက်ကိုရ၏။
ဆီနှင့် စပျစ်ရည်ကိုမပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။ဗျာဒိတ်ကျမ်း၆း ၎
မှတ်ချက်။ အဓပ္ပါယ်ပြန်ခြင်း၏ အနက် တန်ခိုးအာဏာ ထိုသို့ဖြင့်ထုပ်ပြန်ခြင်း
မြင်းအနီ တံဆိပ်ခပ်ခြင်း နှစ်မျိုးအထဲ၌ပုံဆောင်ခြင်း ရောမအရှင်ဘုရင်များတို့ဘုရားသခင်၏၊အသင်းတော်
ညှဉ်းဆဲ့ နိုပ်ဆက်ခြင်း အသေသတ်ခြင်း အနှစ် အစနှင့် အနှစ် နှစ်ရာအတွင်း ခန နောက်ဆုံး အချိန်၌ စမူရ အသင်တော် အချိန်ကာလ၌ ဘုရားသခင် ဥပမာဆောင်၍ မိန့်တော်မူသော စကားအနက် မှာ သတ်
ပြတ်ခြင်း ဘာသာတရား၌ ညှဉ်းဆဲနိပ်ဆက်ခြင်း ကိုပံဆောင်၍ မြင်နီ ကိုစီအားဖြင်ပဆောင်ခြင်းဖြစ်သည်
အဖြေ။သင်မှ ယိုသော သွေးဖြင့်မြေကို တောင်ထိပ်တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့်
ပြည့်ကြလိမ့်မည်။
သင့်ကို ဆုံးစေသောအခါ မိုဃ်းကောင်းကင်ကိုငါဖုံးလွှမ်း၍ကြယ်တို့ကိုမိုက်စေရမည်။ နေကိုမိုဃ်းအုံစေ၍ လှသည်လည်း အလင်းကိုမပေးရ၊၊
သင့်အထက် မိုဃ်းကောင်းကင်၌ ထွန်းလင်းသောအလင်းအိမ်အ လုံးစုံတို့ကိုမိုက်စေ၍သင့်ပြည်ကို မှောင်
မိုက်နှင့်ဖုံးလွှမ်းမည်။
သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကို ပူပန်စေမည်။
အကယ်စင်စစ်သင့်အမှုကြောင့်လူမျိုးများတို့ကိုငါမိန်းမောတွေဝေစေမည်။ငါသည်ရှင်ဘုရင်တို့ရှေ့မှာထားနှင့်
ရွယ်သောအခါ၊ သူတို့သည်သင့်အမှု ကြောင့်အလွန်ထိတ်လန့်ကြလိမ့်မည်။သင်ဆုံးရှုံးသောနေ့၌သူတို့သည် အသီးအသီးမိမိတို့အသက်ကြောင့်ခဏခဏစိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ဗာဗုလုန်ရှင်ဘုရင်၏ ထားသည်သင့်အပေါ်သို့ရောက်လိမ့်မည်။
ယေဇကျေလအနာဂတ္တိကျမ်း ၃၂း၆-၁၁
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ရန်သူတို့ကိုဒဏ်ပေးရသောနေ့၊အမျက်တော်ကို ဖြေရသော နေ့ရက်ဖြစ်
သည်နှင့်အညီ၊ထားတော်သည်ကိုက်စား၍ဝလိမ့်မည်။သူတို့အသွေးနှင့်ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ
အရှင်ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရက်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်းရှိ၏
ယေရမိအနာဂတ္တိကျမ်း ၄၆း ၁၀
သူရဲတို့သည် နီသောဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကိုဝတ်ကြ၏။ခင်းကျင်းသောနေ့၌ရထားတို့သည် သံလက်နက်နှင့်တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။ နာဟုံအနာဂတ္တိကျမ်း၂း၃
၅။အဘယ်သို့အားဖြင့် ဘုရားသခင်မြင်းအနက် တံဆိပ်ခပ်ခြင်းသုံးမျိုးနေလဲ။
(က)ယေရုရှလင်မြို့၌ ထိုအမှုကိုပြုမိပါ၏။ယဇ်ပုရောဟိတ်အကြီးတို့ထံ၌အခွင့်ရပြီးလျှင်၊သန့်ရှင်းသူအများတို့
ကို ထောင်ထဲမှာလှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကိုခံရသောအခါအကျွန်ုပ်သည်ဝန်ခံပါ၏။
တမန်တော်ဝတ္ထု ၂၆း ၁၀
(ခ)ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမှီလိမ့်မည်။ မှောင်မိုက်၌ သွားသောသူသည် အဘယ်ဆီသို့ မိမိသွားသည်ကိုမိမိမသိ။
အလင်း ရှိစဉ်အခါ အလင်း၏သား ဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၂း၃၅
မှတ်ချက်။ခရစ်တော် မိန့်တော်မူသ်ာကား အင်းရှိစဉ်အခါ၌ သွားလာကြလော့။ အနက်အဓိပ္ပါယ်မှာ ကျွန်ပ်
တို့ အပြစ်တရား၌ ကြောက်မှတ်ဘွယ်ကြောင့် ပြစ်တရား၌ လူးတို့သည်ပျော်ပိုက်နေခြင်းပင်ဖြစ်သည်
ဘုရားသခင်နှင့် ဧဝံဂေလိတရားတော် များဆန်းကြင်ဘက်ပြု၍ သင်းတော်အတွင်း နှစ်လေးရာ ငါးရာ အချိန် ကာလ တစ်ဝက်အတွင် လောကီ၏ နောက်သို့ လိုက်သော သူများအလွန်များပြားသဖြင့် ခရစ်ယာန်
ဆူညစ်ခြင်းအသင်းတော်၌ လောကီနိုင်ငံတော်ညီညှုးသောအရာများရှောနှောခြင်း မြင်နက်ကိုပုံဆောင်ခြင်း
ထိုအချိန်ကာလ၌ တချိန်တည်တပြေးညီဖြစ်ပေသည် ပညတ်တရားများ မှားယွင်ခြင်းနှင့် ဒဏ္ဍာရီစကားများ
နှင့် ရောနှော၍ ပညတ်တရားများမှားယွင်းခြင်းငှါ သွန်သင်းခြင်းပေသနည်း၊ထိုသို့အားမှားယွင်းသောပညတ်
တရား၌ အသေသတ်ခြင်း ရက်ဆက်နိပ်ဆက်ခြင်ညှဉ်းဆဲခြင်းခရစ်ယာန်ဘာသာအထဲသို့ဖြစ်ပျက်ခဲပေသည်
ဘုရားသခင်နှုတ် တရားတော်အတိုင်းယုံကြည်သူများကို သတိဖြတ်ခဲကြပေသည်
၆။မြင်းအနက်စီးသောသူ လက်၌ မည်သည်အရာဆောင်ထားခြင်ရှိသနည်း
တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူ သည် ချိန်ခွင်ကိုကိုင်၏။
သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန်သုံးခွက်ကိုရ၏။ ဆီနှင့် စပျစ်ရည်ကိုမပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။
ဗျာဒိတ်ကျမ်း ၆း ၅-၆
မှတ်ချက်။ တမန်တော်ရှင်ပေါလုသည် ထိုအရာများပံဆောင်၍ ဟောပြောခြင်းဖြစ်ပေသည် ရောမနိုင်ငံ၏
ဘာသာရေး အစည်အရုံး ခရစ်ယာန်ဘာသာရောမ နိုင်ငံ အရှင်ဘုရင် ကွန်တိုင်ထီခေတ်ကာလတွင်း ပုံဆောင်ခြင်း အားဖြင့် အစာငတ်မွတ်ခေါင်းပါးခြင်း ပုံဆောင်အားဖြင့် သမ္မာတရားကိုငတ်ခြင်းပင်ဖြစ်သည်
အဖြေ။အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာ
လ ရောက်လိမ့်မည်။အစာခေါင်းပါး၍မွတ်သိပ်ခြင်း ဘေးမဟုတ်၊ ရေငတ်ခြင်း ဘေးလည်းမဟုတ်၊ထာဝရဘုရား၏
အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေးခြင်းဘေးဖြစ်လိမ့်မည်။
လူတို့သည် ထာဝရဘုရား၏ အမိန့်တော် ကိုရှာလျက်၊ပင်လယ်တပါးမှသည်ပင်လယ်တပါးတိုင်အောင်
လှည့်လည်၍၊ တောင်မြောက်ပြေးသွားသော်လည်း မတွေ့ရကြ။ အာမုတ်အနာဂတ္တိကျမ်း ၈း၁၁-၁၂
၆။ယေရှုခရစ်တော်၏၌ သူရဘွဲ့ခံယူခြင်း
ထိုအခါ ငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည်မရဏာဟူသောအမည်ရှိ၏။မရဏာနိုင်ငံသည် ထိုသူနောက် သို့လိုက်လေ၏။ သူသည် မြေကြီးလေးစိတ်တစိတ်ကို အစိုးရ၍ထားဘေး၊မွတ်သိပ်ခြင်းဘေး၊
နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သောအခွင့်ကိုရ၏။ ဗျာဒိတ်ကျမ်း ၆း၈
မှတ်ချက်။မြင်းဖြူစီသောသူ ပုံဆောင်ခြင်းမှာ ဘုရားသခင်၏ အသင်းတာ် နှုတ်ကပတ်တရားတော်အတိုင်
ဘုရားသခင်ကိုယုံကြည်သူတို့အား ရောမ အရှင်ဘုရင်များတို့သည် ညှဉ်းပန်နိပ်ဆက်ခြင်း အသေသတ်ခြင်း
ဘုရားသခင်၌ သစ္စာရှိသောသူအပေါင်းတို့အား ရက်ဆက်စွာသတ်ဖြတ်ခြင်းကိုပံဆောင်ခြင်းဖြစ်သတည်း
ဘုရားသခင်၏ ပရောဖက်များ အသေသတ်ခြင်း တို့ ရောမနိုင်ငံ ဘုရင်ကွန်စတိုင်ထီသည် သတ်ဖြတ်ခြင်း
တို့ကိုပံဆောင်ခြင်းဖြစ်၏။ အဖြေ။
(က)အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၂၁
(ခ) ငါကြည့်ရှု စဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသောသူတို့အား စီရင်ရသောအခွင့်ကိုပေး၍၊ ထိုသူတို့သည် နိုင်ငံကို သိမ်းယူဝင်စားသော အချိန်ရောက်သည်တိုင်အောင်၊ ထိုချိုသည်သန့်ရှင်းသောသူတို့ကို စစ်တိုက်၍နိုင်လေ၏။
ထိုသူကလည်း၊ စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထ နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။
ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်း သည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက်အခြားသော မင်းကြီးပေါ်လာ လိမ့်မည်။ အရင်မင်းကြီး ထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၁-၂၅
(ဂ)ထိုသားရဲသည်လည်းကြီးစွာသောစကားကို၎င်း၊ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း ပြောတတ်သောနှုတ်နှင့်
ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏။
ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့်နာမတော်နှင့်တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း ပြစ်မှားခြင်းငှါ နှုတ်ကိုဖွင့်ထား၏။
သန့်ရှင်းသူတို့ကိုစစ်တိုက်၍ နိုင်ရသောအခွင့်ကိုရ၏။အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်
သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကို လည်းရ၏။
ထိုသားရဲသည်သူ့အရင်ဖြစ်သောပဌမသားရဲ၏အာဏာစက်ရှိသမျှကိုသုံးစွဲ၏။ သေစေသောဒဏ်ချက် ပျောက်ခဲ့ပြီး
သော ပဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏ ဗျာဒိတ်ကျမ်း ၁၃း၅၊၁၂
(ဃ)မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။ဗျာဒတ်ကျမ်း ၆း၁၄
(င)ကောင်းကင်တမန်ကလည်းအဘယ်ကြောင့်အံ့သြသနည်း။ထိုမိန်းမ၏နက်နဲသောအရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့်
ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သောသားရဲ၏ နက်နဲသောအရာကို၎င်း ငါပြောမည်။ဗျာဒိတ်ကျမ်း ၁၇း၆
(ှစ)အသက်ကြီးသူတပါးကလည်း၊ ဖြူသောဝတ်လုံကိုဝတ်ဆင်သော ဤသူတို့သည်အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်း ဟုငါ့အားမေးမြန်လျှင်၊
ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေးလျှော်၍ ဖြူစေသော သူဖြစ်ကြသတည်း။
ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကို နေ့ညဥ့်မပြတ်ပြုရကြ၏။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည် သူတို့တွင် ကျန်းဝပ်တော်မူမည်။
သူတို့သည်နောက်တဖန် ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။
အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသောသိုး သငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူ မည်ဟု ဆိုလေ၏။
၈။ ပဉ္စမတံဆိပ်ကို ဖွင့်သောအခါ၊ယောဟန်သည်အဘယ်သို့ကြားရှိသနည်း
ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ၊ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်း၎င်း၊မိမိတို့သက်သေခံချက် ကြောင်း၎င်း၊
အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။
သူတို့ကလည်း၊သန့်ရှင်းဟုတ်မှန်၍အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာ နေသောသူတို့သည်ငါတို့အသွေးကို
သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲအဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု
ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ဗျာဒိတ်ကျမ်း ၆း၉-၁၀
မှတ်ချက်။စဉ္စမတံဆိပ် ကို ဖွင့်ခြင်းအနက်အဓိပ္ပါယ်မှာ သန့်ရှင်းသူတို့ အသွေး ပဆောင်ခြင်း၌ ဘုရားသခင်
ကိုခေါ် တော်မူခြင်းကိုပဆောင်ခြင်း ဖြစ်သည်။ အဖြေ။
ဘုရားသခင်ကလည်း၊ သင်သည်အဘယ်သို့ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို
အော်ဟစ်လျက်ရှိသည်တကား ကမ္ဘာဦးကျမ်း ၄း၁၀
၉။ထိုသူတို့သည် အဘယ်သို့ အကျိုးကိုခံစာရသောအချိန်အခါအဘယ်တော့လဲ
အဖြေ။ ထိုသူတို့၌ဖြူသောဝတ်လုံကိုပေးတော်မူ၏။ သူတို့နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည်ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာနေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း ၆း၁၁
မှတ်ချက်။ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။ဗျာဒတိကျမ်း ၁၉း၈
ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊
သူ၏နာမကိုငါဝန်ခံမည်။ဗျာဒတ်ကျမ်း ၃း၅
စဉ္စမတံဆိပ်ခပ်ခြင်း အချိန်အကာလ တကာတည်းဖြစ်၏
ထိုသူအပေါင်းတို့သည်ယုံကြည်ခြင်းအားဖြင့်ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ဂတိတော်အတိုင်းအကျိုးကျေးဇူးကို
မခံရကြ။
အဘယ်ကြောင့်နည်းဟူမူကား၊ထိုသူတို့သည်ငါတို့မပါဘဲစုံလင်ခြင်းသို့မရောက်ရမည်အကြောင်းဘုရားသခင်သည်
ငါတို့အဘို့အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။ဟေဗြဲသြဝါဒစာ ၁၁၃၉-၄၀
အကြောင်းမူကား၊ကမ္ဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သေကြီးစွာသောဒုက္ခသည်
ထိုကာလ၌ဖြစ်လိမ့်မည်။
ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း ၂၁-၂၂
၁၀။ဆဥတံဆိပ်ခပ်ခြင်းဖွင့်သောအခါ ကြီးစွာသောမည်သို့ ဖြစ်မည်သနည်း
ဆဌမတံဆိပ်ကိုဖွင့်သောအခါငါကြည့်လျှင်၊ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့်ရက်သော
အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည်အသွေးကဲ့သို့ဖြစ်၏။
သင်္ဘောသဖန်းပင်ကို ပြင်းစွာသောလေတိုက်လျှင်၊အချိန်မတန်သောအသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည်
မြေပေါ်သို့
ကျကြ၏။ဗျာဒိတ်ကျမ်း ၆း၂၁-၁၃
(က) ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။
(ခ) နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။
(ဂ) လအလုံးသည်အသွေးကဲ့သို့ဖြစ်၏။
(ဃ) ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။
မှတ်ချက်။ထိုသို့ဘုရားသခင်ဖန်ဆင်းတော်မူ နေ့ ညဥ့် လ အဘယ်သို့ပိုင်းခြားတော်မူသနည်း။
အဖြေ။ တဖန်ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါမိုဃ်းကောင်းကင်မျက်နှာကြက်၌အလင်းအိမ်
တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
ကမ္ဘာဦးကျမ်း ၁း၁၄
၁၁။ဆဉ္စမတံဆိပ်ကိုဖွင့်သောအခါ ၌ လောကီ အရှင်ဘုရာ သူဋ္ဌေးသူကြွယ် တို့အဘယ်သို့ ဖြစ်ကြမည်
သနည်း
မိုဃ်းကောင်ကင်သည်စာစောင်လိပ်သကဲ့သို့လွင့်သွား၏။ တောင်များ၊ကျွန်းများအပေါင်းတို့သည်မိမိတို့နေရာ
အရပ်မှရွေ့ကြ၏။
လောကီဘုရင်၊မှူးမတ်၊စစ်သူကြီး၊သူဌေး၊သူကြွယ်၊ခွန်အားကြီးသောသူမှစ၍ကျွန်များ၊လူလွတ်များအပေါင်းတို့သည်
မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ပုန်းရှောင်လျက်နေ၍၊ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊
၁၆ ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟုပြောဆိုကြ၏။
ဗျာဒတ်ကျမ်း ၆း၁၄-၁၇
မှတ်ချက်။သေခြာစွာစဉ်းစားပါ။ အဖြေ။
မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။
လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊
ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။
ထိုအခါလူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည်
ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။အစပြုသော အနှစ် တရာ၁၀ အချိန်မှ၍ ခရစ်တော်ကြွလာတော်မူ
သောအချိန်ကာလတိုင်အောင် ဖြစ်လိမ့်မည်
၁၂။ဘုရားသခင် တံဆိပ်ခပ်ခြင်း
ယေရှုခရစ်တော်ကြွလာတော်မူသော အခါ အဘယ်သူရပ်နိုင်မည်သနည်း
ထိုနောက်မှ မြေကြီး၊ပင်လယ်၊သစ်ပင်များတို့၌လေမလာ စေခြင်းငှါ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏လေး
မျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ရပ်နေသည်ကိုငါမြင်၏။အသက်ရှင် တော်မူသောဘုရားသခင်၏
တံဆိပ်ပါသောကောင်းကင်တမန်တပါးသည်အရှေ့မျက်နှာကတတ်လာသည်ကိုငါမြင်၏။သူသည်လည်းမြေနှင့်
ပင်လယ်ကို ဗျာဒတ်ကျမ်း ၇း၂-၃
မှတ်ချက်။ခရစ်တော်ဒုတိယ ကြွလာတော်မူခြင်း ပြင်စင်သောသူတို့သည် ဘုရားသခင်၏ တံဆိပ်၌တည်ရှိ
ခြင်း ဘုရားသခင်၏ တံဆိပ် နဖူး၌ တံဆိပ်ခြင်း ဗျာဒိတ်ကျမ်း၌ အဘယ်သို့ ဘုရားသခင်၏ တံဆိပ်နဖူး၌
ခပ်ကြမည်သည်း
အဖြေ။ငါ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေလော့။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေကြလော့ဟု ငါဆို၏။
၁၃။လူအမျိုးအနွှယ်အပေါင်းတို့ ထိုဧဝံဂေလိတရားတော်ကိုကြားသောအခါအဘယ်သို့ ပြုကြမည်သနည်း
မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊
ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒတ်ကျမ်း ၁၄း၅-၇
အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို
ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည်
သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ထွက်မြောက်ရာကျမ်း ၂၀း ၁၁
ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ခပ်သိမ်းသောတန်ဆာတို့သည်ပြီးစီးလျက်ရှိကြ၏။သတ္တမနေ့ရက် ရောက်လျှင်၊
ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ၊ထိုသတ္တမနေ့၌ငြိမ်ဝပ်စွာနေတော်မူ၏။ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍သန့်ရှင်းစေ
တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ကမ္ဘာဦးကျမ်း ၂း၁-၃
၁၄။ယေရှုခရစ်တော် ကြွလာခြင်း အဘယ်သို့သိရှိနိုင်မည်သနည်း
ထိုနည်းတူ၊ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင်လူသားသည်တံခါးဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃၃
မှတ်ချက်။ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်း၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံ၍၊ခရစ်ဘယ်အ
ချိန် အချန်နာရီမသိရှိသော ကြောင့် အဘယ်သို့ပြင်စင်ခြင်းရှိနိုင်မည်သနည်း
ထိုအချိန်နာရီကိုကားအဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃၆
၁၅။သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်၌ အဘယ်သို့နေကြရမည်သနည်း
သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာနေကြ၏။ဗျာဒိတ်ကျမ်း ၈း၁
လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း ၂၇
လူသားသည်မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များအခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း ၃၁
၁၆။ယေရှုခရစ်တော်ကြွလာတော်မူသော အခါအဘယ်သို့နမိတ်က္ခဏာများမြင်ရကြမည်သနည်း
ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၁း၂၈
မှတ်ချက်။ အဖြေ ရှင်လုကာခရစ်ဝင်ကျမ်း ၂၁ ၂၈
ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊
မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
၁၇။ဘုရားသခင်အထံတော်အမွေခံနိုင်မည်အကြောင်း ဝမ်းမြောက်ခြင်း အဘယ်သူ့အထံမှာရှိနိုင်မည်သ
နည်း
ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်းသင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကိုဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော၊
ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသော ဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။ ရှင်ယုဒ ၁း ၂၄-၂၅
၁၈။မိဆွေ ယခုမိတ်ဆွေ အဘယ်သို့ စဉ်းစားထားလဲ ယေရှုခရစ်တော်နှောက်သို့လိုက်၍ ခရစ်တော် အမှု၌
ဆက်ကပ်မည်မဟုတ်လော။
အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏ သခင်နှင့် အတူစည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။
အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်းချဉ်းကပ်၍သခင်၊ ကိုတော်သည်အကျွန်ုပ်၌ အခွက်နှစ်ဆယ်ကိုအပ်ပေး တော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေသော်၊
အရှင်က၊ သာဓုသစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။
အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍သခင်၊ ကိုယ်တော်သည်ခဲယဉ်းသောသူ ဖြစ်သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌စုသိမ်းတတ်သည်ကို အကျွန်ုပ်သိ၍၊
ကြာက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကိုမြေ၌ ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟုလျှောက်၏။
အရှင်ကလည်း၊ ဆိုးညစ် ပျင်းရိသော ငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသော အရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌စုသိမ်းသည်ကို သင်သိသည် မှန်လျှင်၊
ငါ့ငွေကိုပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။
ထိုကြောင့် အခွက်တဆယ်ကိုထိသူ၏ လက်မှ နှုတ်ကြ၊ အခွက်တရာရှိသော သူကိုပေးကြ။
အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံ စေခြင်းငှါ ပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကို ပင်နှုတ်လိမ့်မည်။
အသုံးမရသော ထိုငယ်သား ကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟုစီရင်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၂၁-၃၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment