Tuesday, November 1, 2016
ယေရှုခရစ်တော် ပယ်ရှင်လိုက်သော ဥပုသ်နေ့များအကြောင်း
၁။ယေရှုခရစ်တော်လက်ဝါးကပ်တိုင်အပေါ်၌ ပယ်ရှင်းသော အရာမည်သို့ အရားများဖြစ်သနည်း ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ခရစ်တော်သအသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍တသက်လုံးကျွန်ခံရသောသူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ထိုသူငယ်တို့၏နည်းတူအသွေးအသားကို ဆောင်ယူတော်မူ၏။ ဟေဗြဲသြဝါဒစာ ၂း၁၄-၁၅ ၂။ယေရှုခရစ်တော် ပညတ်တော်များပယ်ဖျက်ခြင်းရှိလား ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါ လာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ရှင်မဿဲခရစ်ဝင် ၅း၁၇-၁၈ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓြွုတလုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။ ရှင်လုကာခရစ်ဝင် ၁၆း၁၇ ၃။ပညတ်တရားများတို့သည်အဘယ်သို့ရှိသနည်း ထိုကြောင့်၊တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ပညတ်တရားလည်းသန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။ ရောမသြဝါဒစား၇း၁၂ ၄။ပညတ်တရားများကိုအဘယ်သိုနှစ်သက်ကြသနည်း ငါသည်အတွင်းလူ အားဖြင့်ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။ ရောမသြဝါဒစာ၇း၂၂ ၅။ပညတ်တော်များ အဘယ်အတွက်စောင့်ခြင်း ရှကြသည်နည်း ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၂-၃ ၆။ကိုယ်အပြစ်မရှိဟူ၍ဆိုသောသူသည်အဘယ်သို့သောသူဖြစ်သနည်း ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျှင်၊ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ငါတို့၌သစ္စာတရားမရှိ။ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါဘုရားသခင်သည်သစ္စာ တရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၁း၈-၉ ၇။မြော်လင့်ခြင်းသည် အဘယ်သိုသောကင်းလွတ်ခြင်းရှိသနည်း ထိုမြော်လင့် ခြင်းသည်ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏။အဘယ်ကြောင့်နည်းဟူမူကား၊ငါတို့အား ပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားသခင်၏မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။ ရောမသြဝါဒစာ၅း၁၃ ၈။သူငယ်တော်ယေရှုသည် မည်သည့်အရာဖြိုပျက်ခြင်းရှိသနည်း။ ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ခရစ်တော်သည်အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ထိုသူငယ်တို့၏နည်းတူအသွေးအသား ကို ဆောင်ယူတော်မူ၏။ ဟေဗြဲသြဝါဒစာ၂း၁၄-၁၅ ၉။ကောင်းသောအကျင့်သည် အဘယ်သိုသောသဘောရှိသနည်း။ ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖောက်ပြန်သောဇာတိကို၎င်း၊ရှာသောသူတို့ အား ထာဝရအသက်ကို ပေးတော်မူလတံ့။ ရောမသြဝါဒစား၂-၇ ၁၀။ယုံကြည်သူခရစ်ယာန်အပေါင်တိုသည် ယေရှုခရစ်တော် လက်ဝါးကားတိုင်အပေါ်၌ ပညတ်တရားပယ် ဖျက်လိုက်ပြီဆိုသော ပညတ်မည်သည့်ပညတ်များဖြစ်သနည်း အဘယ်သို့နည်းဟူမူကား၊ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓွာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ဧဖက်သြဝါဒစား၂း၁၄-၁၅ ၁၁။ဂတိတော်ပဠိညာဉ်တရား၌အဘယ်သို့သောမျော်လင့်ခြင်းရှိသနည်။ ထိုအခါသင်တို့သည်ခရစ်တော်ကိုမသိ၊ဣသရေလအပေါင်းအသင်း၌မဝင်၊ဂတိတော်ပါသောပဋိညာဉ်တရားတို့ နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကို၎င်း၊ အောက်မေ့ကြလော့။ဧဖက်သြဝါဒစာ ၁း၁၃။ ၁၁။တမန်တော်ရှင်ပေတရုသည် မည်သည့်အကြောင်းကိုဆိုခြင်းဖြစ်သတည်း ပေတရုသည် ယေရုရှလင်မြို့သို့တက်လာ သောအခါအရေဖျားလှီးခြင်းကိုခံသောသူတို့က၊သင်သည်အရေဖျား လှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။ တမန်တော်ဝတ္ထု ၁၁း၂-၃ မှတ်ချက်။က္ကှသရေလအမျိုးတို့သည် အရေဖျားလှီးကိုမခံသောသူတို့မသန့်ရှင်းထိုသူ၌စားသောက်ခြင်းတော် ၎င်း။အပေါင်းဘော်လုပ်ခြင်းသော၎င်း လုံးဝမပြုလုပ်ကြဘာထိုအကြောင်းအရာများရည်ညွန်း၍ပြောဆိုခြင်း သက်သက်သာဖြစ်သည်။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွှယ် ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။ဂလာတိသြဝါဒစာ ၃း၂၈-၂၉ သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍နေကြသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍ မနေ ရကြ။သူတို့၏စိတ်ကို နှိုးစော်စရာအကြောင်းရှိစေခြင်းငှါ၊သူတို့၏လဲခြင်းအားဖြင့်ကယ်တင်တော်မူခြင်း ကျေးဇူး သည် တပါးအမျိုးသားတို့၌ သက်ရောက်လေ၏။ ရောမသြဝါဒစာ ၁၁း၁၁ ထိုသို့ဆိုသော်၊ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကိုတခုခုအားဖြင့် နှိုးစော်၍၊အချို့တို့ကိုကယ်တင်ခြင်းငှါတပါးအမျိုး သားဖြစ်သောသင်တို့အား ဆိုရသတည်း။ ရောမသြဝါဒစာ အခန်းကြီး ၁၁း၁၃-၁၄ အကြောင်းမူကား၊ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ကျွန်ဖြစ်စေ၊လူလွတ်ဖြစ်စေ၊ငါတို့ရှိသမျှသည်ဝိညာဉ် တော်တပါးတည်း အားဖြင့်တကိုယ်တည်းထဲသို့ဗတ္တိဇံကိုခံကြ၏။ငါတို့ရှိသမျှသည်တစိတ်တဝိညာဉ်တည်းထဲ သို့လည်း သောက်ကြ၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၁၂း၁၃ သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏စီးပွားကို၎င်း၊သူတို့၏ရှုံးခြင်းအရာသည်တပါးအမျိုးသားတို့၏ စီးပွားကို၎င်း ပြုစုလျှင်၊ သူတို့၏ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သောတမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏ အရာကိုချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့ ၏စိတ်ကို တခုခုအားဖြင့် နှိုးစော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသားဖြစ်သော သင်တို့အား ဆိုရသတည်း။ရောမသြဝါဒစာ ၁၁း၁၁-၁၄ ၁၂။ခရစ်တော်ထံ၌ အဘယ်သို့သောအကျိုးမရှိဟူ၍သမ္မာကျမ်း၌ဘော်ပြခြင်းရှိသနည်း အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊မခံဘဲနေခြင်းလည်းအကျိုးမရှိ။သတ္တဝါသစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။ ဂလာတိသြဝါဒစာ အခန်းကြီး ၆း၁၅ ၁၃။တမန်တော်ရှင်ပေါလူသည် အဘယ်သို့ အရေဖျားလှီတရားအသို့ဖြစ်သည်ဟူ၍ည်ေပြသနည်း အရေဖျားလှီးခြင်း အားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊ဘုရားသခင်၏ပညတ်တော် တို့ကို စောင့်ရှောက်ခြင်း အားဖြင့်သာ အကျိုးရှိ၏။ ကောရိ န္တု သြဝါဒစာပဌမစောင် ၇း၁၉ ၁၄။ပညတ်တရာများဆိုင်၍ မောရှေ၏ပညတ်တရားတို့သည်အယ်သို့ထားရှသည်ဟူ၍ဘော်ပြခြင်းရှိသနည်း ဤပညတ္တိကျမ်းစာသည်သင်တို့အမျိုးတဘက်၌သက်သေဖြစ်မည်အကြောင်း၊ထိုစာကိုယူ၍သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။ တရားဟောရာကျမ်း ၃၁း ၂၆ ၁၅။ ယုံကြည်ခြင်းအား ပညတ်တရားများပယ်နိုင်ကြသနည်း ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ ရောမသြဝါဒစာ ၃း၃၁ ၁၆။မောရှေ၏ပညတ်ပရောဖက်များတို့ ပညတ်များအဘယ်သို့ဘော်ပြထားသနည်း တဖန်မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ဆာလံကျမ်းစာ ၌၎င်း၊ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟုငါသည်သင်တို့နှင့်အတူရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄း၄၄ ၁၇။ဆန်ကျင်ဘက်ဖြစ်သော အရာများ၌သမ္မာကျမ်းများအဘယ်သို့ဘော်ပြခြင်းရှင်သနည်း ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။အထွဋ်အမြတ်၊အာဏာစက်များကိုလုယူလျှင်၊ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ ကောလောသဲသြဝါဒစာ အခန်းကြီး၂း၂း၁၄ ၁၈။ခရစ်အများအပြားတို့ ခရစ်တော်ပယ်ဖျက်လိုက် ဥပုသ်နေရက်များတို့ မည်သည့် ဥပုသ်နေ့ရက်များဖြစ် သနည်း။ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ ၀တ်ပြုရာကျမ်း ၂၃း၂၃ ၁၉။ယေရှုခရစ်တော် ပယ်ရှင်လိုက်သော ဥပုသ်နေ့ သတ္ထမနေ့ မဟုတ်ကြောင်းတွေ့ရှိနိုင်ပေသည် ဒုစရိုက်အပြစ်၌၎င်း၊ဇာတိပကတိ၏အရေဖျားလှီးခြင်းကိုမခံသောအဖြစ်၌၎င်း သေလျက်ရှိနေ သောသင်တို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေ၍၊သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏။ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ငါတို့စပ်ကြားထဲကပယ် ရှင်းတော်မူပြီ။အထွဋ်အမြတ်၊အာဏာစက်များကိုလုယူလျှင်၊ထင်ရှားစွာထုတ်ပြ၍လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ထိုကြောင့်စားသောက်ခြင်းအမှု၊ပွဲနေ့၊လဆန်းနေ့၊ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကိုအဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။ ကောလောသဲသြဝါဒစာ ၂။၁၃း၁၇ မှတ်ချက်။ဝိနည်းနှင့်ဆိုင်သော ပညတ်မှာ ယဇ်ပူဇော်ခြင်း နှစ်ဆန်းဥပုသ်နေ့ များကိုပင်ဆိုလိုသတည်း ခုရက်နှစ်ရက် ရက်သတ္ထ တပတ်၏ ဥပုသ်နေ့ မဟုကြောင်း သမ္မာကျမ်းစာ၌ ဘော်ပြခြင်းများတွေ့ရှိရပေ သည် ၂၀။ထာဝရ ဘုရားသခင်၏ ပညတ်တော် ဆယ်ပါး ကမ္ဘာအဆက်ဆက်တည်ရှိနေမည်။ ထာဝရဘုရားကလည်း၊ငါရှိရာတောင်ပေါ်သို့တတ်၍ နေလော့။လူများတို့အားသွန်သင်ဘို့ရာ ကျောက်ပြား ပေါ်မှာငါရေးထားသောပညတ်တရားများကို သင်၌ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူပြီး လျှင်၊ ထွက်မြောက်ရာကျမ်း။ ၂၄း၁၂ တဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ထွက်မြောက်ရာကျမ်းး၃၁း၁၂-၁၈ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။ ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည် မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့်ပြုတော်မူ၏။ ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲက သင်တို့နှင့်မျက်နှာချင်းဆိုင် ၍မိန့်မြွက်တော်မူ၏။ ထိုအခါ သင်တို့သည် မီးကိုကြောက်၍တောင်ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည်ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့စပ်ကြားမှာ ရပ်နေ၏။ မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည်သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါမှတပါးအခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေး စီရင်သော ဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏။ သင်၏ ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ သင်ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့် လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရ စ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တု သည်အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန် ယောက်ျားမိန်းမတို့သည် ငြိမ်ဝပ်စွာနေရ ကြမည်။ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနှုတ်ဆောင်တော် မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည် အကြောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။ လူအသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင် သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယားကို တပ်မက်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။ တရားဟောရာကျမ်း ၅း၂-၂၁ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ် မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့် စပ်ဆိုင်သော သူတဘက်၌ မမှန်သော သက်သေကိုမခံနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခု ကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့် ဟုမိန့်တော်မူ၏။ထွက်မြောက်ရာကျမ်း ၂၀း၃-၁၇ မှတ်ချက်။မောရှေ၏ပညတ်တရားများတို့သန့်ရှင်းသော သေတ္တာအနာမှာရှိကြောင်းဘော်ပြထားခြင်းရှိသည် ထာဝရ ဘုရားသခင်၏ပဠိညာဉ်ပညတ်တော်ဆယ်ပါးကျောက်ပြားနှစ်ပြားတို့သည် သေတ္တာအထဲ၌ရှိသည်။ ပုံပြထားပေးပါသည် မောရှေ၏ပညတ်သန့်ရှင်းသောသေတ္တာ၏အနာမှာပုံအအမဲလေးတခုတွေ့ရှိပါလိမ်မည် အဲ့ဒီ ပညတ်တွေဘာပညတ်တွေ ဆိုရင်ကျွန်ပ်တို့နားလည်နိုင်သောအချက်rများမှာ ထာဝရ ဘုရားသခင်၏ ပဠိညာဉ် နှင့်ဆိုင်သော ပညတ်တော်ဆယ်ပါးတို့ ယေရှုခရစ်တော်လက်ဝါးကပ်တိုင်အပေါ်ပယ်သောပညတ် များမပါရှိပေ။ယေရှုခရစ်တေည်သည် ပညတ်တော်ဆယ်ပါးပယ်ဖျက်ခြင်းအလို့ငှါ လာသာမဟုတ်ဝိနည်းနှင့် ဆိုင်သော ယဇ်ပူဇော်ခြင်း ဝိနည်းထုံအဖွဲ ပညတ်များကိုပယ်ဖက်အတွက် လူသာအဖြစ် ဘုရားသခင်၏ သိုး သငယ်အဖြစ် ပုံဆောင်၍ လာခဲ့ခြင်းဖြစ်သည် ၂၁။မောရှေအားဘုရားသခင်သည်အဘယ်သို့ဆင့်ဆိုရမည်ဟူ၍မိန့်တော်မူသနည်း ။ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။သတ္တမနေ့ရက်သည်ငြိမ်ဝပ်စွာနေသောဥပုသ်နေ့၊ဓမ္မစည်းဝေးခြင်းကို တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့ သည်စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေသောဥပုသ်နေ့၊ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊ ပဌမလဆယ်ရက်နေ့ ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။ ၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကိုပြုရမည်။ သတ္တမ နေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ ဟု မိန့်တော်မူ၏။ တဖန် မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရ မည်။ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသောမုန့်ညက် နှစ်သြမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာ၊ စပျစ်ရည် သုံးလောဃဖြစ်ရမည်။ သင်တို့၏ဘုရား သခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့မရောက်မှီ၌၊ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီး အနှံကိုမစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်း ခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။ သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက် ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ဆက်ရကြမည်။ ထာဝရဘုရားအဘို့ အဦး သီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်သြမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊ ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်၊ နွားသငယ်အထီးတကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသောပူဇော် သက္ကာတည်း ဟူသောမီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိတ်ဿဟာရယဇ်အဘို့ အခါမလည်သောသိုးသငယ် နှစ်ကောင်ကို၎င်း ပူဇော်၍၊ ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီး မုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ် နှစ်ကောင်ပါလျက်၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသောအရာဖြစ်သတည်း။ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုစီရင်ရကြမည်။ လောကီအလုပ်ကိုမလုပ်ရ။ သင်တို့နေရပ်အရပ်၌ သင်တို့အမျိုးအဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။ ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်သိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တုအဘို့ ချန်ခြွင်းရ မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။ ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်း ခြင်းကိုခံရမည်။ ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူမည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ။ သင်တို့သည် သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကိုမလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကိုမလုပ်ရ။ ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရ ဘုရားအားပွဲခံရကြမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ရကြမည်။ ပထမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင်အစရှိသော အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ဘုရားသခင် ထာဝရားဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။ ထိုပွဲတော်ကို တနှစ်တနှစ်လျှင်ခုနစ်ရက်ပတ် လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊ သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုး သားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၃း၁-၄၄ ၂၂။ယေရှုခရစ်တော်ပယ်ရှင်လိုက်သော ဝိနည်းနှင့်ဆိုင်သော ဥပုသ်နေ့များ ဆက်၍လေ့လာကြည်မည်။ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကို ဖွင့်တော်မူလျှင်၊ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ သင်တို့သည်လည်း ဤအကြောင်း အရာတို့၏ သက်သေဖြစ်ကြ၏။ ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄း ၄၄း ၄၈ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်း တိုင်အောင်စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များ တို့သည်ကွဲပြားကြ၏။ သင်္ချိုင်းတွင်းတို့ သည်ပွင့်လစ်သဖြင့်ကျိန်းစက်လျက်ရှိသောသန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည်ထကြ၍၊ရှင်မဿဲခရစ်ဝင်ကျမ်း ၂၇း ၄၁-၅၄ ကျွန်ပ်တို့သမ္ဘာဦးအစနေပြီး ခရစ်တော် လက်ဝါကပ်တိုင်အပေါ်သေလွန်ကာလတိုင်အောင် ပံဆောင်ထား ခြင်းအကြောင်းများ ခရစ်တော်သည် ဘုရားသခင်၏သိုးသငယ်လို့ ဆောင်ထားတွေ့ရှိသည် အရေးဖျားလှီ ခြင်း၌ ပပျောက်သောအကြောင်းရင်မှာ နွေရှိနိုင်သောအချက်မှာ ယောဟန်သည် ဗတ္တိဇံ ကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။ အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေးလျက်လာ၏။ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။ အစကထိုသူကိုငါမသိ။ ရေ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုပေးသောသူပေတည်း ဟု မိန့်တော်မူသည်နှင့်အညီ၊ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍၊ ယေရှုကြွတော်မူ သည်ကို မြင်လျှင်၊ ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့ဟုဆို၏၊ တပည့်နှစ်ယောက်တို့သည် ထိုစကား ကိုကြားလျှင်၊ ယေရှုနောက်တော်သို့လိုက်ကြ၏။ ယေရှုသည် လှည့်၍ထိုသူတို့လိုက်ကြသည်ကို မြင်တော်မူ လျှင်၊ အဘယ်အလိုရှိသနည်း ဟုမေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေ တော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟုဆိုလိုသတည်း။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၂၈း၃၈
Subscribe to:
Post Comments (Atom)
No comments:
Post a Comment