Monday, October 3, 2016

ဗျာဒိတ်ကျမ်သင်ခန်းစာ(၅)

                                           
                                             
 သိတင်းခုနှစ်မျိုး ယေရှုခရစ်တော်ထံမှရရှိသောသိတင်းစကား ဓမ္မာသစ်ကျမ်းအတွင်း၌တမန်တော်များအားရေးပေးလိုက်သော၊အသင်းတော်ခုနှစ်ပါးတို့ကို၊သိုမဟုတ်တယောက်သော သူ၏ထံသို့သော၎င်း၊အချို့သောခရစ်ယာန်များထံသို့သော၎င်း၊ယနေ့မှာဆ၍ထိုသိတင်းစကားကိုအလေးအနက်ထားရန်၊ အလွန်အမာတန်မှအရေးကြီးလှပေးလိမ့်မည်။ထိုသိတင်းစကားများတို့သည်၊ဘုရားသခင်၏ နှုတ်ထွက်တရားများနှုတ်ကပတ်တရား ကိုယ်၌ကပင်ဗျာဒိတ်ကျမ်းထိုကျမ်းသည်ဓမ္မသစ်ကျမ်းဖြစ်သော ယေရှုခရစ်၌ရှိကြောင်း ယေရှုခရစ်တော်၏နာမတော်ဖြစ်ကြောင်း စစ်မှန်ကြောင်းဟုတ်မှန်ကြောင်း ယေရှုခရစ်၏နာမတော်ပင်ဖြစ်သည် ယေရှုခရစ်တော်သည်ဗျာဒိတ်တော်ဖြစ်ပေသည်ဗျာဒိတ်ကျမ်း အစအဦး၌ထိုဗျာဒိတ်တော်ထူခြားသောသိတင်းစကားခုနှစ်မျိုးဖြစ်၏၊ ယေရှုခရစ်တော်ရေးပေးတော်မူသောအသင်းတော်ခုနှစ်ပါးအ ထံတော်သို့ဖြကြောင်းသိရှိရပေးသည်၊ထိုသိတင်းစကားတဆောင်၌၊ပါရှိသောအချစ်ခြင်းမေတ္တာနှင့်၊အသိပညာတရားနှင့်အသိဥာဏ် ပညာများပင်ဖြစ်ပေသတည်း၊ယေရှုခရစ်တော်အထံတော်၌လာသောစာစောင်ကို စေ့စေ့ကြည့်ရှု့၍လက်ခံနိုင်ရှိမရှိစဉ်းစားဘို့ရန်အလွန် မှအရေးကြီးလှပေသည်။ သို့သော်လည်းထိုသိတင်းစကားစောင်မှာလက်လွန်ရှုထား၍မရနိုင်သောစာစောင်ဖြစ်သည်သို့ရာတွင်း၊စာတန်မာရ်နတ်သည်ဘုရားသ ခင်၏ဘုရားသခင်၏သားသမီတို့၏ရန်ငြိုးဖွဲ့ခြင်း၌စာတန်မာရ်နတ်သည်ဝမ်းမြောက်ခြင်းရှိသည်ကိုခရစ်တော်ကိုယုံကြည်သူများအပေါ်၌ အချို့သောယုံကြည်သူများတို့သည်စာတန်မာရ်နတ်၏သားသမီးတပည့်ဖြစ်ကြောင်းသတိမထားမိကြပေ၊ ယေရှုခရစ်တော်သည်၊ထိုစာစောင် ၌ဥာဏ်ပညာကိုပေးသောစာစောင်ပင်ဖြစ်သည်၊အချိန်အနဲငယ်မျှ နောက်မကြသေခင်ဗျာဒိတ်ကျမ်း၏၊လျှက်ဝှက်ထားသောကျွန်ပ်တို့သည်အ ချိန်မနှောင်သေခင်မှာ၊ဘုရားသခင်ဆူကျေးဇူတော်အားဖြင့်၊အချိန်နှောက်မကြမှီ၊ဗျာဒိတ်ကျမ်းစာကိုလေ့လာရန်အခွမှအရေးကြီးပေသည် ထူခြားသောထိုသိတင်းစကားခုနှစ်မျိုးကိုဗျာဒိတ်ကျမ်းအခန်းကြီး(၂)အခန်းကြီး(၃)၌ဘုရားသခင်လမ်းပြပို့ဆောင်တော်မူသော ကြောင့်၊ထိုသို့အားဖြင့်၊ယေရှုခရစ်တော်၏စကားတော်များကိုလိုက်နာလိုက်ရှောက်ဘို့ရန်အလွန်မှအရေပါပေသည်။ယေရှုခရစ်တော်၊ပေး သောအသိဥာဏ်တရားများခရစ်တော်ကိုယုံကြည်သူများတို့သည်ခရစ်တော်၏စကားတော်ကိုနားထောင်ခြင်းအားဖြင့်ယခုခေတ်ကာလပင်ဖြစ် သည် ၁။ယေရှုခရစ်တော် အဘယ်ကြောင့်အားဖြင့် သတ်ပေးနိုးဆော်ခြင်းကိုပေးသနည်း သမ္မာကျမ်းစာများ၌ ဤစာစောင်၏အနာဂတ္တိစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခံသည်ကား၊အကြင်သူသည်ဤအရာတို့၌ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကိုထိုသူအပေါ်သို့ဘုရားသခင်သက်ရောက်စေတော်မူမည်။ဗျာဒိတ်ကျမ်း၂၂း၁၈ (က)။သမ္မာကျမ်းစာများကိုအသစ်သွန်းသောသူ၏အပေါ်၌ဘုရားသခင်အဘယ်သို့ ပြုမည်ဟူ၍မိန့်တော်ရှိသနည်း။မှတ်ချက်။ဘေဒဏ်များကျရောက် စေတော်မူမည်။ (ခ)။အကြင်သူသည်ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ဤစာစောင်၌ရေးထားသောအသက်ပင်နှင့်၎င်း၊သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၉ မှတ်ချက်။သမ္မာကျမ်းစာရှိသမျှတို့ကို၊နှုတ်ပယ်သောသူအား၊ဘုရားသခင်သည်ထိုအားအဘယ်သို့ ဖြစ်မည်ဟုမိန့်တော်မူသနည်း ထပ်ဆင့်မှတ်ချက်။အသက်စာစောင်၌ နှုတ်ပယ်ခြင်းဧကန်အမှန်ခံရမည်ဘုရားသခင်၏တင်ခြင်းစာစောင်၌အသက်ပင်နှင့်ဆိုင်သော မြို့သိုမဝင်ရ ၂။အသင်းတော်ခုနှစ်ပါသည် အဘယ်မှာရှိသနည်း ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနစ်ပါးကိုကြားလိုက်ပါ၏။ပစ္စုပ္ပန်၊အတိတ်၊အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံက၎င်း၊ ဗျာဒိတ်ကျမ်း၁း၎ မှတ်ချက်။ယေရှုခရစ်တော်ရေးလိုက်သောအသင်းတော်ခုနှစ်ပါတို့၏သိတင်စကားမှာယနေ့ခေတ်ကာလခရစ်ယာန်များရည်မှတ်၍ဆိုလိုသတည်း သင်သည်အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းအလိုငှါပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်းသိမှတ်သည်နှင့်၊အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊သြဝါဒပေးခြင်း၊အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။ တိမောသေသြဝါဒစာဒုတိယစောင် ၃း၁၅-၁၇ ၃။ထိုသိတင်စကား၏ သုံးမျိုးတို့သည် သို့ အသင်တော်သုံးပါတို့ထံသို့ အဘယ်သို့သော သိတင်းစကားလဲ။ (က)ဘုရားသခင်သည် ကျွန်ပ်၏ အကြောင်းအရာများကိုသိမြင်တော်၏ သင်သည်မတရားသောသူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်း၊တမန်တော်မဟုတ်ဘဲ၊တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကိုစစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကို၎င်း၊ဗျာဒိတ်ကျမ်း ၂း၂ သင့်အကျင့်ကျင့်ခြင်း၊ဒုက္ခခံခြင်း၊ဆင်းရဲခြင်းကိုငါသိ၏။သို့သော်လည်း၊သင်သည်ကြွယ်ဝပြည့်စုံခြင်းရှိ၏။ယုဒလူဖြစ်ယောင်ဆောင်၍ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။ဗျာဒိတ်ကျမ်း ၂း၉ သင်အကျင့်ကျင့်ခြင်းကို၎င်း၊စာတန်၏ရာဇပလ္လင်ရှိရာအရပ်တည်းဟူသောသင်၏နေရာအရပ်ကို၎င်းငါသိ၏။စာတန်၏ နေရာအရပ်၌သင်တို့တွင်အသေ သတ်ခြင်းကိုခံရသောအန္တိပသည်သစ္စာရှိ၍ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊သင်သည်ငါ၏နာမကိုစွဲကိုင်၏။ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။ဗျာဒိတ်ကျမ်း ၂း၁၃ သင်အကျင့်ကျင့်ခြင်း၊ချစ်ခြင်း၊အမှုဆောင်ခြင်း၊ယုံကြည်ခြင်း၊သည်းခံခြင်းကို၎င်း နောက်ကျင့်သောအကျင့်တို့သည်အရင်ကျင့်သောအကျင့်ထက်သာ၍များ ကြောင့်ကို၎င်း ငါသိ၏။ဗျာဒိတ်ကျမ်း ၂း၁၉ သာဒိမြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူ၏အမိန့်တော်ကား၊သင်၏အ ကျင့်ကိုငါသိ၏။သင်သည်အသက် ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။ဗျာဒိတ်ကျမ်း ၃း ၁ သင်၏အကျင့်ကိုငါသိ၏။အဘယ်သူမျှမပိတ်နိုင်သောတံခါးကိုသင့်ရှေ့၌ငါဖွင့်ထားပြီ။အကြောင်းမူကား၊သင်သည်အနည်းငယ်သောခွန်အားရှိသည်နှင့်၊ငါ၏ နှုတ်ကပတ်ကိုစောင့်ရှောက် ခဲ့ပြီ။ဗျာဒိတ်ကျမ်း ၃း၈ သင်၏အကျင့်ကိုငါသိ၏။သင်သည်အဧမဟုတ်၊အပူမဟုတ်သည်ကိုငါသိ၏။ဧခြင်းဖြစ်စေ၊ပူခြင်းဖြစ်စေ၊တခုခုကိုငါအလိုရှိ၏။ဗျာဒိတ်ကျမ်း ၃း၁၅ မှတ်ချက်။ခရစ်ယာန်တို့၏အသက်တာ၌ ရှောဘိုဘေးတို့များ၏ကာလမှစ၍ပရောဖက်များဘုရားသခင်ကိုယုံကြည်သူအပေါင်းတို့သည် ဆင်းရဲဒုက္ခအမျိုးမျိုနှင့်တွေ့ကြုံရင်ဆိုင်ကျော်ပြတ်သည်ဘုရားသခင်သိမြင်တော်မူပါ၏၊သို့သော်ကျွန်ပ်တို့အသက်တာခရစ်ယာန်ဘာသာ ဝင်အပေါင်းတို့သည်လည်း ဘုရားသခင်ကိုယုံသောသူဖြစ်လျှင် ထိုသမ္မာကျမ်းမှာမိန့်မြွတ်တော် မူသည်အတိုင် ဧခြင်းဖြစ်၊ပူခြင်းဖြစ်၊တခုခုဘုရားသခင်အလိုတော် ရှိသည်အတိုင်း ဧခြင်းသော်၎င်း၊ ပူခြင်းသော်၎င်း၊ဘုရားသခင်အလိုတော်ရှိသည်နှင့်တခုခု ရွေးရယ်လိုက်မဧ၊နွေရုံမျှသောအသက်တာမဖြစ်ပါစေနှင့် ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို၊နားရှိသောသူမည်သည်ကားကြားပါစေ။အကြင်သူသည် အောင်မြင်၏၊ ထိုသူသည်ငါ၏ ဘုရားသခင်ပရဒိသုဥယျာဉ်၌ရှိသောအသက်ပင်၏အသီးကိုစားစေခြင်းငှါငါအခွင့်ပေးမည်။ဗျာဒိတ်ကျမ်း၂း၇ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ အောင်မြင်သောသူကိုဒုတိယသေခြင်း သည်မညှဉ်းဆဲရ။ဗျာဒိတ်ကျမ်း ၂း၁၁ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို၊နားရှိသောသူမည်သည်ကားကြားပါစေ။အကြင်သူသည်အောင်မြင်၏၊ဝှက်ထားသော မန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ထိုကျောက်ပေါ်၌အက္ခရာတင်သောနာမသစ်ကို၎င်းထိုသူအားငါပေးမည်။ထိုကျောက်ကိုရသောသူမှတပါးအဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ။ဗျာဒိတ်ကျမ်း ၂း၁၇ အကြင်သူသည် အောင်မြင်၍အဆုံးတိုင်အောင်ငါ့အကျင့်ကိုကျင့်၏၊ငါ့ခမည်းတော်သည်ငါ့အားအခွင့်ပေးတော်မူသကဲ့သို့၊လူမျိုးတို့ကိုအုပ်စိုးစေခြင်းငှါ ထိုသူအားငါသည်အခွင့်ပေးမည်။ဗျာဒိတ်ကျမ်း ၂း၂၆ ထိုသူ၏နာမကိုအသက်စာစောင်မှငါသည်အလျှင်းမချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊သူ၏နာမကိုငါဝန်ခံမည်။ ဗျာဒိတ်ကျမ်း ၃း၅ အကြင်သူသည် အောင်မြင်၏၊ထိုသူကိုငါသည်ငါ၏ဘုရားသခင့်ဗိမာန်တော်၌တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ငါ၏ဘုရားသခင့်နာ မတော်ကို၎င်း၊ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ငါ၏ဘုရားသခင့်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ငါသည် အက္ခရာတင်မည်။ဗျာဒိတ်ကျမ်း ၃း၁၂ ငါသည်အောက်မြင်၍၊ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည်ငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူထိုင်နေ ရသော အခွင့်ကိုငါပေးမည်။ဗျာဒိတ်ကျမ်း ၃း၂၁ မှတ်ချက်။ယေရှုခရစ်တော်သည် ယနေ့ မိတ်ဆွေကိုသော်၎င်း ကျွန်ပ်ကိုသော်၎င်း အသိဥာဉ်တရားပေး အချိန်ဖြစ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွင်းခြင်းကိုနားထောင်ပါ ယနေ့မိတ်ဆွေ အဘယ်သူပြောသောစကားကိုနားထောင်နေလဲဏ်နာရီစကားတွေကိုနားထောင်နေလား ပြန်ဆန်းစစ်ကြည့်ပါ မိတ်ဆွေယနေ့သန့်ရှင်းသောဝိညာဉ်တော်စိတ်ဆိုအောင်မိတ်ဆွေလုပ်နေသလား ပြန်ဆန်စစ်ကြည့်ပါ၊မိတ်ဆွေ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော် နိုးဆော်ခြင်းနားထောင်မှာလား ရွေးရယ်ပါ မိတ်ဆွေ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်ဒုစရိုက်အပြစ်ကို၎င်း၊အပြစ်ကင်းခြင်းကို၎င်း၊အပြစ်စီရင်ခြင်းကို၎င်း လောကီသားတို့အားထင်ရှားစွာဘော်ပြမည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆း၈ သမ္မာတရား နှင့် ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကိုသင်တို့အားအကြွင်းမဲ့သွန်သင် ပြသလိမ့်မည်။ထိုဝိညာဉ်တော် သည်ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်းသင်တို့အားဘော်ပြလိမ့် မည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၆း၁၃ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို၊နားရှိသောသူမည်သည်ကားကြားပါစေ။အကြင်သူသည် အောင်မြင်၏ ၊ထိုသူသည်ငါ၏ဘုရားသခင်ပရဒိသုဥယျာဉ်၌ရှိသောအသက်ပင်၏အသီးကိုစားစေခြင်းငှါငါအခွင့်ပေးမည်။ဗျာဒိတ်ကျမ်း၂း၇ ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည်မညှဉ်းဆဲရ။ဗျာဒိတ်ကျမ်း ၂း၁၁ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို၊နားရှိသောသူမည်သည်ကားကြားပါစေ။အကြင်သူသည်အောင်မြင်၏၊ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ထိုကျောက်ပေါ်၌အက္ခရာတင်သောနာမသစ်ကို၎င်းထိုသူအားငါပေးမည်။ထိုကျောက်ကိုရသောသူမှ တပါးအဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ။ဗျာဒိတ်ကျမ်း ၂း၁၇ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ ဗျာဒိတ်ကျမ်း ၂း၂၉ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ ဗျာဒိတ်ကျမ်း ၃း၆ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ ဗျာဒိတ်ကျမ်း ၃း၁၃ ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေဟုမိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း ၃း၂၂ ၄။အသင်းတော်ခုနှစ်ပါးတို့အဘယ်သို့သောအရာများဖြစ်သနည်း ဆက်၍ ဗျာဒိတ်ကျမ်းသင်းကြားသော ဥပမာပေးထားသော အချိန်ကာလခုနှစ်ပါးသိရှိနားလည်ပါလိမ့်မည် ခရစ်ယာန်ဘာသာဝင်တို့ သမိုင်းများ၌ ရှင်ယောဟန်အချိန်းကာလမှ ယေရှုခရစ်တော် ကြွလာတော်မူသော အချိန်ကာလတိုင်အောင် ကျွန်ပ်ကောက်နှုတ်ထားအချက်လျက်များ အလွန်အမတန်မှအရေးသောအချက် များလျှင် ကောက်နှုတ်ပေးထားခြင်းဖြစ်သည် ၅။ဧဖက်အသင်းတော်=တမန်တော်များခေတ်ကာလ၌ အဘယ်အတွက်ကြောင့် ဧဖက်အသင်းတော်ဆုံးခြင်းခံရသနည်း သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။ ဗျာဒိတ်ကျမ်း ၂း၎ ဧဖက်အသင်းတော်သည် တမန်တော်များတို့အား ပုံဆောင်ထား ဘုရားသခင်၏ အသင်းတော် ခန နှစ် ရာစုပိုင်အစအဦး၌ အသင်းတော်၏ သိတင်းစကားများအလျှင်အမြန်တိုးတက်သည်ကိုသိရှိရပေသည် ရာစု နှစ်နောက်ပိုင်အတွင်း ခရစ်ယာန်ဘာသာသနာ ပြနံခဲ့သည် ကမ္ဘာအရပ်ရပ်၌ သို့သော်လည်း ထိုသူတို့ သည် အသင်းတော်ထားရစ် ဗျာဒိတ်ကျမ်း ၂း ၄ မှာတွေ့ရှိသော အချက်မှာ ရှေ့ဦးစွာသောချစ်ခြင်းမေတ္တာ လျော့ပြီး အပြစ်တင်စရာအကြောင်းရှိ၏ သမ္မာကျမ်းစာမှဖေါ်ပြထားသည် ၆။ဧဖက်အသင်းတော်အား အဘယ်သို့အားဖြင့်ချီးမွန်းခြင်းရှိသနည်း သင်သည်မတရားသောသူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်း၊တမန်တော်မဟုတ်ဘဲ၊တမန်တော်ဖြစ်ယောင်ဆောင်သော သူတို့ကိုစစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကို၎င်း၊ဗျာဒိတ်ကျမ်း ၂း၂ ထိုသူတို့သည် အစအဦး၌ မိစ္ဆာပရောက်များ တွင်းလှန်သောအသင်းတော် တပါးဖြစ်သည် သို့ရာတွင် ယေရှု ခရစ်တော် ထိုသူတို့အား ချီမွန်းစကားဆို၏ နသေလလူမျိုးတို့သည် လောကီနောက်သို့လိုက်၍ ဝီညာဉ်ရေး လောကီ ငြိမ်းချမ်းရေး အတွက်လောကီနောက်သို့လိုက်သွားပြီ ရုပ်တုကိုးကွယ်သောသူတို့နောက်သို့လိုက် သွား၍ ဘာသာတရား၌ရှုပ်ဖွေခြင်းနှင့်လောကီ ချီမြောက်ခြင်းကိုခံလိုသောငှါ အလိုရှိသည်ဖြစ်၍ လောကီ နောက်သို့လိုက်ကြပြီ ၇။စမူန ဆင်းရဲဒုက္ခကိုခံခြင်းအဦးဆုံးခံစားရခြင်း ယေရှုခရစ်တော် စမူနအသင်းတော်အား အဘယ်သို့အားပေးတော်မူသနည်း သင်သည်ခံရမည့်အရာတစုံတခုကိုမျှမကြောက်နှင့်။သင်တို့သည်စုံးစမ်းခြင်းကိုခံရမည်အကြောင်း၊မာရ်နတ်သည် သင်တို့တွင်အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ဗျာဒိတ်ကျမ်း ၂း၁၀ ခရစ်တော်၌သစ္စာစောင်တည်ခြင်းဘုရားသခင်၌သစ္စာရှိခြင်းအသက်သရဖူကိုဘုရားသခင်ပေးသနားတော်မူမည် video video video video ဘုရားသခင်၌ သစ္စာစောင့်တည်၍ အသက်ဆုံးတိုင်အောင် ဘုရားသခင်နှင့်သစ္စာရှိခြင်း ကြောင်မက်ဘွယ်သော ဒုက္ခဆင်းရဲ့ခံ၍ဘုရားသခင်၌ဓမ္မာသရဖူးကိုဆောင်လော့၊ ရောမအင်ဘာရားသည် ခရစ်ယာန်သနာကို၊ကျိုစားဖျက်စီးရောမအဘာကြီးသည်ခရစ်ယာန်ဘာသာသနားကိုခရစ်တော်ကိုယုံကြည့် သူမှန်သမျှလယ်ဖျတ်၍သတ်ဖျတ်ခဲ့သည်၊မီးနှင့်ရှို့၍သတ်ဖျတိခြင်း၊ခြင်္သေစာကျွေးခြင်း၊ရက်ဆက်စွာသတ်ဖျတ် ခြင်းအသတ်ခံရသောသူအဘယ်နှစ်ယောက်မျှရှိသည်ကို၊ဘုရားသခင်တပါးတည်သာသိရှိ၏၊ ခနအနှစ်တရာအတွင်းမှ၊ခန၃၁၃အတွင်း ရောမနိုင်ငံကမ္ဘာကိုအုပ်ဆိုးစဉ်ကလ၌ ခရစ်ယာန်ဘာသာဝင်များညှဉ်းပန်းနိပ်ဆက်ခြင်းခြင်္သေစာကျွေးခြင်း၊မီနှင့်ရှို့၍သတ်ဖျက်ခြင်း၊လယ်လှီ၍သတ် ဖျတ်ခြင်း ကိုခံရကြ၏ ၈။စမူနအသင်းတော်၌ သစ္စာကတိကဝတ်ပြုခြင်း ၀ိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။ အောင်မြင်သောသူကိုဒုတိယသေခြင်းသည်မညှဉ်းဆဲရ။ ဗျာဒိတ်ကျမ်း ၂း၁၁ မှတ်ချက်။လူးသာမှန်လျှင် ပထမသေခြင်းအယောက်စီတိုင်းသောရကြည်မည်။အဖြေ ဟေဗြဲသြဝါဒစာ၉း၂၇ လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊ သေခြင်မှထမြောင်းအပြစ်တရား၏အဖိုးအခပထမသေခြင်းအဖြေ။ကောရိန္တုသြဝါဒစာပဋ္ဌမစောင်၁၅း၅၁း၅၄ နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက် ပုတ်တတ်သောအရာသည် ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။ ဒုတိယသေခြင်တည်ဟူသော ကန့်နှင့်လောင်သော ဒုတိယသေခြင်း အဖြေ။ ဗျာဒိတ်ကျမ်း ၂၁း၈ ကြာက်တတ်သောသူ၊မယုံကြည်သောသူ၊စက်ဆုပ်ရွံရှာဘွယ်သောသူ၊လူအသက်ကိုသတ်သောသူ၊မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ရုပ်တုကိုကိုးကွယ်သောသူ၊သစ္စာပျက်သောသူအပေါင်းတို့မူကား၊ဒုတိယသေခြင်းတည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။ မှတ်ချက်။ ရှင်ပြန်ထမြောင်ခြင်း လုံးမရှိတော့ပေ ၉။အကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့ရှိသနည်း သို့သော်လည်းဣသရေလအမျိုးသားတို့သည်ရုပ်တုရှေ့မှာပူဇော်သောယဇ်ကောင်ကိုစားစေခြင်းငှါ၎င်း၊မတရားသောမေထုန် ကိုပြုစေခြင်းငှါ၎င်း၊ထိမိ၍လဲစရာအရာကိုသူတို့ရှေ့၌ချထားမည်အကြောင်း၊ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကိုစွဲလမ်းသောသူတို့သည်သင်၏ နေရာ၌ရှိကြသည် ဖြစ်၍၊သင်၌အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။ထိုအယူနှင့်သဘောတူသောနိကောလတပည့်တို့၏အယူကိုစွဲလမ်းသောသူတို့သည်ထိုနည်းတူသင်၌ရှိကြ၏။ ဗျာဒိတ်ကျမ်း ၂း၁၄-၁၅ ပလ္လင်တော်ထဲကလျှပ်စစ်ပြက်၏။စကားပြောသံ၊မိုဃ်းကြိုးသံလည်းမြည်၏။ပလ္လင်တော်ရှေ့၌ဘုရားသခင်၏ ဝိညာဉ်ခုနှစ်ပါးတည်းဟူသောမီးခွက်ခုနှစ်လုံးတို့သည်ထွန်းလျက်ရှိကြ၏။ ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့်တူသော ဖန်ရေကန်ရှိ၏။ပလ္လင်တော်၏အတွင်း၌၎င်း၊ပတ်ဝန်းကျင်၌၎င်း၊မျက်စိနှင့်တကိုယ်လုံးပြည့်သောသတ္တဝါလေးပါးရှိ၏။ ဗျာဒိတ်ကျမ်း ၄း၅-၆ မှတ်ချက်။ပေကမူအသင်းတော်အချိန်ကာလ၌ ရောမဘုရင်ကွန်စတိုင်ထီး၏စစ်သည်များတို့ခရစ်ယာန်ဘာသာတရားဝင်လာ စာတန်မရ်တန်သည်ဘုရားသခင်၏အသင်းတော်ဖျက်စီးစေငှါခရစ်ယာန်ဘာသာဝင်တို့ညှဉ်းပန်နိပ်ဆက်ကြသည် လောရီ တတ်မက်ခြင်းများရောနှော၍တပါးအမျိုးသားတို့၏ဘုရားမယုံသောသူများဘာသာ နေကိုကိုးကွယ်ခြင်းနှင့်ရောနော၍ ခရစ်ယာန်ဘာသာအထဲသို့ရောနှောက်ရှုပ်ထွေးခြင်းဖြစ်ပေသည်။ ၁၀။မိန်းမသည်မှားယွင်းသောအရာနှင့်ရောနှောသောယေဇဗေလသည် သို့သော်လည်း၊ငါ၏အစေခံကျွန်တို့သည်မတရားသော မေထုန်ကိုပြုစေခြင်းငှါ၎င်း၊ရုပ်တုရှေ့မှာပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ပရောဖက်မဟူ၍ကိုယ်ကိုခေါ်ဝေါ် သောသင်၏ခင်ပွန်းယေဇဗေလသည်သွန်သင်၍မှားယွင်းစေရသော အခွင့်ကို သင်သည် ပေးသောကြောင့်၊ သင်၌အပြစ်တင်စရာရှိ၏။ ဗျာဒိတ်ကျမ်း ၂း၂၀ အသင်တော်၏ နှစ်တထောင် ခန့် ၆၀၀ ခန့်နီပါး ၁၆နှစ် တစ်ဝက် ခန် ၅၃၈ နှစ် မှာ ခန ၁၅၆၀ ခန့် အမှောင်မိုက်ကာလ (Dark Ages ) သမ္မာကျမ်းစာများကိုစွန်ပစ်သောဘုရားမသိတရားမသိအမှောင်ကာလ ဒဏ္ဍာရီစကားများရောနှေ၍ ဘုရားသခင်၏ နှုတ်ကပတ်တရား ပျောက်နီပါး ခရစ်ယာန်ဘာသာ၌ ဖြစ်ခဲ့ခြင်း ၁၁။ဘုရားသခင်သတိပေနိုးဆော်ခြင်း ယေဇဗေလနောက်သို့မလိုက်စေရန်အတွက် ထိုကြောင့်၊သူ့ကိုအိပ်ရာ၌ငါချထားမည်။သူနှင့်အတူမတရားသောမေထုန်ကိုပြု၍၊ထိုသို့သောအကျင့်ကိုနောင်တ မရသော သူတို့ကိုလည်း၊ ကြီးစွာသောဆင်းရဲခြင်းသို့ ရောက်စေမည်။ဗျာဒိတ်ကျမ်း ၂း၂၂ သူ၏သားသမီးတို့ကိုလည်းအသေသတ်မည်။ငါသည်နှလုံးကျောက်ကပ်ကိုစစ်ဆေးတော်မူသောသူဖြစ်ကြောင်းကို၊ထိုသို့သောအားဖြင့် ခပ်သိမ်းသောအသင်းတော်တို့သည်သိရကြလိမ့်မည်။သင်တို့သည်အသီးအသီးကျင့်သောအကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုငါပေးမည်။ ဗျာဒိတ်ကျမ်း ၂း၂၃ မှတ်ချက်။ ယေရှုခရစ်တော်၌သစ္စာမရှိသောသူအပေါင်းတို့သည်သမ္မာကျမ်းစာအတိုင်မသိုသွန်ဘဲဒဏ္ဍရီစကား များကိုသင်ကြား၍ မှာယွင်းခြင်းနောက်သို့ လို၍ရုပ်တုကိုကိုးကွယ်သောသူများသို့လိုက် လောကီကန်မကုန် စက်ဆုပ်ရွံရှာဘွယ်သောသူ၊လူအသက်ကိုသတ်သောသူ၊မတရားသောမေထုန်၌မှီဝဲသောသူရုပ်တုကိုကိုးကွယ်သောသူ၊သစ္စာပျက်သော သူအပေါင်းတို့ ၁၂။သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကိုငါပေးမည်။ ထိုမိစ္ဆာဒိဌိအယူကိုယူသောသူတို့ခေါ်ဝေါ်သည်နှင့်အညီ၊စာတန်၏နက်နဲသောအရာဟု ခေါ်ဝေါ်သောအရာတို့ကိုမကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ကြွင်းသောသွာတိရမြို့သားတို့ကိုငါဆိုသည်ကား၊သင်တို့သည်ရသမျှကိုငါလာသည်တိုင်အောင်စွဲကိုင်ကြလော့။ ဗျာဒိတ်ကျမ်း ၂း၂၄ ၁၃။ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။ သာဒိမြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူ၏အမိန့် တော်ကား၊သင်၏အကျင့်ကိုငါသိ၏။သင်သည်အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏ ဗျာဒိတ်ကျမ်း၃း၁ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ထိုသူတို့ကိုရှောင်လော့။တိမောသေသြဝါဒစာဒုတိယစောင်၃း၅ ၁၄။သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊သန့်ရှင်းခြင်းမရှိသောသူ ဗျာဒိတ်ကျမ်း ၃း၂ မှတ်ချက်။ခရစ် နှစ် တရာခန့် ၁၆ . ၁၇ .၁၈ အစအဦး၌ခန၁၅၆၀နှစ်အချိန်ကာလခရစ်ယာန်ဘာသာတရား ဘုရားသခင်သန့်ရှင်းသောပို့ဆောင်သောကာလကမ္ဘာအနံအပြား ရောက်ရှိခဲ့သည်ဧဝံဂေလိအမှုတော်ဆောင် များတချို့ သေဆုံးပြီးနောက်ထိုသူနောက်သို့လိုက်သောသူများတို့သည်ယခုကျွန်ပ်တိုါအပါဝင် နောက်သို့လိုက် သည်ဘုရားသခင်၏ ကောင်းကြီးချီးမင်္ဂလာများသည်ကျွန်ပ်တို့ကာလ၌ ကျေးဇူးတော်အားဖြင့်ခံစားရကြသည် လောတေးခီး အသင်းတော် ၁၅။ခရစ်ယာန်ဘာသာ တရား၌ ယနေ့ယခုကာလအချိန်ကာလဖြစ်သည် ထိုသို့အဧမဟုတ်၊အပူမဟုတ်၊ နွေးရုံရှိသောကြောင့်ငါ၏ခံတွင်းသည်သင့်ကိုထွေးလုပြီ။သင်ကလည်း၊ငါသည်ဥစ္စာရတတ်၏။ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟု ပြောဆို၍၊ကိုယ်တိုင်ပင်ပန်းခြင်း၊သနားဘွယ်ဖြစ်ခြင်း၊ဆင်းရဲခြင်း၊မျက်စိကန်းခြင်း၊အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကိုမသိပါ တကား။သင်သည်ဥစ္စာရတတ် ခြင်းငှါ၊မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊အဝတ်အချည်းစည်းရှိ၍၊သူတပါးရှေ့တွင်မရှက်စေခြင်းငှါခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်းငါ့ထံမှာဝယ်လော့။သင်၏မျက်စိမြင်စေခြင်းငှါ၊မျက်စိ၌မျက်စဉ်းခတ်လော့ဟုသင့်အားငါသည်အကြံပေး၏။ဗျာဒိတ်ကျမ်း၃း၁၆-၁၈ ၁၆။ သင်သည်ဥစ္စာရတတ် ခြင်းငှါ၊မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊အဝတ်အချည်းစည်းရှိ၍၊သူတပါးရှေ့တွင်မရှက်စေခြင်းငှါခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်းငါ့ထံ မှာဝယ်လော့။သင်၏မျက်စိမြင်စေခြင်းငှါ၊မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။ဗျာဒိတ်ကျမ်း ၃း၁၈ ထာဝရဘုရား၏ တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။ ဆာလံကျမ်း ၁၉း၇-၁၀ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။ဂလာတိသြဝါဒစာ ၅း၅ ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင်ဆင်းရဲ သောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံ တော်မူသောနိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကိုရွေးကောက်တော်မူသည်ဟုတ်လော။ ရှင်ယာကုပ်သြဝါဒစာ ၂း၅ သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏၊၊ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်၊၊ ယောဘဝတ္တု ၂၃း၁၀ ဖြူစင်သောဝပ်လုံ ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်း မည်။ အကြောင်းမူကား မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့င်း၊ မင်္ဂလာဆောင် သတို့သမီးသည်တန်ဆာနှင့်ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့်ခြုံတော်မူပြီ၊၊ ဟေရှာယအနာဂတ္တိကျမ်း ၆၁း၁၀ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကိုဝတ်ဆင်ရသောအခွင့်ကိုရ၏။ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။ ဗျာဒိတ်ကျမ်း၁၉း၈ ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏။ နှုတ်ကပတ်တော်အသံကိုနားမထောင်၊ဆုံးမတော်မူခြင်းကိုမခံ၊ထာဝရဘုရားကိုမခိုလှုံ၊မိမိဘုရားသခင့်ထံတော် သို့မချဉ်းကပ်၊မြို့အလယ်၌မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။တရားသူကြီးသည်နံနက်တိုင်အောင် အဘယ်အရာမျှမချန်မထား။ညဥ့်၌လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။ပရောဖက်တို့သည်လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူဖြစ်ကြ၏။ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းရာဌာနတော်ကိုညစ်ညူးစေ၍တရားတော်ကိုလည်း ရှုတ်ချကြ၏။သို့သော်လည်းထာဝရဘုရားသည်မြို့အလယ်၌တရားသဖြင့် ပြုတော်မူ၏။မတရားသောအမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း ဖြောင့်မတ်ကြောင်းကိုမချွတ်မယွင်း ဘော်ပြတော်မူ၏။သို့သော်လည်း၊အဓမ္မလူတို့သည်ရှက်ကြောက် ခြင်းမရှိကြ။ ဇေဖနိအနာဂတ္တိကျမ်း ၃း၁-၅ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု အနက်အဓိပ္ပါယ် ဘုရားသခင်၏ နှုတ်ကပတော် လေ့ကျက်ခြင်း တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊ ဆာလံကျမ်း ၁၁၉း၁၈ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသောအရာတို့ကို သိကြ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၂း၂၀ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမသြဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက်ကျေးဇူး တော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း ၂၇ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၂၆ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။ ခပ်သိမ်းသော အထွဋိအမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရ ခြင်းမှစ၍၊ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့ နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အား ပေးတော်မူ၍၊ ဧဖက်သြဝါဒစာ ၁း ၁၇-၁၉ ၁၇ကျွန်ပိတိုအဘယ်လောက်သောအဖိုထိုက် အရာကိုရရှိသနည်း ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ ဗျာဒိတ်ကျမ်း ၃း၂၀ မှတ်ချက်။ယေရှုခရစ်တော်သည် ကျွန်ပ်တို့၏ နှစ်လုံးသားတံခါကိုခွင့်နိုင်သောအရှင်ခရစ်တော်သာဖြစ်သည် သမ္မာကျမ်းစာဖတ်ခြင်းသည် ဘုရားသခင်နှင်စကားပြောခြင်းဖြစ်သည်။

No comments:

Post a Comment