သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၄း၄၄
ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း၁၂း၈-၉
ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြားအစရှိသော ကျောက်မျက်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့်လုပ်သောပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသောနေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။သင်သည် ဖျက်၍လွှမ်းမိုးသော ခေရုဗိမ်ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသောနေ့ တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ မြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကို ဘုရားသခင်၏ တောင်တော်ပေါ်က နှင်ထုတ်မည်။ အိုလွှမ်းမိုးသောခေရုဗိမ်၊ မီးတောက်သောကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁၃-သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေကြောင့် ဝါကြွားသောစိတ် ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကို မြေတိုင်အောင် နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု့၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။
သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို
ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။
သင့်ကိုမြင်သောသူ အပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၂၈း၁-၁၈
အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည်
ကောင်းကင်က ကျလေပြီတကား၊၊ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည်၊
မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား၊၊
သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ
ငါ့ပလ္လင်ကို ငါမြှောက်မည်၊၊ မြောက်မျက်နှာဘက် ဗျာဒိတ်တော် တောင်ပေါ်မှာ
ငါထိုင်မည်၊၊
မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။
သို့သော်လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ၊၊
သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီလျှင်၊
မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ချောက်သောသူတို့ကား
ဤသူလော၊၊
လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော၊၊
အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသေရေနှင့် အိပ်ကြ၏၊၊
သင့်ကိုမူကား၊ ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏၊၊
ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းအတွင်း၌ ကျောက်စုထဲ
သို့ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်းသော
အသေကောင်ဖြစ်လေ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂-၁၉
ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည်
နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။
ကောင်းကင်၌လည်း သူတို့နေစရာမရှိ။
ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော
ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊
မြေကြီးသို့ ချလိုက်ကြ၏။ ဗျာဒိတ်ကျမ်း ၁၂း၇-၉
ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို
သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည်
စားရသောအခွင့်ရှိ၏။
ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
ကမ္ဘာဦးကျမ်း ၂း၁၆-၁၇
မြွေသည် ထာဝရအရှင် ဘုရားသခင်
ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊
သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ်
ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။
သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်
ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင်
သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။ကမ္ဘာဦးကျမ်း ၃း၁-၅
ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု
ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏
အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး
ပင်ပန်းစွာစားရမည်။
ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။
သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက်
အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့
ပြန်ရမည်ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း ၃း၁၇-၁၈-၁၉
လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရား သခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
ထိုသို့သူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊
မီးစက်လက်နက် နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။ကမ္ဘာဦးကျမ်း၂း၂၃-၂၄
No comments:
Post a Comment