Monday, October 3, 2016
ဗျာဒိတ်ကျမ်သင်ခန်းစာ(၈)
ဗျာဒိတ်ကျမ်း၌ အံ့သြေဘွယ်သောမြို့တော် ၁။ကျွပ်တို့ အိမ် မီုဃ်းကောင်းကင်၌ရှိသည် ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည်တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ဘုရားသခင်သည်သူတို့နှင့်သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူသူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။ ဟေဗြဲသြဝါးစာ ၁၁း၁၆ မှတ်ချက်။လောကီ၌ အိမ်သည် ချီမွန်၍မရှနိုင် ၂။အံ့သြေဘွယ်သောမြို့၏ အမည်အဘယ်သို့ခေါ်သနည်း အကြင်သူသည် အောင်မြင်၏၊ထိုသူကိုငါသည်ငါ၏ဘုရားသခင့်ဗိမာန်တော်၌တိုင်ဖြစ်စေမည်။ နောက်တဖန်သူ သည် ပြင်သို့မရွေ့ရ။ငါ၏ဘုရားသခင့်နာမတော်ကို၎င်း၊ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ငါ၏ဘုရားသခင့်မြို့တော်၏နာမကို၎င်း၊ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ငါသည် အက္ခရာတင်မည်။ ဗျာဒိတ်ကျမ်း ၃း၁၂ မှတ်ချက်။မပြိုမပျက်စီးနိုင်သောမြို့ တင့်တယ်လှပါခန်းနာသောမြို့ ၃။ယေရုရှလင်မြို့အသစ် အနှစ် ၁၀၀၀ နောက် အဘယ်အဘယ်သို့ဆက်သွားရဦးမည်သနည်း ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့တက်၍၊သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ချစ်ဘွယ်သောမြို့ တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။ဗျာဒိတ်ကျမ်း ၂၀း၉ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၂၁း၂ ကြီးမြင့်သော တောင်သို့ဝိညာဉ်တော်အားဖြင့်ငါ့ကို ဆောင်သွား၍သန့်ရှင်းသောယေရုရှလင်မြို့သည်ဘုရားသ ခင်၏ဘုန်းတော်နှင့်ပြည့်စုံလျက်၊ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါ့အားပြလေ၏။ ဗျာဒိတ်ကျမ်း ၂၁း၁၀ မှတ်ချက်။ ယခုလက်ရှိလောက ကမ္ဘာမြေကြီးသို့ နောက်တဖန်းပြန်၍လာကြမည်။ စာတန်မာရ်နတ်ကိုသုတ် သင်ပယ်ရှိနောက်။ ၄။ယေရုရှလင်မြို့သစ်ကြီးသည်ဘာထူခြားမှုရှိသနည်း ထာဝရဘုရား၏ နေ့ရက်သည် ရောက်သောအခါ၊သူတပါးတို့သည်သင်၏ဥစ္စာကိုလုယူ၍သင့်အလယ်၌ ဝေ ဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကိုတိုက်စေခြင်းငှါ၊လူမျိုးအပေါင်းတို့ကိုငါစုဝေးစေမည်။မြို့ကိုတိုက်ယူပြီလျှင်၊အိမ်တို့ကိုလုယှက်၍၊ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍၊ တဝက်သာမြို့၌ ကျန်ကြွင်း လိမ့်မည်။ ထာဝရဘုရားသည်လည်း၊ စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့ ထိုလူမျိုးတို့ကိုတိုက်သွား တော်မူမည်။ ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင်တောင်ပေါ်မှာ ရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင်တဝက် မြောက်ဘက်သို့င်း၊တဝက်သည် တောင်ဘက်သို့င်း ရွှေ့ရလိမ့်မည်။သင်တို့သည် ငါ့တောင်ကြား ချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ထိုချိုင့်သည်အာဇလမြို့တိုင်အောင်၊မှီလိမ့်မည်။ယုဒရှင်ဘုရင် သြဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍သင်တို့သည် ပြေးသကဲ့သို့တဖန်ပြေးကြလိမ့်မည်။ငါ၏ဘုရားသခင်ထာဝရ ဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့ သည် ပါကြလိမ့်မည်။ ဇာခရိအနာဂတ္တိကျမ်း ၁၄း၁-၅ ၅။ယေရုရှလင်၏ မြို့အကြယ်အဝန်းအဘယ်လောက်ကြယ်ရှိသနည်း မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့်မြို့ကိုတိုင်း၍ မြို့၏အနံ၊ အလျား၊အမြင့်၊ယူဇနာ တရာနှစ်စီရှိ၏။ဗျာဒိတ်ကျမ်း ၆။ဗျာဒိတ်ကျမ်း အဘယ်သို့ ကြောင့် ယေရုရှင်အကြောင်းကိုဖေါ်ပြသနည်း ကြီးမြင့်သော တောင်သို့ဝိညာဉ်တော်အားဖြင့်ငါ့ကို ဆောင်သွား၍သန့်ရှင်းသောယေရုရှလင်မြို့သည်ဘုရားသခင်၏ ဘုန်းတော်နှင့်ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါ့အားပြလေ၏။ ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်းနဂါးသွဲ့ကဲ့သို့၊အမြတ်ဆုံးသောကျောက်မျက်မွန်နှင့်တူ၏။ မြို့ရိုးအမြစ်သည်တဆယ်နှစ်ထပ်ရှိ၏။သိုးသငယ်၏တမန်တော်တဆယ်နှစ်ပါး၏နာမတို့သည်မြို့ရိုးအမြစ်ပေါ်၌ ရေးထား လျက်ရှိကြ၏။ ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်းတိုင်းခြင်းငှါတိုင်းစရာ ရွှေကျူလုံး ပါ၏။ မြို့သည်စတုရန်းလေးထောင့်ဖြစ်၏။ထိုသူသည်ကျူလုံးနှင့်မြို့ကိုတိုင်း၍ မြို့၏အနံ၊အလျား၊အမြင့်၊ယူဇနာတရာနှစ် စီရှိ၏။ မြို့ရိုးထုကိုတိုင်း၍၊လူအတောင်ကဲ့သို့သော ကောင်းကင်တမန်အတောင်အားဖြင့်၊တရာလေးဆယ်လေးတောင်ရှိ၏။ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည် လည်း ကြည်လင်သောဖန်နှင့် တူသောရွှေစင်ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ပထမအမြစ်ကားနဂါးသွဲ့ ဖြစ်၏။ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကားမြ၊ ပဉ္စမအမြစ်ကားကြောင်၊ဆဌမအမြစ်ကား ကျောက်နီ၊သတ္တမအမြစ်ကားခရုသုလိတ်၊အဌမအမြစ်ကား မျက်ရွဲ၊နဝမအမြစ်ကားဥဿဖရား၊ဒသမအမြစ်ကားခရုသုပြတ်၊ဧကဒသမအမြစ်ကားဝါကိသု၊ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။ တံခါးရွက်တဆယ်နှစ်ရွက်အသီးသီးတို့သည်ပုလဲတပြားစီဖြင့်ပြီး၍ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။မြို့လမ်းမ သည်ကြည်လင် သောဖန်ကဲ့ သို့သော ရွှေစင်ဖြစ်၏။ မြို့ထဲ၌ဗိမာန်တော်ကိုငါမမြင်။အကြောင်းမူကား၊အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသောထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏။ ထိုမြို့သည် နေ၏အရောင်၊လ၏အရောင်ကိုအလိုမရှိ၊အကြောင်းမူကား၊ဘုရားသခင်၏ဘုန်တော်သည် ထိုမြို့ကိုလင်း စေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ဆီမီးဖြစ်၏။ လူအမျိုးမျိုးတို့သည်ထိုမြို့၏အလင်းကိုအမှီပြု၍သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်းမိမိ တို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြ လိမ့်မည်။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျင်းမပိတ်တတ်။ ညဥ့်မူကားမရှိ။ လူအမျိုးမျိုးတို့သည် မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ညစ်ညူးသောအရာ၊စက်ဆုပ်ဘွယ်သောအရာ၊သစ္စာပျက်သောအရာတစုံတခုမျှမဝင်ရဘဲ၊သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရ၏။ဗျာဒတ်ကျမ်း ၂၁း၁၀-၂၇ ၇။ယေရုရှလင်မြို့ကြီး၌ရေဘယ်ကရမည်သနည်း တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ဗျာဒိတ်ကျမ်း ၂၂း၁ ၈။ကောင်းကင်သစ်မှာအဘယ်သို့သောအစားအစာများစားသုံကြမည်းသနည်း မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊အသက်ပင်ရှိ၏။ထိုအသက်ပင်သည်အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ဗျာဒိတ်ကျမ်း ၂၂း၂ ၉။မောပန်းခြင်းရှိဦးမည်လော့ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊အသက်ပင်ရှိ၏။ထိုအသက်ပင်သည်အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ဗျာဒိတ်ကျမ်း ၂၂း၃ ထာဝရအရှင်ဘုရားသခင်ကလည်း၊လူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကိုသိတတ်၏။ ယခုမှာသူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ကမ္ဘာဦးကျမ်း ၃း၂၂ ၁၀။ကောင်ဘုန်၌အညယ်သို့ခေါ်ဆိုမည်သနည်း ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ ရောမသြဝါဒစာ၈း၁၈ ၁၁။ကောင်းကင်သစ်နှင့်မြေကြီး၌ အဘယ်သိုခေါ်ခြင်ခံရမည်သနည်း အောင်မြင်သောသူသည် ဤအရာတို့ကိုအမွေခံရလိမ့်မည်။ ငါသည်သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည် လည်းငါ၏ သားဖြစ်လိမ့်မည်။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။ နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်စုံသော ဖလားခုနစ်လုံးကို ဆောင်သောကောင်း ကင်တမန် ခုနစ်ပါးတွင် တပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ခင်ပွန်းတည်း ဟူသော မင်္ဂလာဆောင် သတိုးသမီးကိုငါပြမည်ဟု ပြောဆိုလျက်၊ဗျာဒိတ်ကျမ်း ၂၀း၇-၉ ၁၂။စာတန်၏ နောက်သို့လိုက်သောသူတို့သည် အဘယ်သို့ဖြစ်သနည်း သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည်လာလိမ့်မည်။ထိုနေ့၌မိုဃ်းကောင်းကင်သည်ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ လောကဓာတ်တို့သည်ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်၃း၁၀ ၁၃။ဘုရားသခင်၏နေ့ရက်ကြီး၌ လောက်ကြီးအဘယ်သို့ဖြစ်မည်သနည်း သို့ဖြစ်၍၊ဤအရာအလုံးစုံတို့သည်ကုန်စင်မည်မှန်သောကြောင့်၊မိုဃ်းကောင်းကင်သည်မီးနှင့်ပျက်၍ လောက ဓာတ်တို့သည်ပူအားကြီးလျက်၊အရည်ကျိုခြင်းကိုခံရသော နေ့တည်းဟူသော၊ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ရှင်ပေတရုသြဝါဒစာဒုတယစောင် ၃း ၁၀-၁၂ ၁၄။ကောင်းကင်သစ်နှင့်မြေကြီးသစ်ဖန်ဆင်းပြီးလျှင်ဘုရားသခင်သည်အဘယ်သူတို့နှင့်အတူရှိမည်သနည်း ကောင်းကင်မှကြီးသောအသံကား၊ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏။လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည်ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ဘုရားသခင်သည်ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍သူတို့၏ဘုရား သခင် ဖြစ်တော်မူမည်။ဗျာဒိတ်ကျမ်း ၂၁း၃ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၅ ၁၅။လူအပေါင်းတို့သည် သန့်ရှင်သောမြိုတော်၌ အားလုံးရှိကြမည်သနည်း တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။သို့မဟုတ်လျှင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှတဖန်လာပြန်၍၊ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှါသင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ငါသည်အဘယ်အရပ်သို့သွားသည်ကို၎င်း၊လမ်းခရီးကို၎င်း၊သင်တို့သိကြ၏ဟုမိန့်တော်မူသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁-၄ ၁၆။ကောင်းကင်သစ်နှင့်မြေကြီး၌ လူတို့၏ကိုယ်ခန္ဒာနှင့်အဘယ်သို့ရှိကြမည်သနည်း ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ကယ်တင် တော်မူသောအရှင်သခင် ယေရှုခရစ် သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။ ထိုသခင်သည်ခပ်သိမ်းသောအရာကိုပင်မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သောငါတို့၏ကိုယ်ခန္ဓွာကိုပင်ဘုန်းအသရေနှင့် ပြည့်စုံသောကိုယ်ခန္ဓွာတော်၏နည်းတူ ဖြစ်စေ ခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။ ဖိလိပ္ပိသြဝါဒစာ၃း၂၀-၁၂၁ ၁၇။ယေရှုခရစ်တော်ရှင်ပြန်ဖမြောက်ပြီးသည်နောက် ကိုယ်ခန္ဒာနှင့်အပြည့်အစုံရှိသနည်း ထိုသို့အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည်သူတို့အလယ်၌ရပ်တော်မူလျက်၊သင်တို့အားငြိမ်သက်ခြင်းဖြစ်စေ သတည်းဟု မိန့်တော်မူ၏၊ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။အဘယ် ကြောင့်အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ငါ့ခြေကိုလည်းကြည့်ကြလော့။ငါ့ကိုယ်ပင်ဖြစ်၏။ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ငါသည် သင်တို့မြင်သည်အတိုင်းအရိုးအသားနှင့်ပြည့်စုံ၏။တစ္ဆေမည်သည်ကားဤကဲ့သိုမပြည့်စုံဟုမိန့်တော်မူလျှက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည်အံ့သြ၍ဝမ်းမြောက်သောအားဖြင်မယုံနိုင်ဘဲ နေသေးသောအခါ၊သင်တို့၌စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။ တဖန်မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ဆာလံကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟုငါသည်သင်တို့နှင့်အတူရှိစဉ်အခါသင်တို့အား ဟောပြောသောအကြောင်းအရာတို့ကားဤအကြောင်းအရာ ပေတည်းဟုမိန့်တော်မူ၏။ရှင်လုကာခရစ်ဝင်၂၄း၃၆-၄၂ ၁၈။သန့်ရှင်းသူများနှင့်ဖြောင့်မတ်သောသောသူတို့ ကောင်းကင်သစ်နှင့်မြေကြီး၌ အဘယ်သို့ရှိသနည်း ကြည့်ရှုလော့။မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါဖန်ဆင်းမည်၊၊အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်၊၊ငါ၏လူတို့ကြောင့်ရွှင်လန်းမည်။ထိုမြို့၌ငိုကြွေးသံနှင့် အော်ဟစ်သံကိုနောက် တဖန်မကြားရ၊၊ ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ၊၊အသက်မပြည့်စုံသောလူအိုလည်းမရှိရ၊၊အသက်တရာရှိလျက် သေသောသူကိုသူငယ်ဟူ၍မှတ်ရ၏၊၊အပြစ်ရှိသောသောသူကိုသူငယ်ဟူ၍မှတ်ရ၏၊၊အပြစ်ရှိသောသေသောသူသည် အသက်တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏၊၊ ထိုသူတို့သည်ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်၊၊ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကိုစားကြလိမ့် မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊ သူတို့သည် အိမ်ကိုဆောက်၍ အခြား သော သူနေရမည်မဟုတ်၊၊ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူစားရမည်မဟုတ်၊၊ ငါ၏လူတို့ အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသော အရာကို ကြာမြင့်စွာသုံးဆောင်ကြ လိမ့်မည်။ဟေရှာယအနာဂတ္တိကျမ်း ၆၅း၁၇-၂၂ သင်တို့အဘို့အလို့ငှါခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ကမ္ဘာဦးမှစ၍သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့်ဘုရားသခင်ဗျာဒိတ်ထားတော်မူသောထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်တော်မူသောကပ်ကာလမရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။ တမန်တော်ဝတ္ထုး ၃း၂၀-၂၁ ၁၉။ဘုရားသခင်ကိုချစ်သောသူတို့အဘို့အလို့ငှါအဘယ်သို့ရှိသနည်းကျမ်းစာလာသည်နှင့်အညီ၊ဘုရားသခင်ကို ချစ်သောသူတို့အဘို့အလိုငှါ၊ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်၊နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ငါတို့အား ဘော်ပြ တော်မူ၏။ဝိညာဉ်တော်အားဖြင့်ဘုရား သခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။ လူ၏နက်နဲသောအရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါးအဘယ်သူသိသနည်း။ထိုနည်းတူဘုရားသခင်၏နက်နဲ သောအရာ ကိုဘုရားသခင်၏ ဝိညာဉ်တော်မှတပါးအဘယ်သူမျှမသိ။ ငါတို့သည် လောကီဝိညာဉ်ကိုမခံရကြ။ဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလိုငှါဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကို ခံရကြပြီ။ ကောရိ န္တု သြဝါဒစာပဌမစောင်၂း၉-၁၂ (က)မျက်မြင်တို့အဘယ်သို့ ဖြစ်ကုန်ကြမည်သနည်း (ဟေရှာယအနာဂတ္တိကျမ်း ၃၅း၅ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ (ခ)နားလေသောသူတို့ နားကြားနိုင်မည်သနည်း နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊ (ဂ)ခြေမကောင်းသောသူတို့သည် ခြေအကောင်းဖြစ်မည်သနည်း ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ (ဃ) စကားမပြောတတ်သောအစွန့်အ အတို့သည် သီချင်းဆိုကြမည်လော့။ ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ တို့သည်သီချင်းဆိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်၊၊ဟေရှာယအနာဂတ္တိကျမ်း ၃၅း၆ (စ)ဝမ်းနဲစရာရှိဦးမလား မျက်ရည်ကျဦးမလား ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ပင်ပန်းခြင်းလည်းမရှိရ။အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီ။ဗျာဒိတ်ကျမ်း ၂၁း၎ (ဆ)တရိစ္ဆာန်တို့နှင့် ခြင်္သေ များလူးများကြောက်စရာရှိသေးလား တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရားမိန့်တော်မူ၏။ဟေရှာယအနာဂတ္တိကျမ်း ၆၅း၂၅ (ဇ)တောခွေး ခြင်္သေဆသဖြင့် ရှိသောအရာတို့ လူးသငယ်တို့အားအဘယ်ပြုကြမည်သနည်း တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်၊၊ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်၊၊ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်၊၊ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြ လိမ့်မည်၊၊ ခြင်္သေ့သည် လည်း နွားကဲ့သို့မြက်ကို စားလိမ့်မည်၊၊ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်၊၊ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌မိမိလက်ကိုသွင်းလိမ့်မည်၊၊ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ဖျက်ဆီးခြင်းကိုမပြုရကြ၊၊အကြောင်းမူကား၊ပင်လယ်ရေသည်မိမိနေရာကိုလွှမ်းမိုးသ ကဲ့သို့၊ မြေကြီး သည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာ နှင့်ပြည့်စုံလိမ့်မည်၊ ဟေရှာယအနာဂတ္တိကျမ်း၁၁း ၆-၉ ၂၀။အိပ်မက်ဆိုးများမက်ဦးမည်သနည်း ကြည့်ရှုလော့။မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါဖန်ဆင်းမည်၊၊အရင်မိုဃ်းကောင်းကင်နှင့် မြေကြီး ကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊ သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကိုဝမ်းမြောက်စရာအကြောင်း၊မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်၊၊ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကိုနောက် တဖန်မကြားရ၊၊ ဟေရှာယအနာဂတ္တိကျမ်း ၆၅း၁၇-၁၉ ၂၁။ဝမ်းမြောက်ခြင်း ပျော်ရွှင်ခြင်း ကျန်မာခြင်းအစဉ်အမြဲရှိမည်သနည်း (က)ဝမ်းနဲစရာ စိတ်မသာညီးတွားခြင်းရှိဦးမည်လော့။ တောနှင့်လွင်ပြင်သည်ဝမ်းမြောက်လိမ့်မည်၊၊ဆိတ်ညံသောအရပ်သည်လည်းရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်၊၊ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်၊၊ လေဗနုန်တောင်၏ဘုန်းနှင့်၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်င်း ပြည်စုံလိမ့်မည်၊၊ ထာဝရဘုရား၏ ဘုန်းတော်ကိုင်း၊ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုင်း မြင်ရကြလိမ့်မည်၊၊ဟေရှာယအနာဂတ္တိကျမ်း ၃၅း၁-၂ (ခ)ဒီနားကနာလိုက်တာပြောစရာရှိသီးမည်သနည်း မြို့သားကလည်း၊ငါနာသည်ဟုမဆိုရ၊၊ထိုမြို့၌ နေသောသူတို့သည်အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၃၃း၂၄ (ဂ)အနိုင်ကျင့်ခြင်းခံရဦးလော့ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်၊၊ သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန်မကြားရ၊၊ သင်၏နယ် အတွင်းတွင် လုယူဖျက်ဆီးခြင်းမရှိရ၊၊ သင်၏မြို့ရိုးကိုကယ်တင်ခြင်းဟူ၍၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်း ဟူ၍၎င်း၊ သမုတ်ရလိမ့်မည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၆၀း၁၈ ၂၂။ကောင်းကင်သစ်နှင့်မြေကြီးသို့ရောအခါ၌ မိတ်ဆွေများ မိဘများ အပေါင်းသင်းများကိုသိရှိဦးမည်လော့ ယခုတွင်ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ထိုအခါမူကား၊မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။ ကောရိ န္တု သြဝါဒစာပဌမစောင်၁၃း၁၂ ၂၃။ ကောင်းကင်သစ်နှင့်မြေကြီးသို့ရောက်သောအခါ အိမ်ထောင်ပြုခြင်းစဖြင့်ရှိဥမလား ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့်မညစ်ညူးသောသူဖြစ်ကြ၏။သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနှုတ်၍ ဘုရားသခင် နှင့် သိုးသငယ်အဘို့ အဦးသီးသောအသီးဖြစ်ကြ၏။ဗျာဒိတ်ကျမ်း ၁၄း ၄ မှတ်ချက်။ မရှိတော့ဘူး အပျို လူပျိုကဲ့သို့ရှိနေမယ် ၂၄။ အပြစ်တရားသည် ဘုရားသခင်နှင့်ဝေးစေရန် အဘယ်တားစည်းရှိသနည်း ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ငါတို့သည်အလင်း၌ကျင်လည်လျှင်၊အချင်းချင်းမိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ငါတို့အပြစ်ရှိသမျှကို ဆေးကြော တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၁း၇ သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ဗျာဒိတ်ကျမ်း ၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment