Tuesday, November 1, 2016

             ခရစ်ယာန်ဖြစ်ပါလျက်နှင့်..သမ္မာကျမ်းစာမှာရှိသမျှအတိုင်းလက်မခံနိုင်သူ
  ၁။ယေရှုခရစ်တော် ဘယ်နေ့ ဥပုသ်စောင့်ထန်းခဲ့လဲ ကြီးပွါးတော်မူရာနာဇရက်မြို့သို့ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည် အတိုင်း ဥပုသ်နေ့၌တရားစရပ် သို့ဝင်၍ ကျမ်းစာကိုဘတ်ရွတ်ခြင်းငှါထတော်မူ၏။ရှင်လုကာခရစ်ဝင်ကျမ်း ၄း၁၆ ၂။ခရစ်တော်ထမြောက်နေ့သည်ဘာနေ့လဲ ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသောမာရိ သည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၁ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်မာကုခရစ်ဝင် ၁၆။၁-၂ ၃။ခရစ်လက်ဝါးကာတိုင် အပေါ်၌ သေသောနေ့သည် ဘာနေလဲ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ရှင်လုကာခရစ်ဝင် ၂၃း ၅၂း၅၆ ၄။ခရစ်တော်နှင့် တပြည်တော် အိမ်တလုံး၌ ဘယ်သို့အားတွေ့ရှိကြသနည်း ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၂၀း ၁၉ မှတ်ချက်။ ဘယ်လို့ပထနေ့နေ့၌။ယုဒလူတို့ကိုကြောက်၍တံခါးများကိုပိတ်ထားလျက်၊တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍အလယ်မှာရပ်တော်မူလျက်၊သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ ၅။သတ္ထမနေ့ စနေသင်း ခရစ်ယာန်တွေ ရူးလို့ စေနေ့ ဥပုသ်စောင်တာလား သတို့မဟုတ်ဘာဖြစ်လို့လဲ သမ္မာကျမ်းစာ ၌ပါရှိသောနေ့ ရက်များ ကိုမကြည့်တတ်ကြဘူးလား ၁။ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၅ ၂။ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၈ ၃။ ညဦးနှင့် နံနက်သည် တတိယ နေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၁၃ ၄။ ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၁၉ ၅။ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။ကမ္ဘာဦးကျမ်း ၁း၂၃ ၆။၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၁း၃၁ ၇။သတ္တမနေ့ရက် ရောက်လျှင်။(ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍သန့်ရှင်းစေ တော်မူ၏။ ကမ္ဘာဦးကျမ်း ၂း၁-၃ ရောမနိုင်ငံ ရောမမင်းများ ကမ္ဘာကိုအုပ်စဉ်ကာလ၌ပြက္ခဒိန် ထုပ်ဝေးခဲ့သည် ယေရှုခရစ်တော် လောက၌ရှိ စဉ်ကာလ၌ဖြစ်သည် ရက်သတ္ထပတ်ကို မရှုပ်ထွေခဲ့ပါဘူး ပြက္ခဒိန်ထုပ်သောနှစ် October 1582 နှစ်ခု နှစ် တွင် ကြာသာပဒေနေ့ တွင် ၁၅ ရက်နေ့တွင် ပြက္ခဒိန်ကို ထုပ်ဝေခဲ့သည် ထိုကြောင့် သတ္ထမနေ့ ဥပုသ်နေ့ အခုခေတ် အများပြည်သူ သုံးစွဲနေသာ ပြက္ခဒိန် အတွင်ပါရှိသော ရက်သတ္ထပတ်၏ နောက်ဆုံးသောနေ့ သတ္ထမနေ့ဖြစ်သည် ပြက္ခဒိန်ထုပ်ပြန်ထားသောလည်း နေ့ရက်များ မှားယွင်းခြင်းမရှိဘာ ၁၆။ယေရှုခရစ်တော်လက်ဝါးကပ်တိုင် အပေါ်၌အသေခံတော်မူပြီးနောက် ပညတ်တော်ရှိသည်အတိုင် ဥပုသ် နေ့ ကို ဥပုသ် မစောင့်ရှောက်တော့ဘူးလား အဖြေ။ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ခပ်သိမ်းသောတန်ဆာတို့သည်ပြီးစီးလျက်ရှိကြ၏။သတ္တမနေ့ရက် ရောက် လျှင်၊ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ဖန်ဆင်းသမျှသောအမှုအရာ တို့သည်ပြီးစီးပြီးမှ၊ထိုသတ္တမနေ့၌ငြိမ်ဝပ်စွာနေတော်မူ၏။ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။အကြောင်းမူကား၊ဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။ဤအကြောင်းအရာကား၊ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ ကမ္ဘာဦးကျမ်း ၂း၁-၄ သတ္ထမနေ ဥပုသ်နေ့ စောင့်နေတဲ့ ခရစ်ယာန် စနေသင်တွေက ရူးလို့ စောင့်တာလား သမ္မာကျမ်းစာ၌ ရှိလို့ စောင့်နေတာလား ၅။ကောင်းကင်တန်တပါးကား အဘယ်သို့သော သတိပေးခြင်နှင့် ဆိုင်သော သိတင်းဟောပြောသနည်း မြေကြီးပေါ်မှာနေသောသူတည်းဟူသောအသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွှယ်ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကိုဖန်ဆင်းတော် မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။ဗျာဒိတ်ကျမ်း ၁၄း ၆-၇ ၆။ဘုရားသည်အဘယ်သို့ ဖန်ဆင်း၍ အဘယ်သူသောအမှုကိုပြုတော်မူသနည်း ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ ၁။ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ၂။ ခြောက်ရက် ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ ၃။ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ၄။ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ ၅။ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ ၆။သတ္တမနေရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။ထိုကြောင့်ထာဝရဘုရားသည်သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ ၇။ဘုရားသခင် ကောင်းတမန်တပါး ကား ဘုရားသခင်ကိုအဘယ်ရှိ၍ ချီးမွမ်းရမည်သနည်း ဗျာဒိတ်၁၄း၆-၇ အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာသတည်း။အကြောင်းမူကား၊ဘုရားသခင်သည်ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍၊အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍၊တရားသဖြင့်စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ဒေသနာကျမ်း ၁၂း၁၃-၁၄ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။ မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ဆာလံကျမ်း ၁၁၁း၈-၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို အထီမဲ့မြင်ပြုတတ်ကြ၏။ သုတ္တံကျမ်း ၁း ၇ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့် ပေါင်း၍၊ လိမ္မာသော သိပံ္ပအတတ်များကို ဘော်တတ်၏၊ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသော သဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ အကြံပေးနိုင်သော အခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဥာဏ်ဖြစ် ၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ သုတ္တံကျမ်းး ၈ ၁၂-၁၄ ၇။စနေသင်း သတ္ထမနေ့ ခရစ်ယာန်များ ရူးနေလို့ ပညတ်တရားများစောင့်လား ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ရှင်ယောဟန်ခရစ်ဝင် ၁၄း ၁၅ ၈။စနေ့ သတ္ထမနေ့ ခရစ်ယာန်ဘာသာဝင်တို့ စိတ်မနံလို့ ပညတ်တရားအကြောင်းပြောလား ယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုယုံကြည်သောသူမည်သည်ကား၊ဘုရားသခင်ဖြစ်ဘွား စေတော်မူသော သူဖြစ်၏။အဘကိုချစ်သောသူသည်သားကိုလည်းချစ်တတ်သည် နှင့်အညီ၊ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ပညတ် တော်တို့ကိုစောင့်ကြလျှင်၊ဘုရားသခင်၏သားတို့ကိုချစ်ကြသည်ကိုငါတို့သိရကြ၏။ပညတ်တော်တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။ဘုရားသခင်၏သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၁-၄ ၉။စနေသင်း သတ္ထမနေ့ အသင်းတော်မှ ခရစ်ယာန်များတို့ ရူးနေလို့ ပညတ်တရားအကြောင်းပြောလား ဒါမှ စနေသင်း သတ္ထနေ့ ခရစ်ယာန်များ မုသာနှင့် ပညတ်တရားစောင်ရှောက်ရန်ပြောနေသလား စနေ သင် ခရစ်သူတို့ဘယ်သို့ကြလဲ ရူးလိုပြောနေတာလား ထိုသခင်ကိုကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့သိရသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင်သိရသတည်း။ ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက်ဆိုသောသူသည်မုသာကိုသုံးသောသူဖြစ်၍ထိုသူ၌သစ္စာမရှိ။ထိုသခင် ၏စကားတော်ကိုနားထောင်သောသူမည်သည်ကား၊ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနှင့်အမှန်ပြည့်စုံ၏။ငါတို့သည်ထိုသခင်ရှိ ကြောင်းကိုထိုသို့အားဖြင့် သိရကြ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၅ ၁၀။အပြစ်ဒုစရိက် ဘာကြောင့်ဖြစ်လာလဲ ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ၁၁။ကမ္ဘာဦး အစလူးအသက်ကို သတ်သောသူအဘယ်သူလဲ သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင် ၈း ၄၄ ၁၂။ကမ္ဘာအဦး အစ၌ ဘုရားသခင်သည် လူးအား အဘယ်သို့ပညတ်တော်မူသနည်း။ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊သင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။ မိန်းမကလည်း၊ငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊သင်တို့သည်မကိုင်မစားဘဲနေကြလော့။သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆိုလေ၏။ထိုအပင်သည် စားဘွယ်ကောင်း၏၊အဆင်းလည်းလှခြင်း၊ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊အသီးကိုယူ၍စား၏။မိမိခင်ပွန်းအားလည်း ပေး၍သူသည်လည်းစား၏။ထိုသူနှစ်ယောက် တို့သည်မျက်စိပွင့်လင်း၍၊မိမိတို့၌အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊မိမိတို့ဝတ်ရန်ဘို့သင်္ဘောသဖန်းပင် အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။ကမ္ဘာဦးကျမ်း ၃း ၁-၇ ၁၃။မိန်းမတို့ အဘယ်သို့တင်တယ်လှခြင်းနှင့် ဘုရားသခင်ရှေ၌ ရှိသင့်သနည်း ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊ နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊ လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်၊၊ မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသော အဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်၊၊ သင်၏လူတို့သည် ထားလက်နက်ဖြင့်င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်င်းလဲ၍ ဆုံးရှုံးကြလိမ့်မည်။ သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊ ဟေရှာယအနာဂတ္တိကျမ်း ၃း၁၈-၂၆ ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဘိုးထိုက်တန်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည် အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှါငါအလိုရှိ၏။ တိမောသေသြဝါဒပဌမစောင်၂း၉-၁၀ သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၃း ၃-၄ ၁၄။ပညာတ်၏ အချုပ်အခြားအဘယ်သို့ရှိသနည်း မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည်သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာ ဖြစ်၏။ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။ ဆာလံကျမ်း ၁၁၁း၉-၁၀ ပညာရှိသသောသူ၏စကားသည်တုတ်ချွန်နှင့်င်း၊တပါးတည်းသောသိုးထိန်းကြီးအပ်းပေတော်မူ၍ပရိတ်အပ်တို့ရိုက် ထားသောသံချွန်နှင့်င်းတူသည်။တဖန်တုံ၊ငါ့သား၊ထိုသို့သောစကားဖြင့်ဆုံးမခြင်းကိုခံလော့။စာများကိုစီရင်၍မကုန်နိုင်။ စာကိုကြိုးစား၍ကြည့်ရှုခြင်းအမှုသည၊်ကိုယ်ကိုနှောင့်ရှက်သောအမှု ဖြစ်၏။အချုပ်အခြာစကားဟူမူကားဘုရားသခင် ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊လူနှင့်ဆိုင်သောအမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာ သတည်း။အကြောင်းမူကား၊ဘုရားသခင်သည်ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိ သမျှတို့ကိုစစ်ကြော၍၊တရားသဖြင့်စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ ဒေသနာကျမ်း ၁၂း ၁၁-၁၄ ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သောစကားကို နားလည်မည် အကြောင်း၊ ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းအမှုအရာ၌ လေ့ကျက် မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည့်အကြောင်း၊ ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်၊ ဥာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကိုင်း၊ ပညာရှိဟော ပြော၍ နက်နဲသောစကား တို့ကိုင်း၊ နားလည်သော နိဿရည်းဆရာ အဖြစ်သို့ ရောက်ရလိမ့်မည်။ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို အထီမဲ့မြင်ပြုတတ်ကြ၏။ သုတ္တံကျမ်း ၁း ၁-၇

No comments:

Post a Comment