Tuesday, November 1, 2016
ဘုရားသခင်၏ စကားတော်ကိုနားမထောင်သောကြောင့် အဖိုအခ
၁။ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီ သားတို့ကို ချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃; ၁၆ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာ သောကြွေးကြော်ခြင်း၊မျက်ရည်ကျခြင်းနှင့်ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ချမ်းသာရသည်ဖြစ် ၍၊ဘုရားသခင်၏သားတော်မှန်သော်လည်း၊ဆင်းရဲဒုက္ခကိုခံသောအားဖြင့်နားထောင်ခြင်းအကျိုးအကြောင်း ကို သင်တော်မူ၏။ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊ ဟေဗြဲသြဝါဒစာ ၅း၇-၉ ၂။ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ ဖြောင့်မတ်သောသူအတွက်ကြောင့်အသေခံမည့်သူရှိခဲ၏။သူတော်ကောင်းအတွက်ကြောင့်အသေခံဝံ့သော သူရှိကောင်းရှိလိမ့်မည်မှန်စေတော့။ငါတို့သည်အပြစ်ရှိစဉ်ပင်၊ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေခံ တော်မူသည်ဖြစ်၍၊ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြ တော်မူ၏။ ရောမသြဝါဒစာ ၅း၇-၈ ထာဝရဘုရားသည်အဝေးကထင်ရှား၍၊မိန့်တော်မူသည်ကား၊အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာ ပြ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း၃ ၃။သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ထိုသူက၊သင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့၊အစွမ်းသတ္တိရှိသမျှ၊ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ရှင်လုကာခရစ်ဝင် ၁၀း ၂၇ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ တရားဟောရာကျမ်း ၆း၅ ၄။ သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်လော့။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်ဘုရားသခင်ကိုချစ်ရာရောက်၏။ပညတ်တော်တို့ကို စောင့်ခဲသည်မ ဟုတ်။ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅း၃ ၅။အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၀ိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊လာခဲ့ပါဟုဆိုကြ၏။ကြားသောသူကလည်းလာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ဗျာဒိတ်ကျမ်း ၂၂း၁၇ ၆။၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရကြရလိမ့်မည် မြင့်သောအရပ်တို့၌ မြစ်ကိုင်း၊နိမ့်သောအရပ်တို့၌စမ်းရေကိုင်းငါပေါက်စေမည်။ တောအရပ်၌ ရေကန်များ ကိုင်း၊ သွေ့ခြောက်သော အရပ်၌ စမ်းရေတွင်းများကိုင်း ငါဖြစ်စေမည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၁း၁၈ သင်တို့သည်ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကိုစားရကြလိမ့်မည်၊၊သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရကြရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဟရှာယအနာဂတ္တိကျမ်း ၁း၁၉-၂၀ ၇။သန့်ရှင်းရာဌာနတော်နှင့်သန့်ရှင်သောတန်ဆာရှိသမျှတို့ကိုဖုံးအုပ်သောနောက် ကောဟတ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ ထိုသို့တပ်ချီချိန် ရောက်သောအခါ၊အာရုန်နှင့်သူ၏သားတို့သည်၊သန့်ရှင်းရာဌာနတော်နှင့်သန့်ရှင်သောတန် ဆာ ရှိသမျှတို့ကို ဖုံးအုပ်သောနောက် ကောဟတ်သားတို့သည် ထမ်းခြင်းငှါချဉ်းကပ်ရကြမည်။သို့ရာတွင်သူ တို့သည် သေခြင်းနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ။ ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ကောဟတ် သားများဆောင်ရွက်သော အမှုပေတည်း။တောလည်ရာကျမ်း ၄း၁၅ ၈။ ဘုရားသခင်၏သေတ္တာတော်ကိုလှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ် အဘိနဒပ် အိမ်ထဲကထုတ်ကြ၏။ ဘုရားသခင်၏သေတ္တာတော်ကိုလှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲကထုတ်ကြ၏။အဘိနဒပ်၏ သားသြဇနှင့် အဟိသြတို့သည် လှည်းသစ်ကိုနှင်ရကြ၏။ ဓမ္မရာဇဝင်ဒုတိယစောင် ၆းး၃ ၉။သန့်ရှင်းရာ ဌာနတော်အမှုကို စောင့်ရသော ကောဟတ်သားတို့သည်၊ သန့်ရှင်းရာ ဌာနတော်အမှုကို စောင့်ရသော ကောဟတ်သားတို့သည်၊မိမိတို့ပခုံး၌ထမ်းရွက်ရသောကြောင့်၊ သူတို့အားရထား နှင့် နွားတို့ကိုမပေး။တောလည်ရာကျမ်း ၇း ၉ ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည်ဘုရားသခင်၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။ ရာဇဝင်ချုပ်ပဌမစောင် ၁၅း၁၅ ၁၀။ အဓမ္မအမှုကိုအလျင်အမြန်စစ် ကြော၍၊ဒဏ်မပေး သောကြောင့်၊လူသားတို့သည်အဓမ္မအမှုကိုပြုခြင်းငှာ၊ခိုင်မာစွာ သဘောထားကြ၏။ ဒေသနာကျမ်း ၈း၁၁ ၁၁။ထာဝရဘုရားသည် သြဇကိုအမျက်ထွက်၍သူ၏ နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည်ဘုရားသခင်၏ သေတ္တာတော်ကိုလှုပ်ရှားသော ကြောင့်၊သြဇသည်လက်ကိုဆန့်၍ သေတ္တာတော်ကိုကိုင်၏။ထာဝရဘုရားသည်သြဇကိုအမျက်ထွက်၍သူ၏ အပြစ်ကြောင့်ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူ သည် သေတ္တာတော်နားမှာသေလေ၏။ ဓမ္မရာဇဝင်ဒုတိယစောင် ၆း ၆-၇ ၁၂။ အဓမ္မအမှုကို အလျင်အမြန်စစ် ကြော၍၊ ဒဏ်မပေး သောကြောင့် သို့မဟုတ်သင့်ကိုငါအလိုမရှိဟုငါ့အားမိန့်တော်မူလျှင်ငါရှိပါ။အလိုတော်ရှိသည်အတိုင်းပြုတော်မူစေသတည်းဟူ၍ ၎င်း၊ဓမ္မရာဇဝင်ဒုတိယစောင် ၁၅း၁၅း၂၆ ၁၃။ ကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ ယခုမှာကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊အကျွန်ုပ်၌ ပြုတော်မူ သောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကို စိုးရိပ်ပါ၏။ကမ္ဘာဦးကျမ်း ၁၉း ၁၇ ၁၄။ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံး အခိုးတက် သည်ကို မြင်လေ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့မှစသောချိုင့်အရပ်တရှောက်လုံးကိုကြည့်ရှု၍၊မီးဖို၌အခိုးကဲ့သို့၊တပြည်လုံးအခိုးတက် သည်ကို မြင်လေ၏။ကမ္ဘာဦးကျမ်း ၁၉း ၂၆ ၁၅။ လောတ၏မယားကို အောက်မေ့ကြလော့။ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ရှင်လုကာခရစ်ဝင် ၁၇း၃၂ ၁၆။နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့လွတ်ကြလိမ့်မည်နည်း။ ကောင်းကင်တမန်များအားဖြင့်ထားတော်မူသောဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှုအမျိုးမျိုး တို့သည်ခံထိုက်သောအပြစ်ဒဏ်ကိုခံရသည်မှန်လျှင်၊အစအဦး၌သခင်ဘုရားဟောတော်မူ၍ ဒေသနာစကား တော်ကိုကြားရသောသူတို့သည်၊ယုံလောက်သောသက်သေအားဖြင့်ငါတို့အားဆင့်ဆို၍ ဟောပြောသောဤ မျှလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကိုငါတို့သည်နားမထောင်ဘဲနေလျှင်၊အပြစ်ဒဏ်နှင့်အဘယ် သို့လွတ်ကြလိမ့်မည်နည်း။ ဟေဗြဲသြဝါဒစာ ၂း ၂-၃ ၁၇။၊ နောက်တဖန် အပြစ် ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ အကြောင်းမူကား၊သမ္မာတရားကိုသိပြီးမှကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ဟေဗြဲသြဝါဒစာ ၁၀း၂၆ ၁၈။ထာဝရဘုရားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကိုကြောက်ရွံြ့က၏။ ဟေရှာယအနာဂတ္တိကျမ်း ၂၉း ၁၃ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင် ၁၅း၉ ဘုရားသခင်၏ စကားတော်ကိုနားမထောင်သောကြောင့် အဖိုအခ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment