ဘုရားသခင်သည်အဘယ်သူဖြစ်သနည်း
သမ္မာကျမ်းစာ၌ဘုရားသခင်၏ပညတ်တရားများ
 |
ထာဝရ ဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။
|
၁။ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။
ထာဝရ ဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊
နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။
လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။ ယေရမိအနာဂတ္တိကျမ်း ၁၀း၁၀
၂။ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။
ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁၀
၃။ဒုစရိုက်ပြုသောသူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။
သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော် မူ၏။ ဒုစရိုက်ပြုသောသူတို့ကား၊
ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း၁၂
၎။ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ
ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်း၎း၈
၅။ ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။
တောင်များကို မဘော်၊ မြေကြီးနှင့်လောကဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊
ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင်
ဘုရားသခင်ဖြစ်တော်မူ၏။ ဆာလံကျမ်း၉၀း၂ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော် မူ၏။ ဟေဗြဲသြဝါဒစာ ၁၃း၈
၆။ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏
ယေရှု သည်လည်း၊ သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း
ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင် ၁၉း၂၆
၇။ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်
မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊
မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊
အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင်
မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။ ဟေရှာယအနာဂတ္တိကျမ်း ၄၅း၁၈
ရှေးကာလ၌ ဖြစ်ဘူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏၊၊ ငါမှတပါး အခြားသော ဘုရားမရှိ။
အဦးမှစ၍ အဆုံးတိုင်အောင်င်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမူအရာ တို့ကိုင်း
ဘော်ပြလျက် ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို
ပြည့်စုံစေမည်ဟုဆိုလျက်၊ ဟေရှာယအနာဂတ္တိကျမ်း
၄၆း၉-၁၀
၈။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။
ဝိညာဉ်တော်နှင့် လွတ်ခြင်းအလို့ငှာ
အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလို့ငှာ
အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း
ကောင်းကင် သို့ တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။
နံနက် အတောင်တို့ကို ယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊
ထိုအရပ်၌ပင် ကိုယ်တော်၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။ ဆာလံကျမ်း ၁၃၉း၇-၁၀
၉။သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏
ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။
သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။ ဆာလံကျမ်း ၁၀၃း၁၇-၁၈
၁၀။ ၊ နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ်အသက်ရှင် စေခြင်းငှါ၊ ကြေကွဲနှိမ့်ချသောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
အကြောင်းမူကား၊ သန့်ရှင်းခြင်းဟုနာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော
ဘုံဗိမာန်၌စံတော် မူထသော၊ အထွဋိအမြတ်ဖြစ်တော်မူသော
ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသောအရပ်၌ နေ၏။
စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ်အသက်ရှင်
စေခြင်းငှါ၊ ကြေကွဲနှိမ့်ချသောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
ဟေရှာယအနာဂတ္တိကျမ်း ၅၇း၁၅
No comments:
Post a Comment