Monday, October 3, 2016

ဗျာဒိတ်ကျမ်းသင်ခန်းစာ(၇)


ရှေးမြွေဟောင်း၊မာနတိစာတန်တည်းသောနဂါကြီးကိုနှစ်တထောင်ချည်နောင်ထားခြင်း ၁။ရှင်ပြန်ထမြောက်ခြင်နှစ်မျိုးအနှစ်တထောင်ဘယ်အချိန်ကာလမှအစပြုသနည်းပလ္လင်များကိုလည်းငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏။သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊သူ ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့်ဘုရားသခင်၏ နှုတ် ကပတ်တော်ကြာင့်၊လည်ပင်းဖြတ်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုငါမြင်၏။သူတို့သည်အသက်ရှင်၍အနှစ် တထောင်ပတ်လုံးခရစ်တော် နှင့်အတူစိုးစံရကြ၏။ကြွင်းသောလူသေတို့သည်ထိုအနှစ်တထောင်မကုန်မီအသက် မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမထမြောက်ခြင်းဖြစ်သတည်း။ဗျာဒိတ်ကျမ်း ၂၀း ၄း၅ မှတ်ချက်။ သမ္မာကျမ်း မှ မိန့်မူသော စကားမှာ သာရဲ့၏ အမှတ်တံဆပ် ကိုမကိုးကွယ်သော သောသူအသေသတ်ခြင်း ကိုခံရ၍ နှုတ်ကပတ်တော် အတိုင်အသက်ရှင်၍ ရုပ်တု ကို မကိုးသောသူတို့ အသတ်ခြင်း ခံရသောလည်း ခရစ်တော်နှင့် အနှစ်တထောင်စိုးစံရသောအခွင့်ကိုကြလိမ့် သမ္မာကျမ်းစာမှဖေါ်ထာပေသည် ၂။အဘယ်သူတွေရှင်ပြန်ထမြောက်ခြင်း၌ ပါရှိနိုင်မည်လော့။ ကြွင်းသောလူသေတို့သည်ထိုအနှစ်တထောင်မကုန်မီအသက်မရှင်ရကြ။ဤထမြောက်ခြင်းကား၊ပဌမထမြောက် ခြင်းဖြစ်သတည်း။ ပဌမထမြောက် ခြင်းကိုဝင်စားသောသူသည်မင်္ဂလာရှိသောသူ၊သန့်ရှင်းသောသူဖြစ်၏။ထိုသို့ သာသူသည်ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်လျက်၊ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ခရစ်တော်၏ယဇ်ပုရော ဟိတ်ဖြစ်၍၊အနှစ်တထောင် ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ဗျာဒိတ်ကျမ်း ၂၀း၅-၆ မှတ်ချက်။ နှုတ်ကပတ်တော် ကိုနားထောင်၍ သခင်ယေရှုခရစ်တော်၏ စကားတော်ကိုနားထောင်သောသူတို့သည် ဖြေင့်မတ်ခြင်း နှင့်သန့်ရှင်းသောသူတည်ဟူသော ထိုသူတို့ ပဋ္ဌမအဦးထမြောက်ခြင်းကို ရရှိ၍ သခင်ယေရှု ခရစ်တော်နှင့် အတူ အနှစ်တထောင် စိုးစံကြလိမ့်မည်။ ၃။ဒုတိယသေခြင်း တည်သော အချိန်အခါဘယ်တော့လဲ ကြွင်းသောလူသေတို့သည်ထိုအနှစ်တထောင်မကုန်မီအသက်မရှင်ရကြ။ဤထမြောက်ခြင်းကား၊ပဌမထမြောက် ခြင်းဖြစ်သတည်း။ဗျာဒိတ်ကျမ်း ၂၀း၅ မှတ်ချက်။ထိုအကြောင်းအရာထိုသည်လူတို့သည်ရှင်ပြန်ထမြောက်ခြင်း၌ ယေရှုခရစ်တော်အဘယ်သို့မိန့်တော်မူ သည်မှာတရားစီရင် အတွက် ထမြောက်ခြင်း ယေရှုခရစ်တော်မိန့်တော်မူ၏။ ၄။သေခြင်းတရား၏အဖိုးအခနှစ်မျိုးရှင်ပြန်ထမြောက်ခြင်း၌ပဋ္ဌမထမြာက်ခြင်း၌အဘယ်သို့ရှိကြမည်သနည်း သခင်ဘုရား၏ဗျာဒိတ်တော်အားဖြင့်တဖန်ငါတို့ဆိုသည်ကား၊သခင်ဘုရားကြွလာတော်မူသောအခါ၊အသက်ရှင် ၍ကျန်ကြွင်းသောငါတို့သည်အိပ်ပျော်ပြီးသောသူတို့၏အရင်အဦးနေရာကျရကြမည်မဟုတ်။သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ဘုရားသခင်၏တန်ပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍၊ခရစ် တော်၌ သေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင်၎း၁၅-၁၆ မှတ်ချက်။ခရစ်တော်ဒုတ်ယကြွလာခြင်း၌ကမ္ဘာအဦးစမှာယနေ့တိုင်အောင် သေလွန်သောသူအတွက်ဖြစ်သည် ၅။ထိုသို့ယေရှုခရစ်တော်ကြွလာသောအခါ ဖြောင့်တ်သောသူများသန့်ရှင်းသောသူများအဘယ်သို့ရှိကြမည်သနည်း (က)နက်နဲသောအရာတခုကိုငါပြဦးမည်၊ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊တခဏခြင်းတွင်မျက်စိတမှိတ်၌ငါတို့ရှိသမျှသည် ပြောင်း လဲခြင်းသို့ ရောက်ရကြမည်။ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊မပုပ်နိုင်သောအဖြစ် ၌တည်လျက်ထမြောက်၍၊ငါတို့ရှိသ မျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ယခုမျက်မှောက်ပုတ်တတ်သောအရာသည်ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ယခုမျက်မှောက်သေတတ်သောအရာသည်မသေနိုင်သောအရာအဖြစ်သို့ဝင်စားရမည်။ဤပုပ် တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ဤသေတတ်သောအရာသည်မသေနိုင်သောအဖြစ်သို့၎င်းဝင်စားသောအခါ၊ သေခြင်း သည် အောင်ခြင်း၌ နစ်မြုပ်ပြီဟုကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။အိုသေမင်း၊သင်၏လက်နက်သည်၊အဘယ်မှာရှိသနည်း။အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်း သည်အဘယ်မှာရှိသနည်း။ ကောရိ န္တုသြဝါဒစာပဌမစောင်၁၅း၅၁-၅၄ (ခ)ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ကယ်တင် တော်မူသောအရှင်သခင် ယေရှုခရစ် သည် ကောင်းကင် ဘုံမှကြွလာတော်မူမည်ဟုငါတို့သည် မြော်လင့်လျက် နေကြ၏။ထိုသခင်သည်ခပ်သိမ်းသောအရာကိုပင်မိမိအောက်၌ နှိမ့် ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့်ယုတ်ညံ့သောငါတို့၏ကိုယ်ခန္ဓွာကိုပင်ဘုန်းအသရေနှင့် ပြည့်စုံသောကိုယ်ခန္ဓွာတော်၏နည်း တူ ဖြစ်စေ ခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။ဖိလိပ္ပိသြဝါဒစာ၃း၂၀၂၁မှတ်ချက်။ဘုန်းအသေရေနှင့်ပြည့်သောကိုယ်တော်အသစ်ပေးမည် (ဂ)ထိုအခါအသက်ရှင်၍ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ထို သူတို့နှင့်တကွမိုဃ်း တိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။ သက်သာလောနိတ်သြဝါဒစာပဌမစောင်၎း၁၇မှတ်ချက်။ဖြေင့်မတ်သောနှင့်သန့်ရှင်း သောသူချည်ဆောင်ခြင်းကိုရရှိကြ လိမ့်မည် ၆။လူဆိုးတို့သည် ယေရှုခရစ်တော်ကြွလာသော အဘယ်သို့ဖြစ်ကြမည်သနည်း အဘယ် သို့နည်း ဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်း တော်မူ၍၊ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကိုနားမထောင်သောသူတို့ကိုမီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ၊သင်တို့ကို ဆင်းရဲစေဘူးသောသူ တို့၌ဆင်းရဲခြင်းကိုင်း၊ဆင်းရဲခံဘူးသောသင်တို့၌ငါတို့နှင့်အတူချမ်းသာခြင်းကိုင်း၊ဘုရားသခင်ဆပ်ပေး၍တရားသဖြင့်စီ ရင်တော်မူလိမ့်မည်။ ထိုသခင်သည်မိမိသန့်ရှင်းသူတို့အားဖြင့်ဂုဏ်အသရေတော်ထင်ရှားခြင်းကို၎င်း၊ငါတို့သက်သေကိုသင်တို့သည်ယုံကြည် သည်ဖြစ်၍၊ယုံကြည်သော သူအပေါင်းတို့အားဖြင့်အံ့သြချီးမွမ်းခြင်းကို၎င်း၊ခံအံ့သောငှါကြွလာတော်မူ သောနေ့ရက်၌၊ထိုသူတို့သည်သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊တန်ခိုးရှိသောဘုန်းတော်နှင့်၎င်းကွာ၍၊ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကိုခံရကြလတံ့။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၁း၆-၈ ဆင်းရဲသားတို့၏အမှုကိုတရားတော်အတိုင်းစီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ် လိမ့်မည်၊၊ မြေကြီးကို နှုတ်ကပတ်တော်လှံတံနှင့်ဒဏ်ခတ်၍၊ဆိုးသောသူကိုနှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်၊ ဟေရှာယအနာဂတ္တိကျမ်း၁၁း ၄ ၇။ယေရှုခရစ်ကြွလာတော်မူသော အခါ၌ လူးဆိုးများ၏ အတွက်မည်သည်အရာများကိုဖွင့်တော်မူသနည်း ကြွင်းသောလူသေတို့သည်ထိုအနှစ်တထောင်မကုန်မီအသက်မရှင်ရကြ။ဤထမြောက်ခြင်းကား၊ပဌမထမြောက်ခြင်း ဖြစ်သတည်း။ဗျာဒိတ်ကျမ်း ၂၀း၅ မှတ်ချက်။လူဆိုများတို့သည် အနှစ်တထောင်တွင်း အသက်ရှင်သောခွင့်မရကြပေ လူသေများမြုတ်နံမည့်တ ဦးတယောက် မျှမရှိပေ ဖြောင့်မတ်သော သူတို့သည် ကောင်းဘုန်သို့ ရောက်ရှိနေကြောင့် လူဆိုးတို့အား မြုတ်နံမည့်သူမရှိကြောင်း သမ္မာကျမ်းစာမှဖေါ်ပြင်တွေ့ရှိပေသည် ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကိုငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူသည်သစ္စာဟူ သောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ်၏။ တရားသဖြင့်စစ်တိုက် တတ်၏။ မျက်စိတော်သည်မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌သရဖူများကို ဆောင်း၏။ကိုယ်တိုင်မှတပါး၊အဘယ်သူမျှ မသိသောနာမတော်သည် ရေးထားလျက်ရှိ၏။ဗျာဒိတ်ကျမ်း ၁၉း၁၁-၁၂ ၉။ယေရှုခရစ်တော်ကြွလာတော်မူအခါ အဘယ်ကြောက်မက်ဘွယ်နမိတ်က္ခဏာများဖြစ်ကြမည်သနည်း လျှပ်စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏ မြေကြီးအပေါ်မှာလူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသောမြေလှုပ်ခြင်းသည် မဖြစ်စဖူး။ မြို့ကြီးသည်သုံးဖြာကွဲပြား၍လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏။ဘုရားသခင်သည် ပြင်းစွာ သောဒေါသအ မျက်တော်၏ စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ အချိန်အခွက်တဆယ် ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍၊လူတို့သည်မိုဃ်းသီးဘေးဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။ ဗျာဒိတ်ကျမ်း ၁၆း၁၈-၂၁ ၁၀။အနှစ်တထောင်အတွင်း၌ လောက ကမ္ဘာမြေကြီးသည်အဘယ်သို့ အဆင်သဏ္ဍာန်ရှိမည်သနည်း ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုဃ်းကောင်ကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။ တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့် တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်ကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။ ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။မြို့များတို့သည်ပြိုပျက်လျက်ရှိကြ၏။ထာဝရဘုရားရှေ့၊ ပြင်းစွာသောအမျက်တော်ရှေ့၌ ထိုသို့သောအခြင်းအရာ တို့သည် ဖြစ်ရကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးပျက်စီးရာဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊ ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည်ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။ ယေရမိအနာဂတ္တိကျမ်း ၄း၂၄-၂၆ ကြည့်ရှုလော့၊၊ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏၊၊ ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့င်း၊ သခင်သည်ကျွန်ကဲ့သို့င်း၊ သခင်မ သည် ကျွန်မကဲ့သို့င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့င်း၊ အတိုးစားသောသူသည် အတိုးပေးသောသူကဲ့သို့င်း ဖြစ်ရလိမ့်မည်၊၊ တပြည်လုံးလွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့် မည်ဟူသော အရာကိုထာဝရဘုရားမိန့်တော်မူ၏၊၊ ပြည်တော်သည် ငြိုငြင်ညိ‡ုးငယ်ခြင်းရှိ၏၊၊ လောကသည်အားလျော့၍ ညှိုးငယ်ခြင်းရှိ၏၊၊ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏၊၊ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်း ရှိ၏၊၊ ထိုကြောင့်၊ ကျိန်တော်မူသည် အကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ၊၊ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ၊၊ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသော သူတို့သည် နည်းကြ၏၊၊ သစ်သော စပျစ်ရည်သည် ငြိုငြင်လေ၏၊၊ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏၊၊ စိတ်ရွှင်လန်းသောသူအပေါင်း တို့သည် ညည်းတွားကြ၏၊၊ သာယာသော ပတ်သာ အသံငြိမ်းပြီ၊၊ ဝမ်းမြောက်သော သူ၏အသံမရှိ။ သာယာသော စောင်းသံလည်းငြိမ်းပြီ၊၊ သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ၊၊ သေရည်သေရက်ကိုသောက်သောသူတို့သည် ပစပ်ခါးကြလိမ့်မည်၊၊ လွတ်လပ်သော မြို့သည် ပြိုပျက်လေပြီ၊၊ အဘယ်သူမျှမဝင်စေခြင်းငှါ၊ အိမ်များကိုပိတ်ထားကြပြီ။ စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏၊၊ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ ကွယ်ပြီ၊၊ တပြည်လုံး ၌ သာယာသောအသံငြိမ်းပြီ၊၊ ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ပြီ၊၊ ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကိုရသကဲ့သို့င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့င်း ဖြစ်လိမ့်မည်။ ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊ ထာဝရဘုရားကိုချီးမွမ်းသော အသံ နှင့်ပင်လယ် တဘက်မှ မြည်ကြလိမ့်မည်၊၊ သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုင်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုင်း ချီးမွမ်းကြလော့၊ သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်း ဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏၊ ငါမူကား အလွန်ဆင်းရဲ၏၊၊ အလွန် ဆင်းရဲ၏၊၊ အမင်္ဂလာရှိ၏၊၊ လုယက်သော သူတို့သည် လုယက်လျက်နေကြ၏၊၊ လုယက်သောသူတို့သည် ကြမ်းတမ်း စွာ လုယက်ကြ၏၊၊ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သော အရာမြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်၊၊ မြေတွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်၊၊ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏၊၊ ပြည်တော်သည် တပြည်လုံးပြုတ်လေပြီ၊၊ ပြည်တော်သည် အကုန်အစင်ပြိုပျက်လေပြီ၊၊ ပြည်တော်သည် အလွန်တုန်လှုပ်လျက်ရှိလေ၏၊၊ဟေရှာယအနာဂတ္တိကျမ်း ၂၄း၁-၂၀ လောက ကမ္ဘာမြေကြီး အဘယ်သို့အဆင်ဏ္ဍာန်ရှိသနည်း အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၁း၁-၃ ၁၁။အနှစ်တထောင် အတော်တွင်း မည်သူ့ ချည်နောင်ထားဖြင်ရှိသနည်း အနှစ်တထောင်မကုန်မီတိုင်အောင်၊လူအမျိုးမျိုးတို့ကိုမလှည့်ဖြားရမည်အကြောင်းအနက်ဆုံး သောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန်ခဏလွှတ်ရဦးမည်။ဗျာဒတ်ကျမ်း ၂၀း ၃ ၁၂။အနှစ်တထောင် အတွင်သန့်ရှင်းသောသူတို့အဘယ်သူ့ကိုတရားစီရင်ကြမည်သနည်း ပလ္လင်များကိုလည်းငါမြင်၏၊ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏။သားရဲနှင့် သူ၏ရုပ်တုကိုမကိုးကွယ်၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူ ချက်နှင့်ဗျာဒိတ်ကျမ်း ၂၀း၎ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။အသက်စာစောင်တည်းဟူသောအခြားတပါးသောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူ တို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ဗျာဒိတ်ကျမ်း ၂၀း၁၂ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ဗျာဒိတ်ကျမ်း ၂၀း၁၃ မှတ်ချက်။တရားစီရင်ခြင်းကောင်းကင်၌ ယေရှုခရစ်တော် သန့်ရှင်းသောများကိုခေါ်တော်မူသောအချိန်၌ ဖြစ်သတည်း သန့်ရှင်းသူတို့သည် လောကီနိုင်ငံကိုတရားစီရင်မည်ဟုမသိကြသလော၊သင်တို့သည် လောကီနိုင်ငံကိုစီရင်ရသည် မှန်လျှင်၊အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သ လော။ ငါတို့သည် ကောင်းကင်တမန်တို့ကိုတရားစီရင်မည်ဟုမသိကြသလော။သို့ဖြစ်၍ လောကီအမှုကိုစီရင်ထိုက်သည်မ ဟုတ်လော။ ကောရိ န္တု သြဝါဒစာပဌမစောင် ၆း၂-၃ ၁၃။တရားစီရင်ခြင်းအပေါ်၌ အဘယ်သို့ရှိသနည်း သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်း၊စာစောင်တို့၌ ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကို ခံရကြ၏။ ဗျာဒိတ်ကျမ်း ၂၀း၁၂ မှတ်ချက်။ဘုရားသခင်၏အလိုတော် လူသားအပေါင်းတို့သည် တရားစီရင်ခြင်းအကြောင်းကိုသိစေလိုသော ကြောင်း ဘုရားသခင်၏ နှုတ်ထွက်စကားတော်များလောကသားတို့ အသိပေး၍ နိုးဆောင်ခြင်းရှိနားလည်း ရပေသည် ဘုရားသခင်သည်လည်း လူသားအပေါင်းတို့ အား မိမိရွှေးချယ်နိုင်သော အခွင့်ထူတရပ်ကိုပေး တော်၏ ဘုရားသခင်သည် မာနတ်နှင့်သူ၏အပေါင်းပါနှင့် တကွ ဖျက်စီးပစ်တော်မူမည် အကြောင်းအထထူ ခြား သောအခွင့်ရေးတခု ဘုရားသခင်သည် ကျွန်ပ်တို့မာနတ်နှင့် အပေါင်းပါ မလုပ်ဘို့ရန် အထူသတိပေး ခြင်းတွေ့ရှိနိုင်ပေလိမ့်မည်။ဖြောင့်မတ်ခြင်းနှင့် အမှန်တရားသို့လိုက်လျှောက်ရှောက်စေရန် အထူသတိပေး ခြင်းသိရှိပေလိမ့်မည်။ ထိုသူတို့သည်ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသောထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ဗျာဒိတ်ကျမ်း ၁၅း၃ ၁၄။အနှစ် (၁၀၀၀)အတွင်း နောက်ဆုံး၌ အနှစ်(၁၀၀၀)ပြီးသောအခါ မည်သည့်အရာလောကက္မညမြေကြီး အပေါ်၌ ဘယ်သို့ဖြစ်ကြမည်သနည်း သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ဗျာဒိတ်ကျမ်း ၂၁း၂ ကြီးမြင့်သော တောင်သို့ဝိညာဉ်တော်အားဖြင့်ငါ့ကို ဆောင်သွား၍သန့်ရှင်းသောယေရုရှလင်မြို့သည်ဘုရားသခင်၏ ဘုန်းတော်နှင့်ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါ့အားပြလေ၏။ ဗျာဒိတ်ကျမ်း ၂၁း၁၀ မှတ်ချက်။ သန့်ရှင်းသောမြို့တော် ၁၅။သန့်ရှင်သောမြို့တော် အဘယ်နေရာမှာ ဘုရားသခင်တည်ဆောက်မည်သနည်း လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊သူတို့သည် ရွေးချယ်တော်မူသော သူတို့ကိုအရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတံ့။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၃၁ သင်တို့သည် ငါ့တောင်ကြား ချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင်၊ မှီလိမ့်မည်။ ယုဒရှင်ဘုရင် သြဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့ သည် ပါကြလိမ့်မည်။ ဇာခရိအနာဂတ္တိကျမ်း ၁၄း၅ ၁၆။သန့်ရှင်သောတည်ဆောက်ပြီးသည်နောက် စာတန်မာရ်နတ်သည်သူသည်အဘယ်သို့ရှိနေမည်သနည်း ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊ဗျာဒိတ်ကျမ်း ၂၀း၇ မှတ်ချက်။လူဆိုးတို့သည်နှစ်(၁၀၀၀)နောက်ဆုံးနောက်၌ရှင်ပြန်ထမြောက်ကြလိမ်မည်စာတန်အဘယ်ကြောင့် အနှစ်တထောင်ကုန်ပြီနောက် ဘယ်ကြောင့် လွတ်ခြင်းအခွင့်ရရှိသည်း ပလ္လင် တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ငါသည်ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်ဟု မိန့်တော် မူ၏။ တဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ ဟူ၍၎င်း၊။လူးတို့ကိုစုံစမ်းအတွက်လွတ်မြောက်ခြင်းဖြစ်ပေသည် ၁၇။အနှစ်တထောင် အတော့အတွင်း စာတန်မာရ်သည် နောင်ရ ရခြင်းရှိမည်သနည်း ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊ အရေအတွက်အားဖြင့်သမုဒ္ဒရာသဲလုံးနှင့်အမျှများသောဂေါဂ၊မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုး တို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။ဗျာဒတ်ကျမ်း ၂၀း၇-၈ စာတန်သည်ပြောင်းလဲခြင်းမရှိ စာတန်သည်ယခင်ကဲ့သို့ လူးများအစအဦး၌စုံစပ်ခြင်းသကဲ့သို နောက်တဖန် စာတန်လူးများလှည့်ဖျားလိမ့်မည် ၁၈။စာတန်နှင့်သူ၏အပေါင်းပါများနှင့်လူးဆိုးတို့အား နောက်ဆုံးသောကာလ၌အဘယ်သို့ဖြစ်ကြမည်သနည်း ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့တက်၍၊သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ချစ်ဘွယ်သောမြို့ တော်ကို၎င်း ၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။ဗျာဒိတ်ကျမ်း၂၀း၉ ၁၉။စာတန်မာရ်သည် အဘယ်သို့ရှိမည်သနည်းသူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်းသားရဲနှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ဗျာဒိတ်ကျမ်း ၂၀း၁၀ မှတ်ချက်။ထာဝရ ကန့်နှင့်လောင်သောငရဲမီးအိုင်သို့ချခြင်းခံပေသည် ၂၀။ယေရှုသည် ငရဲံကိုအဘယ်သို့ခေါ်ဆိုသနည်း ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။ဗျာဒိတ်ကျမ်း ၂၀း၁၄ မှတ်ချက်။ လူအယောက်ဆီတို့သည် ပထအသီးထမြောက် သေခြင်းတရားကဲ့သို့ပင်ဖြစ်သတည်း လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊ဟေဗြဲသြဝါဒစာ ၉း၂၇ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည်အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည်အပြစ်စီရင်ရာထမြောက်ခြင်းသို့၎င်းထွက်ရကြလတံ့။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၈-၂၉ သို့သော် ဒုတိယထမြောက်ခြင်း မရှိလျှင် ဒုတိယသောခြင်း၌ မပါရှိသောသူများ တို့သည်ထာဝရသေခြင်းပေ သည် ၂၁။တရားစီရင်ပြီးသည် နောက် ယေရှုခရစ်တော်အဘယ်သို့အမှုကိုပြုမည်သနည်း သူခိုးသည်ညဥ့်အခါလာသကဲ့သို့၊ထာဝရဘုရား၏ နေ့ရက်သည်လာလိမ့်မည်။ထိုနေ့၌မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်။ယခုရှိသမျှသော အရာတို့သည်ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာမိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။ ရှင်ပေတရုသြဝါးစာဒုတိယစောင် ၃း၁၀-၁၃ ကြည့်ရှုလော့။မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါဖန်ဆင်းမည်၊၊အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်၊၊ငါ၏လူတို့ကြောင့်ရွှင်လန်းမည်။ထိုမြို့၌ငိုကြွေးသံနှင့် အော်ဟစ်သံကိုနောက် တဖန်မကြားရ၊၊ဟေရှာယအနာဂတ္တိကျမ်း ၆၅း၁၇-၁၉ ယေရှုခရစ်တော်နှင့် တလုံးတဝတည်းအတူဆိုစံတော်မူခြင်း သန့်ရှင်းတော်မြို့တော်သစ်၌ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရား သခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ပင်ပန်းခြင်းလည်းမရှိရ။အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။ဗျာဒိတ်ကျမ်း ၂၁း၁-၄ (က)ယေရှုခရစ်တော်၏ ကတိတော်စကား စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၅ ၂၃။ကျွန်ပ်တို့ ထာဝရသေခြင်းတည်းသော် ကန့်နှင့်လောင်သော ငရဲမှလွတ်မြောက်ဘို့ရန်အဘယ်သို့ပြုကြ ရမည်သနည်း အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ချပစ်လေ၏။ဗျာဒိတ်ကျမ်း၂၀း၁၅ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည်ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ဤစာစောင်၌ရေးထားသောအသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၈-၁၉ ၁၄။ယေရှုခရစ်တော်သည် အဘယ်သို့ ဖတ်ခေါ်တော်မူသည်နည်း ၀ိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲအသက်ရေကိုယူပါစေ။ ဗျာဒိတ်ကျမ်း ၂၂း၁၇

No comments:

Post a Comment