Monday, September 26, 2016

                                         သမ္မာကျမ်းစာသင်ခန်းစာ(၃)

သမ္မာစာအားဖြင့်ထာဝရအသက်ရမည်ဟုစိတ်ထင်နှင့်စေ့စေ့ကြည့်ခြင်း

၁။သင်တို့သည်ကျမ်း နှုတ်ကပတ်တော်သည်လည်းသင်တို့၌မတည်။စာကို စေ့စေ့ကြည့်ရှုကြ၏။

နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့် ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၅း၃၈-၃၉

မှတ်ချက်။ယုဒလူမျိုးတို့သည်လည်းဓမ္မသစ်ကျမ်းကိုမြော်လင့်၍ စောင့်နေခဲ့ကြသည်သမ္မသစ်ကျမ်းစာများမရေးသားမပြုစုမှီကာလမှ၍  ဓမ္မဟောင်ကျမ်းကိုအမှီပြုထိုသို့အားဖြင့်ဓမ္မဟောင်ကျမ်းများ၌ကယ်တင်ခြင်းတရားထာဝရအသက်ရှင်ခြင်းနှင့်ဆိုင်၍ ထိုသူသည် ယေရှုခရစ်တော် မယုံကြည် လက်မခံသောလည်းထိုသူအလေးအနက်ထား၍ စေ့စေ့ကြည့်၍ သမ္မာကျမ်းစာလေးကြက်သင်ကြားခြင်း အလွန်မှာ အရေးကြီးလှပေသည်

၂။ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍၊တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ဧဝံဂေလိတရားကို ဟောနှင့်လေ၏။ဘုရားသခင်သ ည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည် ဟု ကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့်လေ၏။ ဂလာတိသြဝါဒစာ၃း၈အာဗြံဟံသည် ဝမ်းမြောက်ခြင်းနှင့်  ခရစ်တော်၏ အနစ်ကာလများ မြော်လင့်စောင့်စာလျက်ပင် ဝမ်းမြောက်ခြင်းသိတင်းစကားတော် မြော်လင့်လျက်ရှိ၏ ယောဟန်ခရစ်ဝင်ကျမ်း ၈း၅၆သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန် အလိုရှိ၏။  မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။

၃။သူတို့ကြားရသောတရားစကားသည်၊ကြားရသောသူတို့အထဲ၌ယုံကြည်ခြင်းနှင့်မရောနှောသောကြောင့်အကျိုးကိုမပေး။ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့ သို့ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့်အကျိုးကိုမပေး။ ဟေဗြဲသြဝါဒစာ၎း၂

မှတ်ချက်။သမ္မာကျမ်းစာ၌ ထိုသူတို့သည် ထိုစကားတခွန်း၌ ဆိုသောခြင်း၏ အဓပ္ပါယ် က္ကှသယေလအမျိုးသားတို့သည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသည် နောက်

ခါနန်ပြည်သို့ ဝင်စားစေခြင်းအလိုငှါ ရှေးဘို့ဘေးတို့သည် သမ္မာတရား၌ ရေးထာသည်အတိုင်းမြော်လင့်လျှင့်

လိက်ရှိကြောင်းတမန်တော် ရှင်ပေါလုသည် ထိုဧဝံဂေလိတရားတော်ကိုဟောပြောခြင်းကိုပင်ဖြစ်သတည်း

 ၄။ ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊

မောရှေသည် အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို သာ၍အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏ သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့် ကိုပယ်၏။ ဟေဗြဲသြဝါဒစာ ၁၁း၂၄-၂၇

၅။ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။

မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံ ကိုခံကြသည်ဟူ၍၎င်း၊

ဓမ္မအစာကို အတူစား ကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။

ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ် သတည်း။ ကောရိ န္တု သြဝါဒစာပဌမစောင်၁၀း၂-၎

အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ဧဖက်သြဝါဒစာ ၂း၂၀

ဖိလိပ္ပုသည် ရထားသို့ ပြေး၍ ပရောဖက်ဟေရှာယ၏ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။ တမန်တော်ဝတ္ထု ၈း၃၀

  ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်း တောင်းပန်၏။တမန်တော်ဝတ္ထု ၈း၃၁

 ဖိလိပ္ပုအားမေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကို ဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။ တမန်တော်ဝတ္ထု ၈း၃၅

အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှထ မြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ တမန်တော်ဝတ္ထု ၃း၁၅


သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။ တိမောသေသြဝါဒစာဒုတိယစောင်။ ၃း၁၅


ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ကြည်ရှုကြ၏။ တမန်တော်ဝတ္ထု ၁၇း၁၁


ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။ရှင်မဿဲခရစ်ဝင်၎း၄

 အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှသော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။

ထိုမင်းက၊ ယာကုပ် အမျိုးကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာ အရပ်ကို အကျွန်ုပ်သည် မတွေ့မှီ တိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့် အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။ ဆာလံကျမ်း ၁၃၂း ၁-၅


No comments:

Post a Comment