Monday, October 3, 2016
ဗျာဒိတ်ကျမ်းသင်ခန်းစာ (၃၀)
ကမ္မာအပေါ်မှာအကြီးမှားဆုံးအခက်အခဲပြဿနာ
ကောင်းကင်၌ကြီးစွာသောနိမိတ်လက္ခဏာဟူမူကား၊မိန်းမတဦးသည် နေကိုဝပ်လျက်၊လကိုခြေဖြင့်နင်းလျက်၊
မိမိခေါင်းပေါ်၌ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသောသရဖူကို ဆောင်းလျက်ပေါ်လာ၏။ထိုမိန်မသည်ကိုယ်ဝန်ဆောင်
၍ဘွားအံ့သောဝေဒနာပြင်းသောကြောင့်ဟစ်အော်လေ၏။ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင်ကျမ်းပြုဆရာရှိ
သမျှတို့ကိုစုဝေးစေ၍၊ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင်လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။ထိုဆရာတို့က
လည်း၊ပရောဖက်တဦးရေးထား သောအချက်ဟူမူကား၊အိုယုဒပြည်ဗက်လင်မြို့၊အစိုးရသောယုဒမြို့တို့တွင်သင်
သည်မြို့ငယ်မြို့ယုတ်မဟုတ်။အကြောင်းမူကား၊ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်သင်၏အ
ထဲမှာပေါ်ထွန်းလတံ့ဟုကျမ်းလာရှိပါ၏။ထိုကြောင့်ယုဒပြည်ဗက်လင်မြို့၌ခရစ်တော်ကိုဘွားမြင်ရပါမည်ဟုမင်းကြီး
အားပြန်ကြားလျှောက်ထားကြ၏။ထိုအခါ ဟေရုဒ်မင်းကြီးသည်၊မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍၊ကြယ်ပေါ်ထွန်း
သောအချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊သင်တို့သွား၍ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင်ငါ့ထံသို့ ပြန်လာ၍ ငါလည်းထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမှာထားတော်မူလျက်၊ဗက်လင်မြို့သို့စေလွှတ်လေ၏။
ထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍၊အရှေ့ပြည်၌ မြင်ရသောကြယ်သည်သူတို့ရှေ့ကသွားသ
ဖြင့်၊သူငယ် တော်ရှိရာအရပ်ပေါ်သို့ရောက်၍တည်လျက်နေ၏။ထိုကြယ်ကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်း
သာခြင်းရှိ၍၊အိမ်သို့ဝင်လေသော်၊မယ်တော်မာရိနှင့်တကွသူငယ်တော်ကိုတွေ့မြင်လျှင်ပြပ်ဝပ်ကိုးကွယ်၍၊မိမိတို့ဘဏ္ဍာ
ဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန်တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏။ နောက်မှ ဟေရုဒ်
မင်းကြီးထံသို့မပြန်ရမည်အကြောင်းအိပ်မက်တွင်ဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့် ပြန်သွားကြ၏။
ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား
၍၊သင်ထလော့။မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊အဲဂုတ္တုပြည်သို့ပြေး၍၊တဖန်ငါပြောဆိုသည်တိုင်အောင်
ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည်သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည်ဟုဆိုလေ၏။
ကောင်းကင်၌အခြားသောနိမိတ်လက္ခဏာပေါ်လာသည်ကား၊အဆင်းနီသောနဂါးကြီးသည် ခေါင်းခုနစ်လုံး၊ချိုဆယ်ချောင်း
နှင့်တကွ ခေါင်းပေါ်၌သရဖူခုနစ်ဆူကို ဆောင်လျက်ရှိ၏။သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကိုဆွဲငင်၍ မြေကြီးသို့
ချလိုက် လေ၏။သားကိုဘွားလုသောမိန်းမသည်ဘွားသောအခါ၊နဂါးသည်ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားဖြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း ပလ္လင်တော်သို့၎င်း၊ ချီယူတော်မူ၏။
မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။
ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီ အစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။
သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက်နှုတ်ကပတ် တရားအားဖြင့်င်း အောင်မြင်၍၊ အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။
ထိုနဂါးသည် မြေကြီးသို့ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။
၁။ယုံကြည်ခြင်းနှင့် နားထောင်ခြင်းဗျာဒိတ်ကျမ်း၌ ဘုရားသလင်၏ကျန်ကြွင်းသောလူမျိုးတို့ အမှတ်တံဆိပ် မည်သိုဖြစ်ဖြစ်သနည်း
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း၁၇
နဂါးကိုအသို့ပံဆောင်ခြင်း စာတန်မာရ်နတ် ကျန်းကြွင်သေား ဘုရားသခင်၏ လူမျူးတို့ ဘုရားသခင်ပညတ်
တို့ကျင့်၍ ယေရှု၏သက်ခံတော်မူချက်များစွလြမ်းသော သူများဖြစ်သောကြောင့် မာနတ်သည်ဘုရားသခင်
ကျန်းကြွင်သော လူမျိုးတို့ အပြစ်ရှာကျန်၍ ပညတ်တရားစောင်ရှောက်ခြင်း အပြစ်ဖြစ်သလား
၂။ဘုရားသခင်၏သိတ်ပေနိုးဆောခြင်း၌ ဘုရားသခင်၏လူမျိုးတို့ သားရ၏အမှတ်တံဆိပ် သော့
ဘုရားသခင်ဖွင်ပြခြင်း ထိုသူတစုတို့သည် သားရဲ၌အောင်မြင် သူတို့အမှတ်အသားမည်သို့ ရှိ
သည်သိရှိစရေန်အတွက်
ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း ၁၄း ၁၂ မှတ်ချက်
သားရဲ၏အမှတ်တံဆိပ် ကိုမခံယူသောသူတို့ ဘုရားသခင်၏ ပညတ်တော်တို့စောင့်ရှောက်၍ ခရစ်တော်၌
ယုံကြည်ခြင်းတရားများတည်သောကြောင့် အချို့သောယုံကြည်သူများ နှစ်ပေါင်းများစွာ သားရဲအထဲ၌ရှိကြ
သည်ဖြစ်၍ ပညတ်ဘုရား၏ပညတ်တရားတို့၌ ခရစ်ကိုယုံကြည်ခြင်း ရိုးသာဖြောင့်မတ်စွာဖြင့် ယုံကြည်းကို
အချက်ပေါင်းများ မှားယွင်ခြင်း၌ မသိရှိကြပေ၏
၃။ဓမ္မာဟောင်ကျမ်း ကာလ၌ လူအပေါင်တု့်သည်အဘယ်သို့လွှတ်မြောက်ရကြသနည်း
အာဗေလသည်၊ ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။
ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ယုံကြည်ခြင်းအားဖြင့် လောကီ သားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူ သောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။
သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့်စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇက်၊ ယာကုပ် တို့နှင့်အတူ တဲ၌နေလေ၏။
အကြောင်းမူကား၊ ဘုရားသခင်တည်ထောင် ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သတည်း။
သူ၏ခင်ပွန်း စာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်း ခြင်းရှိ၏။
သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ်သ တည်း။
ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သောအကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့်ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။
ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။
ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့ သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့် ရှိကြ၏။
ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည်တည်းဟူသော သာ၍ မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့နှင့် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။
အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။
ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကိုပူဇော်၏။
ထိုသို့ပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
ဣဇာက်သည် လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။
ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီး ပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။
ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးတို့၏ ထွက်မြောက်ခြင်းအရာကိုပြ၍ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။
မောရှေကိုဘွားမြင်ပြီးမှ အဆင်းလှသောသူငယ်ဖြစ်သည်ကို မိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအား ဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။
ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏၊ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရား သခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။
ဣသရေလ လူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။
ရေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံး ဝိုင်း၍လှည့်ပြီးမှ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။
ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့်အတူ မပျက်ဆီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံ ကို အောင်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံ ခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။
မိန်းမတို့သည်လည်း၊ သေခြင်းမှထ မြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လို သောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံကြ၏။
အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။
ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊ စုံစမ်းနှောက်ရှက်ခြင်း၊ ထားလက်နက်နှင့်ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍လှည့်လည်ရကြ၏။
ဤလောကသည် ထိုသူတို့နှင့် မထိုက် မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်းအလည်လည် နေရကြ၏။
ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။ ဟေဗြဲသြဝါဒစာ ၁၁း၎-၃၉
မှတ်ချက်။ရှေဘိုဘေးတို့သည်ယုံကြည်ခြင်း၌ သေလွင်ခဲ့သည် ဘုရားသခင်၏ကတိတော်မျော်လျှင့်လျက်
ယုံကြည်ခြင်း၌ ယနေကာလတိုင် အချို့သောသူတို့ ဓသမ္မာဟောင်ကျမ်း ဘုရားသခင်၏ ကတိတော်စကား
များ ညှဉ်ဆဲနိပ်ဆက်ခြင်းကိုခံလျက် စုံစမ်းနှောက်ခြင်း များခံလျက်ပင် ဘုရားသခင် ၌ယုံကြည်ခြင်သေလွန်
သည်။
၎။ထိုသို့အားဖြင့်ယုံကြည်ခြင်း တဦး တယောက် ကတိတော်စကားများ၌ အဘယိသု့အပြစ်ဖြေ
ခြင်းတရား အပြစ်လွှတ်ခြင်ရမည်လော့။
ပြစ်မှားမိသော အပြစ် အတွက် အပြစ်ဖြေရာ ယဇ် ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတကောင်ကောင်တည်း ဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ် အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။ဝတ်ပြုရာကျမ်း ၅း၆
မှတ်ချက်။ဓမ္မာဟောကျမ်းကာလ၌ အပြစ်ဒုစရက်ဖြေစရာယဇ်ကိုထာဝရဘုရားအထံတော်သို့ဆောင်ခဲ့ပြီး
လျှင် ယဇ်ပရောဟိတ်သည် ထိုသူ၏အပြစ် အတွက် အဖြေခြင်းကိုပြုရလိမ့လိမ်မည်။
၅။ဘုရားသခင်သိုးသငာ် အဘယ်သို့ု့ဆောင်ခြင်းရှိသနည်း
နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၂၉
မှတ်ချက်။ယေရှုခရစ်တော် ဓမ္မဟောင်ကျမ်းများ၌ ဒုစရက်ပြုမိသော ယဇ်ပရောဟိတ်မင်းများအထံသို့အပြစ်
အဖြေ သုးသငယ် တကောင်ထာဝရ ဘုရားသခင်အထံတော်သို့ဆောင်ခဲ့ကြတယ် ယခုခရစ်တော်သည်
ဘုရားသခင်၏သိုးသငယ် ယေရှုကြွတော်မူသည်ကို မြင်လျှင်၊ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့ဟု
ဆို၏နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ဤလောက၏အပြစ်ကို ဆောင်သွား
သောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
၆။ဘုရားသခင် ကယ်နှုတ်ဆောင်ယူခဲ့ပြီး သောကြောင့် ဘုရားသခင်အဘယ်သို့မိန့်တော်မူသနည်း
ထိုအခါ ဘုရားသခင် မိန့်တော်မူသောစကားများဟူမူကား၊
ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။ ထွက်မြောက်ရာကျမ်း ၂၀း၁-၃
ငါသည်အဲဂုတ္တုပြည်လူတို့၌ပြု သောအကြောင်း၊ သင်တို့ကိုရွှေလင်းတအတောင်ဖြင့်ထမ်း၍ ကိုယ်ဘို့ဘမ်း ယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။
ထိုကြောင့် ယခုတွင်သင်တို့သည် ငါ့စားကိုအမှန် နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြား သောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ ထွက်မြောက်ရာကျမ်း ၁၉း၎-၅
ပညတ်တရားတို့စောင့်ခြင်းအ၌ ကယ်တင်းခြင်း လမ်းသို့ ဖော်ပြခြင်းမပါရှိဘာ
၇။ဓမ္မဟောင်ကျမ်းစာ အကြီးဆိုသောပညတ်နပါးအဘယ်သို့ဖော်ပြသနည်း
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။
သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
တရားဟောရာကျမ်း ၆း ၄-၅
၈။ခရစ်တော်၏ကာလ၌ ခရစ်တော် ပညတ်တရားများဆိုင်၍ ဘယ်ပညတ်ကသာ၍ကြီးသည်
ဖော်ပြခြင်းရှိသနည်း
အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊
ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။
ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု
မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၂း ၃၆-၄၀
မှတ်ချက်။ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဥာဉ်ရှိသမျှချစ်လော့။ ဆိုစကား၌ ဘုရားနှင့် လူနှင်ဆိုင်သော
သော ပညတ်တော် အဘယ်နပါးရှိလဲ လေးပါးရှိ ၎
၁။ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။
၂။ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။
၃။ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။
၎။ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
ဘုရားသခင်နှင့် လူးတို့ဆပ်ကြား ထားရှိသော ပညတ်တော် ၄ ပါး
အခုခေတ် ခရစ်ယာန်အချု့သည် ဥပသ်နေ့  မလိုတော့ဘူး တကယ်လား
ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။
ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။
ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်မြောက်စရာသိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။ ဟေဗြဲသြဝါဒစာ ၄း၃-၆
လူ လူချင်စောင့်ထိန်းရမည်ပညတ်တော် ဘယ်နပါးရှိလဲ ၆ ပါးရှိတယ်
၅။သင်၏မိဘကိုရိုသေစွာ ပြုလော့။
၆။ လူအသက်ကိုမသတ်နှင့်။
၇။ သူ့မယားကိုမပြစ် မှားနှင့်။
၈။သူ့ဥစ္စာကို မခိုးနှင့်။
၉။ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်
၁၀။ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။
၉။ခရစ်တော်လောကီသို့ကြွလာသော အခါ ပညတ်တော်တို့ ပယ်ဖျက်ခြင်းရှိလား
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း ၁၇
ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ပြည်စုံခြင်း ငှါ ခရစ်တော်လာသည်ဟူ၍ဖော်ပြထားခြင်ရှိသည်
၁၀။ပညတ္တိကျမ်း၌ အငယ်ဆုံး အဘယ်သိုတိုင် မပျက်စီးရဟူ၍မိန့်တော်မူသနည်း
ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅း၁၈
၁၀။ပညတ္တိကျတို့သည်အဘယ်သိုရှိသည်ဟူ၍ဖော်ပြခြင်းရှိသနည်း
ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့် အညီ၊ ပညတ်တရား နှင့်မစပ် ဆိုင်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်း ဟူသော၊ ရောမသြဝါဒစာ ၃း ၂၀
၁၁။ကျေးဇူတော်အားဖြင့် သနားခြင်းတော်မူခြင်းကြောင့်ကယ်တင်ခြင်ရောက်သည်
အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ဧဖက်သြဝါဒစာ ၂း၈-၉
၁၂။ယုံကြည်သူများတို့သည် ယုံကြည်ခြင်းအာဖြင့် ပညတ်တော်တို့ပယ်၍ရသနည်း
ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။
ရောမသြဝါဒစာ ၃း ၃၁
၁၃ပညတ်တရားနှင့် ဆိုင်သောရန်ငြိုးဖွဲသောအရာများတို့အဘယ်သို့သောအရာများဖြစ်သနည်း
အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓွာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊
ဧဖက်သြဝါဒစာ ၂ ၁၄-၁၅
ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓွာတော်တွင်
ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်
မှတ်ချက်။ ဝပ်နည်းနှင့်ဆိုင်သောပညတ်များ က္ကှသယေလအမျိုး နှင့် တပါးအမျိုးတိုဆပ်ကြားပယ်ရှင်လိုက်
သောပညတ်။ ဝပ်နည်းဆိုင်သော ပညတ် ယဇ်ပူဇော်ခြင်း အရေဖြားလှီခြင်း
ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။ ရောမသြဝါဒစာ ၇း ၁၂
ငါသည်အတွင်းလူ အားဖြင့်ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။ ရောမသြဝါဒစာ ၇း ၂၂
၁၄။ပညတ်တပါး ပါကိုလွန်ကျူးမိလျှင် အဘယ်သို့ရှိသနည်း
အဘယ်သို့ နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကိုလွန် ကျူးသောအပြစ်ရှိ၏။
သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။
လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။
ရှင်ယာကုပ်သြဝါဒစာ ၂း၁၀ ၁၂
၁၅။ပညတ်တရားများ လွန်ကျူး၌ အဘယ်သို့ သက်ရောက်ခြင်းရှိသနည်း
ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
၁၆။ပညတ်တရား မရှိလျှင် အဘယ်သို့ အပြစ်၏သဘောကိုသိနိုင်မည်သနည်
သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာအပြစ်သဘောကိုငါသိရ၏၊ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိ စေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။
ရောမသြဝါဒစာ ၇း ၇
၁၇။နားရှိသောသူတို့မည်သည်ကာ အဘယ်သို့ အပြစ်ဒဏ်ခံရမည်သနည်း
ဝိညာဉ်တော်သည် အသင်းတော်တို့အားအဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည်မညှဉ်းဆဲရ။ဗျာဒိတ်ကျမ်း ၂း၁၁
ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည်အောင်မြင်၏၊ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက် ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအားငါပေးမည်။ ထိုကျောက်ကိုရသောသူမှ တပါးအဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ။ ဗျာဒိတ်ကျမ်း ၂း၁၇
အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏၊ ငါ့ခမည်းတော် သည် ငါ့အားအခွင့်ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည်အခွင့်ပေးမည်။
ဗျာဒိတ်ကျမ်း ၂း ၂၆
ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။
ဗျာဒိတ်ကျမ်း ၃း ၅
အကြင်သူ သည် အောင်မြင်၏၊ ထိုသူကိုငါသည်ငါ၏ဘုရားသခင့် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင့်နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်း ဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ငါသည် အက္ခရာတင်မည်။ ဗျာဒိတ်ကျမ်း ၃း ၁၂း
ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။
ဗျာဒိတ်ကျမ်း ၃ ၂၁
၁၈။မာနတ်သည် ပြင်းစွာသော ဒေါသနှင့် အဘယ်သူထံသို့သွားသနည်း
ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလ တခဏသာရှိသည် ကိုသိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။
ဗျာဒိတ်ကျမ်း ၁၂း ၁၁
သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင်၈း၄၄
မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။ကမ္ဘာဦးကျမ်း ၃း ၁
ဘုရားသခင်သည် အဘယ်သို့သောပညတ်ကိုပေးသနည်း
မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ကမ္ဘာဦးကျမ်း ၃း၂-၆
တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊
အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ ကမ္ဘာဦးကျမ်း ၁း၂၆-၂၈
ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ဆာလံကျမ်း ၁၁၁း၁၀
အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။ဒေသနာကျမ်း ၁၂း၁
ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်၊ ဥာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကိုင်း၊ ပညာရှိဟော ပြော၍ နက်နဲသောစကား တို့ကိုင်း၊ နားလည်သော နိဿရည်းဆရာ အဖြစ်သို့ ရောက်ရလိမ့်မည်။ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို အထီမဲ့မြင်ပြုတတ်ကြ၏။ သုတ္တံကျမ်း ၁း၅-၇
အကြောင်း မူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။
ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။သုတ္တံကျမ်း ၁း၂၉-၃၀
ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏၊ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
ငါ့စကားကိုနားထောင်သောသူ မူကားလုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။
သုတ္တံကျမ်း ၁း ၃၂- ၃၃
၁၉။သားရဲနှင့် အဘယ်သို့လွှတ်၍ အောင်မြင်နိုင်မည်သနည်း
မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ဗျာဒိတ်ကျမ်း ၁၅း ၂
ဗာဗုလုန်မြို့ကြီးထွက်လိုက်ပါ သားရဲကိုအောင်၍လွှတ်သောသူဖြစ်လိမည်
၂၀။ အသက်ပင်နှင့်ဆိုင်၍ မြို့တံခါအတွင်းသို့ဝင်အံ့သောငှါ အဘယ်သို့ပြုရမည်သနည်
အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဗျာဒိတ်ကျမ်း ၂၂း ၁၄
ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေးလျှော်၍ ဖြူစေသော သူဖြစ်ကြသတည်း။ ဗျာဒိတ်ကျမ်း ၇း၁၄
၂၁။စာတန်မာနတ်သည်အဘယိသူ့ကိုအငြိုးထားသနည်း
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏ဗျာဒိတ်ကျမ်း ၁၂း
ဗျာဒိတ်ကျမ်းသခန်းစာများ အလေးအနက်ထား၍လေ့လာသူများ၌ ထာဝရ ဘုရားသခင်၏ ကောင်းကြီး
မင်္ဂလာများ ခံစားနိုင်ကြပါစေ သာရဲကိုအောင်၍ လွှတ်သောသူများဖြစ်ကြပါစေ ဗျာဒိတ်ကျမ်းသခန်းစာ
ဒီမှာဘဲပြိးဆုံးသွားပါပြီ ကျွန်ပ်ချစ်သော ဓမ္မမိတ်ဆွေများ ဘုရားသခင်၏အလိုတော်အတိုင် အသက်ရှင်
၍လျှောက်လှမ်းနိုင်သူများဖြစ်ကြပါ ကျွန်ပ် တရားဟော ဆရားမဟုတ်ပါ ရိုးရိုးသာမှန်အသင်းသာတယောက်
သာဖြစ်သည်..ကျွန်ပ်သည် ဘုရားသခင် ကျေးကျွန်ဖြစ်သောကြောင့် ဓမ္မမိတ်ဆွေများထံသို့ ကျွန်ပ်မလာ
ရောက်နိုင်သောကြောင့် အွန်လိုင်းအပေါ်ကနေပြီး ဘုရားသခင်၏ အနာဂတ္တိစကားတော်များမျှဝေးရခြင်း
ဖြစ်ပါသည်။စိတ်ဝင်စားစွာဖြင့် လေ့လာသူများအားလည်း ကျွန်ပ်အထူဘဲကျေးဇူတင်ပါတယ် နောင်လည်း
ဘဲ ဘုရားသခင် အမှုတော်၌ တဖက်တလမ်းကနေပါဝင်နိုင်အောင် ဆုတောင်းခြင်းဖြင့် သတိရပေးပါလို့
မေတ္တာရပ်ခံလိုက်ပါစေ ဗျာဒိတ်ကျမ်းလေ့လာသူများ၏ အပေါ် ထာဝရ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ
အဖြာဖြားခံစာနိုင်ကြပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment