ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့သည် ဥပုသ်နေ့ ဟုတ်မှန်ပါမည်လော့
၁။ခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့သည် ဥပုသ်နေ့ ဟုတ်မှန်ပါမည်လော့ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ရှင်မာကုခရစ်ဝင်ကျမ်း၁၆း၁-၂
မှတ်ချက်။ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ ယုံကြည်ခြင်းဖြေင့်မတ်စွာ ခရစ်တော်ထမြောက်သောနေ့၌ ဘုရားသခင်ချစ်၍ စောင့်ထန်းနေကြသည်။ သိုသောလည်း၊ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ ခရစ်ယာန်ဘာသာအထဲ၌ နားမလည်နိုင်သော ဘာသာတရပ်ပင်ဖြစ်သ
သည်။ အချို့သော ခရစ်ယာန်ဘာသာ များတို့သည် စနေ့ သတ္ထမနေ့ ဥပုသ်နေ့ဟူ၍ ဘုရားသခင်ကိုကြောက်ရွံ့၍ ဘုရားသခင်၏၊ ဥပုသ်နေ့ များကိုစောင့်ထိန်းနေကြသည်ဖြစ်၍၊ ကျွန်ပ်တို့ခရစ်ယာန်ဘာသာဝင်များ၌၊ ရှုတ်ထွေသောဘာသာ ကြီးတမျိုးပင်ဖြစ်သည်၊သို့ရာ
တွင်၊ကျွန်ပ်တို့ ခရစ်ယာန်ဘာသာ တရား၌ အပေးရန်ကနေကြည့်အရန်းလွယ်ကူသော ခရစ်ယာန်ဘာသာဖြစ်သည်၊လူသားရိုးရိုး အတွေး လောကီပညတ်အတတ်များဖြင့် စဉ်းစားလို့မရှိနိုင်သော ဘာသာကြီး တခုလို့ပြောလျှင်၊ မမှားပါဘူး ဘုရားသခင်၏နှုတ်ထွက်တရား
တော်များ ကိုနေ့စဉ်လေ့လာဖတ်ရှုသူများ အများပြားရှိကြသည်။သို့ရာတွင်၊ ခရစ်ယာန်ဘာသာမှာ ဥပုသ်နေ့ နှစ်ရက်ဖြစ်နေရခြင်းအကြောင်းအရင်ကို သမ္မာကျမ်းစာဖတ်သော်လည်း၊စိတ်နှစ်အထဲ ဘုရားသခင်၏၊ ဝိညာဉ်တော်မရှိသောကြောင့် ရေပေါ်မှာပြေးနေသော ငါး
ဇင်ရိမ်း နှင့် အလာသတံတူပေသည်
၂။ကျွန်ပ်တို့ခရစ်ယာန်ဘာသာတရား၌။ခရစ်တော်ထမြောက်သောနေ့သည် ဥပုသ်နေ့ဟူ၍ သမ္မာကျမ်းစာ၌ရှိပါလား
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏
ဘုရားသခင်ဖြစ် ဘွားစေတော်မူသော သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌မျိုးစေ့တော်တည် လျက်ရှိ၏။ ထိုသူသည်ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။
ထိုသို့သောလက္ခဏာ အားဖြင့်ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကိုမကျင့်သောသူ၊ မိမိညီအစ်ကိုကိုမချစ်သောသူမည်သည်ကား၊ ဘုရားသခင်နှင့် မဆိုင်။ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် ၃း၈-၁၀
မှတ်ချက်။ကျွန်ပ်သမ္မာကျမ်းစာ တအုပ်လုံးရှိဖွေ၍ကြည့်သော ခရစ်တော်ထမြောက်နေ၌ ဥပုသ်နေ့ဟူ၍ သမ္မာကျမ်းစာ၏ အထောက်အထာမပြနိုင်ကြဘာဘူး။ သို့သောလည်း ခရစ်ယာန်ဘာသာတရား၌ သိက္ခာရဆရာကြီးတချို့တို့သည် ခရစ်တော် လောက၌ ပေါ်ထွန်တော်
မူပြီးနောက်၊ပညတ်တော်နှင့်ဆိုင်သောအရာတို့ ခရစ်တော်ပယ်လိုက်တော်မူပြီ ဟူ၍ သမ္မာကျမ်းစာသင်ကြား၌ သွန်သင်လျက်ရှိကြသည်။မာရနတ်သည် အဘယ်သို့သူဟူ၍၊ သမ္မာကျမ်းစာ၌ဖော်ပြခြင်းရှိသနည်း။
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။
ဘုရားသခင်၏ သာတော်သည်ထင်ရှားပေါ်ထွန်းတော်မူခြင်း၌ အဘယ်သို့နားလည်းကြမည်သနည်း
အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှါချုပ်
ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ရှင်ပေတရုသြဝါဒစာဒုတ်ယစောင် ၂း၎
၃။ပညတ်တရားများတို့သည် အပြစ်ဒုစရက်ဖြစ်နိုင်မည်လော့။
ပညတ်တရားသည်ကားအမျက်ဒေါသနှင့်စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။ရောမသြဝါဒစာ ၄း၁၅
အပြစ်တရားကြောင့် သေခြင်းတရား ကမ္မာအပေါ်သက်ရောက်ခဲ့သည်
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ကမ္ဘာဦးကျမ်း ၄း၈သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့် ဆိုင်၍ မိမိညီကိုသတ်သောကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရ ကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကိုအဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည်ဆိုးယုတ် ၍၊ ညီ၏အကျင့် သည် ဖြောင့်မတ်သတည်း။
ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၁၁-၁၂
၎။ကာက္ကှနသည် ညီအစ်ကိုသတ်သောဟူ၍ ဘုရားသခင်အပြစ်တော်မူသနည်း
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏ အလိုသို့လိုက်၍၊ သင်သည်သူ့ကို အုပ်စိုးရ၏ ဟုကာဣနကိုမိန့်တော်မူ၏။
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။
ထာဝရဘုရားကလည်း၊ သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်း ဟု၊ ကာဣနကိုမေးတော်မူလျှင်၊ အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါ သလောဟု လျှောက် ဆို၏။
ဘုရားသခင်ကလည်း၊ သင်သည်အဘယ်သို့ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို အော်ဟစ်လျက်ရှိသည်တကား။
သို့ဖြစ်၍ သင့်ညီ၏ အသွေးကိုခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်း ကိုသင်သည်ခံရသောကြောင့်၊ ကမ္မာဦးကျမ်း ၄း၇-၁၁
၅။ခရစ်တော်အဘယ်အရားများပယ်ရှုင်
းတ်ာမူသနည်း
ငါတို့၏ ရန်ငြိုမ်းခြင်း အကြောင်း ဖြစ်တော်မူတော်မူ၏ဝိနည်း အထုံးအဖွဲ့နှင့် ဆိုင်သောပညတ်တရားတည်းဟူသောရန်ငြိုမ်းဖွဲ့ခြင်၏။ အကြောင်းကို ကိုယ်ခန္ဒာတော်အတွင်း ပယ်ရှင်းသောမူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်နံကိုဖြိုဖျက်၍လူမျိုး နှစ်စုတို့ကို
တစုတည်းဖြစ်စေတော် မူ၏။ဧဖက်သြဝါဒ
စာ ၂း၁၅
မှတ်ချက်။ယေရငခရစ်တော်ပယ်ရှင်တော်မူထသော ပညတ်တရားများ ဝိနည်းထုံဖွဲ့ခြင်း က္ကှသယေလအမျိုးတို့နှင့်စပ်ကြး၌ မာဟာတန်တိုင်ကြီးကိုပယ်ဖျက်ခြင်း ဖြစ်သတည်း
၆။ယေရှုခရစ်တော် ပညတ်တရားများပယ်ဖက်ခြင်းအလိုငှါ လာသနည်း
ပညတ်္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်း ငါလာသည်ဟု မထင်ကြနှင့်ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ပြည့်စုံစေခြင်းငှါငါ လာသတည်း ရှင်းမဿဲခရစ်ဝင်ကျမ်း ၅း၁၇
မှတ်ချက်။ယေရှုခရစ်တော်ပညတ္တိကျမ်း များ ပယ်ဖျက်ခြင်းအလိုငှါ ငါသည်ဟုမထင်ကြပါနှင့် ဟု၍မိန့်တော်သည် ကျွန်ပ်တို့ ခရစ်ယာန်ဘာဝင်များတို့ ဘယ်ပညတ် များ ယေရှုခရစ်တော်ပယ်ရှင်သည်ဟူ၍ထောက်ပြနိုင် မည်လော့
၇။ယေရှုခရစ်တော် ပညတ်တရားနှင့်ဆိုင်၍ အဘယ်မျှလောက် တည်ရှိမည်ဟူ၍
မိန့်တော်မူသနည်းငါအမှန်ဆိုသည်ကား၊ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံးခြင်း မရောက်မှီ မပျက်စီးရ။
မှတ်ချက်။ယေရှုခရစ်တော် မိန့်တော်မူသည်မှာ ပညတ္တိကျမ်း အနာဂတ္တိကျမ်း၌ ပါရှိသောစားလုံးမျှ မပျက်ရဘူးဟူ၍မိန့်တော်မူခြင်းကိုတွေ့ရှိနိုင်သည် ပဋ္ဌမနေံရက် ဥပုသ်စောင့်ခြင်း အရာတို့သည် ဘယ်သမ္မာကျမ်း၌ ရှိကြမည်လော့ ဖေါ်ပြနိုင်သူရှိပါကဖေါ်စေလိုပါသည်
၈။ယေရှုခရစ်တော်သည် ကောင်းကင်နှင့်မြေကြီးပျက်စီလွယ်သောလည်းမည်
သည် ပညတ်များ တို့အဘယ်သို့ရှိသည်ဟူ၍ မိန့်တော်မူသနည်းပညတ္တိကျမ်း၌ အငယ်ဆုံသောဗိန္ဓုတလုံးပျက်စီးလွယ်သည်ထက်၊ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏
မှတ်ချက်။ပညတ္တိကျမ်း အနာဂတ္တိကျမ်းရှိသည်တို့ အငယ်သောစာလုံးမျှ မပျက်စီးဘဲ ကောင်းကင်နှင့် မြေကြီးသာလျှင် ပျက်စီလွယ်သည်ဟူ၍ ယေရှုခရစ်
တော် မူခြင်ကိုတွေ့ရသည်
၈။တမန်တော်ရှင်ပေါလုကလည်း အဘယ်သို့ ပညတ်များရှိသည်ဟုပြောသနည်း
တရားတော်သည်သန့်ရှင်ခြင်းရှိ၏။ပညတ်တော်တရားလည်း သန့်ရှင်းခြင်း၊ဖြောင့်မတ်ခြင်းကောင်းမြတ်ခြင်းရှိ၏။ ရောမသြဝါဒစာ ၇း၁၂း
မှတ်ချက်။ပညတ်တရာတို့သည်ကောင်မြတ်ခြင်နှင့်သန့်ရှင်းခြင်း။ဖြောင့်ခြင်းရှိကြောင်း တမန်တော်ရှင်ပေါလုကလည်း ထောက်ခံထားသည်မြင်တွေ့ရသည်
၉။တမန်တော်ရှင်ပေါလုသည် လူအားဖြင့် ဘုရားသခင်၏ပညတ်တရားအယ်သို့
ရှိကြသနည်းငါသည်အတွင်းလူအားဖြင့်ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏
ရောမသြဝါဒစာ ၇း၂၂
၁၀။ပညတ်တော်များကိုစောင့်ရှောက်ခြင်းအရာ၌ အဘယ်သို့ရှိသနည်း
ပညတ်တော်တို့ ကို စောင့်ခြင်း အရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင် ၅း၃
သတ္ထမနေ့ ဥပုသ်နေ့ အသင်းတော်မှ အသင်းသူ အသင်းသာတို့သည် ဘုရားသခင်ချစ်၍ ပညတ်တရား များစောင့် ရှောက်နေခြင်ဖြစ်သည်
၈။အပြစ်မရှိဟုပြောသောသူအဘယ်သို့ဖြစ်သနည်း
ကိုယ်အပြစ်ဟု ငါတို့ဆိုလျှင် ၊ကိုယ်ကိုလှည့်ဖြားတတ်ကြ၏ငါတို့၌သစ္စာမရှိ ရှင်ယောဟန်သြဝါဒစာပဋ္ဌမစောင်၂း၈
၁၁။ပညတ်တရားမထားမှီတိုင်အောင် လောက၌အပြစ်ရှိ၏။အဘယ်ပညတ်တရာမျှမရှိ
လျှင်၊အပြစ်ရှိသည်ဟုမှတ်စရာမရှိ။ ရောမသြဝါဒစာ ၅း၁၃
၁၁၂။ထိုအခါသင် တို့သည် ခရစ်တော်ကိုမသိ၊က္ကှသရေလအပေါင်းအသင်တို့၌ မဝင်၊
ဂတိတော်မပါသော ပဠိညာဉ် တရားတို့နှင့်မဆိုင်၊မြော်လင့်ခြင်မရှိ၊လောက၌ ဘုရားမဲ့နေကြသည်ကို၎င်း၊အောက်မေ့ကြလော့။ သင်တို့သည်အထက်ဝေးလျက်ရှိသော်လည်း၊ယခုမှာ ယေရှုခရစ် ၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။အဘယ်သို့နည်း
ဟူမူကား၊ထိုသခင်သခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်းဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့် ဆိုင်သော ပညတ်တရားတည်းသောရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကိုကိုယ်ခန္ဓာတော်တွင်း ပရှင်တော်မုသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုပ်တန်နံရံကိုဖြိုဖျက်၍
လူမျိုးနှစ်စုတို့ကို တစုတည်းဖြစ်တော်မူ၏။အကြောင်းမူကား၊ရန်ငြိမ်းစေပြီးလျှင်၊ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်းဖြစ်စေခြင်းငှါပြင်ဆင်၍၊တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊လက်ဝါးကပ်တိုင်တော်အားဖြင့်ရန်ကိုသတ်ဖြတ်လျက်၊
ဘုရားသခင်နှင့်မိတ်ဿဟာယဖွဲ့စေမည်အကြောင်းတည်း.ထိုခရစ်တော်သည်လည်းကြွ လာ၍၊ဝေးလျက်ရှိသောသင်တို့အား၎င်း၊နီလျက်ရှိသာ ဧဝံဂေလိတရားကိုဟောတော်မူ၏။ထိုသို့ခရစ်တော်အားဖြင့်ငါတို့နှစ်ဦးသည်စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ်၍၊ခမည်းတော်ထံသို့တိုးဝင်ရမည်အခွင့်ကိုရကြပြီး။ထိုကြောင့်၊သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ဧည့်သည် လည်းမဟုတ်၊သန့်ရှင်သူတို့၏ အမျိုးသာချင်းဖြစ်ကြ၏။ဘုရားသခင်၏အိမ်တော်သာလည်းဖြစ်ကြ၏။ ဧဖက်သြဝါဒစာ ၂း၁၂မှ၁၉
မှတ်ချက်။က္ကှသယေလအမျိုးတို့နှင့်..တပါးသောအမျိုး အပေါင်းအဘော်မုကြသည် ယူဒလူ
မျိုးတို့သည် ယူဒလူးမျိုးမဟုန်လျှင် မသန့်ရှင်ဘူးဟူ၍ထင်တတ်ကြသည်နှင့်အညီ တပါးသောအမျိုးနှင့် ယူဒလူးမျိုး၏ ဆပ်ကြား၌ ယေရှုခရစ်၏အသွေးတော်အားဖြင့်သာလျှင် ရန်ကိုငြိမ်း
စေသည်ဟု တမန်တော် ရှင်သောလုကစိတ်ဝိညာဉ်တရား၌ ခွဲခြားမှုမရှိတော့ကြောင်းကိုဖေါ်ခြင်းဖြသည်။တကျွန်တနိုင်ငံသားမရှိ ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် တလုံးတဝတည်းရှိကြောင်းဖေါ်ခြင်ကိုသာလျှင်တွေ့ရှိသည် ပညတ်တရားများပညတ်ပယ်ဖျက်ခြင်းမ
တွေရှိရပေ
၁၃။တမန်တော်ရှင်ပေတရုသည် မည်သည့်အကြောင်းအရားများဖေါ်ပြခြင်းရှိသနည်း
တပါးအမျိုးသားတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုခံယူကြသည်ဟုယုဒပြည်၌ရှိသောတမန်တော်
တို့နှင့်ညီအစ်ကိုများတို့သည်ကြားသိကြ၏။ပေတရုသည်ယေရုရှလင်မြို့သို့တက်လာသောအခါအရေဖျား
လှီးခြင်းကိုတို့နှင့် ပေါင်းဘော်၍စားသောက်ပါသည်တကားဟုဆန့်ကျင်ဘက်ပြု၍ဆိုကြ၏ တမန်တော်ဝတ္ထု ၁၁း၁-၁၅
မှတ်ချက်။တမန်တော်ရှင်တရုသည်မြင်ရသောရူပါရုံသည် လူးမျိုးအားလုံးသန့်ရှင်းကြောင်း ဘုရားသခင်ဖတ်သမျှ သောသူအပေါင်းတို့သည်စင်ကြယ်ကြောင်းကိုဖေါ်ပြင်ဖြစ်သည်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တို့ အားလုံးစာလို့ရတယ်လို့အဓိပ္ပါယ်ပြန်ခြင်းမှားမှားယွင်း
ခြင်းဖြစ်ည်။ အဓိပ္ပါယ်မှာ လူမျိုးအားလုံး အရေဖျားလှီးသော၎င်း မလှီသော်၎င်း ဘုရားသခင်ဖန်ဆင်းသမျှတို့စင်ကြယ်၏ဟူ၍ အဓိပ္ပါယ်ကိုရရှိသည်အကြောင်းမူကား၊ယေရှုခရစ်တော်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊မခံဘဲနေခြင်းလည်းအကျိုးမရှိ။သတ္တာဝါသစ်ဖြစ်ခြင်း
သာအကျိုးရှိ၏။ ဂလာတိသြဝါဒစာ ၆း၁၅
၁၄။တမန်တော်ရှင်ပေါလုအား အရေဖျားလှီးခြင်း၌ အဘယ်သို့ ဆိုသနည်း ပညတ်တရား
အဘယ်သို့ စောင့်ရောက်မည်ဟူဆိုသနည်းအရေဖျားလှီးကို ခြင်းကို ခံသော သူသည်ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊အရေဖျားလှီးခြင်ကိုမခံသော သူသည် ခေါ်တော်မူခြင်း ကျေးဇူး ကိုခံရလျှင်၊ အရေဖျားလှီးခြင်းကိုမခံစေ
နှင့်။အရေးဖျားလှီခြင်းအားဖြင့် အကျိုးမရှိ၊မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊မခံဘဲနေခြင်းအားဖြင့်လည်းအကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ရှောက်ခြင်းအား
ဖြင့်သာ အကျိုးရှိ၏။ တမန်တော်ဝတ္ထု ၇း၁၉
၁၅။ပညတ်တော်ဆယ်ပါး ကိုသမ္မာကျမ်းစာ၌ အဘယ်သို့သော ပညတ်ဟု၍ ဘုရားသခင်
မိန့်တော်ရှိသနည်းထာဝရ ဘုရားကလည်း၊ ငါရှိရာ တောင်ပေါ်သို့တက်၍ နေလော့။လူများတို့အား သွန်သင်ဘို့ ရာ ကျောက်ပြားပေါ်မှာငါရေးထားသောပညတ် တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေ အား မိန့်တော်မူလျှင်။ ထွက်မြောက်ရာကျမ်း ၂၄း ၂၁
၁၆။မောရေ ရေးသောပညတ်တရား စကားတော် ကိုဘယ်မှာထားရှိသနည်း
ဤပညတ္တိ ကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရ ဘုရား၏ ပဠိညာဉ်သေတ္တာတော် အနားမှာတင်ကြာလော့
တရားဟောရာကျမ်း ၃၁း၂၆
မှတ်ချက်။မောရှော ရေးသောပညတ်စကားများသည် ဘုရားသခင် ပဠိညာဉ် သတ္တာ အပေါ်ရှိသည်ဟုဖေါ်ပြထား
၁၇။တမန်တော်ကြီးမောရှော ရေးသာပြုစုသော ပညတ္တိကျမ်းစာ အဘယ်သို့ရှိသည်ဟူ ယေရှု
မိန့်တော်မူသနည်းမောရှော၏ပညတ္တိကျမ်းစာ၌၎င်း၊ပရောက်ဖက်တို့၏ ကျမ်းစာ၌၎င်း၊ဆာလံကျမ်း၌၎င်း၊ ငါကိုရည်မှတ်ရေးထားသမျှသော အချက်တို့သည် ပြည့် ရမည်ဟု ငါသည် သင်တို့နှင့် အတူရှိစဉ် အခါ သင်တို့အား ဤဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်း အရာပေတည်းဟုမိန့်တော်မူ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၄း၄၄
ယေရှုခရစ်တော် ပညတ်တော်ဆယ်ပါး တို့ပယ်ဖျက် မပယ်သည်ကို တွေဝေစရာအကြောင်း
မရှိပါ
၁၈ယုံကြည်ခြင်းအားဖြင့်ပညတ်တော်တို့ကိုပယ်လို့ရမည်သနည်း
သို့ဖြစ်လျှင်၊ယုံကြည်ခြင်းအားဖြင့်ငါတို့သည်ပညတ်တရားကိုပယ်ကြသလော့။အလျှင့်မပယ်သာ၍တည်စေကြ၏။ ရောမသြဝါဒစာ ၃း၃၁
ငါတို့နှင့် ဆန့်ကျင်ဘက် ဖြစ်သော ဝိနည်း အထုံးအဖွဲ့နှင့်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်
ဝါးကပ်တိုင်မှာရှိက်ထားလျက်၊ငါတို့စပ်ကြားထဲမှပယ်တော်မူပြီ။ ကောလောသဲသြဝါဒစာ
၂း၁၄ ပညတ်တော်ဆယ်ပါးပယ်ဖက်ခြင်မပါရှိကြောင်း ကိုသမ္မာကျမ်းစာများမှာဖေါ်ပြထားသည်။ ပညတ်တော်ဆယ် ကောင်းကင်နှင့်မြေကြီးပျက်စီးသော်လည်းတည်ရှိနေဦးမယ်
No comments:
Post a Comment