Monday, October 3, 2016


မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်မည် ဗျာဒိတ်ကျမ်းသင်ခန်းစာ(၂၁) မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်မည် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနေသော မီးအိုင်ထဲသို့ချပစ်မည် ဘုရားဝတ်၌ မွေ့လျော်သောသူတို့ကိုစုံစမ်းနှောင့်ရှက်ခြင်းအထဲကကယ်နှုတ်ခြင်းငှါ၎င်း၊မတရား သောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ညစ်ညူးသောတပ်မက်ခြင်းကိလေသာနှင့်တကွ၊ကာမဂုဏ်အလိုသို့လိုက်၍အာဏာစက် ကိုမထီမဲ့မြင်ပြုသောသူတို့ကိုအထူးသဖြင့်ဒဏ်ခံစေမည်အကြောင်း၊တရားဆုံးဖြတ်သောနေ့အဘို့ချုပ်ထားခြင်းငှါ၎င်း၊ ကိုယ်အလိုသို့လိုက်တတ်သောသူဖြစ်၍၊ဘုန်းတန်ခိုးကြီးသောသူတို့ကိုကဲ့ရဲ့ဝံ့ကြ၏။မိစ္ဆာပရောဖက်ရှိကြ၏။ထိုနည်း တူဖျက်ဆီးတတ်သောမိစ္ဆာဒိဌိအယူများကိုပရိယာယ်အားဖြင့်သွင်း၍။ ကြောက်တတ်သောသူ၊မယုံကြည်သောသူ၊စက် ဆုပ်ရွံရှာဘွယ်သောသူ၊လူအသက်ကိုသတ်သောသူမတရားသောမေထုန်၌မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ရုပ်တုကို ကိုးကွယ်သောသူ၊သစ္စာပျက်သောသူအပေါင်းတို့မူဒုတိယသေခြင်းတည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌မိမိ တို့အဘိုကိုရကြလိမ့်မည်ဟူ၍၎င်းငါ့အားမိန့်တော်မူ၏။သင့်အပြစ်သည်များပြား၍ကုန်သွယ်ခြင်းအဓမ္မအားဖြင့်၊သန့်ရှင်း ရာဌာနတို့ကိုညစ်ညူးစေသောကြောင့်၊သင့်ကိုမီးရှို့ဘို့သင့်အလယ်၌မီးကိုငါညှိမည်။သင့်ကိုမြင်သောသူအပေါင်းတို့ရှေ့ မှာ၊သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ ၁။ဘုရားသခင်သည်နောက်ဆုံးလူးဆိုးတို့အဘယ်သို့တရားစီရင်တော်မူသနည်း ဘုရားဝတ်၌ မွေ့လျော်သောသူတို့ကိုစုံစမ်းနှောင့်ရှက်ခြင်းအထဲကကယ်နှုတ်ခြင်းငှါ၎င်း၊မတရား သောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ညစ်ညူးသောတပ်မက်ခြင်းကိလေသာနှင့်တကွ၊ကာမဂုဏ်အလိုသို့လိုက်၍၊အာဏာစက် ကိုမထီမဲ့မြင်ပြုသောသူတို့ကိုအထူးသဖြင့်ဒဏ်ခံစေမည်အကြောင်း၊တရားဆုံးဖြတ်သောနေ့အဘို့ချုပ်ထားခြင်းငှါ၎င်း၊ ထာဝရဘုရားသည်တတ်နိုင်တော်မူ၏။ထိုသူတို့သည်ရဲရင့်သောသူ၊ကိုယ်အလိုသို့လိုက်တတ်သောသူဖြစ်၍၊ဘုန်းတန် ခိုးကြီးသောသူတို့ကိုကဲ့ရဲ့ဝံ့ကြ၏။ရှင်ပေတရုကြဝါဒစာဒုတိယစောင် ၂း၉ မှတ်ချက်များကို သမ္မာကျမ်းအတိုင် နွဘတ်ပေးပြီးရေးပမယ် ၁။ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကိုစုံစမ်းနှောင့်ရှက်ခြင်း ဘုရားသခင်၌သစ္စာရှိပါ ၂။ အထဲကကယ်နှုတ်ခြင်း ဘုရားသခင်၌ တည်စေဘို့ ၃။ မတရား သောသူတို့ကို ဒဏ်ခံစေမည်အကြောင်း ၄။ညစ်ညူးသောတပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလို သို့လိုက်။ ရောင်ရမည်။ ၅။ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။ဘုရားသင်ရဲ့အပေါ်မှာသစ္စာရှိ စွာနေခိုင်ပါ ၆တရား ဆုံးဖြတ်သောနေ့အဘို့ ချုပ်ထားခြင်းငှါ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ၇။တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ဘုရားသခင် မတတ်တာဘာမှမရှိဘူး ၂။တရားစီရင်နေ့ရက်သည်ဘယ်တော့လဲ ငါ့ကိုပယ်၍ငါ့စကားကိုနားမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၂း၄၈ ဘုရားစကားနားထောင် နားမထောင် ထာဝရ ငရဲသို့ ၃။စဉ်းစားကြည့်လိုက်ပါ ဘုရားသခင်နေ့ရက်ကြီး၌ တရားစီရင်ခြင်းရောက်ရှိနေပြီ ကျွန်ပ်တို့အသက်တာ ထာဝရ သေခြင်းမှာ လွတ်မြောက်အောင်ဘယ်သလို့လုပ်မှာလဲ ဘုရားစကားနားထောင် သမ္မာကျမ်းစာဖတ် မယ် သမ္မာကျမ်းလေ့လာမယ် ဘုရားသခင်၏အလိုတော်အတိုင် အသက်ရှင်နေထိုင်မယ် ဘုရားသခင်၏ ပညတ်တရားအတိုင် အသက်ရှင်သွားမယ် ၄။လူဆိုးတို့သည် သေသောအခါ ငရဲသို့ဆင်းသွားပြီလား ဖျက်ဆီးရာနေ့ရက် ကာလဘို့မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည် အကြောင်း၊ ဒေါသအမျက်ခံရာနေ့ရက်ကာလဘို့ ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့လက္ခဏာသက်သေများကိုမသိကြသလော။ သူပြုသော အမှုကိုသူ့ရှေ့မှာ အဘယ်သူဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့် အလျောက်အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။ သူသည် သင်္ဂြိုဟ်ခြင်းသို့ ရောက်၍ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်၊ ယောဘဝတ္တု ၂၁း၃၀-၃၂ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၅း၂၈-၂၉ မှတ်ချက်။ တနေ့ ဘုရားသခင်အဲ့ဒီကမ္ဘာမြေကြီး ကိုဖျက်ပစ်မယ် ဘုရားသခင်၏အိုတော်အကြသက်ရှင်နေ ထိုင်၍ ဘုရားသခင်ပညတ်တရားတော် အတိုင်အကျင့် ၍ နေမယ်ဆိုလျှင် အပြစ်စီရင်ရာမှလွတ်မြောက် လိမ့်မည် ၅။မတရားသောသူတို့သည် အဘယ်သိုသော အခရှိကြမည်သနည်း အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ရောမသြဝါဒစာ ၆း၂၃ အပြစ်ဖြစ်ပေါ်လာရခြင်အကြောင်းအရင်မှာ ဘုရားစကားနားမထောင်လို့ သေချင်တရာဖြစ်ပေါ်လာတယ် အဲ့ဒီတော့ ဘုရားစကား ဘယ်လိုနားထောင်မှာလဲ သမ္မာကျမ်းစာ၌ ရှိသော ပညတ်တရားအလုံးတို့၌ ကျင့်ကြံ၍ ဘုရားသခင်၏အလိုတော်အတိုင် အသက်ရှင်နေထိုင်မယ် ၆။ တရားသောသူတို့ အဘယ်တော့သေကြမည်သနည်း ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။ဗျာဒိတ်ကျမ်း ၂၁း၈ မှတ်ချက်။ ဘုရားသခင်ကလွှဲလို့ ဘာကိုမှမကြောက် ယောက်ျားအချင်းလိင်မနေနှင့် သူအသက်ကိုမသတ်နှင့် တနှင်္ဂနွေနေ့ ပါပ၏ ဥပုသ်နေ့ မစောင့်နှင့် အကယ်၍စောင်ထိန်း ဆိုလျှင် ရုပ်တု ကို ကိုးကွယ်နေသောသူဖြစ်တယ် ၇။ဘုရားသခင်သည် တရားသောသူတို့ဝိညာဉ် အဘယ်ပိုင်တော်မူသည်း ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ ဝိညာဉ်ကို လည်းငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၁၈း၎ အဘမူကား၊ မိမိညီအစ်ကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင် အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၁၈း၂၀ ကျွန့်တို့၏ ဝိညာဉ်ဟာဘုရားသခင် ပိုင်တော်မူသည်ဖြစ် ဘုရားသခင်ကို မပြစ်မှာနှင့် ဘုရားသခင်၏ သမ္မာ တရားအတိုင် အသက်ရှင်နေတိုင်သွားရမယ် SunDay ဘုရားကျောင်းမတက်နှင့် လက်မခံနှင့် လက်ခံ၇င်တော့ ထာဝရ ငရဲဘဲရှိတော့ ၈။တရားသောသူတို့ အယ်သို့ချပစ်ခြင်းကိုခံရကြမည်သနည်း သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀း ၁၃-၁၅ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သောမြို့ တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀းဝ ကျွန်ပ်ဘယ်နေရာမှာသေနေပါစေ ဘယ်နေရာမှာပိုန်းရှေင်နေပါစေ အလွှတ်ဘူး ၉။ကန့်နှင့်လောင်မီသည် လောကကမ္ဘာမြေကြီးအတွက် အဘယ်သို့ဖြစ်သနည်း သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ရှင်ပေတရုသြဝါဒစာဒုတ်ယစောင် ၃း၁၀ ဒီလက်ရှိကမ္ဘာမြေကြီးမီးနှင့် ဘုရားသခင်ဖျက်ဆီပစ်မှာတယ် ၁၀။ မီအဘယ်သို့လောင်ကျွန်းမသနည်း မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ မာလခိအနာဂတ္တိကျမ်း ၄း၁ အဘယ်လောင်မှာလည်းဆိုတာကတော့ မီးဖို၌ လောင်နေသောထင်မီးကဲ့သို့လောင် မီးအစာကုန်သွားရင် ငြိမ်းသွားပြီ ၁၁။နောက်ပြီး မီးလောင်ပြီးပျောက်သွားမှာလား ၁၄ သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကိုခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ။ နွေးစရာဘို့ မီးတခဲမျှ၊ လုံစရာဘို့မီးလျှင်းမှ မကျန်ရစ်ရ။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၇ အမှိုက်ကိုမီးလောင်သကဲ့သို လောင်မှာဖြစ်တယ် မီးစာကုန်တော့ငြိမ်းသွားမှာဘဲ ၁၂။မီးလောက်လောက်ကျွမ်းပြီးနောက် အဘယ်ရှိသေသနည်း ဣသရေလအမျိုးသား အပေါင်းတို့အဘို့ ဟောရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏ တရားတည်း ဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။ မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၄း၃ ဘုရား သခင်၏ စီရင်ထုံဖွဲချက်အတိုင်အသက်ရှင်ပါ ပညတ်တရားအတိုင် အသက်ရှင်ပါ ၁၃။တရားသောသူတို့ အားမီးလောင်အဘယ်မျှလောက်ကြမှာလဲ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ၊၊ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ၊၊ ဆာလံကျမ်း အခန်းကြီး ၃၇း၁၀ မတရားသော သူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ ဆုံး၍ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်၊၊ဆာလံ၃၇း၂၀ ၁၄။တရားသောသူတို့ အဘယ်အချိန်ကာလ၌ မီးအိုင်အထဲသို့ရောက်မှာမည်သနည် ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၂ ၁၅။စာတန်သည် ငရဲမီးဘယ်လိုပြန်ရောက်သနည်း သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သောသူ အပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၈ သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ဗျာဒိတ်ကျမ်း ၂၀း၁၀ ၁၆။မီးအိုင်းအထဲသို့ ကိုယ်ခန္ဒာ ပါလား သို့မဟုတ်ဝိညာဉ်ဘဲ ငရဲမီးအိုင်းအထဲသို့ကျရောက်မှာလား ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။ ရှင်မဿဲခရစ်ဝင် ၅း၃၀ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍၊ သူ၏ ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကိုပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ဗျာဒိတ်ကျမ်း ၁၉း၂၀ ၁၇။ခန္ဒာမီလောင် ကျွမ်းပြီးနောက် ဝိညာဉ်ကျန်ရစ်ဦးမှာလား တနည်းကား၊ ကိုယ်ခန္ဓွာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။ ရှင်မဿဲခရစ်ဝင် ၁၀း၂၈ ၁၈။ စာတန်မာနတ် ဘုရားသခင်ကိုအဘယ် ပြောမည်သနည်း သေတတ် သော လူသည် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်ခြင်း ရှိရသလော၊၊ လူသတ္တဝါသည် ဖန်ဆင်းတော်မူသောအရှင်ရှေ့မှာ သန့်ရှင်းခြင်း၊ ရှိရသလော၊၊ ယောဘဝတ္တု ၄၁၇ ၁၉။ဘုရားသခင်သည် ငရဲမီးအိုင် အဘယ်သူ့အတွက်ထားရှိသနည်း ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅၄၁ ၂၀။ထာဝရ ဘုရားသခင်သည် ကျွန်ပ်တို့အားဘယ်သို့ အားဖြင့်အလို့ရှိသနည်း ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကိုပြုခြင်းငှါင်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သောအလုပ်တော်ကို လက်စသတ်ခြင်းငှါင်း၊ ပေရဇိမ်တောင်ပေါ်မှ ပြုသကဲ့သို့ ထတော်မူမည်၊၊ ဂိဗောင်ချိုင့်ထဲမှာရှိသကဲ့သို့ အမျက်ထွက်တော်မူမည်၊၊ ဟေရှာယအနာဂတ္တိကျမ်း ၂၈း ၂၁ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်း၉ ၃ ၂၁။ဘုရားသခင်၏ ကောင်းကင်နှင့်မြေကြီး ပြုပြင်တော်မူပြီးလျှင်အဘယ်သို့ရှိမည်သနည်း ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁း၎ ၂၂။ယေရှုခရစ်တော်သည် င့ါကိုချစ်သောသူသည် အဘယ်သို့ နားထောင်ရမည်သနည်း ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၂၃-၂၄ ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၄း၈ ၂၃။အပြစ်တရားရှိဦးမှီသနည်း ထာဝရဘုရားတဘက်၌ အဘယ်သို့ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။နာဟုံအနာဂတ္တိကျမ်း ၁း၉ ၂၄။ ကောင်းသစ်နှင့်မြေကြီး အပြစ်တရားနှင့်သေခြင်းတရားပျောက်ကွယ်မည်သနည်း ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီး ကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။ ဟေရှာယအနာဂတ္တိကျမ်း ၆၅း၁၇ ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။ ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃ ၁၇- ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရား သခင် ဖြစ်တော်မူမည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁း၂ ခရစ်တော်သည် အသေခံရမည်ဟု ပရောက်ဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြတော်မူနှင့်သော အမှုကိုထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။ ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ တမန်တော်ဝတ္ထု အခန်းကြီး ၃း၁၈-၁၉

No comments:

Post a Comment