Tuesday, November 1, 2016

                   ဆုံးမသောစကားကိုနားထောင်သောသူမူကားသမ္မာသတိနှင့်ပြည့်စုံတတ်၏ 
  ၁။ တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသောတိုက်မြစ်အပေါ်၌သင်တို့သည် ထပ်ဆင့်၍တည်ဆောက်လျက်ရှိကြ၏။ ဧဖက်သြဝါဒစာ ၂း၂၀ ၂။ အငယ်ဆုံးသောသူထက်သာ၍ ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။ ကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကိုတပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက်ရှိ သောထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကိုလူအပေါင်းတို့အားထင်ရှား စေခြင်းငှါ၎င်း၊သန့်ရှင်းသူအပေါင်းတို့တွင်အငယ်ဆုံးသောသူထက်သာ၍ငယ်သောငါအားထိုကျေးဇူးတော်ကို ပေးတော်မူသည်။ဧဖက်သြဝါဒစာ ၃း၉ ၃။ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ညဦးနှင့် နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၃၁ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ ကမ္ဘာဦးကျမ်း၂း၁ ၄။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ဖန်ဆင်း သမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ကမ္ဘာဦးကျမ်း၂း၂ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ထိုနှုတ်ကပတ်တော်သည်အစအဦး၌ဘုရားသခင်နှင့်အတူရှိ၏။ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၁း၁-၃ ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ဤလောကကိုလည်းဖန်ဆင်းတော်မူပြီ။သို့သော်လည်းဤလောကသည် ထိုသူကိုမသိ။ရှင်ယောဟန်ခရစ်ဝင်းကျမ်း ၁း၁၀ အကြောင်းမူကား၊ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာရှိသမျှသောရူပအရာ၊အရှုပအရာ၊ရာ ဇပလ္လင်ဖြစ်စေ၊အစိုးရခြင်းတန်ခိုးဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊အာဏာစက်ဖြစ်စေ၊ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ထိုသခင်အားဖြင့်၎င်း၊ထိုသခင်အဘို့အလိုငှါ၎င်း၊ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက် ဖြစ်ကြ၏။ ကောလောသဲသြဝါဒစာ ၁း၁၆ ၅။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍သန့်ရှင်းစေ တော်မူ၏။အကြောင်းမူကား၊ဖန်ဆင်းပြုပြင် တော်မူသောအမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်၊ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။ကမ္ဘာဦးကျမ်း၂း၃ ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ဤလောကကိုလည်းဖန်ဆင်းတော်မူပြီ။သို့သော်လည်းဤလောကသည် ထိုသူကိုမသိ။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁-၁၀ ၆။ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။ရှင်မာကုခရစ်ဝင်၂း၂၇ ၇။လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။ရှင်မာကုခရစ်ဝင်ကျမ်း ၂း၂၇ သားတော်ကိုရိုသေစေမည်အကြောင်း၊ခမည်းတော်သည်အဘယ်သူကိုမျှတရားစီရင်တော်မမူ။တရားစီရင်ခြင်း အခွင့်ရှိသမျှကိုသားတော်အားအပ်ပေးတော်မူ၏။သားတော်ကိုမရိုသေသောသူသည်ကား၊သားတော်ကိုစေလွှတ် တ်ာမူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၃ ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၃ အသွေး၌ နှစ်ပြီးသောအဝတ်ကိုဝတ်၏။ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏။ဗျာဒိတ်ကျမ်း၁၉း၁၃ ၈။သင်တို့ပြေးရသောအချိန်သည်ဥပုသ်နေ့၌လည်းမကျမည် အကြောင်း ဆုတောင်းကြလော့ ကြီးပွါးတော်မူရာနာဇရက်မြို့သို့ပြန်ရောက်လျှင်၊ထုံးစံတော်ရှိသည်အတိုင်းဥပုသ်နေ့၌တရားစရပ်သို့ဝင်၍ကျမ်းစာ ကိုဘတ်ရွတ်ခြင်းငှါထတော်မူ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၄း၁၆ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ရှင်ယောဟန်ခရစ်ဝင် ၁၅း၁၀ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ဥပုသ်နေ့၌လည်းမကျမည်အကြောင်းဆုတောင်းကြလော့။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း ၂၀ မှတ်ချက်။ ရောမစစ်သားများ စစ်လာတိုက်လိုနိုင်သောနှစ်(ခ န ၇၀) နှစ်အတွင်း အမှုမဲ့အမှတ်မဲ့ကြီးကြီးမား မား၊ ဥပုသ်နေ့ အကြောင်း ခရစ်တော်မိန့်မူခဲ့သော ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း အခန်းအတွင်း၌ ပါရှိသော ခရစ်တော် တပြည့်တော်များကို အသင်တို့ပြေားရသောကာလ သည် ဆောင်လ၌မကျ၊ဥပုသ်နေ့လည်းမကျ ဆုတောင်းကြလော့ ထိုသူတို့သည် ဥပုသ်နေ့၌ ပြေးရသော ကာလသည်ခရစ်တော် သေပြီးနောက်နှစ်(၃၉) ယခုကာလ မဖြစ်တာ ဘုရားသခင်၏ကျေးဇူတော်ကြာင်း ယခုခေတ်ကာလ၌ သန့်ရှင်းသောဥပုသ်တော်နေ့ မမေ့လျှော်အပ်ဘာဘူး။ ခရစ်တော်လက်ဝါးကာတိုင်အပေါ်သေလွန်နောက် တပြည့်တော်များပညတ်တရား အတိုင်း တပြည်တော်တို့သည် သန့်ရှင်းသော ဥပုသ်တော်နေ့၌ စောင့်ထိန်းခဲ့သည်ဖြစ်၍ ကျွန်ပ်တို့ ယခုကာ လ၌ စောင့်ထိန်းဘို့ရန်အလွန်မှအရေးကြီးလှပေသည် ၉။ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ ထိုနောက်မှပြန်သွားပြီးလျှင်ဆီမွှေးနှင့်နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်းဥပုသ်နေ့၌အလုပ်မလုပ်ဘဲနေကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၃း၅၆ ခုနှစ်ရက်တွင်ပဌမနေ့ရက်အာရုဏ်တက်သောအချိန်၌၊ထိုမိန်းမတို့သည်အခြားသောမိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သော နံ့သာမျိုးကိုဆောင်လျက်သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၄း ၁ ၁၀။ သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ သတ္တမ နေ့ရက်သည်သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ထိုနေ့၌သင်မှစ၍သင်၏သားသမီး၊ကျွန်ယော က်ျား၊မိန်းမ၊တိရစ္ဆာန်။သင်၏တံခါးအတွင်း၌ နေသောဧည့်သည်အာဂန္တုသည်အလုပ်မလုပ်ရ။ထွက်မြောက်ရာကျမ်း၂၀း ၁၀ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။ လက်တော်နှင့် ပြုသောအမှုတို့သည်သစ္စာနှင့်၎င်း၊တရားနှင့်၎င်းယှဉ်ကြ၏။ပညတ်တော်အလုံးစုံတို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သောကြောင့်အစဉ်အမြဲတည်ကြ၏။ ဆာလံကျမ်း ၁၁၁း ၈-၉ ၁၁။ပညတ္တိကျမ်း၌အငယ်ဆုံးသောဗိန္ဓြွုတလုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓြွုတလုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။ ရှင်လုကာခရစ်ဝင်း၁၆း၁၇ ၁၂။တရားတော်ကိုမြှောက်၍ ဂုဏ်သရေနှင့် ပြည့်စုံတော်မူစေသည်။ ထာဝရဘုရားသည်မိမိဖြောင့်မတ်ခြင်းကြောင့်အားရနှစ်သက်သဖြင့်၊တရားတော်ကိုမြှောက်၍ဂုဏ်သရေနှင့် ပြည့် စုံတော်မူစေသည်။ဟေရှာယအနာဂတ္တိကျမ်း ၄၂း ၂၁ ၁၃။လူသည် သိုးထက်အလွန်မြတ်ပေ၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည် ကိုယ် တော်ကလည်း၊မိမိ၌သိုးတကောင်တည်းရှိ၍ထိုသိုးသည်ဥပုသ်နေ့၌တွင်းထဲသို့ကျလျှင်၊မဆွဲမတင်ဘဲ နေမည့် သူတစုံတယောက်မျှသင်တို့တွင်ရှိသလော။လူသည် သိုးထက်အလွန်မြတ်ပေ၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူပြီးမှ၊ ရှင်မဿဲခရစ်ဝင်၁၂း ၁၁း၁၂ ၁၄။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ပေါလုသည်မိမိထုံးစံရှိသည်အတိုင်းထိုစရပ်သို့ဝင်၍၊ဥပုသ်နေ့သုံးရက်တွင်ကျမ်းစာကိုအမှီပြု၍ထိုသူတို့နှင့် ဆွေးနွှေးနှီးနှောသဖြင့်၊ တမန်တော်ဝတ္ထု ၁၇း၂ ၁၅။၊ ဥပုသ်နေ့၌ တရားစရပ်သို့ဝင် ၍ထိုင်ကြ၏ ပေရဂေမြို့မှထွက်သွားပြန်လျှင်၊ပိသိဒိပြည်၊အန္တိအုတ်မြို့သို့ရောက်လျှင်၊ဥပုသ်နေ့၌တရားစရပ်သို့ဝင်၍ထိုင်ကြ၏။ တမန်တော်ဝတ္ထု ၁၃း၁၄ နောက်ဥပုသ်နေ့၌ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုနားထောင်အံ့သောငှါတမြို့လုံးကုန်မတတ်စည်းဝေးကြ၏။ တမန်တော်ဝတ္ထုး ၁၃း ၄၄ ဥပုသ်နေ့၌ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ထိုင်ပြီးမှ၊ထိုအရပ်၌စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။ တမန်တော်ဝတ္ထု ၁၆း၁၃ ပေါလုသည်လည်းဥပုသ်နေ့မပြတ်တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်း သွေး ဆောင်လေ၏။ တမန်တော်ဝတ္ထု ၁၈း၎ ၁၆။ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။ ငါတို့မူကား၊ယုံကြည်သောသူဖြစ်၍ဘုရားသခင်၏ချမ်းသာထဲသို့ဝင်ရကြ၏။ထိုသို့နှင့်အညီဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟုအမျက်ထွက်၍ငါကျိန်ဆိုသည်ဟုလာ၏။ချမ်းသာဟုဆိုသော်၊ကမ္ဘာဦး ကပင်အမှုအရာတို့ကိုပြီးစီး၍ငြိမ်ဝမ်တော်မူရာချမ်းသာဟုဆိုလိုသတည်း။ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌လာသည်ကား၊ဘုရားသခင်သည်မိမိအမှုအရာအလုံးစုံတို့ကိုပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ဟေဗြဲသြဝါဒစာ။၎း ၃-၄ ၁၇။ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင်၁၄း၁၅ အသက်ပင်နှင့်ဆိုင်၍၊မြို့တံခါးအတွင်းသို့ဝင်အံ့သောငှါပညတ်တော်တို့ကိုကျင့်သောသူတို့သည်မင်္ဂလာရှိကြ၏။ ဗျာဒိတ်ကျမ်း ၂၂း၁၄ ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကိုငါတို့ သိရကြ၏။ပညတ်တော်တို့ကိုချစ်ကြသည်ကိုငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင် ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၂-၃ ထိုသခင်ကိုကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက်ဆိုသောသူသည်မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌သစ္စာမရှိ။ထိုသခင်၏စကားတော်ကိုနားထောင်သောသူမည်သည်ကား၊ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ငါတို့သည်ထိုသခင်ရှိ ကြောင်းကိုထိုသို့အားဖြင့်သိရကြ၏။ထိုသခင်၌ငါသိ၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။ရှင်ယောဟန်သြဝါဒစာပဌမစောင်း ၂း၃-၆ သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ။၃း၃၁

No comments:

Post a Comment