Tuesday, November 1, 2016

                                     သမ္မာကျမ်းစာ၌ဘုရားသခင်၏ပညတ်တရားများ


၁။ရှေ့ဦးစွာမှ ဒုစရိက်ကိုပြုသောသူအဘယ်သူသနည်းမာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ် ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၈ ၂။ခရစ်တော်သည်အသင့်တို့အဘ အဘယ်သူဟူ၍မိန့်တော်မူသနည်း သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက် တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော ကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄ ၃။လောက၌ သေခြင်းနားအိုခြင်း အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။ သင်သည် ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍မီးတောက်သော ကျောက်တို့တွင်သွားလာရ၏။ဘွားသောနေ့မှစ၍သင့်အပြစ်ထင်ရှားသောနေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၄-၁၅ ၄။နံနက်သားမိုဃ်းသောကြယ်သည်သူသည်အဘယ်သို့ သူသည်အကြံဆီရှိသနည်း အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်ကကျလေပြီတကား။အပြည်ပြည်တို့ကို နှိပ်စက် သာသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကိုခံရလေပြီတကား။သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက် မည်။ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါမြှောက်မည်၊၊ မြောက်မျက်နှာဘက်ဗျာဒိတ်တော် တောင် ပေါ်မှာ ငါထိုင်မည်၊၊မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟုစိတ်အကြံ ရှိလေပြီ။၏သို့သော်လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ။ ၁၄း၁၂-၁၅ ၅။ကောင်းကာင်၌ ဘာဖြစ်သနည်း ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။နဂါးနှင့်သူ၏ တမန်တို့သည်စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ထိုအခါ၊ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးကို၎င်း၊သူနှင့်အတူသူ၏ တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၇-၉ ၆။ဘုရားသခင်သည် လူကိုအဘယ်သို့ပညတ်ထားတော်မူသနည်။ ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ကမ္ဘာဦးကျမ်း ၁၆း၁၇ ၇။မြွေသည် ထာဝရဘုရားသခင်ဖန်ဆင်းတော်ော မြေတ်တိစ္ဆာန်တကာတို့ထက် အဘယ်သို့ရှိသနည်း မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊သင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။မိန်းမကလည်း၊ ငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊သင်တို့သည်မကိုင်မစားဘဲနေကြလော့။သို့မဟုတ် သေမည် ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ် ။အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆိုလေ၏။ထိုအပင်သည် စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ကမ္ဘာဦးကျမ်း ၃း ၁-၆ ၈။သေခြင်းနားခြင်းအိုခြင်းနာခြင်း အဘယ်သို့ဖြစ်ပေါ်လာသနည်း။ ဤအကြောင်းအရာဟူမူကား၊အပြစ်တရားသည်တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍၊အပြစ်တရား အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ ၏။ ရောမသြဝါဒစာ ၅း၁၂ ၉။ကျွန်ပ်တို့၏ ရန်သူအဘယ်သူ ဖြစ်သညန်း သူအဘယ်သို့ သဘောရှိသနည်း။ သမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၅း ၈ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြ လော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။အကြောင်းမူကားမာရ်နတ်သည်မိမိကာလတခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသော ဒေါသအ မျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည် ကို ငါကြား၏။ဗျာဒိတ်ကျမ်း ၁၂း၁၂ ၁၀။တမန်တော်ရှင်ပေါလုသည် အဘယ်သို့ ကျင့်ရမည်ကြောင်း။ပြောသနည်း။ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြ သည်မဟုတ်။ရောမသြဝါဒစာ ၈း၂၀ ၁၁။းဤလောသည်နိုင်ငံ အဘယ်သို့ အလိုက် မလိုက်သည်ဟူ၍ဆိုသနည်း ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။ ရောမသြဝါဒစာ ၈း၂၀ ၁၂။မည်သို့မရှိ သောသူသည် ဘုရားသခင်မသိသောသူဖြစ်သနည်း ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော် မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈ ၁၃။ဘုရားသခင်၏အချစ်မေတ္တာအဘယ်မျှလောက်ရှိသညန်ဟုဘောပြသနည်း ဖာင့်မတ်သောသူအတွက်ကြောင့်အသေခံမည့်သူရှိခဲ၏။သူတော်ကောင်းအတွက်ကြောင့်အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင်အသေ ခံတော်မူသည်ဖြစ်၍၊ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြ တော်မူ၏။ ရောမသြဝါဒစာ၇း၇-၈ ၁၄။ဘုရားသခင် သည်အဝေက အဘယ်သို့ သော်မေတ္တာနှင့်ချသ်တော်မူသနည်။ ထာဝရဘုရားသည် အဝေးက ထင်ရှား၍၊ မိန့်တော်မူသည်ကား၊အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါ ချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာ ပြ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း ၃ ၁၅။ခရစ်တော်သည် ငါကိုချစ်လျှင် အဘယိသု့ပြုရမည်ဟုမိန့်တော်ရှိသနည်း ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍၊ရှင်ယောဟန်ခရစ်ဝင် ၁၄း၁၅ ၁၆။ငါပညတ်ပညတ်တို့ကို ရ၍စောင့်ရှောက်သောသည် အဘယ်သို့သောသူဖြစ်သနည်။ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ငါ့ကိုချစ်သောသူကိုငါ့ခမည်းတော် သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၁ ၁၇။ဘုရားသခင်ကိုချစ်အဘယ်သို့ စောင့်ရှောက်ကြမည်သနည်း။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မ ဟုတ်။ဘုရားသခင်၏သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင် ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ ၁၈။အချစ်မေတ္တာမရှိလျှင် အဘယ်သို့သောသူဖြစ်သနည်။ ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။အကြောင်းမူကား၊ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၎း၈ ၁၉။မာတန်သည်ရှေ့ဦး စွာမှ အဘယ်သို့ပြုသောသူဖြစ်သည်နည်း မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊အကြင်သူသည်ဒုစရိုက်ကိုပြု၏။ထိုသူ သည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည်ထင်ရှားပေါ် ထွန်းတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင်၃း၈ ၂၀။မုသာကိုသုံးသောသူသည်အဘယ်သသူ၏ သားသမီးဖြစ်သည်နည်း သင်တို့သည် သင်တို့၏အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့အဘ၏အလိုသို့လည်းလိုက် တတ်ကြ၏။မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသော ကြောင့်တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၄

No comments:

Post a Comment