ပြည်လည်းအစပြာသောပြည်အသစ်၌
ဗျာဒိတ်ကျမ်းသင်ခန်းစာ(၁၈)
ပြည်လည်းအသစ်ပြုသောပြည်အသစ်
သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏
အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ငါတို့ကို
ချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁း၅
သင်၏အကျင့်ကိုငါသိ၏။အဘယ်သူမျှမပိတ်နိုင်သောတံခါးကိုသင့်ရှေ့၌ငါဖွင့်ထားပြီ။အကြောင်းမူကား၊သင်သည်အနည်း
ငယ်သောခွန်အား ရှိသည်နှင့်၊ ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။ဗျာဒိတ်ကျမ်း ၃း၈
ပလ္လင် တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ငါသည်ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။
တဖန်တုံ၊ ရေးထားလော့။ဤစကားသည်သစ္စာစကား၊ဟုတ်မှန်သောစကားဖြစ်၏ဟူ၍၎င်း၊ဗျာဒိတ်ကျမ်း၂၁း၅
၁။ယေရှုခရစ်တော်သည် လူမျိးတကား တို့ငါ၏အဘယ်သို့ဖြစ်ဟူ၍မိန့်တော်မူသနည်း
သင်တို့သွား၍လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ် တော်၏နာမ၌ဗတ္တိဇံ
ကိုပေးကြလော့။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၉း၁၉
မှတ်ချက်။လူမျိုးတကားတို့ကို ငါ၏တပညြ့်ဖြစ်ကြလော့ဗတ္တိဇံကိုပေးကြလော့
၂။ဗတ္တိဇံကိုအဘယ်မျှလောက်လောက်အကြီးသနည်း
ယုံကြည်၍ဗတ္တိဇံကိုခံသောသူသည်ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။မယုံကြည်သောသူမူကားအပြစ်စီရင်ခြင်းကိုခံရလတံ့။
ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁၆
၃။ယေရှုခရစ်တော် ဗတ္တဇံ ကိုအဘယ်သို့အား ပံဆောင်ခြင်းဖြစ်သနည်း
သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြလော့။
ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁၅-၁၆
မှတ်ချက်။ဗတ္တိဇံ၏အဓိပ္ပါယ်မှာလူ၏ခန္ဒာကိုတကိုလုံးကို ရေးအထဲသိုနှစ်မြုတ်လိုက်သောအခါ၌အသက်မရှူရှုက်တော့ဘူး
တယ် ထိုအရာပံးဆောင်ခြင်းမှာ အပြစ်တရား၌ သေခြင်းကိုပဆောင်ခြင်းဖြစ်သည် သို့ရာတွင် အချို့သော ခရစ်ယာန်များတို့သည်ဗတ္တိဇံကိုအဘယ်သို့ပြုသည်မှာ ရေဖြမ်းလိုက်ရုံနှင့်ဗတ္တိဇံလို့ယုံကြည်လက်ခံသူများလည်ရှိကြသည်
ထိုသိုအားဖြင့် ယေရှုခရစ်တော်ဗတ္တိဇံကိုခံယူတော်မူသောအခါ၌ကိုခန္ဒာတကိုယ်လုံး ရေအထဲသိုနှစ်မြိုတ်လိုက်ထိုအရာ၌
ပုံဆောင်ခြင်း၏သဘောမှာ ရေအထဲကိုပြန်ထလာသောအခါ သေခြင်း၌ထမြောက်ခြင်းပုံဆောင်ခြင်းဖြစ်သည် ယေရှုခရစ်တော်ကို
ယုံကြည်သည်စစ်မှန်လျှင် ထိုသို့သခင်ခရစ်တော် ပြုတော်မူအတိုင် ပြုရလိမ့်မည်။
၎။ဘုရားသခင်၏နိုင်ငံတော်သို့သွားရာလမ်း အဘယ်သို့သွားနိုင်မည်သနည်း
သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး ဧဖက်သြဝါဒစာ ၄း၅
မှတ်ချက်။သမ္မာကျမ်း၌ ဆိုလိုသည့် သဘောမှာ တမျိုးတည်းတပါးတည်း ဖြစ်သည်ဟူ၍ဖော်ပြခြင်းဖြစ်သည်
၅။ဗတ္တိဇံ အနက်အဓိပ္ပါယ်မှာ ဟေလေ့ဘာသာစကား၌ နှစ်ခြင်း နှစ်မြုတ်ခြင်းကိုဆိုသလိုသတည်း
သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရကြ၏။
ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
ရှင်ပေတရုသြဝါဒစာပဌမစောင် ၂း၉-၁၁
အကြောင်းမူကား၊ ထိုသို့အလိုငှါသင်တို့ကိုခေါ်တော်မူပြီ၊ခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍
ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။
၆ ။ယေရှုခရစ်တော် ပုံဆောင်ခြင်းနှင့်ပြည့်စုံခြင်းသို့
ထိုအခါ ယေရှုသည်ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံတော်မူ၏။
ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ကိုယ်တော်အပေါ်၌ဆင်းသက်တော်မူသည်ကို မြင်ရ၍၊
သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
ရှင်မာကုခရစ်ဝင်ကျမ်း ၁း၉-၁၁ ၌ တွေ့ရှိရသော ယေရှုခရစ်တော်ကိုယ်တော်တိုင်အောင်ဗတ္တိဇံခံတော်မူသည်တွေ့ရသည်သမ္မာကျမ်း၌ဖော်ပြခြင်းသည်
၇။ရှင်ယောဟန်ခရစ်အားအစအဦး၌ ယေရှုခရစ်တော်ဗတ္တိဇ့မပေးလို့သောအဘယ်သို့ ယောဟန်ပြောသနည်း
ထိုအခါယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
ယောဟန်ကလည်း၊အကျွန်ုပ်သည်ကိုယ်တော်ထံ၌ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍၊ကိုယ်တော်သည်
အကျွန်ုပ်ထံသို့ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်းအလုံးစုံသောတရားတို့ကို
အကုန်အစင်ကျင့်သင့်သည်ဖြစ်၍၊ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ထိုအခါယောဟန်သည်ဝန်ခံလေ၏။
ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ဘုရားသခင်၏ဝိညာဉ်
တော်သည်ချိုးငှက်ကဲ့သို့ဆင်းသက်၍ကိုယ်တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍၊ဤသူကားငါနှစ်သက် မြတ်နိုးရာ၊
ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၃း၁၃း၁၇
မှတ်ချက်။ယေရှုခရစ်ဗတ္တိဇံကိုမလိုဘာဘူးသို့သော်လည်းယေရှုခရစ်တော်သိမြင်တော်မုကား လောကီသားတို့၏
အတွက်ကယ်တင်အလို့ငှါထာဝရပသက်ကိုရစေခြင်းငှါပုံဆောင်၍ ယေရှုကလည်းအလုံးစုံသောတရားတို့ကိုအကုန်
အစင်ကျင့်သည်ဖြစ်၍၊ယခုအခွင့်ပါ မြန်ပြောတော်မူ၏
၉း။နှစ်ခြင်းဆရာယောဟန်သည်အဲနန်အရပ်၌ နှစ်ခြင်းပေသနည်း
ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံ ကိုပေး၍နေသဖြင့်၊ လူများတို့သည် လာ၍ ဗတ္တိဇံ ကို ခံကြ၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၂၃
၁၀။တမန်တော်ရှင်ပေါလုသည်ပညတ်တရားများနှင့်ဆန်ကြင်ဘက်ဖြစ်သောအရာတို့အဘယ်သို့ပညတ်ဖြစ်သနည်း
သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။
တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလတရားကို တစုံတယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခု ငါထပ်၍ဆိုသေး၏။
အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော။ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။ ဂလာတိသြဝါဒစား၁း၈-၉
မှတ်ချက်။လူသော၎င်း ကောင်းကင်တမန်တော်များသော၎င်း ယေရှု၏သြဝါဒ၌ ကောင်းကိုဘုံ၌ကတိတော်ဖြစ်သည်
၁၁။ဖိလိပ္ပုသည်စိတ်နှစ်လုံးအကြမဲ့ယုံကြည် အဘယ်သို့ပြုသနည်း
ဖိလိပ္ပုက၊သင်သည်စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင်ခံရသည်ဟုဆိုလေ၏။အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ကိုပေး၏။
ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကိုနောက်တဖန် မတွေ့မမြင်ရ၊ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။
တမန်တော်ဝတ္ထု ၈း၃၇-၃၉
ဖလိပ္ပုဗတ္တိဇံ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုး အဲသယောမိပြည်တယောက်သည် ထိုယေရှုခရစ်တော်ဗတ္တိဇံ
ခံယူတော်မူသကဲ့သို့ ဖိလိပ္ပုသည်လည်း ယေရှုခြေယာတော်သို့လိုက်လေ၏
ယေရှုသည်ဒုတိယမွေးဘွာခြင်းအား အဘယ်မျှလောက်အရေးကြီးသည်ဟုမိန့်တော်မသနည်း
ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန် အကန်ဆို၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂း၅
မှတ်ချက်။ယေရှုခရစ်တော်မိန့်တော်သည်မှာ ခရစ်ယာန်ဘာသာဝင်တို့သည်နှစ်ခြင်းမင်္ဂလာကိုမခံယူလျှင် ခရစ်ကိုယုံကြည်သူမဖြစ်ပေ ယေရှုခရစ်တော်နှင့်လက်ဝါးကားတုင်သည်အဘယ်မျှလောက်အရေပါသည်မှာ
ဖော်ပြချက် ၂၈ ကြိမ်မျှရှိသည် ဗတ္တိဇံနှစ်ခြင်းမင်္ဂလာ အေကြာင်းအကြိမ်ပေါင်း၁၀၀တိတိဖော်ပြခြင်းရှသည်
၁၃။ဗတ္တိဇံ တချု့တိုသည် အဘယ်ကလာသနည်း
လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း၉
မှတ်ချက်။အချို့သောသူတို့သည် သွန်သင်ခြင်းမှားယွင်း၍ မိမိတို့၏လူတို့၏ နည်းဥပဒေသာများသင်ကြား
ခြင်း တို့ပြုလျက်။ ထိုအမှုအရာတို့ ယေရှုခရစ် ဖော်ပြသောခြင်း၌ နှစ်ခြင်းမင်္ဂလာခံယူသောအခါ၌ ကိုခန္ဒာ
တကိုလုံးကိုရေးအထဲ့သို့နှစ်မြုတ်လိုက်ခြင်း အရာ၌ သောမှဖမြောက်ခြင်းကိုပုံဆောင်ခြင်းအရာဖြစ်သည်
၁၄။တချို့သောသူများတို့ ဗတ္တိဇ့ပေးခြင်း၌ သန့်ရှင်သောဝိညာဉ်အားဖြင်ပေးကြသည်
ထိုစကားကိုမြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကိုကြားနာရသောသူအပေါင်းတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်သည်
သက်ရောက်တော်မူ၏။တပါးအမျိုးသားတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊
အရေဖျားလှီးခြင်းကိုခံသောသူတည်းဟူသော ပေတရုနှင့်ပါသမျှသောတပည့်တော်တို့သည်မိန်းမောတွေဝေခြင်းရှိကြ၏။
အကြောင်းမူကားထိုသူတို့သည်အမျိုးမျိုးသောဘာသာစကားအားဖြင့်ပြော၍၊ဘုရားသခင်ကိုချီးမွမ်းသည်ကိုကြားကြလေ၏။
ထိုအခါ ပေတရုကငါတို့ကဲ့သို့သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသောဤသူတို့ကိုဗတ္တိဇံမပေးစေခြင်းငှါအဘယ်သူသည်
ရေကို မြစ်တားနိုင်သနည်းဟုဆိုလျက်၊ဘုရားသခင်၏နာမ၌ ဗတ္တိဇံ ကိုခံစေမည်အကြောင်း စီရင်လေ၏။ ထိုနောက်မှ ပေတရုသည် ကာလအတန်အရာ နေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။
တမန်တော်ဝတ္ထု ၁၀း၄၄း၄၈
နှုတ်ကပတ်တော် ဗတ္တိဇ့ကိုမခံယူမီ သွန်သင်ခြင်းဖြစ်သည်
အဘယ်သို့အားသွန်သင်ခြင်း၌ စိတ်နှစ်လုံးအကြင်းမဲ့ယုံကြည်ကြသနည်း
ယေရှုသည်အနီးအပါးသို့ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈-၁၈-၂၀
ပညတ်တရားနှင့် ယေရှုခရစ်၏ပညတ်တို့ကိုအယ်သို့အားဖြင့်ယုံကြည်ခြင်းရှိကြသနည်း
ယုံကြည်၍ ဗတ္တိဇံ ကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကိုခံရလတံ့။ ရှင်မာကုခရစ်ဝင်ကျမ်း၁၆း၁၆
အပြစ်တရားအာဖြင့်နောက်တ ရခြင်း
ပေတရုကလည်း၊သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။သို့ပြုလျှင်သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောဆုကျေးဇူးတော်ကိုခံရကြလိမ့်မည်။
တမန်တော်ဝတ္ထု ၂း၄၈
ထိုကြောင့်၊သင်သည်မရွေ့လျော့မှီ၊အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသောအကျင့်ကို ကျင့်လော့။သို့မဟုတ်သင်ရှိရာသို့ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင်၊သင်၏မီးခွက်ကိုနေရာမှ ရွေ့မည်။
သို့သော်လည်း၊ ငါမုန်းသော နိကောလတပည့် တို့၏ အကျင့်ကိုသင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။
ဗျာဒိတ်ကျမ်း၂း၅-၆
နောင်တရသင့်သောကာလကိုငါပေးသော်လည်း၊သူသည်မိမိမတရားသော မေထုန်ကို နောင်တရချင်သောစိတ်မရှိ။
ထိုကြောင့်၊သူ့ကိုအိပ်ရာ၌ငါချထားမည်။သူနှင့်အတူမတရားသောမေထုန်ကိုပြု၍၊ထိုသို့သောအကျင့်ကိုနောင်တ မရသော သူတို့ကိုလည်း၊ ကြီးစွာသောဆင်းရဲခြင်းသို့ ရောက်စေမည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂း၂၁-၂၂
တနည်းကား၊အသေခံတော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍၊ထိုသခင်နှင့်အတူငါတို့သည်စိုက်ပျိုးလျက်ရှိသည်မှန် လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။ရောမသြဝါဒစာ ၆း၅-၆
လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ကောရိန္တုသြဝါဒစာဒုတိယစောင်၅-၁၇=၁၈
၁၄။ ကလေးသူငယ်များ ဗတ္တိဇံပေး ခြင်း၌ သူငယ်များတို့ နောင်တရ တရားနှင့်ဖြစ်နိုင်မည်လော့။
ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်ဟုယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်ဟု မိန့်တော်မူ၏။
။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၉း၄၁
ထိုကြောင့်၊ ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေ သောသူသည် အပြစ်ရှိ၏။ရှင်ယာကုပ်သြဝါဒစာ ၄း၁၇
ကလေးသူငယ်တို့သည် နှုတ်ကပတ်တော်ကိုနားမလည်သောသောသူများဖြစ်ကြသည်အသင်းအုပ်ဆရာတို့
သည် သူငယ်အားမိမိကိုယ်၌မှာ ကောင်းသောအကျင့်ကိုရွှေးကြယ်နိုင်သောအချိန်တန်မှာဗတ္တိဇံကိုပေးသင့်
အပြစ်မသိသေးသောသူငယ်တို့သည် လုံဝအပြစ်မရှိ
၁၅။ဗတ္တိဇံနှင့် ကယ်တင်ခြင်းတရားနှင့် နောဧကာလ၌ကဲ့သို့ လူတို့သည် နောဧ၏သင်္ဘောအထဲ့သို့ဖြစ်မည်
ထိုသို့သောဥပမာအတိုင်း၊ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ငါတို့ကိုကယ်တင် တတ်၏။ဗတ္တိဇံဟုဆိုသော်၊ကိုယ်ကာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ဘုရားသခင့်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသတည်း။ထိုသခင်သည် ကောင်းကင်ဘုံသို့ကြွတော်မူသည်
ဖြစ်၍၊ ကောင်းကင်တမန်အစရှိသောအာဏာစက်တန်ခိုးများတို့ကိုအုပ်စိုးလျက်၊ဘုရားသခင်၏လက်ျာတော်ဘက်၌ ရှိတော်မူ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၂၁-၂၂
ချစ်သူတို့၊ ဤဒုတိယသြဝါဒစာကိုသင်တို့အား ယခုငါရေး၍ပေးလိုက်၏။
သန့်ရှင်းသော ပရောဖက် တို့သည် အထက်ကဟောပြောသော စကားများကို၎င်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သောငါ တို့၏ ပညတ်ကို၎င်း၊ သင်တို့သည်အောက်မေ့စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသောစိတ်ဝိညာဉ်တို့ကို ငါသတိပေး၍ နှိုးဆော်၏။
ရှေ့ဦးစွာ သိမှတ်အပ်သော အရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊
သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့် တကွပေါ်လာ ကြလိမ့်မည်။
ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
ဖြစ်ဘူးသော လောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြူပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။
ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။
ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည်တရက် ကဲ့သို့၎င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။
လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။
သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။
ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။
ထိုသို့မြော်လင့်ခြင်း ရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍အဘယ်အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ် ကြလော့။
ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အားရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများကို ပြော၍စီရင်သော သြဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။
ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူ တို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကိုမှောက်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။
သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင် ရာသို့လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကိုသိနှင့် ပြီဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။
ကျေးဇူးတော်၌၄င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌၄င်း ကြီးပွါးကြလော့။ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရက်ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေသတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃း၁-၁၈
မှတ်ချက်။ရေကို နောဧ၏ သင်္ဘောကို ပုဆောင်ထားခြင်းဖြစ်ပါတယ် တဦးတယောက်သောသူသည်ဗတ္တိရေ
ချောင်းကို ယနေ့ကာလ သင်္ဘောကြီးပုံဆောင်ထားပါတယ် ဗတ္တိဇံကိုခံ၍မိမိ၏အပြစ်တရားကိုကယ်တင်ခြင်း
နောဧ ၏သင်င်္ဘောထဲ့ဝင်ရန်ဖြစ်သည်
၁၆။မင်္ဂလာဆောင်ခြင်း နှင်ခြင်းဗတ္တိဇံ နှင်ခြင်းခံခြင်း အဘယ်သို့ဖြစ်သနည်း
ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။
ဂလာတိသြဝါဒစာ ၃း၂၇
မှတ်ချက်။နှစ်ခြင်းမင်္ဂလာ၌ ခရစ်တော်၏နာမနှင့် သတို့သမီး တယောက်ကဲ့သို့နာမတော်ကိုအမှီပြု၍ ခမွန်း
သည်အမည်ကဲ့သို့ ဗတ္တိဇ့နှင့်ခြင်းမင်္ဂလာကေးသည်နှင့်အညီ ခရစ်ယာန်မိသားစုကဲ့သို့ မင်္ဂလာဆောင်ခြင်း
အမှုကိုကိုပြုကြသည် ခရစ်ယာန်ဘာသာဝင်တိုထုံစံအရနှစ်မျိုး၏အဓိပ္ပါယ်ကိုဖော်ပြခြင်းဖြစ်သည်ယုံကြည်၌
တည်ဆောက်ခြင်းအချစ်ခြင်းမေတ္တာ နားလည်မှုတည်ဆောင်ခြင်းဖြစ်သည်ဗတ္တိဇံ ယေရှု၏နာမတော်ကိုအမှီ
ပြု၍ထိုသို့ပြု၍လူထု၏ရှေမှောက်၌ကတိသစ္စာခရစ်တော်၏နာမတော်၌
၁၇။ယေရှုခရစ်တော်တည်ရှိသူသည် အဘယ်သို့ရှိသနည်း
လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ကောရိ န္တု သြဝါဒစာဒုတိယစောင်၅း၁၇
၁၈။ယေရှုခရစ်အသေခံတော်ခြင်းချီးမွန်းခြင်း ယေရှုခရစ်၏အလောင်းတော်မြေ၌အပ်နံခြင်း ပြန်လည်ရှင်ထမြောက်ခြင်း
ထိုကြောင့်၊အသေခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအားဖြင့်၊ထိုသခင်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။အကြောင်းမူကား၊
ခရစ်တော်သည်ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ငါတို့သည်လည်းအသစ်သော
အသက်၌ ကျင်လည်ရကြသတည်း။တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူငါတို့သည်စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ထမြောက်တော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
ထိုမှတပါး၊ငါတို့၏လူဟောင်းသည်ထိုသခင်နှင့်အတူလက်ဝါးကပ်တိုင်မှာအသေသတ်ခြင်းကိုခံပြီဟုငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။ရောမသြဝါးစာ ၆း၎-၆
မှတ်ချက်။ကယ်တင်ခြင်းတရားသည် ယေရှုခရစ်တော်၌သာရှိသည် ယေရှုခရစ်တော်အသေခံတော်မူခြင်း၌ဗတ္တဇံကိုခံသော
အားဖြင့်။ထိုသခင်နှင့်အတူသဂြိင်္ုဟ်ခြင်း၌ခံကြ၏
၁၉။ထုံစံတော်တမျို၌လည်း ဘုရားသခင်]အထံတော်သို့ပို့ဆောင်း
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့်တကိုယ်တည်းထဲသို့ဗတ္တိဇံကိုခံကြ၏။ငါတို့ရှိသမျှသည်တစိတ်တဝိညာဉ်တည်းထဲသို့လည်း
သောက်ကြ၏။ကောရှိန္တုပဋ္ဌမစောင် ၁၂း၁၃
မှတ်ချက်။ဗတ္တိဇံကိုခြင်းအရာ၌ ခရစ်တော်နှင့် တကိုယ်တည်တသားတည် အသင်းတော်ကိုပု့ပမာပြုခြင်းဖြစ်
သည်
နောက်တဖန်ဗတ္တိဇံခံစရာအကြောင်းရှိသေသနည်း
သင်တို့၌ရှိသော ဝိညာဉ်ပကတိ မေတ္တာကို ဧပဖြသည် ငါတို့အား ပြခဲ့ပြီ။ကောလောသဲသြဝါဒစာ ၁း၈
သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ် တော်ကိုခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်သည်ကိုအကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။ ပေါလုကလည်း၊သို့ဖြင်လျှင်၊
သင်တို့သည်အဘယ်မည်သောဗတ္တိဇံကိုခံကြသနည်းဟု မေးလျှင် ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကိုယုံကြည်ရမည်ဟုလူများတို့အားပြောဆိုလျက်၊
နောင်တနှင့်စပ်ဆိုင်သောဗတ္တိဇံကိုပေး၏။ထိုသို့ဆိုရာ၌ ယေရှုခရစ်ကိုဆိုလိုသည်၊ဟူသောစကားကိုကြားလျှင်၊
ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံကြ၏။ တမန်တော်ဝတ္ထု ၁၉း၂း၅
မှတ်ချက်။ ကျမ်းအတိုင်ဘဲရှင်ခဲ့မယ်
၁။ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ် တော်ကိုခံကြပြီလောဟု မေးသည်ရှိသော်၊
၂။သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြောဆိုကြ၏။
၃။ ပေါလုကလည်း၊ သို့ဖြင်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံ ကိုခံကြသနည်း ဟု မေးလျှင်
၎ ယောဟန်၏ ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆိုကြ၏။
၅။၊ ယောဟန်က၊ ငါ့နောက်ကြွ လာသောသူကို ယုံကြည်ရမည်ဟု လူများတို့အားပြောဆိုလျက်၊
၆။ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကိုဆိုလိုသည်၊
၂၁။ဗတ္တိဇံ နှစ်ခြင်းအရာယေရဏခရစ်တော်နှက်တော်မူသောအရာဖြစ်၏
ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍နေသနည်း။ ထလော့။ သခင်ဘုရားကိုပဌနာပြုလျက် ဗတ္တိဇံ ကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။တမန်တော်ဝတ္ထု ၂၂း၁၆
၂၂။ကျွန်ပ်တို့သည် ဗတ္တိဇ့ကိုခံကို အဘယ်သို့သောပြောင်လဲခြင်းမည်သနည်ဒး
ဖာရိရှဲနှင့်ကျမ်းတတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။
ရှင်လုကာခရစ်ဝင်ကျမ်း ၇း၃၀
၂၃ယေရှုခရစ်ဗတ္တိဇံပြီနောက် ကောင်းကင်ကအဘယ်သို့အသံတော်ကြားသည်နည်း
သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
ရှင်မာကုခရစ်ဝင်၁း၁၁
မှတ်ချက်။ယေရှုခရစ်တော် ဗတ္တိဇ့ကိုခံတော်မူပြီးလျှင် ကောင်းကင် အသံတော်ဖြစ်လေ၏ ဘုရားသခင်နှသက်မြတ်နိုင်ရာဖြစ်သည်
No comments:
Post a Comment