Tuesday, November 1, 2016

                ခရစ်တော်စောင့်သော ဥပုသ်နေ့ ဘယ်နေ့လဲ?
  ၁။ယေရှုခရစ်တော်သည် ထုံးစံတော်ရှိသည်အတိုင်း ဘာနေ့၌ တရားစရပ်သို့ဝင်သည်။ ကြီးပွါးတော်မူရာနာဇရက်မြို့သို့ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည် အတိုင်း ဥပုသ်နေ့၌တရားစရပ် သို့ဝင်၍ ကျမ်းစာကိုဘတ်ရွတ်ခြင်းငှါထတော်မူ၏။ စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည် ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊ ရှင်လုကာခရစ်ဝင်ကျမ်း ၄း၁၆-၁၇ မှတ်ချက်။ကျွန်ပ်တို့ ယုံကြည်သူအပေါင်းတို့သည် အဘယ်သူကို ယုံခြင်းရှိကြသည်မှာ ယေရှုခရစ်တော်မ ခရစ်တော် ကိုတော်တိုင် ဥပုသ်နေ့ ယေရှုခရစတော် ထုံးစံတော်ဖြစ်ဟူ၍ သမ္မာသစ်ကျမ်း၌ ဖော်ပြခြင်းတွေ့ ရသည် ကျွန်ပ်တို့ ယုံကြည်သူတို့ ခရစ်တော်စောင့်သော ဥပုသ်နေ့၌ စောင့်ဘို့မလိုအပ်ဘူးလား ၂။အချို့သော တရားဟောဆရာများ ဥပုသ်နေ့ မောရှေ၏ ပညတ်ထဲမှာလို့ ဟောပြောလေ့ရှိတယ် ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။ ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ ထိုကျမ်းစာ၌တဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ ဟုလာသတည်း။ ဟေဗြဲသြဝါဒစာ ၄း၃-၅ မှတ်ချက်။ ဟေဗြဲသြဝါဒစာ၌ ဖော်ပြထားခြင်း၌ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာ ထဲသို့ဝင်ရကြ၏။ယုံကြည်သူဖြစ်ပါပြီ အဘယ်နည်းအားဖြင့် ချမ်းသာထဲဝင်မှာလဲ? ကမ္ဘာဦးကပင်အမှုအရာ တို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။ သမ္မာကျမ်းစာမှာဖော်ပြချက်မှာ ကမ္ဘာဦးအစပင် အမှုအရားတို့ကိုပြီးစီ၍ ငြိမ်းဝမ်တော်မူရာသောဟုနေ့ ဆိုသနည်း။ ဘာကိုပြောနေတာလဲ ကျွန်ပ်နားနဲနဲရှုတ် သွားသလားလို့။ ဆက်ဖတ်ကြည့်မယ် ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာ သည်ကား၊ခုနှက်မြောက်သောနေ့ ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ပိုပြီးနားရှုတ်သွားပြီဟုတ် လား။ကဲဆက်ဖတ်ကြည့်မယ်၊ဘုရားသခင်သည်မိမိအမှုအရာအလုံးစုံတို့ကိုပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။ဘုရားသခင်သည်မိမိအမှုအရာအလုံးစုံတိုကိုပြီစီး၍ ခနှစ်ရက် မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း ဒါဆိုရင် ခရစ်ယာန်တချို့သည် ခုနှစ်ရက်နေ့ ဥပုသ်နေ့ မှန်ပါသာလား? ၃။မောရှောမမွေးဘွားမှီကပင် သတ္ထမနေ့ ဥပုသ်နေ့ ရှိပြီးသာမဟုတ်ဘူးလား? ဒါဆိုရင်ဘယ်မှာသက်သေ အထောက်ထားရှိလဲ? ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ ကမ္ဘာဦးကျမ်း ၂း ၁-၄ မှတ်ချက်။ တချို့သော ခရစ်ယာန်တရားဟောဆရာများတို့သည် မောရှေ၏ ပညတ်ဟူ၍ ပြောဆိုတတ်ကြ သည်။ သတ္ထမနေ့ရက် ကမ္ဘာအစ၌ ကတည်နေပြီးသာဖြစ်သည် အာဗြဟံမမွေးခင်မှီရှိနေရစ်သည်ဖြစ်သည် ကျွန်ပ်တို့ ခရစ်တော်ကို ယုံကြည်သူများအနေဖြင့် ခရစ်တောကို ယုံကြည်သူမှန်လျှင် သမ္မာကျမ်းစာကိုအ လေးအနက်ရှိ ထားရှိလေ့ဘို့ရန်အလွန်မှမရေးကြည်ပေလိမ်မည်။ ၄။ကျွန်ပ်တို့ ဖန်ဆင်းအရှင်ကို ယုံကြည်သည်မှန်လျှင် ထိုဥပုသ်နေ့ အဘယ်သူဖန်ဆင်းသည်ဟူ၍ သိရှိသနည်း အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁-၄ မှတ်ချက်။ခရစ်တော်သည် ဖန်ဆင်းသော အရှင် ထာဝရ ဘုရားဖြစ်သည် ၅။ခရစ်တော် သည် ကိုခန္ဒာ၌ ပေးထွန်းတော်မုပြီး လယ်လိုနားလည်လဲ မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာ ဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓွာ၌ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့ သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။တိမောသေသြဝါဒပဌမစောင် ၃း၁၆ မှတ်ချက်။ ထာဝရ ဘုရားသခင်သည် ကိုခန္ဒာနှင့်ပေါ် ပေးထွန်းခဲ့သည်လို့ပြောဆိုခြင်းဖြစ်သည် ၆။ခရစ်တော် ဖန်ဆင်းသောအရှင် ဟုတ်မှန်သနည်း ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ ကောလောသဲသြဝါဒစာ ၁း ၁၅-၁၇ မှတ်ချက်။ ခရစ်တော်သည် ဘုရားဖြစ်ကြောင်း ကလေသဲသြဝါဒကျမ်း၌ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ ၇။ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်သည် ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။ ခရစ်တော်သည် ဤကမ္ဘာ မတည်မှီ ခရစ်တော်သည် ရှိနေပြီးသားဖြစ်။ ၈။ခရစ်တော်သည် အရာအလုံးစုံတို့ဖန်ဆင်းခဲ့သောဘုရားဖြစ်သည် ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ မှတ်ချက်။ကျွန်ပ်တို့ ယုံကြည်းသူများအနေဖြင့် ဖန်ဆင်းနှင့်ဆိုင်၍ ဘယ်လိုသိရှိနားလည်ထားလဲ? ဥပမား တခုကိုပြောမယ် SAMSUNG ဖိုန်းကိုထုပ်လုပ်သောသူသည် သူ၏နာမည် အမှတ်အသား ပါရှိသည်။ ကျွန်ပ်တို့သည် ဥပုသ်နေ့ သည်ဖန်ဆင်း၏အထိန်းအမှတ်သာဖြစ်သည် ထိုမှတပါး ငါထာဝရဘုရား သည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။ ယေဇကျေလအနာဂတ္တိကျမ်း ၂၀း၁၂ အတွင်း၌ တွေ့ရှိနိုင်သည် ၉။ထွက်မြောက်ရာကျမ်း အခန်း နှစ်ဆယ် အခန်ငယ်း တဆယ်တစ်၌ အဘယ်သို့ ဘုရားသခင်မိန့်တော်မူ သည်ကို လေးလေးနက်နက်ထား၍ စင်ကြင်ကြည့်ရအောင်။ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ မှတ်ချက်။ ၁။သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။သမ္မာကျမ်းစာ၌ ဖော်ပြချက်မှာ သင်၏ဘုရားသခင် ၂။သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ကောင်းကြီးပေးတော်မူ၏ သန့်ရှင်းစေတော် မူ၏။ အိုချစ်မိတ်ဆွေ သင့်သည် သင်၏ ဘုရားသခင်၏ စကားနားထောင်သောသူမှန် သင်၏ ဘုရားသခင် စကားတော်ကို မှန်ကန်စွာ နားထောင်လိုက်ရှောက် လိမ့်မည်ဟူ၍ ကျွန်ပ် ဘုရားသခင်၏ ကျွန်ဖြစ်သောသူ သည် အသင်၏ ယုံကြည်ခြင်း၌ သင်၏ ဘုရားသခင်၌ သင်စောင့်ထိန်းလိမ့်မည်။ ဟူ၍ ကျွန်ပ်ယုံကြည်ပါ၏ ၁၀။ခရစ်တော်သေလွန်ပြီးနောက် တပြည်သို့တသည် ပညတ်တော်အတိုင်း ဥပုသ်နေ့ အဘယ်သို့နေသ နည်း ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။ရှင်လုကာခရစ်ဝင် ၂၃း ၅၆ ၁၁။တမန်တော်ရှင်ပေါလုသည် ဥပုသ်နေ့၌ အဘယ်သို့နေကြသနည်း ပေရဂေမြို့မှထွက်သွားပြန်လျှင်၊ ပိသိဒိပြည်၊ အန္တိအုတ် မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ်သို့ဝင် ၍ထိုင်ကြ၏။ တမန်တော်ဝတ္ထုး ၁၃း၁၄ လူများတို့သည် တရားစရပ်မှထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ် နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ တမန်တော်ဝတ္ထု ၁၃း၄၂ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသောမိန်းမတို့အား ဟောပြောကြ၏။ တမန်တော်ဝတ္ထု ၁၆း ၁၃ ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေး ဆောင်လေ၏။ တမန်တော်ဝတ္ထု ၁၈း ၄ ၁၂။ခရစ်တော်ထမြောက်သောနေ့သည် ဘာနေ့လဲ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သော အချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။ ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၈း၁ ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက်စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်ကနတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။ ရှင်မာကုခရစ်ဝင် ၁၆း၁-၂ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၂၀း၁၉ ၁၃။တမှန်တော်ရှင်ပေါလုသည် ပဋ္ဌမနေ့၌ ဘယ်နည်းအာဖြင့် စည်းဝေးကြသနည်း ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ထွက် သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ၏။ စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။ ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက်နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့ လျော့ကျ၍ သေသည်ကိုသူတို့သည်ချီကြွကြ၏။ ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲမပြုကြနှင့်။ သူသည်အသက်ရှိ၏ဟုဆို၍ တက်ပြန်၏။ မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။ တမန်တော်ဝတ္ထု ၂၀း၇ ၁၄။တမမှန်တော် ပေါလုသည် အဘယ်သို့မှာထားခြင်းရှိသနည်း ငါရောက်လာသောအခါ လှူဒါန်း၍စုထားစရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့။ တမန်တော်ဝတ္ထု ၂၀း-၁၁ ၁၅။ခရစ်တော်သည် နောင်ဖြစ်လတံ့သောအဘယ်သို့မိန့်တော်မူသနည်း ရှေးလူဟောင်း တို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲအစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကို အမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည်မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်း ကိုခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေဟုဆို၏၊ ထိုသူသည်ကိုယ် မိဘကိုယ်ပင်ရိုသေစွာမပြုရဟုဆိုကြ၏။ ထိုသို့သင်တို့သည်အဆက်ဆက် ခံသောဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကိုပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း ၆-၉ ၁၆။တမန်တော်ရှင်ပေတရု အဘယ်သူစကားသာ၍ နားထောင်သင့်သည်ဟူ၍ပြောဆိုသနည်း ပေတရုနှင့်အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။တမန်ဝတ္ထု ၅း၂၉ ၁၇။တန်တော် ရှင်ပေါလုသည် အဘယ်သိုတိုင်တွင်းခြင်းရှိသနည်း အကြောင်းမူကား၊ ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသော လူတို့အားယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။ တမန်တော်ဝတ္ထု ၁၇း၃၀

No comments:

Post a Comment