Sunday, October 23, 2016

ဘုရားသခင်၏တ်တရား

သမ္မာကျမ်း၌ပါရှိသော ထာဝရ ဘုရားသခင်၏ ပညတ်တရားအကြောင်း
                သမ္မာကျမ်းစာ၌ဘုရားသခင်၏ပညတ်တရားများ

ထာရဘုရားသခင် သည်မိမိ၏ ပရောဖက်များအား မဘော်ပြဘဲ ပြုတော်မမူ
၁။ထာဝရ ဘုရားသခင်သည် မိမိ၏ ပရောဖက်များအား မဘော်ပြဘဲ အဘယ်သူကိုပြုသနည်း
အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။ အာမုတ်အနာဂတ္တိကျမ်း ၃း၇
၂။ယုံကြည်ခြင်းအလို့ငှါ အဘယ်သို့နည်းခံကြမည်သနည်း
သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။ တိမောသေသြဝါဒစာဒုတိယစောင် ၃း၁၄-၁၅
၃။ယုံကြည်ခြင်းအားဖြင့် အဘယ်သို့မြော်လင့်ခြင်းရှိသနည်း
သင်တို့သည် ဘရားသခင်ကိုထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၂၁
၎။လူအပေါင်းတို့သည်  ယုံကြည်သောသူအပေါင်းတို့အား ထာဝရ ဘုရားသခင်၏ ပရောဖက်အဘယ်သို့နည်း။
လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော် အတိုင်း ထိုသူတို့အား ဘော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိ တရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကိုမြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊ ရောမသြဝါဒစာ ၁၆း၂၆
ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၂း၁၃
၅။မြော်လင့်ခြင်းနှင့် အဘယ်သို့ဆုံးမသြဝါဒ ပေးမည်သနည်း။
ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍၊ မြော်လင့်ရသောအခွင့် ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေး ထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထား သတည်း။ ရောမသြဝါဒစား ၁၅း၎
၆။အသက်နှင့်ဆိုင်၍  နငတ်ထွက်တရားတော်အဘယ်သို့ဖြစ်သနည်း
ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ ဟေဗြဲသြဝါဒစာ ၄း၁၂
၇။ခရစ်တော် သည်လူများမကုန်အဘယ်သို့ဖြစ်ရမည်ဟုမိန့်တော်မူသနည်း
ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင် ၂၃း၃၅
၈။ပညတ်တရားများအဘယ်သို့ဖြစ်သနည်း
သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း၊၊ ငါတို့သည် နို့နှင့်ကွာစ ရှိသောသူ၊ အမိသားမြတ်နှင့်အနိုင်ကွာရသောသူ ဖြစ်ကြ သလော၊၊
ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟုဆိုကြ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း ၂၈း၉း၁၀
၉။အလွန်ကြည်ညိုသောစိတ်နှင့် နှုတ်တရားတော်အဘယ်သို့ခံယူရမည်သနည်း
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏။ တမန်တော်ဝတ္ထု ၁၇း ၁၁
၁၀။မကောင်းသောအကြံစည်တို့သည် ကိုယ်တော်၏ တရားတော်နှင့် အဘယ်သို့ရှိသနည်း
မကောင်းသော အကြံအစည်၌ ကျင်လည်သောသူတို့သည် အနီးသို့ ချဉ်းကပ်ကြပါ။၊ သူတို့သည် ကိုယ်တော်၏ တရားနှင့် ဝေးကြပါ၏ ဆာလံကျမ်း ၁၁၉း ၁၀၅
၁၁။ယုံကြည်ခြင်းအားဖြင့် အဘယ်သို့နှစ်လုံးသွန်း၍တည်နေကြမည်သနည်း။
သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။းတိမောသေသြဝါဒစာဒုတိယစောင် ၃း၁၅

No comments:

Post a Comment