လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါး၏သိတင်စကား
ဗျာဒိတ်ကျမ်းသင်ခန်းစာ (၂၈)
လူအမျိုးအနွှယ်ခပ်သိန်းတို့အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါး၏သိတင်းစကား
၁။
မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်သိန်းတို့
အားထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဗျာဒိတ်ကျမ်း ၁၄း၆
ဘုရားသခင်၏ သတိပေးသောဧဝံဂေလိတရား နောက်ဆုံးသောသိတင်းစကားထိုသိတင်းစကားကိုလောကီ
နိုင်ငဲအရပ်ရပ်သို့ဟောပြောရမည်ဖြစ်သည်
ကောင်းကင်တမန်တပါးကလည်း၊ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။
ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊
အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊
ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို.....
၂။ကောင်းကင်တမန်သုံးပါတို့၏ သိတင်းစကား အဘယ်သို့ ဟောပြောရကြမည်သနည်း
ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့၊တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊မြေ
ကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြော
ဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကိုငါမြင်၏။ ကောင်းကင်တမန်တပါးကလည်း၊ဗာဗုလုန်မြို့ကြီးပြို
လဲပြီ၊မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေ
ပြီးသောဗာဗုလုန်မြို့ကြီးပြိုလဲပြီဟုလိုက်၍ပြောဆို၏။ထိုမှတပါး၊တတိယကောင်းကင်တမန်က၊အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ၊ထိုသူ
သည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။သန့်ရှင်း
သော ကောင်းကင်တမန်တို့ရှေ့၊သိုးသငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရ
လိမ့်မည်။ထိုညှဉ်းဆဲခြင်း၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။သားရဲနှင်သူ၏ရုပ်တုကိုကိုးကွယ်၍၊
သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည် နေ့ညဥ့်မပြတ်သက်သာမရကြဟုလိုက်၍ကြီးသောအသံနှင့်
ပြောဆို၏။ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ ဗျာဒိတ်ကျမ်း၁၄း ၇-၁၂
က။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။
ခ။ ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏
ဂ။သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊လက်၌ခံသည်ဖြစ်စေ
ဃ။သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊သိုးသငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်း
ဆဲခြင်းကို ခံရလိမ့်မည်။
မှတ်ချက်။ကောင်းကင်တမန်သုံးပါတို့၏သိတင်းစကား၌(တတိယကောင်းကင်တမန်က၊ အကြင်သူသည်သား
ရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊
ဘုရားသခင်၏ တရားစီရင်ခြင်း ကောင်းကင်တမန်ကြွေးကြော်ခြင်းအရား၌ တရားစီရင်ခြင်း စသောနှစ် ၁၈၄၄ ခုနှစ် သင်ခန်း ၁၄း နှင့်ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်၁၅ ကိုပြန်ဖတ်ပါ။
ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်
မိမိမတရားသောမေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။ဆိုသော ဗျာဒိတ်ကျမ်း ၁၈း၎ ကိုဖတ်မယ်
အခြားသောကောင်းကင်အသံကား၊ငါ၏လူမျိုးတို့၊သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်၎င်း၊သူ၏ဘေးဒဏ်များကို
ခံခြင်းနှင့်၎င်း ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။ဘုရားသခင်နှင့် သက်ဆိုင်သောလူမျိုးတို့
တို့သည် ဗာဗုလုန်မြို့ကြီးအထဲကထွက်ကြလော့။ ဘုရားသခင်၏ သတိပေးသော ဧဝံဂေလိတရား ၁၈၄၄နှစ်
နောင်ဆုံး ဖြစ်သည်။
၃။တတိယကောင်းကင်တမန်တပါး၏သိတင်းစကားကိုခံသောသူတို့အဘယ်သို့ဘုရားသခင်မိန့်တော်မသနည်း
ဘုရားသခင်ကိုလည်းချီးမွမ်း၍လူအပေါင်းတို့ရှေ့မှာမျက်နှာပွင့်လန်းခြင်းအခွင့်ကိုရကြ၏။ကယ်တင်ခြင်းသို့ ရောက်
သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
တမန်တော်ဝတ္ထု ၂း၄၇
က။ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီအညွတ်တည်းနေ၍၊
ခ။ကိုယ်အိမ်၌မုန့်ကို ဖဲ့လျက်ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့်အစာအာဟာရကိုသုံးဆောင်ကြ၏။
ဂ။ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။
ဃ။ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
မှတ်ချက်။သန့်ရှင်းသော အသင်းတော်ဟေ့လေဘာသာစကားအားဖြင့်(Ecclesis)အဓိပ္ပါယ်ကာခေါ်မူခြင်းကို
ခံရသူသော လောကီ၌ ဗာဗုလုန်းမြိုအထဲ၌ ခေါ်ထုပ်တော်မူခြင်း ခရစ်တော်၏ အသင်းတော်ဓမ္မသစ်ကျမ်း၌
သွန်သင်းလမ်းခြင်းပေါ်လွန်ထင်ဟပ်သောဘုရားသခင်၏အသင်းတော် ဤလောက၌ရှိသောအသင်းတော်
ထိုသူတို့ အသင်းတော်၌ စည်းလုံး၍ အချို့သော ခရစ်ယာန်များထံသို့ ဤလောကီ၌ ဧဝံဂေလိတရားတော်
ကိုပြောသောသူများဖြစ်ကြသည်
၎။ယေရှခရစ်တော်၏အသင်းတော်သည်ထူမြတ်သောသမ္မာကျမ်းစာသင်ကြားခြင်းအဘယ်သို့ရှိသ
နည်း
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၁၉-၂၀
က။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့။
ခ။ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
ဂ။ ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါဆုံးမသြဝါဒပေးကြလော့။
ဃ။ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အား
မိန့်တော်မူ၏။
၅။ခရစ်တော်ကိုယုံကြည်လက်ခံသူဖြစ်သောအခါ အသက်တာအဘယ်သို့ရှိသနည်း
ယခုမူကား၊ဘုရားသခင်သည်အလိုတော်ရှိသည်အတိုင်းအင်္ဂါများအသီးသီးတို့ကိုကိုယ်၌စီရင်ခန့်ထားတော်မူ၏။
ကောရိ န္တု သြဝါဒစာပဌမစောင် ၁၂း၁၈
က။ယခုမူကား၊ဘုရားသခင်သည်အလိုတော်ရှိသည်အတိုင်းအင်္ဂါများအသီးသီးတို့ကိုကိုယ်၌စီရင်ခန့်ထားတော်မူ၏။
ခ။ဘုရားသခင်ကိုယုံကြည်ခြင်းယုံကြည်လက်သူဖြစ်လျှင်။ဘယ်အထဲကထွက်ကထွက်ရမှာလဲ။ဗာဗုလုန်မြီု့အထဲက
ထွက်သောသူဖြစ်လိမ့်မည်။ဗာဗုလုန်မြို့အထဲကမထွက်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုသောသူသည်ဘုရားသခင်နှင့်မသက်
ဆိုင်ဘုရားသခင်ခေါ်တော်မူခြင်းကိုလက်ခံယုံကြည်သူတယောက်သောသူဖြစ်စေမူကာပင်ခရစ်တော်၌ဝမ်းမြောက်သော
အသက်၌ ဤလောက၌ ခဏတည်ရှိလိမ့်မည်
၆။ဗျာဒိတ်ကျမ်း ကျန်ကြွင်ေးသာ အမျိုးအနွှယ်အား ကောင်းကင်တမန်သုံးပါတို့၏ သိတင်စကား
မှာအဘယ်သို့ဖော်ပြခြင်းရှိသနည်း
နဂါးသည်မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို
စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း၁၇ သခန်းစာ ၁၇ကိုပြန်၍ဖတ်ပါ။
ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်
သင်ခန်းစာ ၁၇ ၌ ပါရှိသောအကြောင်းအရာများပြန်၍ဖတ်သေချင်ပါတယ်ကျန်ကြွင်းသောအသင်းတော်
တကမ္ဘာလုံးမှာအသင်းတော်တပါးတည်သာရှိသည် ကောင်းကင်တမန်သုံးပါးတို့၏သိတင်းစကားဗျာဒိတ်
ကျမ်း၁၄အတွင်၌ကမ္ဘာအပေါ်၌တရားစီရင်းအကြောင်းများဖွင့်ဟပ်၍ဧဝံဂေလိတရားကိုဟောပြောသော
အသင်းတော် ခရစ်တော်ကိုမျော်လင့်သော အသင်းတော် သတ္ထမနေ့ဥပုသ်နေ့အသင်းတော်တပါးတည်း
သာရှိကြောင်ဖော်ပြနိုင်ပေသည်သတ္ထမနေ့အသင်းတော်ခရစ်တော်ဒုတိယကြွလာတော်မူခြင်းစောင့်မျော်
လင့်ခြင်း ကယ်တင်ခြင်းတရား၌ ထိုအသင်းတော်မှတပါး ဘုရားသခင်၏ဧဝံဂေလိတရားတော် လောကီ
နိုင်ငံအရပ်ရပ်၌ ဟောပြောခြင်ရှိပေလိမ့်မည်။
၇။ဘုရားသခင်၏ အမှုတော်၌ ကုညီပန့်ဘိုးမှုအဘယ်သို့ရှိသနည်း
လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော့။ သို့သော်လည်းသင်တို့သည်ငါဥစ္စာကိုလုယူကြပြီ။
အကျွန်ုပ်တို့သည်အဘယ်သို့လုယူပါသနည်းဟုသင်တို့မေးလျှင်၊ဆယ်ဘို့တဘို့ကို၎င်း၊ပူဇော်သက္ကာတို့ကို၎င်း
လုယူကြပြီ။သင်တို့သည်ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည်
ငါ့ဥစ္စာကိုလုယူကြပြီ။ဆယ်ဘို့တဘို့ရှိသမျှကိုဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှါ၊ ပြုကြ
လော့။မာလခီအနာဂတ္တိကျမ်း ၃း ၈-၉
မှတ်ချက်။လူသည်ဘုရားသခင်၏ဥစ္စာတော်ကိုလုယူရမည်လော့။ဆယ်ဘို့တဘို့ကို၎င်း၊ပူဇော်သက္ကာတို့ကို၎င်း
လုယူကြပြီ။လူတရားဟောဆရာများပေးခြင်းအရာသည်မှားယွင်းခြင်းဖြစ်သည်။ဘုရားနှင့်ဆိုင်သောဆယ်ဘို့တဘို့
သမ္မာကျမ်းစာ၌ ဆယ်ဘို့ တဘို့ ကိုအလှူငွေပေးခြင်း ဘို့မဟုတ်ပါ
၈။သူ့ခိုးဥစ္စာထိုးသောသူ လောဘလွန်ကျိုး ဘုရားသခင်နိုင်ငံတော်သို့ ဝင်နိုင်မည်လော့။
သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူး သောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။
ကောရိ န္တု သြဝါဒစာပဌမစောင် ၆း ၁၀
၉။ကျွန်ပ်တို့ ဘုရားသခင်ကိုဆယ်ဘို့တဘို့ မပေးခြင်းအားဖြင့် အဘယ်သို့ဖြစ်သနည်း
သူ့ဥစ္စာကို မခိုးနှင့်။ထွက်မြောက်ရာကျမ်း ၂၀၁၅
ငါသည်မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်။ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
မာလခိအနာဂတ္တိကျမ်းး ၃၁၀
၁၀။လှူတန်ပေးကမ်းခြင်း ၏အကျိုး အဘယ်သို့ရှိသနည်း
ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။
ကမ္ဘာဦးကျမ်း ၂၈း ၂၂
ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့်ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့မသိရသလော။
၁၄ ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော် မူချက်ရှိ၏။
ကေရိန္တြုသြဝါဒစာပဋ္ဌမစောင်။၁၃-၁၄
လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။ တာလည်ရာကျမ်း ၁၈း ၂၁
ထိုသို့ သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
တောလည်ရာကျမ်း၁၆း ၁၇
အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။
လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော် မူ၏။တမန်တော်ဝတ္ထု ၂၀း၃၅
သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
ကောရိန္တြုသြဝါဒစာ ဒုတိယစောင်။၉း၆-၇
ထိုမှတပါး လောဘ လွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိ သော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
လုကာခရစ်ဝင်ကျမ်း ၆း၃၈
ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို
ထပ်၍ပေးတော်မူလတံ့။
ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁၅
No comments:
Post a Comment